သံသယဖြစ်စရာ မေးခွန်းတွေနဲ့ ကျောက်ဖရားမြစ်ထဲ ပြုတ်ကျသေဆုံးသွားခဲ့ရတဲ့ ထိုင်းမင်းသမီး တန်မိုရဲ့အမှု့အကြောင်း(ရုပ်သံ)
ကျောက်ဖရားမြစ်ထဲမှာ စပိဘုတ်စက်လှေစီးရင်း မြစ်ထဲ ပြုတ်ကျသွားခဲ့တဲ့ ထိုင်းမင်းသမီး တိုင်မိုရဲ့အလောင်းကို နှစ်ရက်အကြာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လယ်မှာ ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့တာပါ။
အသက် ၃၇ နှစ်အရွယ် ထိုင်းမင်းသမီး တိုင်မိုနိဒါးဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညပိုင်းက ကျောက်ဖရားမြစ်ထဲမှာ သူမရဲ့ သူငယ်ချင်းငါးဦးနဲ့အတူ စပိဘုတ်စက်လှေစီးရင်း မြစ်ထဲ ပြုတ်ကျသွားတာဖြစ်ပါတယ်။
မင်းသမီး တိုင်မို မြစ်ထဲ ပြုတ်ကျသွားတဲ့ ညမှာပဲ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပြီး ၃၈ နာရီအကြာ ဒီနေ့ နေ့လယ် ၁ နာရီ၁၀ မိနစ်ကိုရောက်မှ အလောင်းကို ရှာတွေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြည်ပ သတင်းဌာန တချို့ရဲ့အဆိုအရ တိုင်မိုဟာ လှေပေါ်မှာရှိတဲ့ အိမ်သာပျက် နေတာကြောင့် လှေနောက်ဘက်မှာ အပေါ့အပါးသွားဖို့ ထွက်သွားခဲ့ရာကနေ ပြုတ်ကျတာ ဖြစ်တယ်လို့လည်း သိရပြီး လက်ရှိမှာ သူမ သေဆုံးရတဲ့ အကြောင်းရင်းကို သိရဖို့တိုင်မိုရဲ့ အလောင်းကို ဆေးရုံဆီ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုတွေ ဆောင်ရွက် နေပြီလို့ သိရပါတယ်။
ဘန်ကောက် ရဲတပ်ဖွဲ့ဟာ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စပိဘုတ် မောင်းနှင်တဲ့သူကို ပေါ့ဆမှု လိုင်စင်သက်တမ်း ကုန်နေမှု့တွေနဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။စပိဘုတ် မောင်းနှင်တဲ့ သူကလည်း ဘန်ကောက် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုတွေကို ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားကြောင်း သိရှိရပါတယ်။
တိုင်မိုရဲ့ လှေပေါ်ပါ သူငယ်ချင်း ငါးဦးဟာလည်း ထိုင်းရဲအရာရှိ တွေဆီကို လိုအပ်တဲ့ ထွက်ဆိုမှုတွေ ပြုလုပ်ဖို့ ဆက်သွယ်ထားတယ် လို့လည်းသိရပါတယ်။
သေဆုံးသူ မင်းသမီးတိုင်မိုရဲ့ မိခင်နဲ့ အကိုဖြစ်သူကတော့ ခုဖြစ်ရပ်ကို ရိုးရိုးသားသားမဟုတ်ပဲ လုံးဝသံသယ ဖြစ်စရာ ဖြစ်နေတယ်လို့ သတင်းဌာနရဲ့ မေးမြန်းမှု့ကို ဖြေကြားထားတာ တွေ့ရပါတယ်။Credit
Credit Video
Zawgyi
သံသယျဖစ္စရာ ေမးခြန္းေတြနဲ႔ ေက်ာက္ဖရားျမစ္ထဲ ျပဳတ္က်ေသဆုံးသြားခဲ့ရတဲ့ ထိုင္းမင္းသမီး တန္မိုရဲ႕အမႈ႕အေၾကာင္း(႐ုပ္သံ)
ေက်ာက္ဖရားျမစ္ထဲမွာ စပိဘုတ္စက္ေလွစီးရင္း ျမစ္ထဲ ျပဳတ္က်သြားခဲ့တဲ့ ထိုင္းမင္းသမီး တိုင္မိုရဲ႕အေလာင္းကို ႏွစ္ရက္အၾကာ ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔ ေန႔လယ္မွာ ထိုင္းကယ္ဆယ္ေရးအဖြဲ႕ေတြက ရွာေဖြေတြ႕ရွိခဲ့တာပါ။
အသက္ ၃၇ ႏွစ္အ႐ြယ္ ထိုင္းမင္းသမီး တိုင္မိုနိဒါးဟာ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ ညပိုင္းက ေက်ာက္ဖရားျမစ္ထဲမွာ သူမရဲ႕ သူငယ္ခ်င္းငါးဦးနဲ႔အတူ စပိဘုတ္စက္ေလွစီးရင္း ျမစ္ထဲ ျပဳတ္က်သြားတာျဖစ္ပါတယ္။
မင္းသမီး တိုင္မို ျမစ္ထဲ ျပဳတ္က်သြားတဲ့ ညမွာပဲ ကယ္ဆယ္ေရးအဖြဲ႕ေတြက ရွာေဖြေရးလုပ္ငန္းေတြကို လုပ္ေဆာင္ခဲ့ၿပီး ၃၈ နာရီအၾကာ ဒီေန႔ ေန႔လယ္ ၁ နာရီ၁၀ မိနစ္ကိုေရာက္မွ အေလာင္းကို ရွာေတြခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ျပည္ပ သတင္းဌာန တခ်ိဳ႕ရဲ႕အဆိုအရ တိုင္မိုဟာ ေလွေပၚမွာရွိတဲ့ အိမ္သာပ်က္ ေနတာေၾကာင့္ ေလွေနာက္ဘက္မွာ အေပါ့အပါးသြားဖို႔ ထြက္သြားခဲ့ရာကေန ျပဳတ္က်တာ ျဖစ္တယ္လို႔လည္း သိရၿပီး လက္ရွိမွာ သူမ ေသဆုံးရတဲ့ အေၾကာင္းရင္းကို သိရဖို႔တိုင္မိုရဲ႕ အေလာင္းကို ေဆး႐ုံဆီ ပို႔ေဆာင္ကာ ရင္ခြဲစစ္ေဆးမႈေတြ ေဆာင္႐ြက္ ေနၿပီလို႔ သိရပါတယ္။
ဘန္ေကာက္ ရဲတပ္ဖြဲ႕ဟာ ဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ စပိဘုတ္ ေမာင္းႏွင္တဲ့သူကို ေပါ့ဆမႈ လိုင္စင္သက္တမ္း ကုန္ေနမႈ႕ေတြနဲ႔ အမႈဖြင့္ထားတယ္လို႔လည္း သိရပါတယ္။စပိဘုတ္ ေမာင္းႏွင္တဲ့ သူကလည္း ဘန္ေကာက္ ရဲတပ္ဖြဲ႕ရဲ႕ စစ္ေဆးေမးျမန္းမႈေတြကို ပူးေပါင္းေဆာင္႐ြက္မယ္လို႔ ေျပာထားေၾကာင္း သိရွိရပါတယ္။
တိုင္မိုရဲ႕ ေလွေပၚပါ သူငယ္ခ်င္း ငါးဦးဟာလည္း ထိုင္းရဲအရာရွိ ေတြဆီကို လိုအပ္တဲ့ ထြက္ဆိုမႈေတြ ျပဳလုပ္ဖို႔ ဆက္သြယ္ထားတယ္ လို႔လည္းသိရပါတယ္။
ေသဆုံးသူ မင္းသမီးတိုင္မိုရဲ႕ မိခင္နဲ႔ အကိုျဖစ္သူကေတာ့ ခုျဖစ္ရပ္ကို ႐ိုး႐ိုးသားသားမဟုတ္ပဲ လုံးဝသံသယ ျဖစ္စရာ ျဖစ္ေနတယ္လို႔ သတင္းဌာနရဲ႕ ေမးျမန္းမႈ႕ကို ေျဖၾကားထားတာ ေတြ႕ရပါတယ္။Credit
Credit Video