Photo Credit to Owners
unicode
အမြန်ဆုံးလက်ထပ်သင့်တဲ့ မိန်းမ (10) မျိုး
1) အနေအထိုင် ပြေပြစ်သိမ်မွေ့ပီး အနာ ရောဂါ ရှင်းလင်းတဲ့ မိန်းမ..
2) မိဘနှစ်ပါးကို လုပ်ကျွေး ပြုစုချင်စိတ် ရှိပီး မိမိထက် အသက်ကြီး ဝါကြီးသူများကို တလေးတစား ဆက်ဆံကာ မိမိထက် ငယ်ရွယ်သူများကို အလျှော့ပေး ထိန်းကျောင်း နားလည် ပေးထတ်တဲ့ မိန်းမ..
3) မြင်သမျ ယောင်္ကျားလေးတိုင်းကို စိတ်ဝင်စားခြင်း မရှိပဲ မိမိနှင့် တွေ့မှသာ အိမ်ထောင်ပြုခြင်းကို စဉ်းစားသော မိန်းမ..
4) မည်သည့် ကိစ္စမဆို လွယ်လွယ် မယုံတတ်ပဲ စဉ်းစား ဆင်ခြင်ဉာဏ်ဖြင့် ဆုံးဖြတ်လုပ်ကိုင်တတ်ပီး အတွေ့အကြုံများကို မိမိရဲ့ သားသမီးများအား သင်ကြားပြသ ပေးသော မိန်းမ..
5) နိမ့်ကျသော အဆင့်မှ မြင့်မားသော အဆင့်အထိ မိမိယောင်္ကျား ဖြစ်သူရဲ့ ဂုဏ်နဲ့ အညီ နေထိုင်တတ်ပီး ဘယ်ဘဝပဲ ရောက်ရောက် ပေါင်းသင်းမယ့် မိန်းမ..
6) ကြွားဝါခြင်းနဲ့ မာန်မာန မရှိပဲ ဘဝကို ဖြူစင် ရိုးသားစွာ နေထိုင်တဲ့ မိန်းမ..
7) အိမ်ရှင်မ တာဝန်ဖြစ်တဲ့ အိမ်သန့်ရှင်းရေး ၊ အချက်အပြုတ် ၊ ငွေကြေးစီမံ ခန့်ခွဲခြင်း ၊ သားသမီးများကို ချစ်ခင် ဆုံးမ သွန်သင်ခြင်း ၊ ယောင်္ကျားရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း စသော အခြေခံ မယားသတ်တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့ မိန်းမ..
8) ဘာသာတရား ကိုင်းရှိုင်းပီး ဘုရား တရား သံဃာကို ယုံကြည် ကိုးကွယ်သော မိန်းမ..
9) အိမ်လည်ခြင်း ၊ အင်တာနက်ပေါ်တွင် အလေလိုက်ခြင်း ၊ အချစ်ဝတ္တု ဖတ်ကာ ရုပ်ရှင်ကားများ ကြည့်ခြင်း စတဲ့ အပျော်အပါး ကိစ္စများကို လိုတာထက်ပိုပီး စိတ်ဝင်စားမှု မရှိသော မိန်းမ..
10) မိမိ ယောင်္ကျား တစ်ယောက်ထဲ ကိုသာ စွဲစွဲမြဲမြဲ ချစ်သော မိန်းမ..
အဆိုပါ အချက်တွေနဲ့ ကိုက်ညီတဲ့ မိန်းကလေးကို တွေ့လျင် အချိန်မဆွဲသင့်ပဲ အမြန်သာ လက်ထပ်ယူလိုက်ပါ။ ရှိတော့ ရှိတယ်နော်.. ဒါပေမယ့် ရှားတယ်…
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners