ဖားကန့် မြေစာပုံပြိုကျရာ ရေမဆေးကျောက်ရှာသူ ၅၀ ခန့်ပျောက်ဆုံး
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဖားပြင်ရွာနဲ့ မမုံရွာအနောက်ဘက်ခြမ်းရှိ မက်လင်ချောင်ကျေးရွာအနီး YTT နှင့် သံလွင်ဧရာလုပ်ကွက်မှာ
ဖေဖော်ဝါရီ (၂၈) ရက်၊ ည ၁၁ ခွဲခန့်က မြေစာပုံပြိုကျမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေဆီရ သိရပါတယ်။
ဖားကန့်မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေရေးလုပ်သား ၅၀ ခန့်နဲ့ ယန္တရားများပါသွားခဲ့ရာ ဒီနေ့မနက်က ၁၅ ယောက်အလောင်းပြန်ရှာတွေ့ထားပြီလို့ သိရပါတယ်။

Zawgyi