ကေလးကိုခ်စ္တယ္ဆိုရင္ဒါမ်ိဳးေတြေရွာင္က်ဥ္ပါ…

ကလေးကိုချစ်တာလားနှစ်တာလား ဒါမျိုးတွေရှောင်ကျဉ်ပါ

ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာရွာက အသက်သုံးရက်သား ကလေးငယ် ဆေးရုံလာပြတယ် ။ အသားဝါပြီးနို့မစို့နိုင်လို့လာပြတာ။

ကြည့်လိုက်တော့ ကလေးက တကိုယ်လုံးနီးပါး ဝါထိန်နေပြီး ပျော့တိပျေ ာ့ဖတ်ဖြစ်နေသလို ငိုသံလည်းမထွက်နိုင်တော့ဘူး။

အကြောင်းရင်းကို လိုက်ရှာတော့ ဟောတွေ့ပါပြီဗျာ။ ကလေးနားရွက်မှာ ။

မွေးကင်းစ သုံးရက်သား ကလေးငယ်ကို အိမ်မှာ ယောက္ခမလုပ်သူတွေက ကလေးလှပသွားအောင်ဆိုပြီး မိရိုးဖလာ အပ်နဲ့ နားရွက်ကို ဖောက်တယ်။

ပြီးတော့ ပိုးသတ်မထားတဲ့အပ်ချည်ကြိုးတွေကို ကလေးနားရွက်အပေါက်ထဲ ထိုးထဲ့ထားတာ တွေ့ပါတယ်။

အပ်ကလည်း မသန့် အပ်ချည်ကြိုးကလည်း ညစ်ပတ်ဆိုတော့ သုံးရက်သားကလေးက ခံနိုင်ရိုးလား

နားရွက်မှာအနာဖြစ်ပြီး ပိုးဝင်ပိုးဝင်တော့ ကလေးကဖျားပြီး နို့မစို့နိုင် ၊ နို့မစို့နိုင်မှတော့ အသားဝါပြီပေါ့

ကလေးကို အဝါဓာတ်တွေကျသွားအောင် နှစ်ရက်လောက် မီးပြလိုက်တော့ အသံထွက်လာပြီး နို့စို့လာတယ်

မွေးကင်းစကလေးငယ်ကို ခေါင်းမတုံးနဲ့ဆိုရင် တုံးတယ် ၊ ဆနွင်းမသုတ်နဲ့ဆိုရင် သုတ်တယ် ၊

ပေါင်ဒါမှုန့်မလိမ်းနဲ့ဆို လိမ်းတယ် ၊ ထမင်းမကျွေးနဲ့ဆို ကျွေးတယ် ၊ ကွမ်းဝါးထားတဲ့ပါးစပ်နဲ့တောင် ဝါးကျွေးတဲ့ အဖိုးအဖွားတွေကလည်းရှိသေးတယ် ။

ဒီလိုတော့လုပ်ပေးပါ ၊ ဒီလိုမျိုးတော့မလုပ်ပါနဲ့လို့ ဆရာဝန်တွေ ဆရာမတွေ အာပေါက်အောင်ပြောတုန်းက ဟုတ်ကဲ့ပါဆရာမပဲ

အိမ်ရောက်တော့ ဒုံရင်းက ဒုံရင်းပဲ ၊ ကလေးကိုချစ်တာလား ကလေးကိုနှစ်တာလား မသဲကွဲကြတော့ဘူး

ခရက်ဒစ်

zawgyi

ကေလးကိုခ်စ္တာလားႏွစ္တာလား ဒါမ်ိဳးေတြေရွာင္က်ဥ္ပါ

က်ိဳက္ထိုၿမိဳ႕နယ္၊ က်ိဳကၠသာ႐ြာက အသက္သုံးရက္သား ကေလးငယ္ ေဆး႐ုံလာျပတယ္ ။ အသားဝါၿပီးႏို႔မစို႔ႏိုင္လို႔လာျပတာ။

ၾကည့္လိုက္ေတာ့ ကေလးက တကိုယ္လုံးနီးပါး ဝါထိန္ေနၿပီး ေပ်ာ့တိေပ် ာ့ဖတ္ျဖစ္ေနသလို ငိုသံလည္းမထြက္ႏိုင္ေတာ့ဘူး။

အေၾကာင္းရင္းကို လိုက္ရွာေတာ့ ေဟာေတြ႕ပါၿပီဗ်ာ။ ကေလးနား႐ြက္မွာ ။

ေမြးကင္းစ သုံးရက္သား ကေလးငယ္ကို အိမ္မွာ ေယာကၡမလုပ္သူေတြက ကေလးလွပသြားေအာင္ဆိုၿပီး မိ႐ိုးဖလာ အပ္နဲ႔ နား႐ြက္ကို ေဖာက္တယ္။

ၿပီးေတာ့ ပိုးသတ္မထားတဲ့အပ္ခ်ည္ႀကိဳးေတြကို ကေလးနား႐ြက္အေပါက္ထဲ ထိုးထဲ့ထားတာ ေတြ႕ပါတယ္။

အပ္ကလည္း မသန္႔ အပ္ခ်ည္ႀကိဳးကလည္း ညစ္ပတ္ဆိုေတာ့ သုံးရက္သားကေလးက ခံႏိုင္႐ိုးလား

နား႐ြက္မွာအနာျဖစ္ၿပီး ပိုးဝင္ပိုးဝင္ေတာ့ ကေလးကဖ်ားၿပီး ႏို႔မစို႔ႏိုင္ ၊ ႏို႔မစို႔ႏိုင္မွေတာ့ အသားဝါၿပီေပါ့

ကေလးကို အဝါဓာတ္ေတြက်သြားေအာင္ ႏွစ္ရက္ေလာက္ မီးျပလိုက္ေတာ့ အသံထြက္လာၿပီး ႏို႔စို႔လာတယ္

ေမြးကင္းစကေလးငယ္ကို ေခါင္းမတုံးနဲ႔ဆိုရင္ တုံးတယ္ ၊ ဆႏြင္းမသုတ္နဲ႔ဆိုရင္ သုတ္တယ္ ၊

ေပါင္ဒါမႈန္႔မလိမ္းနဲ႔ဆို လိမ္းတယ္ ၊ ထမင္းမေကြၽးနဲ႔ဆို ေကြၽးတယ္ ၊ ကြမ္းဝါးထားတဲ့ပါးစပ္နဲ႔ေတာင္ ဝါးေကြၽးတဲ့ အဖိုးအဖြားေတြကလည္းရွိေသးတယ္ ။

ဒီလိုေတာ့လုပ္ေပးပါ ၊ ဒီလိုမ်ိဳးေတာ့မလုပ္ပါနဲ႔လို႔ ဆရာဝန္ေတြ ဆရာမေတြ အာေပါက္ေအာင္ေျပာတုန္းက ဟုတ္ကဲ့ပါဆရာမပဲ

အိမ္ေရာက္ေတာ့ ဒုံရင္းက ဒုံရင္းပဲ ၊ ကေလးကိုခ်စ္တာလား ကေလးကိုႏွစ္တာလား မသဲကြဲၾကေတာ့ဘူး

ခရက္ဒစ္