ကျောက်ဆည်မှာ ထူးဆန်းပြီး အလွန်ကြီးမားတဲ့အဆိပ်ပြင်း တောကြီး မြွေဟောက်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ပြည်သူ

ကျောက်ဆည်မှာ ထူးဆန်းပြီး အလွန်ကြီးမားတဲ့အဆိပ်ပြင်း တောကြီး မြွေဟောက်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ပြည်သူကိုယ့်ပတ်ဝန်းကျင်မှာ နေ့စဉ်တိုင်အလွယ်တကူမြင်တွေ့နေရတဲ့

ပုံမှန် တိစ္ဆာန်တွေများစွာရှိသလိုတစ်ခါမှတောင် မမြင်ဖူးတဲ့ ထူးဆန်းလွန်းတဲ့အကောင်တွေလည်းများစွာရှိပါတယ် ။အထူးသဖြင့် ဒီလိုထူးထူးဆန်းဆန်းတိရစ္ဆာန်တွေကို တောတောင်တွေ နယ်ဘက်တွေထဲမှာအများဆုံးတွေ့ကြရပါတယ်

အခုလည်းကျောက်ဆည်ဘက်မှာနေတဲ့ ပြည်သူတစ်ဦးက သူရဲ့ အိမ်အနီးနားပတ်ဝန်းကျင်မှာရှိတဲ့သစ်ပင်တစ်ပင်အပေါ်မှာ ထူးဆန်းလွန်းတဲ့မြွေကြီး နှစ်ကောင်ကို တွေ့ခဲ့တာကြောင့်

ဗဟုသုတအနေနဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာဖော်ပြထားတာတွေ့ရပါတယ် မြွေက မြင်နေကျပုံစံမျိုးမဟုတ်ဘဲအကောင်လည်းအတော်လေးကြီးတာကိုပုံထဲမှာတွေ့ရမှာပါမြွေက အစကနှစ်ကောင်လို့သိရပြီး တစ်ကောင်ကသစ်ပင်အပေါ်ကနေ ပြန်ဆင်းပြေးသွားတယ်လို့လည်းသိရပါတယ်။မြွေကိုတွေ့ချိန်မှာသူနဲ့အကြည့်ချင်းဆုံခဲ့ရလို့အတော်လေးကြက်သီးထကာ ကြောက်မိ

တယ်လို့လည်း ဖော်ပြထားပါတယ် ။တတ်သိနားလည်တဲ့ သူတွေပြောပြချက်အရ မြွေက တောကြီးမြွေဟောက်၊ ငန်းပုတ် / King Cobra (Ophiophagus hannah)အဆိပ်ပြင်းတယ်လို့လည်းသိရပါတယ်။ပရိသတ်ကြီးလည်းဒီသတင်းကို သိရှိနိုင်စေရန်ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit

 

Zawgyi






Credit