သင့်ခြေထောက်ပေါ် သင်ရပ်တည်ချင်တယ်ဆိုရင် ဒီအချက်တွေ သိကိုသိထားရမယ်
ယနေ့ခေတ်လူငယ်တွေထဲမှာ မိဘလောင်းရိပ်အောက်ကထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်ကြသူတွေ အများအပြားရှိပါတယ်။ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုပုံစံတွေအရ သားသမီးတွေအနေနဲ့ မိဘရဲ့အရိပ်အာဝါသအောက်က လုံးဝကွင်းလွတ်လို့မရသလို အရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်နေပါစေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ခက်ခဲတဲ့အခြေအနေတွေရှိနေပါတယ်။သို့သော် တစ်ယောက်တည်း ကိုယ့်ဘဝကိုယ်ရပ်တည်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ အခုပြောပြမယ့်အကြံပြုချက်တွေက စာဖတ်သူအတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးရှိစေမယ့်လို့ ယုံကြည်ပါတယ်။
(၁) ဝင်ငွေလမ်းကြောင်း
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ရာ လစဉ်ကိုယ့်အတွက်သေချာတဲ့ ဝင်ငွေလမ်းကြောင်းတစ်ခုရှိဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ဝင်ငွေရတဲ့ အလုပ်တစ်ခု လုပ်ကိုလုပ်ရမှာဖြစ်ပါတယ်။ ဝင်ငွေရတဲ့အလုပ်တစ်ခုကိုလုပ်ရင်း ရေရှည်မှာ ကိုယ်ဘာဝါသနာပါလဲ ဘယ်လမ်းကြောင်းပေါ်လျောက်ချင်လဲဆိုတာ ကိုယ့်ကိုယ့်ကိုပြန်ဆန်းစစ်ဖို့လည်း လိုပါလိမ့်မယ်။
(၂) စီမံခန့္ခြဲမှု
ကိုယ့်ဘဝကိုယ်ရပ်တည်မယ့် သူတစ်ယောက်အနေနဲ့ ကိုယ့်တစ်ကိုယ်စာအတွက်တော့ ကောင်းစွာစီမံခန့်ခွဲမှုလုပ်နိုင်ရမှာဖြစ်ပါတယ်။ ကိုယ့်ဘဝရဲ့အချိန်တွေ ၊ ဝင်ငွေနဲ့ ထွက်ငွေတွေ ၊ အိမ်အသုံးစရိတ် ၊ တစ်ကိုယ်စာအသုံးစရိတ်၊ အိမ်မှုကိစ္စ ၊ အလုပ်တာဝန်တွေ အားလုံးကို ကိုယ်တိုင်သေချာစီမံခန့်ခွဲဖို့လိုအပ်ပါတယ်။ ဒါမှလည်း တစ်ယောက်တည်းရေရှည်ရပ်တည်နိုင်မှာပါ။
(၃) ပေါင်းသင်းဆက်ဆံရေး
ပေါင်းသင်းဆက်ဆံရေးကဏ္ဍကလည်း မေ့ထားလို့မရတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ပေါင်းတက်သင်းတက် ပြောဆိုဆက်ဆံတက်မှလည်း ဘယ်နေရာရောက်ရောက်အဆင်ပြေမှာပါ။ ကိုယ်နေထိုင်မယ့် ပတ်ဝန်းကျင်အသစ်ကလူတွေ ၊ အိမ်နီးနားချင်းအသစ်တွေ ၊ လုပ်ငန်းခွင်က လူတွေနဲ့ ပေါင်းသင်းဆက်ဆံပုံဟာ ကိုယ်ဖြတ်သန်းခဲ့တဲ့မိသားစုဝင်တွေနဲ့ ဆက်ဆံပုံချင်းတော့ တူမှာမဟုတ်ပါဘူး။ ဒါကိုနားလည်ထားပြီး ပုံစံအမျိုးမျိုး အရောင်အသွေးအမျိုးမျိုးနဲ့ မတူညီတဲ့နယ်ပယ်အသီးသီးကလူတွေကို လိမ်မာပါးနပ်စွာ ပေါင်းသင်းဆက်ဆံတက်ဖို့ လိုအပ်ပါတယ်။
(၄) ကိုယ့်ကိုယ်ကိုအားကိုးတက်မှု
တစ်ယောက်တည်းရပ်တည်တော့မယ်ဆိုရင် ကြုံလာသမျှကိစ္စတိုင်းကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ကိုလည်း ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ အသေးအမွှားကိစ္စလေးတွေဖြစ်တဲ့ အိမ်တံခါးလော့ခ်ပျက်တာကနေစပြီး မီးလုံးလဲတာအဆုံး ၊ တခြားအချက်အပြုတ် လျော်ဖွတ်ကိစ္စတွေ ၊ ကျန်းမာရေး ၊ အိမ်ရဲ့လုံခြုံရေးစသည်ဖြင့် တစ်ကိုယ်စာ ကိစ္စအဝဝအားလုံးက ကိုယ့်အပေါ်ပဲတာဝန်ရှိတာဖြစ်ပါတယ်။ ဒါ့ကြောင့်ကိုယ့်ကိုယ်ကိုအားကိုးတက်တဲ့ အကျင့်ကိုလည်း မွေးမြူသင့်ပါတယ်။
(၅) မိဘအကူအညီ
ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ်ဆိုပေမယ့် မိဘတွေရဲ့ကူညီထောက်ပံ့မှုကိုလည်း လုံးဝမယူပဲနေလို့ မရနိုင်ပါဘူး။ မိဘတွေက ကိုယ့်ထက်အတွေ့အကြုံရင့်သန်သူတွေ ၊ အမှားအမှန်ခွဲခြားနိုင်သူတွေဖြစ်တာကြောင့် လိုအပ်လာရင် အကြံဉာဏ်တောင်းတာ ၊ ဆွေနွေးတိုင်ပင်တာတွေကိုတော့ လုပ်ဆောင်သင့်ပါတယ်။
Credit
Zawgyi
သင့္ေျခေထာက္ေပၚ သင္ရပ္တည္ခ်င္တယ္ဆိုရင္ ဒီအခ်က္ေတြ သိကိုသိထားရမယ္
ယေန႔ေခတ္လူငယ္ေတြထဲမွာ မိဘေလာင္းရိပ္ေအာက္ကထြက္ၿပီး ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္ခ်င္ၾကသူေတြ အမ်ားအျပားရွိပါတယ္။ ဒီႏိုင္ငံရဲ႕ ယဥ္ေက်းမႈပုံစံေတြအရ သားသမီးေတြအေနနဲ႔ မိဘရဲ႕အရိပ္အာဝါသေအာက္က လုံးဝကြင္းလြတ္လို႔မရသလို အ႐ြယ္ေရာက္ၿပီးသားလူတစ္ေယာက္ျဖစ္ေနပါေစ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ဖို႔ ခက္ခဲတဲ့အေျခအေနေတြရွိေနပါတယ္။သို႔ေသာ္ တစ္ေယာက္တည္း ကိုယ့္ဘဝကိုယ္ရပ္တည္ဖို႔ဆုံးျဖတ္ထားတယ္ဆိုရင္ေတာ့ အခုေျပာျပမယ့္အႀကံျပဳခ်က္ေတြက စာဖတ္သူအတြက္ တစ္ေထာင့္တစ္ေနရာကေန အက်ိဳးရွိေစမယ့္လို႔ ယုံၾကည္ပါတယ္။
(၁) ဝင္ေငြလမ္းေၾကာင္း
ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ႏိုင္ဖို႔ရာ လစဥ္ကိုယ့္အတြက္ေသခ်ာတဲ့ ဝင္ေငြလမ္းေၾကာင္းတစ္ခုရွိဖို႔ မျဖစ္မေနလိုအပ္ပါတယ္။ ဒါေၾကာင့္ ဝင္ေငြရတဲ့ အလုပ္တစ္ခု လုပ္ကိုလုပ္ရမွာျဖစ္ပါတယ္။ ဝင္ေငြရတဲ့အလုပ္တစ္ခုကိုလုပ္ရင္း ေရရွည္မွာ ကိုယ္ဘာဝါသနာပါလဲ ဘယ္လမ္းေၾကာင္းေပၚေလ်ာက္ခ်င္လဲဆိုတာ ကိုယ့္ကိုယ့္ကိုျပန္ဆန္းစစ္ဖို႔လည္း လိုပါလိမ့္မယ္။
(၂) စီမံခန႔ၡျဲမႈ
ကိုယ့္ဘဝကိုယ္ရပ္တည္မယ့္ သူတစ္ေယာက္အေနနဲ႔ ကိုယ့္တစ္ကိုယ္စာအတြက္ေတာ့ ေကာင္းစြာစီမံခန႔္ခြဲမႈလုပ္ႏိုင္ရမွာျဖစ္ပါတယ္။ ကိုယ့္ဘဝရဲ႕အခ်ိန္ေတြ ၊ ဝင္ေငြနဲ႔ ထြက္ေငြေတြ ၊ အိမ္အသုံးစရိတ္ ၊ တစ္ကိုယ္စာအသုံးစရိတ္၊ အိမ္မႈကိစၥ ၊ အလုပ္တာဝန္ေတြ အားလုံးကို ကိုယ္တိုင္ေသခ်ာစီမံခန႔္ခြဲဖို႔လိုအပ္ပါတယ္။ ဒါမွလည္း တစ္ေယာက္တည္းေရရွည္ရပ္တည္ႏိုင္မွာပါ။
(၃) ေပါင္းသင္းဆက္ဆံေရး
ေပါင္းသင္းဆက္ဆံေရးက႑ကလည္း ေမ့ထားလို႔မရတဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ ေပါင္းတက္သင္းတက္ ေျပာဆိုဆက္ဆံတက္မွလည္း ဘယ္ေနရာေရာက္ေရာက္အဆင္ေျပမွာပါ။ ကိုယ္ေနထိုင္မယ့္ ပတ္ဝန္းက်င္အသစ္ကလူေတြ ၊ အိမ္နီးနားခ်င္းအသစ္ေတြ ၊ လုပ္ငန္းခြင္က လူေတြနဲ႔ ေပါင္းသင္းဆက္ဆံပုံဟာ ကိုယ္ျဖတ္သန္းခဲ့တဲ့မိသားစုဝင္ေတြနဲ႔ ဆက္ဆံပုံခ်င္းေတာ့ တူမွာမဟုတ္ပါဘူး။ ဒါကိုနားလည္ထားၿပီး ပုံစံအမ်ိဳးမ်ိဳး အေရာင္အေသြးအမ်ိဳးမ်ိဳးနဲ႔ မတူညီတဲ့နယ္ပယ္အသီးသီးကလူေတြကို လိမ္မာပါးနပ္စြာ ေပါင္းသင္းဆက္ဆံတက္ဖို႔ လိုအပ္ပါတယ္။
(၄) ကိုယ့္ကိုယ္ကိုအားကိုးတက္မႈ
တစ္ေယာက္တည္းရပ္တည္ေတာ့မယ္ဆိုရင္ ႀကဳံလာသမွ်ကိစၥတိုင္းကို ကိုယ္တိုင္ေျဖရွင္းႏိုင္ဖို႔ကိုလည္း ႀကိဳတင္ျပင္ဆင္ထားရမွာျဖစ္ပါတယ္။ အေသးအမႊားကိစၥေလးေတြျဖစ္တဲ့ အိမ္တံခါးေလာ့ခ္ပ်က္တာကေနစၿပီး မီးလုံးလဲတာအဆုံး ၊ တျခားအခ်က္အျပဳတ္ ေလ်ာ္ဖြတ္ကိစၥေတြ ၊ က်န္းမာေရး ၊ အိမ္ရဲ႕လုံၿခဳံေရးစသည္ျဖင့္ တစ္ကိုယ္စာ ကိစၥအဝဝအားလုံးက ကိုယ့္အေပၚပဲတာဝန္ရွိတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ကိုယ့္ကိုယ္ကိုအားကိုးတက္တဲ့ အက်င့္ကိုလည္း ေမြးျမဴသင့္ပါတယ္။
(၅) မိဘအကူအညီ
ကိုယ္ေျခေထာက္ေပၚ ကိုယ္ရပ္တည္မယ္ဆိုေပမယ့္ မိဘေတြရဲ႕ကူညီေထာက္ပံ့မႈကိုလည္း လုံးဝမယူပဲေနလို႔ မရႏိုင္ပါဘူး။ မိဘေတြက ကိုယ့္ထက္အေတြ႕အႀကဳံရင့္သန္သူေတြ ၊ အမွားအမွန္ခြဲျခားႏိုင္သူေတြျဖစ္တာေၾကာင့္ လိုအပ္လာရင္ အႀကံဉာဏ္ေတာင္းတာ ၊ ေဆြေႏြးတိုင္ပင္တာေတြကိုေတာ့ လုပ္ေဆာင္သင့္ပါတယ္။
Credit