ရေမွန် ကို သေသောသူကြာရင်မေ့ စကားအတိုင်း အားလုံးကမေ့ကုန်ကြပါပြီဆိုတဲ့ ဒေါ်ခင်မြတ်မွန်
ပရိသတ်ကြီးရေ နာမည်ကြီး ရော့ခ်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်(တွတ်ပီ) ကတော့ အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း
တောတွင်းတစ်နေရာမှာ အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။
ရေမွန် ကွယ်လွန်သွားခဲ့တာဆိုရင်တော့ ၈ လပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။
ကွယ်လွန်သွားခဲ့တာ ၈ လကြာမြင့်ခဲ့ပေမယ့် မိခင်ဖြစ်သူနဲ့ ပရိသတ်တွေကတော့ ယနေ့အထိလွမ်းဆွတ်တမ်းတ အောက်မေ့သတိရနေဆဲပဲဖြစ်ပါတယ်။
ဒါပေမယ့် အချို့သောလူတွေကတော့ သေသောသူကြာရင်မေ့ဆိုတဲ့ စကားအတိုင်း မေ့ပစ်လိုက်ကြပြီလို့ မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန် က ရေးသားထားပါတယ်။
ရေမွန် ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန် က နောက်ကျောကို ဓားနဲ့ထိုးတဲ့လူတွေအကြောင်းကိုလဲ အခုလိုပဲ ရေးသားထားပါသေးတယ်။ ”
သောက၊ဒုက္ခ၊ဘဝအမောတွေ အဆင်မပြေမှု မငြိမ်းချမ်းမှုတွေကြားမှာ ကျင်လည်ဖြတ်သန်းနေကြရတဲ့ဘဝတွေမို့
တစ်ချို့လဲမေ့ကုန်ကြပါပြီ ကိုယ်ချင်းစာနာနိုင်ပါတယ် သေသောသူကြာရင်မေ့…ဆိုတာကိုး.. သဘာဝကျပါတယ်(
မွေးထုတ်ခဲ့တဲ့အမေကတော့ ဘယ်မေ့နိုင်ပါ့မလဲ ဒါကိုလဲ ပြန်လှန် နားလည်ပေးကြပါ)
ဒါပေမဲ့ တစ်ချို့ကတော့ တမင်ကိုမေ့ပစ်ကြပြီ သူတို့ဘဝထဲကကို မစာမနာ ဇွတ်အတင်း ဆွဲထုတ်ပစ်တဲ့သူတွေလဲရှိပါရဲ့..
(ဇာတိရုပ် ပေါ်လာတဲ့သဘော နောက်ကျောကဓါးချက်တွေမြင်ရဲ့လား.တွတ်ပီရေ..? ) လို့ သူမရဲ့ အကောင့်မှာ ရေးသားထားပါတယ်။
ပရိသတ်ကြီးရေ ရေမွန် ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန် ကတော့ ၈လတိုင်တိုင် သူ့ကို သစ္စာရှိရှိ
ချစ်ခင်၊တမ်းတ၊သတိရ၊လွမ်းဆွတ်ပေး တန်ဖိုးထားအသိအမှတ်ပြုပေးနေတဲ့ မိတ်ဆွေစစ် အားလုံးကို
တွတ်ပီကိုယ်စား ကျေးဇူးများစွာ တင်ရှိပါတယ် လို့ ဆိုပါတယ်။ အဆုံးထိ ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ Credit
Zawgyi
ေရမြန္ ကို ေသေသာသူၾကာရင္ေမ့ စကားအတိုင္း အားလုံးကေမ့ကုန္ၾကပါၿပီဆိုတဲ့ ေဒၚခင္ျမတ္မြန္
ပရိသတ္ႀကီးေရ နာမည္ႀကီး ေရာ့ခ္အဆိုေတာ္တစ္ဦးျဖစ္တဲ့ ေရမြန္(တြတ္ပီ) ကေတာ့ အမွန္တရားအတြက္ တိုက္ပြဲဝင္ရင္း
ေတာတြင္းတစ္ေနရာမွာ အစာအိမ္ေသြးေၾကာေပါက္ေရာဂါနဲ႔ ကြယ္လြန္ခဲ့တာပဲ ျဖစ္ပါတယ္။
ေရမြန္ ကြယ္လြန္သြားခဲ့တာဆိုရင္ေတာ့ ၈ လျပည့္ခဲ့ၿပီပဲျဖစ္ပါတယ္။
ကြယ္လြန္သြားခဲ့တာ ၈ လၾကာျမင့္ခဲ့ေပမယ့္ မိခင္ျဖစ္သူနဲ႔ ပရိသတ္ေတြကေတာ့ ယေန႔အထိလြမ္းဆြတ္တမ္းတ ေအာက္ေမ့သတိရေနဆဲပဲျဖစ္ပါတယ္။
ဒါေပမယ့္ အခ်ိဳ႕ေသာလူေတြကေတာ့ ေသေသာသူၾကာရင္ေမ့ဆိုတဲ့ စကားအတိုင္း ေမ့ပစ္လိုက္ၾကၿပီလို႔ မိခင္ျဖစ္သူ ေဒၚခင္ျမတ္မြန္ က ေရးသားထားပါတယ္။
ေရမြန္ ရဲ႕ မိခင္ျဖစ္သူ ေဒၚခင္ျမတ္မြန္ က ေနာက္ေက်ာကို ဓားနဲ႔ထိုးတဲ့လူေတြအေၾကာင္းကိုလဲ အခုလိုပဲ ေရးသားထားပါေသးတယ္။ ”
ေသာက၊ဒုကၡ၊ဘဝအေမာေတြ အဆင္မေျပမႈ မၿငိမ္းခ်မ္းမႈေတြၾကားမွာ က်င္လည္ျဖတ္သန္းေနၾကရတဲ့ဘဝေတြမို႔
တစ္ခ်ိဳ႕လဲေမ့ကုန္ၾကပါၿပီ ကိုယ္ခ်င္းစာနာႏိုင္ပါတယ္ ေသေသာသူၾကာရင္ေမ့…ဆိုတာကိုး.. သဘာဝက်ပါတယ္(
ေမြးထုတ္ခဲ့တဲ့အေမကေတာ့ ဘယ္ေမ့ႏိုင္ပါ့မလဲ ဒါကိုလဲ ျပန္လွန္ နားလည္ေပးၾကပါ)
ဒါေပမဲ့ တစ္ခ်ိဳ႕ကေတာ့ တမင္ကိုေမ့ပစ္ၾကၿပီ သူတို႔ဘဝထဲကကို မစာမနာ ဇြတ္အတင္း ဆြဲထုတ္ပစ္တဲ့သူေတြလဲရွိပါရဲ႕..
(ဇာတိ႐ုပ္ ေပၚလာတဲ့သေဘာ ေနာက္ေက်ာကဓါးခ်က္ေတြျမင္ရဲ႕လား.တြတ္ပီေရ..? ) လို႔ သူမရဲ႕ အေကာင့္မွာ ေရးသားထားပါတယ္။
ပရိသတ္ႀကီးေရ ေရမြန္ ရဲ႕ မိခင္ျဖစ္သူ ေဒၚခင္ျမတ္မြန္ ကေတာ့ ၈လတိုင္တိုင္ သူ႔ကို သစၥာရွိရွိ
ခ်စ္ခင္၊တမ္းတ၊သတိရ၊လြမ္းဆြတ္ေပး တန္ဖိုးထားအသိအမွတ္ျပဳေပးေနတဲ့ မိတ္ေဆြစစ္ အားလုံးကို
တြတ္ပီကိုယ္စား ေက်းဇူးမ်ားစြာ တင္ရွိပါတယ္ လို႔ ဆိုပါတယ္။ အဆုံးထိ ဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။ Credit