သွေးတိုးတဲ့အချိန် မြန်မြန် ကျအောင် လုပ်နိုင်တဲ့ အလွယ်နည်းလမ်းများ
ရုတ်တရက််် သွေးတိုးနေတဲ့ အခါမျိုးမှာ ခေါင်းမူးခြင်း ၊မျက်နှာ အစ်မို့ခြင်း ၊ ဇက်ကြောထိုးခြင်း များ ခံစားရပါတယ် ။ သွေးပေါင်ချိန် အများကြီးတက်နေတာဟာ အသက်အန္တရာယ်ပေးနိုင်တဲ့အထိကို အန္တရာယ်ရှိပါတယ်။
ဒီလို မိမိကိုယ်ကို သွေးတိုးသည်ဟု သိသည်နှင့် တပြိုင်နက် ပုံမှန်ပြန်ဖြစ်အောင် လုပ်ဖို့ လိုပါတယ် ။ အဲ့ဒိအတွက် ဆေးသောက်စရာမလိုဘဲ ကိုယ့်ရဲ့ အိမ်မှာရှိတဲ့ မီးဖိုချောင်ပစ္စည်းတွေနဲ့ ပြုလုပ်လို့ရပါတယ်။
၁။ သံပုယိုသီး (သို့) သံပုရာသီး
သံပုယိုသီး (သို့) သံပုရာသီးကို အရည်ညှစ်ပြီး ရေဖြင့်ဖျော်သောက်ပါ။ သွေးတိုးနေတဲ့အချိန်မှာ သောက်လျှင်လည်း သွေးပေါင်ချိန်ပုံမှန်ပြန်ဖြစ်အောင် လုပ်နိင်သလို သွေးတိုးရှိသူများအနေဖြင့်လည်း မနက်စာစားတိုင်းမှာ သောက်သုံးပေးခြင်းဖြင့် သွေးပေါင်ချိန် မတက်အောင် ပြုလုပ်လို့ ရပါတယ် ။ အရည်ညှစ်ဖို့ အချိန်မရှိရင်တော့ အလုံးလိုက်သာ မြန်မြန်လေး ကိုက်စားလိုက်ပါ။
၂။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ သွေးလည်ပတ်မှုအတွက် အရမ်းကောင်းမွန်ပြီး ဒီလိုသွေးတိုးတဲ့အချိန်အပြင် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် အသက်ရှူကြပ်တဲ့အခါမျိုးမှာလည်း အသုံးပြုလို့ရပါတယ် ။ နည်းလမ်းကတော့ ရိုးရှင်းပါတယ် ။
ကြက်သွန်ဖြူ ၂ခုမှ၄ခုကို ဝါးပေးရမှာပါ ။ ဒီအတိုင်းဝါးမစားချင်ဘူးဆို ကြိတ်ပြီးမှ ရေဖြင့် မျှောချလည်းရပါတယ် ။ သွေးတိုး ၊နှလုံးရောဂါရှိသူများ နေ့စဉ်ပုံမှန် ကြက်သွန်ဖြူ ၃ခုလောက် စားပေးတဲ့အကျင့်ကိုလည်း မွေးမြူထားသင့်ပါတယ်။
၃။ Baking Soda နှင့် ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်မှာပါဝင်တဲ့ ကယ်လ်စီယမ် ၊ ပိုတက်စီယမ် ၊ မဂ္ဂနီဆီယမ်ဓါတ်တွေဟာ သွေးလည်ပတ်မှုကို များစွာ အထောက်အကူပေးပြီး သွေးပေါင်ချိန်တက်ခြင်းကို လျှော့ချပေးပါတယ်။
ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းထဲသို့ ဆိုဒါမှုန့် လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံခန့် ထည့်မွှေပြီး သောက်ပါ ။ တစ်နေ့ နှစ်ကြိမ် ပုံမှန် သောက်ပေးခြင်းဖြင့် သွေးတိုးခြင်းမှ ကာကွယ်နိုင်ပါတယ် ။ သွေးတိုးရောဂါရှိသူများအတွက် ဒီနည်းလမ်းက များစွာကောင်းကျိုး ရှိမှာပါ။
ဖော်ပြပါနည်းလမ်းတွေကို မှတ်သားပြီး ကိုယ်တိုင်သွေးတိုးတဲ့အခါ ဖြစ်စေ ၊မိသားစု၊မိတ်ဆွေများ ရုတ်တရက် သွေးတိုးတဲ့အခါဖြစ်စေ ဆေးမလိုဘဲ အမြန်ကုသပေးနိုင်မှာ ဖြစ်ပါတယ်။
CHAN (ရွှေအင်းလေး)
Zawgyi
ေသြးတိုးတဲ့အခ်ိန္ ျမန္ျမန္ က်ေအာင္ လုပ္ႏိုင္တဲ့ အလြယ္နည္းလမ္းမ်ား
႐ုတ္တရက္္္ ေသြးတိုးေနတဲ့ အခါမ်ိဳးမွာ ေခါင္းမူးျခင္း ၊မ်က္ႏွာ အစ္မို႔ျခင္း ၊ ဇက္ေၾကာထိုးျခင္း မ်ား ခံစားရပါတယ္ ။ ေသြးေပါင္ခ်ိန္ အမ်ားႀကီးတက္ေနတာဟာ အသက္အႏၲရာယ္ေပးႏိုင္တဲ့အထိကို အႏၲရာယ္ရွိပါတယ္။
ဒီလို မိမိကိုယ္ကို ေသြးတိုးသည္ဟု သိသည္ႏွင့္ တၿပိဳင္နက္ ပုံမွန္ျပန္ျဖစ္ေအာင္ လုပ္ဖို႔ လိုပါတယ္ ။ အဲ့ဒိအတြက္ ေဆးေသာက္စရာမလိုဘဲ ကိုယ့္ရဲ႕ အိမ္မွာရွိတဲ့ မီးဖိုေခ်ာင္ပစၥည္းေတြနဲ႔ ျပဳလုပ္လို႔ရပါတယ္။
၁။ သံပုယိုသီး (သို႔) သံပုရာသီး
သံပုယိုသီး (သို႔) သံပုရာသီးကို အရည္ညႇစ္ၿပီး ေရျဖင့္ေဖ်ာ္ေသာက္ပါ။ ေသြးတိုးေနတဲ့အခ်ိန္မွာ ေသာက္လွ်င္လည္း ေသြးေပါင္ခ်ိန္ပုံမွန္ျပန္ျဖစ္ေအာင္ လုပ္နိင္သလို ေသြးတိုးရွိသူမ်ားအေနျဖင့္လည္း မနက္စာစားတိုင္းမွာ ေသာက္သုံးေပးျခင္းျဖင့္ ေသြးေပါင္ခ်ိန္ မတက္ေအာင္ ျပဳလုပ္လို႔ ရပါတယ္ ။ အရည္ညႇစ္ဖို႔ အခ်ိန္မရွိရင္ေတာ့ အလုံးလိုက္သာ ျမန္ျမန္ေလး ကိုက္စားလိုက္ပါ။
၂။ ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴဟာ ေသြးလည္ပတ္မႈအတြက္ အရမ္းေကာင္းမြန္ၿပီး ဒီလိုေသြးတိုးတဲ့အခ်ိန္အျပင္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါေၾကာင့္ အသက္ရႉၾကပ္တဲ့အခါမ်ိဳးမွာလည္း အသုံးျပဳလို႔ရပါတယ္ ။ နည္းလမ္းကေတာ့ ႐ိုးရွင္းပါတယ္ ။
ၾကက္သြန္ျဖဴ ၂ခုမွ၄ခုကို ဝါးေပးရမွာပါ ။ ဒီအတိုင္းဝါးမစားခ်င္ဘူးဆို ႀကိတ္ၿပီးမွ ေရျဖင့္ ေမွ်ာခ်လည္းရပါတယ္ ။ ေသြးတိုး ၊ႏွလုံးေရာဂါရွိသူမ်ား ေန႔စဥ္ပုံမွန္ ၾကက္သြန္ျဖဴ ၃ခုေလာက္ စားေပးတဲ့အက်င့္ကိုလည္း ေမြးျမဴထားသင့္ပါတယ္။
၃။ Baking Soda ႏွင့္ ပန္းသီးရွာလကာရည္
ပန္းသီးရွာလကာရည္မွာပါဝင္တဲ့ ကယ္လ္စီယမ္ ၊ ပိုတက္စီယမ္ ၊ မဂၢနီဆီယမ္ဓါတ္ေတြဟာ ေသြးလည္ပတ္မႈကို မ်ားစြာ အေထာက္အကူေပးၿပီး ေသြးေပါင္ခ်ိန္တက္ျခင္းကို ေလွ်ာ့ခ်ေပးပါတယ္။
ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း ၁ဇြန္းထဲသို႔ ဆိုဒါမႈန႔္ လက္ဖက္ရည္ဇြန္း ၈ပုံ၁ပုံခန႔္ ထည့္ေမႊၿပီး ေသာက္ပါ ။ တစ္ေန႔ ႏွစ္ႀကိမ္ ပုံမွန္ ေသာက္ေပးျခင္းျဖင့္ ေသြးတိုးျခင္းမွ ကာကြယ္ႏိုင္ပါတယ္ ။ ေသြးတိုးေရာဂါရွိသူမ်ားအတြက္ ဒီနည္းလမ္းက မ်ားစြာေကာင္းက်ိဳး ရွိမွာပါ။
ေဖာ္ျပပါနည္းလမ္းေတြကို မွတ္သားၿပီး ကိုယ္တိုင္ေသြးတိုးတဲ့အခါ ျဖစ္ေစ ၊မိသားစု၊မိတ္ေဆြမ်ား ႐ုတ္တရက္ ေသြးတိုးတဲ့အခါျဖစ္ေစ ေဆးမလိုဘဲ အျမန္ကုသေပးႏိုင္မွာ ျဖစ္ပါတယ္။
CHAN (ေ႐ႊအင္းေလး)