မိန္းကေလးတိုင္း ဘဝမွာတစ္ခါေလာက္ေတာ့ လုပ္ၾကည့္သင့္တဲ့အရာမ်ား…
ကိုယ့္ရဲ႕ေန႔စဥ္လုပ္ေနက် နိစၥဓူဝ ကိစၥေတြကေန ခြဲထြက္ၿပီး မတူညီတဲ့ေနထိုင္မႈပုံစံတခုကို တခါတရံေလာက္ျဖစ္ျဖစ္ ေျပာင္းလဲေနထိုင္လိုက္ၾကည့္ျခင္းဟာ
စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအတြက္ အေတာ္ေလးအေထာက္အကူျဖစ္ေစတဲ့ ကိစၥတစ္ခုပါပဲ ပ်ိဳေမတို႔ေရ။
ဒါေၾကာင့္မို႔လို႔ ပ်ိဳေမတိုင္းရဲ႕ ဘဝမွာ တခါေလာက္ေတာ့ အနည္းဆုံးျဖစ္ျဖစ္ လုပ္ၾကည့္သင့္တဲ့ အရာေလးေတြကို ျပန္လည္မွ်ေဝေပး လိုက္ပါတယ္ေနာ္။
(၁) တေယာက္တည္းခရီးေတြ ထြက္ပါ
မိန္းကေလးတေယာက္အေနနဲ႔ တေယာက္တည္းခရီးသြားဖို႔ဆိုတာဟာ အနည္းငယ္စြန႔္စားရတဲ့ ကိစၥတခုဆိုေပမယ့္ တေယာက္တည္းခရီးသြားျခင္းကေန ထင္မထားေလာက္တဲ့ အက်ိဳးေက်းဇူးေတြ ရႏိုင္တာေၾကာင့္
လုံၿခဳံေဘးကင္းမယ္လို႔ ထင္ရတဲ့ ေနရာေဒသတခုခုကို တေယာက္တည္း ခရီးသြားဖို႔ျပင္ဆင္ျပဳလုပ္ၾကည့္ဖို႔ အႀကံျပဳလိုက္တယ္။
(၂) တရက္ေလာက္ ဖုန္းမသုံးဘဲ အခ်ိန္ေတြကိုျဖတ္သန္းၾကည့္ပါ
စိတ္ဝင္စားစရာေတြ ျပည့္ႏွက္ေနတဲ့ ဆိုရွယ္မီဒီယာေတြကို ျဖတ္ၿပီး ဖုန္းအသုံးမျပဳဘဲ ေနၾကည့္ဖို႔ဆိုတာဟာ လြယ္တဲ့ ကိစၥတခုေတာ့ မဟုတ္ေပမယ့္
အားလပ္ရက္တရက္မွာ ဖုန္းကိုလုံးဝမသုံံးဘဲ ကိုယ္ ဝါသနာပါရာေလးေတြ လုပ္ရင္း တေန႔တာ အခ်ိန္ကို ျဖတ္သန္းၾကည့္သင့္ ပါတယ္။
(၃) ဖက္ရွင္စတိုင္ေျပာင္းတာမ်ိဳး လုပ္ၾကည့္ပါ
ဆံပင္စတိုင္ေျပာင္းလိုက္ တာမ်ိဳးျဖစ္ျဖစ္၊ ကိုယ္ဝတ္ေနက် ျပင္ဆင္ေနက် ေန႔စဥ္ Makeup look ကို ေျပာင္းလိုက္ တာမ်ိဳးလို လုပ္ၾကည့္ျခင္းက စိတ္အေျပာင္းအလဲလည္း ျဖစ္ေစမွာျဖစ္သလို
ကိုယ့္ကိုယ့္ကို ယုံၾကည္မႈ ပိုရွိ လာဖို႔ကိုလည္း အေထာက္ အကူ ျဖစ္ေစႏိုင္မွာပါ။
(၄) ကိုယ္တကယ္မလုပ္ခ်င္တဲ့ အရာေတြကိုျငင္းဆိုၾကည့္ပါ
ဘယ္လိုကိစၥမ်ိဳးကိုမဆို အၿမဲ တမ္းေခါင္းညိတ္ၿပီး လိုက္ေလ်ာညီေထြ ဆက္ဆံေနရတာဟာ စိတ္ပိုင္းဆိုင္ရာ အတြက္ ေရရွည္မွာမေကာင္းသလို ကိုယ့္ကိုယ္ကို ပိတ္ေလွာင္ထားသလိုလည္း ျဖစ္တာေၾကာင့္
တခါ တရံေလာက္ျဖစ္ျဖစ္ေတာ့ ကိုယ္တကယ္ ဆႏၵမရွိတဲ့၊ မလုပ္ခ်င္တဲ့ အရာေတြကို ျငင္းဆိုၾကည့္ဖို႔ သင့္ပါတယ္ေနာ္။
Crd
Unicode
မိန်းကလေးတိုင်း ဘဝမှာတစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့အရာများ…
ကိုယ့်ရဲ့နေ့စဉ်လုပ်နေကျ နိစ္စဓူဝ ကိစ္စတွေကနေ ခွဲထွက်ပြီး မတူညီတဲ့နေထိုင်မှုပုံစံတခုကို တခါတရံလောက်ဖြစ်ဖြစ် ပြောင်းလဲနေထိုင်လိုက်ကြည့်ခြင်းဟာ
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အတော်လေးအထောက်အကူဖြစ်စေတဲ့ ကိစ္စတစ်ခုပါပဲ ပျိုမေတို့ရေ။
ဒါကြောင့်မို့လို့ ပျိုမေတိုင်းရဲ့ ဘဝမှာ တခါလောက်တော့ အနည်းဆုံးဖြစ်ဖြစ် လုပ်ကြည့်သင့်တဲ့ အရာလေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။
(၁) တယောက်တည်းခရီးတွေ ထွက်ပါ
မိန်းကလေးတယောက်အနေနဲ့ တယောက်တည်းခရီးသွားဖို့ဆိုတာဟာ အနည်းငယ်စွန့်စားရတဲ့ ကိစ္စတခုဆိုပေမယ့် တယောက်တည်းခရီးသွားခြင်းကနေ ထင်မထားလောက်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်တာကြောင့်
လုံခြုံဘေးကင်းမယ်လို့ ထင်ရတဲ့ နေရာဒေသတခုခုကို တယောက်တည်း ခရီးသွားဖို့ပြင်ဆင်ပြုလုပ်ကြည့်ဖို့ အကြံပြုလိုက်တယ်။
(၂) တရက်လောက် ဖုန်းမသုံးဘဲ အချိန်တွေကိုဖြတ်သန်းကြည့်ပါ
စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ ဆိုရှယ်မီဒီယာတွေကို ဖြတ်ပြီး ဖုန်းအသုံးမပြုဘဲ နေကြည့်ဖို့ဆိုတာဟာ လွယ်တဲ့ ကိစ္စတခုတော့ မဟုတ်ပေမယ့်
အားလပ်ရက်တရက်မှာ ဖုန်းကိုလုံးဝမသုံံးဘဲ ကိုယ် ဝါသနာပါရာလေးတွေ လုပ်ရင်း တနေ့တာ အချိန်ကို ဖြတ်သန်းကြည့်သင့် ပါတယ်။
(၃) ဖက်ရှင်စတိုင်ပြောင်းတာမျိုး လုပ်ကြည့်ပါ
ဆံပင်စတိုင်ပြောင်းလိုက် တာမျိုးဖြစ်ဖြစ်၊ ကိုယ်ဝတ်နေကျ ပြင်ဆင်နေကျ နေ့စဉ် Makeup look ကို ပြောင်းလိုက် တာမျိုးလို လုပ်ကြည့်ခြင်းက စိတ်အပြောင်းအလဲလည်း ဖြစ်စေမှာဖြစ်သလို
ကိုယ့်ကိုယ့်ကို ယုံကြည်မှု ပိုရှိ လာဖို့ကိုလည်း အထောက် အကူ ဖြစ်စေနိုင်မှာပါ။
(၄) ကိုယ်တကယ်မလုပ်ချင်တဲ့ အရာတွေကိုငြင်းဆိုကြည့်ပါ
ဘယ်လိုကိစ္စမျိုးကိုမဆို အမြဲ တမ်းခေါင်းညိတ်ပြီး လိုက်လျောညီထွေ ဆက်ဆံနေရတာဟာ စိတ်ပိုင်းဆိုင်ရာ အတွက် ရေရှည်မှာမကောင်းသလို ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားသလိုလည်း ဖြစ်တာကြောင့်
တခါ တရံလောက်ဖြစ်ဖြစ်တော့ ကိုယ်တကယ် ဆန္ဒမရှိတဲ့၊ မလုပ်ချင်တဲ့ အရာတွေကို ငြင်းဆိုကြည့်ဖို့ သင့်ပါတယ်နော်။
Crd