ယူကရိန်းသမ္မတ သတင်းထုတ်ပြန်ချက်….သူပစ်မှတ်က ကျွန်တော်ပါ ဒါပေမယ့် ကျွန်တော်ကတော့……seemore
”ယူကရိန်းသမ္မတရဲ့ သတင်းထုတ်ပြန်ချက်
ပထမနေ့မှာ ယူကရိန်းအရာရှိ ၁၀ ဦးအပါအဝင် တပ်သား ၁၃၇ ဦး သေဆုံးခဲ့ပါတယ်။ ရုရှားစစ်သားက ၄၀၀ နီးပါး သေဆုံးပါတယ်။
ပဲ့ထိမ်းဒုံးကျည်အပါအဝင် တာလတ်ပစ်ဒုံး (၂၀၀) နီးပါးနဲ့ ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။
ရုရှားရဲ့ အဓိက ပစ်မှတ်က ကျနော်ပါ။ ဒုတိယပစ်မှတ်က ကျနော့်မိသားစုပါ။ ဒါပေမယ့် ကျနော် မြို့တော် ကိယက်ဗ်မှာပဲ ရှိနေပါတယ်”
BNN
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် တပ်ဖွဲ့တွေ ယူကရိန်းစစ်မြေပြင်ကို စေလွှတ်မှာ မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
သူတို့ တပ်ဖွဲ့တွေကို ယူကရိန်းမှာ တိုက်ဖို့ အတွက်တော့ ဥရောပတိုက်ဆီ စေလွှတ်မှာ မဟုတ်ဘူး၊ ဒါပေမယ့် နေတိုး မဟာမိတ်တွေနဲ့ အရှေ့ဥရောပဆီက မဟာမိတ်တွေကို ကာကွယ်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ နေတိုးနယ်နိမိတ်ကို တလက်မက အစ အထိမခံဘူး၊ အမေရိကန်ရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချပြီး ကာကွယ်ပြမယ်လို့ ပြောပါတယ်။
ဆက်လက်ပြီး နေတိုး အဖွဲ့ဟာ အရင်ကထက် ပိုပြီး ညီညွတ်သွားပြီ၊ အမေရိကန်နဲ့ နေတိုး အဖွဲ့ဝင်တွေဟာ စာချုပ်ပါ ကတိကဝတ်တွေအတိုင်း လိုက်နာကျင့်သုံးကြမယ်ဆိုတာ သံသယ ဖြစ်စရာ မရှိဘူးလို့ ဆိုပါတယ်။
နေတိုး အဖွဲ့ဝင် နိုင်ငံတွေထဲက ရုရှားရဲ့ ခြိမ်းခြောက် ခံနေရတယ်ဆိုတဲ့ အရှေ့ဥရောပကအဖွဲ့ဝင် နိုင်ငံတွေမှာ အမေရိကန်ကြည်းတပ်နဲ့ တခြား တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဖြန့်ကြက် ချထားပါတယ်။ အဲဒီ နိုင်ငံတွေထဲမှာ ဘောလ်တစ် နိုင်ငံတွေ ဖြစ်ကြတဲ့ လဗ်ဗီးယား၊ အက်စတိုးနီးယားနဲ့ လစ်သူရေးနီးယားတို့ အပြင် ပိုလန်နဲ့ ရိုမေးနီးယားတို့ ပါဝင်ပါတယ်။
ပူတင်က သွေးသွင်းဖို့ပါ သွေးပိုတွေ ပို့ထားတာ၊ သူ့ရည်ရွယ်ချက်ကို သိတယ်လို့ ဘိုင်ဒန်ပြော
အမေရိကန် သမ္မတ ပူတင်က ရုရှာ သမ္မတ ပူတင်ဟာ ယူကရိန်း နယ်စပ်ကို တပ်ဖွဲ့ဝင်အင်အား ၁၇၅,၀၀၀ နဲ့ စစ်လက်နက် ပစ္စည်းတွေ ပို့ပေးထားသလို သွေးလိုရင် သွင်းနိုင်ဖို့ သွေးပိုတွေပို့ စစ်မြေပြင် ဆေးရုံတွေပါ တည် ပေးထားတာ ဖြစ်ကြောင်း ပြောပါတယ်။
ဆက်လက်ပြီး ပူတင်ဟာ စစ်ကြောင့် ကြုံရမယ့် အနိဋ္ဌာရုံတွေကို ရှောင်ရှားနိုင်ဖို့ အတွက် အနောက်အုပ်စုက ဆွေးနွေးဖို့ ကမ်းလှမ်းသမျှ ငြင်းပယ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ယူကရိန်း ဆိပ်ကမ်းမြို့ မာရီယူပိုလ် တိုက်ခိုက်ခံနေရ
ယူကရိန်း ဆိပ်ကမ်းမြို့ မာရီယူပိုလ်ကို လက်နက်ကြီးတွေနဲ့ အပြင်းအထန်ပစ်ခတ်နေပြီး ပေါက်ကွဲသံတွေ ရာနဲ့ချီပြီးကို ကြားနေရတယ်လို့ သံတမန် သတင်းရပ်ကွက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မာရီယူပိုလ်ဟာ ယူကရိန်းနဲ့ ရုရှား ထောက်ပံ့ထားတဲ့ ဒွန်းညက်စ်ခ် ဒေသက ခွဲထွက်သူပုန်အဖွဲ့တွေနဲ့ ရှေ့တန်းအနီး အက်ဇော့ဗ် ပင်လယ်ကမ်းစပ်က အကြီးဆုံး ဆိပ်ကမ်းမြို့ကြီး တမြို့ ဖြစ်ပါတယ်။ အဲဒီက ဒေသထဲက ခွဲထွက် သူပုန်တွေက နိုင်ငံထူထောင်ထားတာကို ဗလာဒီမီယာ ပူတင်က အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။
ရုရှားအနေနဲ့ မာရီယူပိုလ်ကို သိမ်းနိုင်ရင် ပြီးခဲ့တဲ့ ၂၀၁၄ တုန်းက ယူကရိန်းဆီကနေ သူတို့ ခွဲထုတ် ဖဲ့ယူသွားခဲ့တဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ထဲကို ကုန်းလမ်းနဲ့ပါ ဆက်သွယ်လို့ ရသွားမှာ ဖြစ်ပါတယ်။
ရုရှားက စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကိုဖမ်း
ရုရှားတနံတလျားမှာ ရုရှား ကျူးကျော်စစ်ကို ဆန့်ကျင် ဆန္ဒပြကြ သူတွေထဲက လူ ၇၃၅ ယောက်ထက် မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ မြို့ပေါင်း ၄၀ မှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ OVD-Info အဖွဲ့က ပြောပါတယ်။ မော်စကို တမြို့တည်းမှာတင် လူပေါင်း ၃၃၀ ကျော်ဖမ်းဆီး ခံခဲ့ရပါတယ်။
မော်စကို မြို့လယ်က ပူရှ်ကင် စကာယာ ရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆန့်ကျင် ဆန္ဒပြသူတွေကို ရုရှားရဲတွေက ဖမ်းဆီးနေတဲ့ ပုံတွေလည်း ထွက်လာနေပါတယ်။
အေအဖ်ပီ သတင်းဌာနက ဓာတ်ပုံ သတင်းထောက်က ရိုက်ယူခဲ့တဲ့ ပုံတပုံမှာဆို ယူကရိန်းစစ်ပွဲကို လက်မခံဘူး ပူတင် နုတ်ထွက်လို့ ရေးထားတဲ့ ကတ်ပြား ကိုင်ဆောင်ထားသူကို ရဲတွေက ဖမ်းဆီးနေတာကို တွေ့ရပါတယ်။
ချာနိုဘိုင်းလ်မှာ တိုက်ပွဲပြင်းထန်နေ
ချာနိုဘိုင်းလ် အရင်က နျူကလီးယား ဓာတ်ပေါင်းဖို ရှိခဲ့တဲ့ နေရာ အနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အဲဒီနေရာက လုံခြုံစိတ်ချရမှု ရှိရဲ့လားဆိုတာ မပြောနိုင်ကြောင်း ယူကရန်း သမ္မတ အကြံပေး မီခါယလို ပိုလ်ဒိုလ်ယတ်ခ်က ပြောပါတယ်။
တိုက်ပွဲတွေအပြီး ချာနိုဘိုင်းလ် ဓာတ်ပေါင်းဖိုဟောင်းကို မထိန်းချုပ် နိုင်တော့ဘူးလို့ ပြောပါတယ်။
ရုရှား တင့်ကားတွေ ချာနိုဘိုင်းလ် စက်ရုံဟောင်း အပြင်ဘက်မှာ တပ်ချထားတဲ့ ဗီဒီယိုတခုကိုလည်း ဘီဘီစီက တွေ့ရှိ အတည်ပြုနိုင်ခဲ့ပါတယ်။
ချာနိုဘိုင်းလ်မှာ လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်က အဲဒီက ဓာတ်ပေါင်းဖို ၄ လုံးထဲက ၁ လုံးပေါက်ကွဲပြီး သမိုင်းတလျှောက် အဆိုးဆုံး နျူကလီးယား မတော်တဆမှု ဖြစ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အဲရိုဖလုတ် လေကြောင်း ယူကေမှာ ဆင်းသက်ခွင့် ပိတ်
ယူကေ ဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆင်က ယူကေက ဘဏ်တွေမှာ ရုရှားတွေ ငွေ အပ်နှံနိုင်တဲ့ ပမာဏကို ကန့်သတ်မယ်လို့ ပြောလိုက်သလို လူနဲ့ အဖွဲ့အစည်း ၁၀၀ ကျော်ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းသိမ်းမယ်လို့ ပြောလိုက်ပါတယ်။
ရုရှား လေကြောင်းလိုင်း အဲရိုဖလုတ်ကိုလည်း ယူကေကို မပျံသန်းရလို့ ပိတ်ပင်လိုက်ပြီး နည်းပညာပိုင်းနဲ့ပတ်သက်လို့ တင်ပို့ ရောင်းချနေတာတွေကိုလည်း တင်းကြပ်မယ်လို့ ပြောပါတယ်။
ဘယ်လာရုစ်ကိုလည်း အလားတူ ပိတ်ဆို့ အရေးယူမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
လန်ဒန်မှာနေတဲ့ ရုရှားသူကြွယ်ကြီးတွေ အတွက်လည်း ပုန်းရှောင်စရာ မြေရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ကိယဗ်မြို့ပြင်နားအထိ ရုရှားတပ်တွေ ရောက်လာ
ရုရှား လေထီးတပ်သားတွေဟာ ကိယဗ် မြို့ကနေ ၁၅ – ၂၀ မိုင်လောက် အကွာအဝေးမှာ ရှိတဲ့ အန်တိုတော့ဗ် လေတပ်စခန်းကို ဒီနေ့ အစောပိုင်းကတည်းက ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။
ယူကရိန်းအရန်တပ်ဖွဲ့တွေက အဲဒီကို တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်၊ အနောက် အုပ်စု ထောက်လှမ်းရေးတွေ မှန်းဆထားတဲ့အတိုင်း လျင်လျင်မြန်မြန် ထိုးစစ်ဆင် ခဲ့တာ ဖြစ်ပြီး တချို့နေရာတွေမှာ မှန်းဆထားတာထက်တောင် ပိုပြီး မြန်နေတာ တွေ့ရပါတယ်။
ရုရှား သံချပ်ကာကားတွေကလည်း ဘယ်လာရုစ် တောင်ပိုင်းနယ်စပ်ကနေ ခရိုင်းမီးယား ကျွန်းဆွယ် မြောက်ပိုင်းအထိ တနံတလျားမှာ တော်တော်ကို ခရီးရောက်နေပြီ ဖြစ်ပါတယ်။ ရုရှားတပ်တွေ ရဲ့ နောက်တဆင့် ထိုးစစ်က ဘယ်လို ဖြစ်လာနိုင်သလဲ။
အခြေစိုက် စခန်းတခု တည်လိုက်နိုင်ပြီ ဖြစ်တာကြောင့် လေထီးတပ်တွေက ရှေ့ကို တိုးလာတဲ့ ရုရှား သံချပ်ကာ တပ်တွေနဲ့ ချိတ်ဆက်နိုင်တဲ့ အထိ စောင့်ကြဦးမလား ဒါမှမဟုတ် အဲဒီ စခန်းကနေပဲ မြို့တော် ကိယဗ်ကို ထိုးစစ်ဆင်တာမျိုးလည်း ရှိလာနိုင်ပါတယ်။ မကြာခင် အတော်အတွင်းမှာ သူတို့ရဲ့ နောက်ခြေလှမ်းကို တွေ့လာရမယ့် သဘောရှိပါတယ်။
BBC
Zawgyi
ယူကရိန္းသမၼတ သတင္းထုတ္ျပန္ခ်က္….သူပစ္မွတ္က ကြၽန္ေတာ္ပါ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့……seemore
”ယူကရိန္းသမၼတရဲ႕ သတင္းထုတ္ျပန္ခ်က္
ပထမေန႔မွာ ယူကရိန္းအရာရွိ ၁၀ ဦးအပါအဝင္ တပ္သား ၁၃၇ ဦး ေသဆုံးခဲ့ပါတယ္။ ႐ုရွားစစ္သားက ၄၀၀ နီးပါး ေသဆုံးပါတယ္။
ပဲ့ထိမ္းဒုံးက်ည္အပါအဝင္ တာလတ္ပစ္ဒုံး (၂၀၀) နီးပါးနဲ႔ ႐ုရွားက တိုက္ခိုက္ခဲ့ပါတယ္။
႐ုရွားရဲ႕ အဓိက ပစ္မွတ္က က်ေနာ္ပါ။ ဒုတိယပစ္မွတ္က က်ေနာ့္မိသားစုပါ။ ဒါေပမယ့္ က်ေနာ္ ၿမိဳ႕ေတာ္ ကိယက္ဗ္မွာပဲ ရွိေနပါတယ္”
BNN
အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္က အေမရိကန္ တပ္ဖြဲ႕ေတြ ယူကရိန္းစစ္ေျမျပင္ကို ေစလႊတ္မွာ မဟုတ္ေၾကာင္း ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။
သူတို႔ တပ္ဖြဲ႕ေတြကို ယူကရိန္းမွာ တိုက္ဖို႔ အတြက္ေတာ့ ဥေရာပတိုက္ဆီ ေစလႊတ္မွာ မဟုတ္ဘူး၊ ဒါေပမယ့္ ေနတိုး မဟာမိတ္ေတြနဲ႔ အေရွ႕ဥေရာပဆီက မဟာမိတ္ေတြကို ကာကြယ္ေပးမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။ အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ ေနတိုးနယ္နိမိတ္ကို တလက္မက အစ အထိမခံဘူး၊ အေမရိကန္ရဲ႕ စြမ္းအားကို အျပည့္အဝ အသုံးခ်ၿပီး ကာကြယ္ျပမယ္လို႔ ေျပာပါတယ္။
ဆက္လက္ၿပီး ေနတိုး အဖြဲ႕ဟာ အရင္ကထက္ ပိုၿပီး ညီၫြတ္သြားၿပီ၊ အေမရိကန္နဲ႔ ေနတိုး အဖြဲ႕ဝင္ေတြဟာ စာခ်ဳပ္ပါ ကတိကဝတ္ေတြအတိုင္း လိုက္နာက်င့္သုံးၾကမယ္ဆိုတာ သံသယ ျဖစ္စရာ မရွိဘူးလို႔ ဆိုပါတယ္။
ေနတိုး အဖြဲ႕ဝင္ ႏိုင္ငံေတြထဲက ႐ုရွားရဲ႕ ၿခိမ္းေျခာက္ ခံေနရတယ္ဆိုတဲ့ အေရွ႕ဥေရာပကအဖြဲ႕ဝင္ ႏိုင္ငံေတြမွာ အေမရိကန္ၾကည္းတပ္နဲ႔ တျခား တပ္ဖြဲ႕ဝင္ ေထာင္ေပါင္းမ်ားစြာကို ျဖန္႔ၾကက္ ခ်ထားပါတယ္။ အဲဒီ ႏိုင္ငံေတြထဲမွာ ေဘာလ္တစ္ ႏိုင္ငံေတြ ျဖစ္ၾကတဲ့ လဗ္ဗီးယား၊ အက္စတိုးနီးယားနဲ႔ လစ္သူေရးနီးယားတို႔ အျပင္ ပိုလန္နဲ႔ ႐ိုေမးနီးယားတို႔ ပါဝင္ပါတယ္။
ပူတင္က ေသြးသြင္းဖို႔ပါ ေသြးပိုေတြ ပို႔ထားတာ၊ သူ႔ရည္႐ြယ္ခ်က္ကို သိတယ္လို႔ ဘိုင္ဒန္ေျပာ
အေမရိကန္ သမၼတ ပူတင္က ႐ုရွာ သမၼတ ပူတင္ဟာ ယူကရိန္း နယ္စပ္ကို တပ္ဖြဲ႕ဝင္အင္အား ၁၇၅,၀၀၀ နဲ႔ စစ္လက္နက္ ပစၥည္းေတြ ပို႔ေပးထားသလို ေသြးလိုရင္ သြင္းႏိုင္ဖို႔ ေသြးပိုေတြပို႔ စစ္ေျမျပင္ ေဆး႐ုံေတြပါ တည္ ေပးထားတာ ျဖစ္ေၾကာင္း ေျပာပါတယ္။
ဆက္လက္ၿပီး ပူတင္ဟာ စစ္ေၾကာင့္ ႀကဳံရမယ့္ အနိ႒ာ႐ုံေတြကို ေရွာင္ရွားႏိုင္ဖို႔ အတြက္ အေနာက္အုပ္စုက ေဆြးေႏြးဖို႔ ကမ္းလွမ္းသမွ် ျငင္းပယ္ခဲ့တယ္လို႔လည္း ဆိုပါတယ္။
ယူကရိန္း ဆိပ္ကမ္းၿမိဳ႕ မာရီယူပိုလ္ တိုက္ခိုက္ခံေနရ
ယူကရိန္း ဆိပ္ကမ္းၿမိဳ႕ မာရီယူပိုလ္ကို လက္နက္ႀကီးေတြနဲ႔ အျပင္းအထန္ပစ္ခတ္ေနၿပီး ေပါက္ကြဲသံေတြ ရာနဲ႔ခ်ီၿပီးကို ၾကားေနရတယ္လို႔ သံတမန္ သတင္းရပ္ကြက္က ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။
မာရီယူပိုလ္ဟာ ယူကရိန္းနဲ႔ ႐ုရွား ေထာက္ပံ့ထားတဲ့ ဒြန္းညက္စ္ခ္ ေဒသက ခြဲထြက္သူပုန္အဖြဲ႕ေတြနဲ႔ ေရွ႕တန္းအနီး အက္ေဇာ့ဗ္ ပင္လယ္ကမ္းစပ္က အႀကီးဆုံး ဆိပ္ကမ္းၿမိဳ႕ႀကီး တၿမိဳ႕ ျဖစ္ပါတယ္။ အဲဒီက ေဒသထဲက ခြဲထြက္ သူပုန္ေတြက ႏိုင္ငံထူေထာင္ထားတာကို ဗလာဒီမီယာ ပူတင္က အသိအမွတ္ျပဳထားတာ ျဖစ္ပါတယ္။
႐ုရွားအေနနဲ႔ မာရီယူပိုလ္ကို သိမ္းႏိုင္ရင္ ၿပီးခဲ့တဲ့ ၂၀၁၄ တုန္းက ယူကရိန္းဆီကေန သူတို႔ ခြဲထုတ္ ဖဲ့ယူသြားခဲ့တဲ့ ခ႐ိုင္းမီးယား ကြၽန္းဆြယ္ထဲကို ကုန္းလမ္းနဲ႔ပါ ဆက္သြယ္လို႔ ရသြားမွာ ျဖစ္ပါတယ္။
႐ုရွားက စစ္ဆန္႔က်င္ေရး ဆႏၵျပသူေတြကိုဖမ္း
႐ုရွားတနံတလ်ားမွာ ႐ုရွား က်ဴးေက်ာ္စစ္ကို ဆန္႔က်င္ ဆႏၵျပၾက သူေတြထဲက လူ ၇၃၅ ေယာက္ထက္ မနည္း ဖမ္းဆီးခံခဲ့ရပါတယ္။ ၿမိဳ႕ေပါင္း ၄၀ မွာ စစ္ဆန္႔က်င္ေရး ဆႏၵျပသူေတြ ဖမ္းဆီးခံခဲ့ရတာ ျဖစ္တယ္လို႔ OVD-Info အဖြဲ႕က ေျပာပါတယ္။ ေမာ္စကို တၿမိဳ႕တည္းမွာတင္ လူေပါင္း ၃၃၀ ေက်ာ္ဖမ္းဆီး ခံခဲ့ရပါတယ္။
ေမာ္စကို ၿမိဳ႕လယ္က ပူရွ္ကင္ စကာယာ ရင္ျပင္မွာ ျပဳလုပ္ခဲ့တဲ့ စစ္ဆန္႔က်င္ ဆႏၵျပသူေတြကို ႐ုရွားရဲေတြက ဖမ္းဆီးေနတဲ့ ပုံေတြလည္း ထြက္လာေနပါတယ္။
ေအအဖ္ပီ သတင္းဌာနက ဓာတ္ပုံ သတင္းေထာက္က ႐ိုက္ယူခဲ့တဲ့ ပုံတပုံမွာဆို ယူကရိန္းစစ္ပြဲကို လက္မခံဘူး ပူတင္ ႏုတ္ထြက္လို႔ ေရးထားတဲ့ ကတ္ျပား ကိုင္ေဆာင္ထားသူကို ရဲေတြက ဖမ္းဆီးေနတာကို ေတြ႕ရပါတယ္။
ခ်ာႏိုဘိုင္းလ္မွာ တိုက္ပြဲျပင္းထန္ေန
ခ်ာႏိုဘိုင္းလ္ အရင္က န်ဴကလီးယား ဓာတ္ေပါင္းဖို ရွိခဲ့တဲ့ ေနရာ အနီးမွာလည္း တိုက္ပြဲေတြ ျပင္းထန္ေနပါတယ္။
အဲဒီေနရာက လုံၿခဳံစိတ္ခ်ရမႈ ရွိရဲ႕လားဆိုတာ မေျပာႏိုင္ေၾကာင္း ယူကရန္း သမၼတ အႀကံေပး မီခါယလို ပိုလ္ဒိုလ္ယတ္ခ္က ေျပာပါတယ္။
တိုက္ပြဲေတြအၿပီး ခ်ာႏိုဘိုင္းလ္ ဓာတ္ေပါင္းဖိုေဟာင္းကို မထိန္းခ်ဳပ္ ႏိုင္ေတာ့ဘူးလို႔ ေျပာပါတယ္။
႐ုရွား တင့္ကားေတြ ခ်ာႏိုဘိုင္းလ္ စက္႐ုံေဟာင္း အျပင္ဘက္မွာ တပ္ခ်ထားတဲ့ ဗီဒီယိုတခုကိုလည္း ဘီဘီစီက ေတြ႕ရွိ အတည္ျပဳႏိုင္ခဲ့ပါတယ္။
ခ်ာႏိုဘိုင္းလ္မွာ လြန္ခဲ့တဲ့ ၁၉၈၆ ခုႏွစ္က အဲဒီက ဓာတ္ေပါင္းဖို ၄ လုံးထဲက ၁ လုံးေပါက္ကြဲၿပီး သမိုင္းတေလွ်ာက္ အဆိုးဆုံး န်ဴကလီးယား မေတာ္တဆမႈ ျဖစ္မႈနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။
အဲ႐ိုဖလုတ္ ေလေၾကာင္း ယူေကမွာ ဆင္းသက္ခြင့္ ပိတ္
ယူေက ဝန္ႀကီးခ်ဳပ္ ေဘာရစၥ ဂြၽန္ဆင္က ယူေကက ဘဏ္ေတြမွာ ႐ုရွားေတြ ေငြ အပ္ႏွံႏိုင္တဲ့ ပမာဏကို ကန္႔သတ္မယ္လို႔ ေျပာလိုက္သလို လူနဲ႔ အဖြဲ႕အစည္း ၁၀၀ ေက်ာ္ရဲ႕ ပိုင္ဆိုင္မႈေတြကိုလည္း ထိန္းသိမ္းမယ္လို႔ ေျပာလိုက္ပါတယ္။
႐ုရွား ေလေၾကာင္းလိုင္း အဲ႐ိုဖလုတ္ကိုလည္း ယူေကကို မပ်ံသန္းရလို႔ ပိတ္ပင္လိုက္ၿပီး နည္းပညာပိုင္းနဲ႔ပတ္သက္လို႔ တင္ပို႔ ေရာင္းခ်ေနတာေတြကိုလည္း တင္းၾကပ္မယ္လို႔ ေျပာပါတယ္။
ဘယ္လာ႐ုစ္ကိုလည္း အလားတူ ပိတ္ဆို႔ အေရးယူမယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။
လန္ဒန္မွာေနတဲ့ ႐ုရွားသူႂကြယ္ႀကီးေတြ အတြက္လည္း ပုန္းေရွာင္စရာ ေျမရွိမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။
ကိယဗ္ၿမိဳ႕ျပင္နားအထိ ႐ုရွားတပ္ေတြ ေရာက္လာ
႐ုရွား ေလထီးတပ္သားေတြဟာ ကိယဗ္ ၿမိဳ႕ကေန ၁၅ – ၂၀ မိုင္ေလာက္ အကြာအေဝးမွာ ရွိတဲ့ အန္တိုေတာ့ဗ္ ေလတပ္စခန္းကို ဒီေန႔ အေစာပိုင္းကတည္းက ထိန္းခ်ဳပ္ထားၿပီ ျဖစ္ပါတယ္။
ယူကရိန္းအရန္တပ္ဖြဲ႕ေတြက အဲဒီကို တန္ျပန္ထိုးစစ္ဆင္ေနတယ္လို႔ ေျပာပါတယ္၊ အေနာက္ အုပ္စု ေထာက္လွမ္းေရးေတြ မွန္းဆထားတဲ့အတိုင္း လ်င္လ်င္ျမန္ျမန္ ထိုးစစ္ဆင္ ခဲ့တာ ျဖစ္ၿပီး တခ်ိဳ႕ေနရာေတြမွာ မွန္းဆထားတာထက္ေတာင္ ပိုၿပီး ျမန္ေနတာ ေတြ႕ရပါတယ္။
႐ုရွား သံခ်ပ္ကာကားေတြကလည္း ဘယ္လာ႐ုစ္ ေတာင္ပိုင္းနယ္စပ္ကေန ခ႐ိုင္းမီးယား ကြၽန္းဆြယ္ ေျမာက္ပိုင္းအထိ တနံတလ်ားမွာ ေတာ္ေတာ္ကို ခရီးေရာက္ေနၿပီ ျဖစ္ပါတယ္။ ႐ုရွားတပ္ေတြ ရဲ႕ ေနာက္တဆင့္ ထိုးစစ္က ဘယ္လို ျဖစ္လာႏိုင္သလဲ။
အေျခစိုက္ စခန္းတခု တည္လိုက္ႏိုင္ၿပီ ျဖစ္တာေၾကာင့္ ေလထီးတပ္ေတြက ေရွ႕ကို တိုးလာတဲ့ ႐ုရွား သံခ်ပ္ကာ တပ္ေတြနဲ႔ ခ်ိတ္ဆက္ႏိုင္တဲ့ အထိ ေစာင့္ၾကဦးမလား ဒါမွမဟုတ္ အဲဒီ စခန္းကေနပဲ ၿမိဳ႕ေတာ္ ကိယဗ္ကို ထိုးစစ္ဆင္တာမ်ိဳးလည္း ရွိလာႏိုင္ပါတယ္။ မၾကာခင္ အေတာ္အတြင္းမွာ သူတို႔ရဲ႕ ေနာက္ေျခလွမ္းကို ေတြ႕လာရမယ့္ သေဘာရွိပါတယ္။
BBC