သုံးမိနစ် လျှပ်စစ် ရေနွေး အိုး ပျက်ရင် ပစ်မထားနဲ့အခုလိုပြင်သုံးရင် အများကြီးသုံးလို့ရတယ်။
လူသုံးများနေတဲ့ဖော်ပြပါ သုံးမိနစ် လျှပ်စစ်ရေနွေးအိုးတွေဟာ လပိုင်းနဲ့ ပျက်စီး ပြီး စက္ကူ အဟောင်းရောင်းတဲ့ဆိုင်တွေမှာ
အချိန်ဈေးနဲ့ လာရောင်းထားတာအများကြီးတွေ.နေရလို့ ပြုပြင် အသုံးချတဲ့နည်းကိုရေးပြလိုက်ပါတယ်။
အခုလို ပြုပြင်ပြီး ကျနော်ကိုယ်တိုင်လက်တွေ့ သုံးနေတာ ၂ နှစ်နီးပါရှိနေပြီး ဖြစ်တယ် ၊မူလ အသစ်ထက်စိတ်ချစွာ အသုံပြုနိုင်တဲ့နည်းပါ။
ရေနွေးအိုး အများစု ဟာ power supply. ခေါ် လျှပ်စစ် ကို အောက်ဖက် အဝိုင်းနေရာက ကြွေးပါတယ် ၊ အဲ့ဒီနေရာ မှာတပ်ဆင်ထားတဲ့ terminal ကြေးပြားလေးတွေဟာ အလွန်
ပါးပြီးအသုံးပြု တာ ကြာလာရင် အပူဒဏ်ကြောင့် ပျက်စီး ကာ ငုတ်နှစ်ခုမထိ တော့ဘဲ လျှပ်စစ်ဓာတ်မစီးနိုင်ကာ ရေနွေး ကျိုမရဖြစ်တဲ့ဘဝကိုရောက်ရပါတယ်။
အဲသည်တော့ power supplyပေးတဲ့လမ်းကြောင်းအသစ်ထွင်ပြီး တပ်ပေးလိုက်ရင်အကောင်းဖြစ်သွားပါတယ်။
(အိုးအများစုက အောက်ဖက်မီးအဝင်နေရာပျက်ကြလို့ပါ)၊ပိုပြီးသေချာခြင်ရင် AVO မီတာနဲ့အောက်ဖက်က အပူပေးကွိုင်ကို ထောက်တိုင်းလို့ အချက်ပြရင် ကွိုင်ကောင်း တာပါဘဲ။
ပြုပြင်ပုံက
၁.ယိုးဒယား ကလာတဲ့ ဟင်းကြော်အိုး အနီတွေမှာ သုံးတဲ့ အခံဆော့ကက်ဂေါင်း (ကြွေခံဖြစ်ရပါမယ်)ကို လျှပ်စစ်ဆိုင်တွေမှာ 500/- နဲ့ ဝယ်ပါ။
၂.ရေနွေးအိုးအောက်ဖက် screw သုံးလုံးဖြုတ်ပြီးဖွင့်ပါ။ အလည် အဝိုင်းသို့ power supply ပေး သည့် ဝါယာစ နှစ်စ တွေ့ရပါမည် ။(အပြာနှင့် အနီ) ၊၎င်းအစ နှစ်ခုအား ဘဲနှုတ်သီး ပလာယာဖြင့် အသာဖြုတ်ပါ။
၃.ဝယ်လာသည့်ဆော့ကက်အထိုင် မှ ကြွေသား ပါသည့်အပိုင်းကို ယူပြီး ရေနွေးဘူး၏အောက်ခြေတဖက်ခြမ်း ဝါယာကြိုး အလှမ်းမှီရာ နေရာတွင်နေရာချပါ။(အခြားဘက်တွင် အချက်ပြ မီး/pilot lamp)ရှိသည်။
၄.အောက်ခြေ အပေါက်ဖောက်ရာတွင် ဖောက်စက် မရှိပါက ဖော်ပြထားသလို သံချွန် /စကေဘာ ကို မီးအပူပေးပြီး ရေနွေးဘူးအောက်ခံ ကော်သားကို အပေါက်ဖောက် ယူပါ။
၅.ဆော့ကက်အထိုင် ကြွေခေါင်း တပ်ဆင်နေရာချရာတွင် လျှပ်စစ်ဝင်မည့်ငုတ် နှစ်ခု မထိအောင် စံနစ်တကျ နတ်ကြပ်ပေးပါ။(တဖက်ဖက်ကို ရာဘာ ပိုက်သေး စွပ်ပေးလျှင်ပိုပြီးစိတ်ချရပါသည်။
၆.၎င်းနောက်ပထမ ဖြုတ်ထားခဲ့သည့် ဝါယာ ၂ စကို အသစ်ထိုင်ထားသည့် ကြွေဆော့ကက်တွင် တပ်ဆင်ပေးပြီး အောက်ဘက်မှ screw သုံးလုံးကို စံနစ်တကျ ပြန်တပ် ပေးလျှင် ရေနွေးကြိုနိုင်သည့် အိုးအကောင်းတခု ရလာမည်ဖြစ်ပါသည်။
၇.အသုံးပြု မည့် မီးကြိုးမှာ ယိုးဒယား ဟင်းကြော်အိုး အနီ တွင် အသုံပြုသည့် ကြိုးဖြစ်ပြီး အိမ်တွင် ရှိပါက ထပ်မံဝယ်ယူရန်မလိုအပ်ပါ။ ဝယ်လျှင်1500/- ကျပ် ဝန်းကျင်ပေးရပါသည်။
အိုးအထိုင် အဟောင်း မှ ဝါယာများဖြုတ်ကာ အထိုင်ကို ပြန်ပြီး အသုံပြုနိုင်ပါသည်။ဆော့ကက်အထိုင် မှာ ကြွေ ဖြစ်ရပါမည် ။
ရေနွေး အိုးမှာ ဝပ် watt-900 ခန့်ဖြစ်လို့ အထိုင်တွေကို့ စံနစ်တကျ နတ်ကြပ် ရပါမည်။ မထိတထိ ဖြစ်ပါက လျှပ်စစ် spark များဖြစ်ကာ အန္တရာယ်ဖြစ်နိုင်ကြောင်းပါခမျာ။ရေနွေး အိုး က ဈေးပေါပါတယ်။4500/-ဘဲ ပေးရတာပါ။ ပြင်သုံး ရင် ၂ နှစ် လှည့်မကြည့်ရပါဘူးဗျာ။
(ယမန်နေ့က ကျနော် ပြုပြင်ပေးခဲ့သော အမျိုးတယောက်ရဲ့ ရေနွေးအိုး ပါ)ဗဟုသုတ နှင့် ငွေကိုခြွေတာနိုင်စေရန် ရေးသားတင်ပြသည်။
Crd
zawgyi
သုံးမိနစ္ လွ်ပ္စစ္ ေရႏြေး အိုး ပ်က္ရင္ ပစ္မထားနဲ႕အခုလိုျပင္သုံးရင္ အမ်ားႀကီးသုံးလို႔ရတယ္။
လူသုံးမ်ားေနတဲ့ေဖာ္ျပပါ သုံးမိနစ္ လွ်ပ္စစ္ေရႏြေးအိုးေတြဟာ လပိုင္းနဲ႕ ပ်က္စီး ၿပီး စကၠဴ အေဟာင္းေရာင္းတဲ့ဆိုင္ေတြမွာ
အခ်ိန္ေဈးနဲ႕ လာေရာင္းထားတာအမ်ားႀကီးေတြ.ေနရလို႔ ျပဳျပင္ အသုံးခ်တဲ့နည္းကိုေရးျပလိုက္ပါတယ္။
အခုလို ျပဳျပင္ၿပီး က်ေနာ္ကိုယ္တိုင္လက္ေတြ႕ သုံးေနတာ ၂ ႏွစ္နီးပါရွိေနၿပီး ျဖစ္တယ္ ၊မူလ အသစ္ထက္စိတ္ခ်စြာ အသုံျပဳနိုင္တဲ့နည္းပါ။
ေရႏြေးအိုး အမ်ားစု ဟာ power supply. ေခၚ လွ်ပ္စစ္ ကို ေအာက္ဖက္ အဝိုင္းေနရာက ေႂကြးပါတယ္ ၊ အဲ့ဒီေနရာ မွာတပ္ဆင္ထားတဲ့ terminal ေၾကးျပားေလးေတြဟာ အလြန္
ပါးၿပီးအသုံးျပဳ တာ ၾကာလာရင္ အပူဒဏ္ေၾကာင့္ ပ်က္စီး ကာ ငုတ္ႏွစ္ခုမထိ ေတာ့ဘဲ လွ်ပ္စစ္ဓာတ္မစီးနိုင္ကာ ေရႏြေး က်ိဳမရျဖစ္တဲ့ဘဝကိုေရာက္ရပါတယ္။
အဲသည္ေတာ့ power supplyေပးတဲ့လမ္းေၾကာင္းအသစ္ထြင္ၿပီး တပ္ေပးလိုက္ရင္အေကာင္းျဖစ္သြားပါတယ္။
(အိုးအမ်ားစုက ေအာက္ဖက္မီးအဝင္ေနရာပ်က္ၾကလို႔ပါ)၊ပိုၿပီးေသခ်ာျခင္ရင္ AVO မီတာနဲ႕ေအာက္ဖက္က အပူေပးကြိုင္ကို ေထာက္တိုင္းလို႔ အခ်က္ျပရင္ ကြိုင္ေကာင္း တာပါဘဲ။
ျပဳျပင္ပုံက
၁.ယိုးဒယား ကလာတဲ့ ဟင္းေၾကာ္အိုး အနီေတြမွာ သုံးတဲ့ အခံေဆာ့ကက္ေဂါင္း (ေႂကြခံျဖစ္ရပါမယ္)ကို လွ်ပ္စစ္ဆိုင္ေတြမွာ 500/- နဲ႕ ဝယ္ပါ။
၂.ေရႏြေးအိုးေအာက္ဖက္ screw သုံးလုံးျဖဳတ္ၿပီးဖြင့္ပါ။ အလည္ အဝိုင္းသို႔ power supply ေပး သည့္ ဝါယာစ ႏွစ္စ ေတြ႕ရပါမည္ ။(အျပာႏွင့္ အနီ) ၊၎အစ ႏွစ္ခုအား ဘဲႏႈတ္သီး ပလာယာျဖင့္ အသာျဖဳတ္ပါ။
၃.ဝယ္လာသည့္ေဆာ့ကက္အထိုင္ မွ ေႂကြသား ပါသည့္အပိုင္းကို ယူၿပီး ေရႏြေးဘူး၏ေအာက္ေျခတဖက္ျခမ္း ဝါယာႀကိဳး အလွမ္းမွီရာ ေနရာတြင္ေနရာခ်ပါ။(အျခားဘက္တြင္ အခ်က္ျပ မီး/pilot lamp)ရွိသည္။
၄.ေအာက္ေျခ အေပါက္ေဖာက္ရာတြင္ ေဖာက္စက္ မရွိပါက ေဖာ္ျပထားသလို သံခြၽန္ /စေကဘာ ကို မီးအပူေပးၿပီး ေရႏြေးဘူးေအာက္ခံ ေကာ္သားကို အေပါက္ေဖာက္ ယူပါ။
၅.ေဆာ့ကက္အထိုင္ ေႂကြေခါင္း တပ္ဆင္ေနရာခ်ရာတြင္ လွ်ပ္စစ္ဝင္မည့္ငုတ္ ႏွစ္ခု မထိေအာင္ စံနစ္တက် နတ္ၾကပ္ေပးပါ။(တဖက္ဖက္ကို ရာဘာ ပိုက္ေသး စြပ္ေပးလွ်င္ပိုၿပီးစိတ္ခ်ရပါသည္။
၆.၎ေနာက္ပထမ ျဖဳတ္ထားခဲ့သည့္ ဝါယာ ၂ စကို အသစ္ထိုင္ထားသည့္ ေႂကြေဆာ့ကက္တြင္ တပ္ဆင္ေပးၿပီး ေအာက္ဘက္မွ screw သုံးလုံးကို စံနစ္တက် ျပန္တပ္ ေပးလွ်င္ ေရႏြေးႀကိဳနိုင္သည့္ အိုးအေကာင္းတခု ရလာမည္ျဖစ္ပါသည္။
၇.အသုံးျပဳ မည့္ မီးႀကိဳးမွာ ယိုးဒယား ဟင္းေၾကာ္အိုး အနီ တြင္ အသုံျပဳသည့္ ႀကိဳးျဖစ္ၿပီး အိမ္တြင္ ရွိပါက ထပ္မံဝယ္ယူရန္မလိုအပ္ပါ။ ဝယ္လွ်င္1500/- က်ပ္ ဝန္းက်င္ေပးရပါသည္။
အိုးအထိုင္ အေဟာင္း မွ ဝါယာမ်ားျဖဳတ္ကာ အထိုင္ကို ျပန္ၿပီး အသုံျပဳနိုင္ပါသည္။ေဆာ့ကက္အထိုင္ မွာ ေႂကြ ျဖစ္ရပါမည္ ။
ေရႏြေး အိုးမွာ ဝပ္ watt-900 ခန႔္ျဖစ္လို႔ အထိုင္ေတြကို႔ စံနစ္တက် နတ္ၾကပ္ ရပါမည္။ မထိတထိ ျဖစ္ပါက လွ်ပ္စစ္ spark မ်ားျဖစ္ကာ အႏၱရာယ္ျဖစ္နိုင္ေၾကာင္းပါခမ်ာ။ေရႏြေး အိုး က ေဈးေပါပါတယ္။4500/-ဘဲ ေပးရတာပါ။ ျပင္သုံး ရင္ ၂ ႏွစ္ လွည့္မၾကည့္ရပါဘူးဗ်ာ။
(ယမန္ေန႕က က်ေနာ္ ျပဳျပင္ေပးခဲ့ေသာ အမ်ိဳးတေယာက္ရဲ႕ ေရႏြေးအိုး ပါ)ဗဟုသုတ ႏွင့္ ေငြကိုေႁခြတာနိုင္ေစရန္ ေရးသားတင္ျပသည္။
Crd