ဘဝမွာ လမ္းေပ်ာက္ေနတဲ့ လူငယ္ေတြ အျပဳလုပ္သင့္ဆံုး အရာ (၄) ခု

ဘဝမွာ လမ္းေပ်ာက္ေနတဲ့ လူငယ္ေတြ အျပဳလုပ္သင့္ဆံုး အရာ (၄) ခု

လူတိုင္း မဟုတ္ရင္ေတာင္ တစ္ခ်ိဳ႕လူေတြကေတာ့ ဘဝကို ဘယ္လို ေရွ႕ဆက္ရမလဲဆိုၿပီး ေတြးပူရတဲ့ အေျခအေနေတြ ရွိပါတယ္။

အဲ့အခ်ိန္ေတြမွာ ကိုယ့္ရဲ႕ အိပ္မက္က ဘာလဲ မသဲကြဲသလို ကိုယ္ ဘာျဖစ္ခ်င္လဲဆိုတာကို မသိေတာ့တာမ်ိဳး ရွိသလို ကိုယ္ ျဖစ္ခ်င္တဲ့အရာက လံုးဝ မျဖစ္ႏိုင္လို႔ ဘာဆက္လုပ္ရမွန္း မသိေတာ့တာမ်ိဳးေတြလည္း ရွိေနပါတယ္။

ဒီလို လမ္းေပ်ာက္ေနတဲ့ လူငယ္ေတြအတြက္ အခုလုိ အရာေတြက အေထာက္အကူျဖစ္ေစဖို႔ ေဖာ္ျပေပးလိုက္ရပါတယ္။

(၁) ကိုယ့္ရဲ႕ လက္ရွိအရည္အခ်င္းနဲ႔ ျဖစ္လာႏိုင္တဲ့ အရည္အခ်င္းကို ေတြးပါ

လူတိုင္းမွာ အားသန္ေနတဲ့ အရည္အခ်င္းေတြ ရွိပါတယ္။ တစ္ခ်ိဳ႕ေတြက လက္မႈပစၥည္း ျပဳလုပ္ရာမွာ သင္ယူျမန္သလို တစ္ခ်ိဳ႕ေတာ့ အရိပ္ထဲထိုင္ၿပီး ဦးေႏွာက္သံုးရတာကို အားသာပါတယ္။

ဒါ့အျပင္ တစ္ခ်ိဳ႕ လက္နဲ႔ ပန္းခ်ီဆြဲတာကို သေဘာက်ၿပီး တစ္ခ်ိဳ႕ေတာ့ ကြန္ပ်ဴတာကိုပဲ အသံုးျပဳၿပီး ပံုဆြဲတတ္ၾကပါတယ္။ ဒီလိုမ်ိဳး ကိုယ့္မွာလည္း ဘယ္အရာကို ဝါသနာပါလဲ။

လက္ရွိမွာ တတ္ေျမာက္ထားတဲ့ အရည္အခ်င္းနဲ႔ ဒီအရည္အခ်င္းထက္ တိုးတက္လာေအာင္ ကိုယ္ ဘယ္ေလာက္ေလ့လာႏိုင္တယ္ဆိုတာကို ေသခ်ာရွာပါ။

(၂) အရည္အခ်င္းနဲ႔ လိုက္ဖက္မယ့္ အလုပ္ကို စဥ္းစားပါ

ကိုယ့္ရဲ႕ အားသာတဲ့ အရည္အခ်င္းနဲ႔ ကိုက္ညီတဲ့ အလုပ္ကို အရင္ဆံုး စဥ္းစားလိုက္ပါ။ ဒီအလုပ္က ကိုယ့္အတြက္ ဘယ္ေလာက္ထိ စိတ္ေက်နပ္မႈ ရေစသလဲ၊ ကိုယ့္ရဲ႕ ရည္မွန္းခ်က္ကို ျဖစ္ေစႏိုင္သလားဆိုတာကို ေတြးပါ။
လမ္းေပ်ာက္ေနတဲ့အခ်ိန္မွာေတာ့ ကိုယ့္ရဲ႕ အားသာတဲ့ အရည္အခ်င္းကေန အလုပ္တစ္ခုကို လုပ္ရင္း ကိုယ္ တကယ္ ဘာျဖစ္ခ်င္လဲဆိုတာကို ေတြ႔လာႏုိင္ေစပါတယ္။

ဒါေၾကာင့္ ကိုယ့္အရည္အခ်င္းနဲ႔ လက္ရွိမွာ ဘာေတြ လုပ္လို႔ ရတယ္။ ဒီထက္ အရည္အခ်င္းေတြ ပိုလာတဲ့အခါမွာ ဘယ္အလုပ္ေတြ လုပ္လို႔ ရတယ္ဆိုတာကို သတ္မွတ္ထားပါ။

(၃) လုပ္ငန္းခြင္ေတြကို ေရြးၾကည့္ပါ

ကိုယ္လုပ္လုိ႔ ရမယ့္ အလုပ္ေတြကို ေရြးၿပီးတဲ့အခါမွာေတာ့ ကိုယ္က ဘယ္လို ေနရာေတြမွာ ရပ္တည္လို႔ ရလဲဆိုတာကို လိုက္ရွာၾကည့္ပါ။ ပန္းခ်ီဆရာဆိုရင္ ဘယ္လို ရပ္မယ္။

သတင္းေထာက္ဆိုရင္ ဘယ္မီဒီယာကို ေရြးခ်ယ္သင့္တယ္ ဆိုတာေတြအျပင္ ဘာသာစကားေလ့လာသူဆိုရင္ တကၠသိုလ္ေတြမွာ ကထိက ျပန္လုပ္တာမ်ိဳး စတဲ့ လုပ္ငန္းခြင္ပံုစံေတြကို ေရြးခ်ယ္ထားႏုိင္ပါတယ္။

(၄) စလုပ္ပါ

ဒီလိုမ်ိဳး ကိုယ့္ရဲ႕ လက္ရွိအေျခအေနကေန ျဖစ္ႏိုင္တဲ့ အရာေတြကို ေတြးၿပီး အခ်က္အလက္ေတြလည္း ရွာၿပီးၿပီဆိုရင္ေတာ့ စတင္ အေကာင္အထည္ေဖာ္သင့္ပါၿပီ။

ဒီလိုမ်ိဳး သင္ အားသာတဲ့အရာကို လုပ္ရင္းနဲ႔ အဓိပၸာယ္ရွိရွိ ေနရင္းနဲ႔ သင့္ရဲ႕ အိပ္မက္က လုပ္ေနတဲ့အရာ ျဖစ္ႏိုင္သလို တျခားတစ္ခုကိုလည္း ထပ္ရွာေတြ႔ဖို႔ အခြင့္အေရးလည္း ရလာႏိုင္ပါတယ္ေနာ္။

ဘာမွမလုပ္ဘဲ ရပ္ေနတာက သင့္ကို ပိုၿပီး လမ္းေပ်ာက္ေစတာမို႔ အခုပဲ စလုပ္လိုက္ပါေတာ့ေနာ္။

Kham

Unicode

ဘဝမှာ လမ်းပျောက်နေတဲ့ လူငယ်တွေ အပြုလုပ်သင့်ဆုံး အရာ (၄) ခု

လူတိုင်း မဟုတ်ရင်တောင် တစ်ချို့လူတွေကတော့ ဘဝကို ဘယ်လို ရှေ့ဆက်ရမလဲဆိုပြီး တွေးပူရတဲ့ အခြေအနေတွေ ရှိပါတယ်။

အဲ့အချိန်တွေမှာ ကိုယ့်ရဲ့ အိပ်မက်က ဘာလဲ မသဲကွဲသလို ကိုယ် ဘာဖြစ်ချင်လဲဆိုတာကို မသိတော့တာမျိုး ရှိသလို ကိုယ် ဖြစ်ချင်တဲ့အရာက လုံးဝ မဖြစ်နိုင်လို့ ဘာဆက်လုပ်ရမှန်း မသိတော့တာမျိုးတွေလည်း ရှိနေပါတယ်။

ဒီလို လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် အခုလို အရာတွေက အထောက်အကူဖြစ်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

(၁) ကိုယ့်ရဲ့ လက်ရှိအရည်အချင်းနဲ့ ဖြစ်လာနိုင်တဲ့ အရည်အချင်းကို တွေးပါ

လူတိုင်းမှာ အားသန်နေတဲ့ အရည်အချင်းတွေ ရှိပါတယ်။ တစ်ချို့တွေက လက်မှုပစ္စည်း ပြုလုပ်ရာမှာ သင်ယူမြန်သလို တစ်ချို့တော့ အရိပ်ထဲထိုင်ပြီး ဦးနှောက်သုံးရတာကို အားသာပါတယ်။

ဒါ့အပြင် တစ်ချို့ လက်နဲ့ ပန်းချီဆွဲတာကို သဘောကျပြီး တစ်ချို့တော့ ကွန်ပျူတာကိုပဲ အသုံးပြုပြီး ပုံဆွဲတတ်ကြပါတယ်။ ဒီလိုမျိုး ကိုယ့်မှာလည်း ဘယ်အရာကို ဝါသနာပါလဲ။

လက်ရှိမှာ တတ်မြောက်ထားတဲ့ အရည်အချင်းနဲ့ ဒီအရည်အချင်းထက် တိုးတက်လာအောင် ကိုယ် ဘယ်လောက်လေ့လာနိုင်တယ်ဆိုတာကို သေချာရှာပါ။

(၂) အရည်အချင်းနဲ့ လိုက်ဖက်မယ့် အလုပ်ကို စဉ်းစားပါ

ကိုယ့်ရဲ့ အားသာတဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ အလုပ်ကို အရင်ဆုံး စဉ်းစားလိုက်ပါ။ ဒီအလုပ်က ကိုယ့်အတွက် ဘယ်လောက်ထိ စိတ်ကျေနပ်မှု ရစေသလဲ၊ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ဖြစ်စေနိုင်သလားဆိုတာကို တွေးပါ။
လမ်းပျောက်နေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့ အားသာတဲ့ အရည်အချင်းကနေ အလုပ်တစ်ခုကို လုပ်ရင်း ကိုယ် တကယ် ဘာဖြစ်ချင်လဲဆိုတာကို တွေ့လာနိုင်စေပါတယ်။

ဒါကြောင့် ကိုယ့်အရည်အချင်းနဲ့ လက်ရှိမှာ ဘာတွေ လုပ်လို့ ရတယ်။ ဒီထက် အရည်အချင်းတွေ ပိုလာတဲ့အခါမှာ ဘယ်အလုပ်တွေ လုပ်လို့ ရတယ်ဆိုတာကို သတ်မှတ်ထားပါ။

(၃) လုပ်ငန်းခွင်တွေကို ရွေးကြည့်ပါ

ကိုယ်လုပ်လို့ ရမယ့် အလုပ်တွေကို ရွေးပြီးတဲ့အခါမှာတော့ ကိုယ်က ဘယ်လို နေရာတွေမှာ ရပ်တည်လို့ ရလဲဆိုတာကို လိုက်ရှာကြည့်ပါ။ ပန်းချီဆရာဆိုရင် ဘယ်လို ရပ်မယ်။

သတင်းထောက်ဆိုရင် ဘယ်မီဒီယာကို ရွေးချယ်သင့်တယ် ဆိုတာတွေအပြင် ဘာသာစကားလေ့လာသူဆိုရင် တက္ကသိုလ်တွေမှာ ကထိက ပြန်လုပ်တာမျိုး စတဲ့ လုပ်ငန်းခွင်ပုံစံတွေကို ရွေးချယ်ထားနိုင်ပါတယ်။

(၄) စလုပ်ပါ

ဒီလိုမျိုး ကိုယ့်ရဲ့ လက်ရှိအခြေအနေကနေ ဖြစ်နိုင်တဲ့ အရာတွေကို တွေးပြီး အချက်အလက်တွေလည်း ရှာပြီးပြီဆိုရင်တော့ စတင် အကောင်အထည်ဖော်သင့်ပါပြီ။

ဒီလိုမျိုး သင် အားသာတဲ့အရာကို လုပ်ရင်းနဲ့ အဓိပ္ပာယ်ရှိရှိ နေရင်းနဲ့ သင့်ရဲ့ အိပ်မက်က လုပ်နေတဲ့အရာ ဖြစ်နိုင်သလို တခြားတစ်ခုကိုလည်း ထပ်ရှာတွေ့ဖို့ အခွင့်အရေးလည်း ရလာနိုင်ပါတယ်နော်။

ဘာမှမလုပ်ဘဲ ရပ်နေတာက သင့်ကို ပိုပြီး လမ်းပျောက်စေတာမို့ အခုပဲ စလုပ်လိုက်ပါတော့နော်။

Kham