နာမည်ကျော် ဘောလုံး အားကစား ဝတ်စုံကိုချွတ် စစ်ယူနီဖောင်း ပြောင်းလဲသွားတဲ့ ယူကရိန်းနိုင်ငံသားများ

ဘောလုံး အားကစား ဝတ်စုံကိုချွတ် စစ်ယူနီဖောင်း ပြောင်းလဲသွားတဲ့ ယူကရိန်းနိုင်ငံသားများ

ယူကရိန်း နာမည်ကျော်ကလပ် ဒိုင်နမိုကိဗ်အသင်းက ယူကရိန်း ကစားသမားတွေဟာ သူတို့ရဲ့ ဘောလုံး အားကစား ဝတ်စုံတွေကို ချွတ်ပြီး စစ်တပ်ယူနီဖောင်းကို ပြောင်းလဲ ဝတ်ဆင်ခဲ့ကြပြီ ဖြစ်ပါတယ်။

ယူကရိန်းလိဂ်မှာ ကစားနေတဲ့ နိုင်ငံခြားသား ကစားသမားတွေဟာ နီးစပ်ရာ နိုင်ငံတွေထဲကို ထွက်ခွာခဲ့ကြပြီး ယူကရိန်း ကစားသမား တွေကတော့ တိုင်းပြည်တွင်းမှာ ကျန်နေရစ်ခဲ့ပါတယ်။

ဒီအချိန်မှာ ဒိုင်နမိုကိဗ်အသင်းက ယူကရိန်း ကစားသမား တွေကတော့ တိုင်းပြည်ကို ကာကွယ်ပေးမယ့် သူတွေအဖြစ် အသွင်ပြောင်းခဲ့ ကြတာဖြစ်ပါတယ်။ ဒိုင်နမိုကိဗ် အသင်းနည်းပြကတော့ ရိုမေးနီးယား နိုင်ငံသားဖြစ်ပါတယ်။

ဒါပေမယ့် သူကလည်းပဲ သူ့ရဲ့ မိခင်တိုင်းပြည်ကို မပြန်ဘဲ ယူကရိန်းမှာသာ ဆက်လက်ရှိနေကာ သူက သူရဲဘောကြောင်သူ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒိုင်နမိုကိဗ် နည်းပြ မာဆီယာလူဆက်ကူဟာ အသက် ၇၆ နှစ် အရွယ်ရှိနေပြီ ဖြစ်ပြီး ဒီစစ်ပွဲကို ဆန့်ကျင်နေခဲ့တာ ဖြစ်ပါတယ်။ အခုအခါ သူ့ တပည့်ကျော်တွေကလည်း ဘောလုံးကန် ဖိနပ်တွေကိုစွန့်ကာ သေနတ်ထမ်းပြီး အမိမြေကို ကာကွယ်ပေးမယ့် သူတွေအဖြစ် ရှိနေခဲ့ကြပြီ ဖြစ်ပါတော့တယ်။

ခရက်ဒစ်

ေဘာလုံး အားကစား ဝတ္စုံကိုခြၽတ္ စစ္ယူနီေဖာင္း ေျပာင္းလဲသြားတဲ့ ယူကရိန္းႏိုင္ငံသားမ်ား

ယူကရိန္း နာမည္ေက်ာ္ကလပ္ ဒိုင္နမိုကိဗ္အသင္းက ယူကရိန္း ကစားသမားေတြဟာ သူတို႔ရဲ႕ ေဘာလုံး အားကစား ဝတ္စုံေတြကို ခြၽတ္ၿပီး စစ္တပ္ယူနီေဖာင္းကို ေျပာင္းလဲ ဝတ္ဆင္ခဲ့ၾကၿပီ ျဖစ္ပါတယ္။

ယူကရိန္းလိဂ္မွာ ကစားေနတဲ့ ႏိုင္ငံျခားသား ကစားသမားေတြဟာ နီးစပ္ရာ ႏိုင္ငံေတြထဲကို ထြက္ခြာခဲ့ၾကၿပီး ယူကရိန္း ကစားသမား ေတြကေတာ့ တိုင္းျပည္တြင္းမွာ က်န္ေနရစ္ခဲ့ပါတယ္။

ဒီအခ်ိန္မွာ ဒိုင္နမိုကိဗ္အသင္းက ယူကရိန္း ကစားသမား ေတြကေတာ့ တိုင္းျပည္ကို ကာကြယ္ေပးမယ့္ သူေတြအျဖစ္ အသြင္ေျပာင္းခဲ့ ၾကတာျဖစ္ပါတယ္။ ဒိုင္နမိုကိဗ္ အသင္းနည္းျပကေတာ့ ႐ိုေမးနီးယား ႏိုင္ငံသားျဖစ္ပါတယ္။

ဒါေပမယ့္ သူကလည္းပဲ သူ႔ရဲ႕ မိခင္တိုင္းျပည္ကို မျပန္ဘဲ ယူကရိန္းမွာသာ ဆက္လက္ရွိေနကာ သူက သူရဲေဘာေၾကာင္သူ မဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ဒိုင္နမိုကိဗ္ နည္းျပ မာဆီယာလူဆက္ကူဟာ အသက္ ၇၆ ႏွစ္ အ႐ြယ္ရွိေနၿပီ ျဖစ္ၿပီး ဒီစစ္ပြဲကို ဆန္႔က်င္ေနခဲ့တာ ျဖစ္ပါတယ္။ အခုအခါ သူ႔ တပည့္ေက်ာ္ေတြကလည္း ေဘာလုံးကန္ ဖိနပ္ေတြကိုစြန္႔ကာ ေသနတ္ထမ္းၿပီး အမိေျမကို ကာကြယ္ေပးမယ့္ သူေတြအျဖစ္ ရွိေနခဲ့ၾကၿပီ ျဖစ္ပါေတာ့တယ္။

ခရက္ဒစ္