ယုန်လေးဘက်ကနေ ရပ်တည်ပြီး အားပေးစကားပြောခဲ့တဲ့ ထိုင်းမလေး Jessie Vard

ယုန္ေလးနဲ႕ ထိုင္းနိုင္ငံက ေမာ္ဒယ္လ္ သ႐ုပ္ေဆာင္ Jessie Vard ကေတာ့ လူမ်ိဳးမတူညီၾကေပမယ့္ အႏုပညာအလုပ္ေတြကို အတူတူတြဲဖက္ၿပီး လုပ္ကိုင္ဖူးသလို အျပင္မွာလည္း ခင္မင္ရင္းႏွီးၾကသူေတြ ျဖစ္ပါတယ္။

Jessie Vard က ျမန္မာပရိသတ္ေတြနဲ႕ ရင္းႏွီးၿပီးသား သ႐ုပ္ေဆာင္ ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္သလို ျမန္မာနိုင္ငံအတြက္

အလႉအတန္းေတြကိုလည္း ယုန္ေလးကေနတဆင့္ လႉဒါန္းကုသိုလ္ယူသူေလးပဲ ျဖစ္ပါတယ္။

ယုန္ေလးကလည္း Jessie Vard နဲ႕ ပက္သတ္ၿပီး အကူအညီေတြကိုလည္း ေပးဖူးသူတစ္ေယာက္ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ယုန္ေလးက အားလုံးသိၿပီးသားျဖစ္တဲ့အတိုင္း သူ႕ရဲ႕ သီခ်င္း MV တစ္ပုဒ္ေၾကာင့္ ေဝဖန္မႈေတြကို ျပင္းျပင္းထန္ထန္ ရင္ဆိုင္ေနရတာပဲ ျဖစ္ပါတယ္။

ထိုင္းမေလး Jessie Vard က ယုန္ေလးရဲ႕ အေၾကာင္းအရင္းကို ေသေသခ်ာခ်ာမသိေပမယ့္ သူခ်စ္ခင္ရတဲ့

ယုန္ေလးအတြက္ အားေပးစကားေလး ေျပာၿပီး စိတ္ဓာတ္ခြန္အားျဖစ္ေစခဲ့တာကို အခုလိုပဲ ဗီဒီယိုေလးနဲ႕တကြ ေတြ႕ျမင္ရပါတယ္။

ယုန္ေလးနဲ႕ Jessie Vard ကေတာ့ တစ္ေယာက္လိုအပ္ခ်ိန္မွာ တစ္ေယာက္ အဆင္သင့္ရွိၿပီး ေဖးမကူညီတတ္တဲ့ မိတ္ေဆြေကာင္းေတြပဲ ျဖစ္ၾကပါတယ္။

ပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းၿပီး လူမႈေရးစိတ္အျပည့္ရွိတဲ့ ထိုင္းမေလး Jessie Vard ကို ဒီထက္မက ပိုခ်စ္သြားၾကမယ္ ထင္ပါတယ္ေနာ္။

ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႕ရက္ေလးကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Jessie Vard’s fb

Unicode Version

ယုန်လေးနဲ့ ထိုင်းနိုင်ငံက မော်ဒယ်လ် သရုပ်ဆောင် Jessie Vard ကတော့ လူမျိုးမတူညီကြပေမယ့် အနုပညာအလုပ်တွေကို အတူတူတွဲဖက်ပြီး လုပ်ကိုင်ဖူးသလို အပြင်မှာလည်း ခင်မင်ရင်းနှီးကြသူတွေ ဖြစ်ပါတယ်။

Jessie Vard က မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား သရုပ်ဆောင် မော်ဒယ်လ်တစ်ယောက်ဖြစ်သလို မြန်မာနိုင်ငံအတွက် အလှူအတန်းတွေကိုလည်း ယုန်လေးကနေတဆင့် လှူဒါန်းကုသိုလ်ယူသူလေးပဲ ဖြစ်ပါတယ်။

ယုန်လေးကလည်း Jessie Vard နဲ့ ပက်သတ်ပြီး အကူအညီတွေကိုလည်း ပေးဖူးသူတစ်ယောက် ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယုန်လေးက အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း သူ့ရဲ့ သီချင်း MV တစ်ပုဒ်ကြောင့် ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

ထိုင်းမလေး Jessie Vard က ယုန်လေးရဲ့ အကြောင်းအရင်းကို သေသေချာချာမသိပေမယ့် သူချစ်ခင်ရတဲ့ ယုန်လေးအတွက် အားပေးစကားလေး ပြောပြီး စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့တာကို အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ တွေ့မြင်ရပါတယ်။

ယုန်လေးနဲ့ Jessie Vard ကတော့ တစ်ယောက်လိုအပ်ချိန်မှာ တစ်ယောက် အဆင်သင့်ရှိပြီး ဖေးမကူညီတတ်တဲ့ မိတ်ဆွေကောင်းတွေပဲ ဖြစ်ကြပါတယ်။

ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီး လူမှုရေးစိတ်အပြည့်ရှိတဲ့ ထိုင်းမလေး Jessie Vard ကို ဒီထက်မက ပိုချစ်သွားကြမယ် ထင်ပါတယ်နော်။

ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


Source: Jessie Vard’s fb