ကိုလူေခ်ာအဖြဲ႕ဝင္ တစ္ဦးျဖစ္တဲ့ လူၾကမ္းသ႐ုပ္ေဆာင္ မင္းမင္း ကေတာ့ အႏုပညာေလာကမွာ ျဖတ္သန္းခဲ့ရတဲ့ သူ႔ရဲ႕ဘဝအေၾကာင္းကို အခုလိုပဲ ေျပာျပခဲ့ပါတယ္။
ဒါအျပင္ သူ႔ရဲ႕ေခ်ာေမာလွပတဲ့ သမီးေလး အႏုပညာေလာကမွာ ေအာင္ျမင္ဖို႔ အစြမ္းကုန္ႀကိဳးစားေနတဲ့ အေၾကာင္းကိုလဲ ေျပာျပထားပါေသးတယ္။
အႏုပညာေလာကထဲကို ေရာက္ဖို႔အတြက္ နည္းလမ္းမ်ိဳးစုံနဲ႔ ကြၽန္ခံခဲ့ဖူးပါတယ္။ ဒါအျပင္ မင္းသမီးေတြရဲ႕ အဝတ္အစားေတြကိုပါ ေလွ်ာ္ေပးၿပီး ႀကိဳးစားခဲ့ရပါတယ္။
ဒါေပမယ့္ ဒီေလာက္ႀကိဳးစားခဲ့တာေတာင္ လူၾကမ္းသ႐ုပ္ေဆာင္ေလာက္ပဲ ျဖစ္လာတာပါ။ လူၾကမ္းသ႐ုပ္ေဆာင္ျဖစ္လာေတာ့လဲ အႏုပညာကို ဆက္လက္ၿပီး တန္ဖိုးထားဆဲ၊ ခ်စ္ေနဆဲပါပဲတဲ့။
လူၾကမ္းသ႐ုပ္ေဆာင္ မင္းမင္း ရဲ႕ ဖခင္ျဖစ္သူကေတာ့ လူၾကမ္းသ႐ုပ္ေဆာင္ႀကီး စမဦးျမင့္သိန္းပါ။ ဖခင္ျဖစ္သူက အသက္ႀကီးၿပီျဖစ္တာေၾကာင့္ အႏုပညာကို ဆက္လက္မလုပ္ကိုင္ေတာ့ေပမယ့္ အေဖ့ရဲ႕အႏုပညာအေမြကို ဆက္လက္ထိန္းသိမ္းခ်င္ပါတယ္။
ဒါေပမယ့္ လူၾကမ္းသ႐ုပ္ေဆာင္ ဘဝမွာ ရပ္တည္ႏိုင္ဖို႔ ခက္ခဲခဲ့တဲ့အထိ ဘဝၾကမ္းခဲ့ပါတယ္။
လူၾကမ္းသ႐ုပ္ေဆာင္ မင္းမင္း မွာ သမီး(၃)ေယာက္နဲ႔ သားတစ္ေယာက္ စုစုေပါင္း သားသမီး ေလးေယာက္ရွိပါတယ္။ ၁၈ ႏွစ္အ႐ြယ္ သမီးအလတ္ေလးျဖစ္တဲ့ ဇင္စႏၵာထြန္းက ဖခင္ရဲ႕ အႏုပညာအေမြကို ဆက္ခံရန္ အႏုပညာလမ္းေၾကာင္းကို ေလွ်ာက္လွမ္းႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။
မင္းမင္း ဟာ မျပည့္စုံေပမယ့္လည္း သမီးေလးရဲ႕ အႏုပညာ လမ္းေၾကာင္းကို အျပည့္အဝ ေထာက္ပံ့ေပးႏိုင္ဖို႔ ႀကိဳးစားေနပါတယ္တဲ့။ အႏုပညာအသိုင္းအဝိုင္းထဲမွာ မိတ္ေဆြမ်ားစြာရွိတာေၾကာင့္ မိတ္ေဆြေတြရဲ႕ အကူအညီေတြနဲ႔ အစြမ္းကုန္ ေထာက္ပံ့ေပးမွာျဖစ္ၿပီး ဖခင္ေမတၱာႀကီးမားသူပီပီ သမီးေလး ေအာင္ျမင္ဖို႔အတြက္ ဘယ္လိုေတြပဲ ေပးဆပ္ရ ေပးဆပ္ရ ေပးဆပ္ဖို႔ အသင့္ပဲလို႔ ဆိုလိုက္ပါတယ္။
Credit;…
Unicode
ကိုလူချောအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်း ကတော့ အနုပညာလောကမှာ ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့ဘဝအကြောင်းကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
ဒါအပြင် သူ့ရဲ့ချောမောလှပတဲ့ သမီးလေး အနုပညာလောကမှာ အောင်မြင်ဖို့ အစွမ်းကုန်ကြိုးစားနေတဲ့ အကြောင်းကိုလဲ ပြောပြထားပါသေးတယ်။
အနုပညာလောကထဲကို ရောက်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကျွန်ခံခဲ့ဖူးပါတယ်။ ဒါအပြင် မင်းသမီးတွေရဲ့ အဝတ်အစားတွေကိုပါ လျှော်ပေးပြီး ကြိုးစားခဲ့ရပါတယ်။
ဒါပေမယ့် ဒီလောက်ကြိုးစားခဲ့တာတောင် လူကြမ်းသရုပ်ဆောင်လောက်ပဲ ဖြစ်လာတာပါ။ လူကြမ်းသရုပ်ဆောင်ဖြစ်လာတော့လဲ အနုပညာကို ဆက်လက်ပြီး တန်ဖိုးထားဆဲ၊ ချစ်နေဆဲပါပဲတဲ့။
လူကြမ်းသရုပ်ဆောင် မင်းမင်း ရဲ့ ဖခင်ဖြစ်သူကတော့ လူကြမ်းသရုပ်ဆောင်ကြီး စမဦးမြင့်သိန်းပါ။ ဖခင်ဖြစ်သူက အသက်ကြီးပြီဖြစ်တာကြောင့် အနုပညာကို ဆက်လက်မလုပ်ကိုင်တော့ပေမယ့် အဖေ့ရဲ့အနုပညာအမွေကို ဆက်လက်ထိန်းသိမ်းချင်ပါတယ်။
ဒါပေမယ့် လူကြမ်းသရုပ်ဆောင် ဘဝမှာ ရပ်တည်နိုင်ဖို့ ခက်ခဲခဲ့တဲ့အထိ ဘဝကြမ်းခဲ့ပါတယ်။
လူကြမ်းသရုပ်ဆောင် မင်းမင်း မှာ သမီး(၃)ယောက်နဲ့ သားတစ်ယောက် စုစုပေါင်း သားသမီး လေးယောက်ရှိပါတယ်။ ၁၈ နှစ်အရွယ် သမီးအလတ်လေးဖြစ်တဲ့ ဇင်စန္ဒာထွန်းက ဖခင်ရဲ့ အနုပညာအမွေကို ဆက်ခံရန် အနုပညာလမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။
မင်းမင်း ဟာ မပြည့်စုံပေမယ့်လည်း သမီးလေးရဲ့ အနုပညာ လမ်းကြောင်းကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားနေပါတယ်တဲ့။ အနုပညာအသိုင်းအဝိုင်းထဲမှာ မိတ်ဆွေများစွာရှိတာကြောင့် မိတ်ဆွေတွေရဲ့ အကူအညီတွေနဲ့ အစွမ်းကုန် ထောက်ပံ့ပေးမှာဖြစ်ပြီး ဖခင်မေတ္တာကြီးမားသူပီပီ သမီးလေး အောင်မြင်ဖို့အတွက် ဘယ်လိုတွေပဲ ပေးဆပ်ရ ပေးဆပ်ရ ပေးဆပ်ဖို့ အသင့်ပဲလို့ ဆိုလိုက်ပါတယ်။