စိတ္ေကာင္းရွိၿပီး ႏွလံုးသား လွသူ ျဖစ္ေစႏိုင္မယ့္ အေလ့အက်င့္ေကာင္းမ်ား

စိတ္ေကာင္းရွိၿပီး ႏွလံုးသား လွသူ ျဖစ္ေစႏိုင္မယ့္ အေလ့အက်င့္ေကာင္းမ်ား

လူအမ်ိဳးမ်ိဳး စိတ္အေထြေထြ ရွိၾကပါတယ္။ ဒါေၾကာင့္ အျဖစ္အပ်က္မ်ိဳးစံုကို ၾကံဳရတဲ့ ေလာကႀကီးမွာ ရိုးသားဖုိ႔ စိတ္ထားေျဖာင့္မတ္ဖို႔ ခက္ခဲတဲ့ အေျခအေနေတြ ရွိေနတတ္ပါတယ္။ စိတ္ေကာင္းထားဖုိ႔ဆိုတာကလည္း ေတာ္ရံု စိတ္ႏွလံုးနဲ႔ မျဖစ္ႏိုင္တဲ့ အရာတစ္ခု ျဖစ္ပါတယ္။

စိတ္ေကာင္းထားႏိုင္တယ္ဆိုတာက ဒီလိုမ်ိဳး အေျခအေနေတြကို ျဖတ္ေက်ာ္ႏိုင္တဲ့ အေလ့အက်င့္ေကာင္းေတြ ရွိထားမွသာ ျဖစ္ႏိုင္တာပါ။ အဲ့ဒီအေလ့အက်င့္ေတြကေတာ့…..

(၁) သည္းခံသင့္တာကို သည္းခံတတ္ျခင္း

အရာအားလံုးကို သည္းခံဖို႔ မလိုေပမယ့္ သည္းခံသင့္တဲ့ အရာေတြဆိုတာ ရွိပါတယ္။ သည္းခံလိုက္လည္း ဘာမွ မျဖစ္သြားတဲ့ ကိစၥေတြကို ကိုယ့္စိတ္ ၿငိမ္းခ်မ္းဖို႔အတြက္ သည္းခံလိုက္သင့္ပါတယ္။ သည္းခံသင့္တာကို သည္းခံတဲ့ အက်င့္ကို လုပ္လိုက္ရင္ေတာ့ တစ္ေယာက္ကို မေက်နပ္တာနဲ႔ ေဒါသစိတ္ေတြကို တျဖည္းျဖည္း ေလ်ာ့က်သြားေစမွာပါ။

(၂) စိတ္ရွည္ေပးျခင္း

ေစာင့္ရတဲ့ အလုပ္က အဆိုးဆံုးက လူေတြက ေျပာေလ့ ရွိၾကပါတယ္။ ေလာကမွာ စိတ္ရွည္ေပးသင့္တဲ့ အေျခအေနေတြဆိုတာလည္း ရွိပါတယ္။ ကိုယ့္အတြက္ ေစာင့္လိုက္လို႔ ဘာမွ ျဖစ္မသြားတဲ့ အခ်ိန္ေတြမွာ ေစာင့္ေပးသင့္ပါတယ္။ တစ္ဖက္မွာ အဆင္မေျပမႈနဲ႔ အခက္အခဲ အခ်ိဳ႕ေၾကာင့္ ေနာက္က်ေနတဲ့ ကိစၥရပ္ေတြ ရွိေနႏိုင္တာမို႔ စိတ္ရွည္တဲ့ အက်င့္ကို ေမြးျမဴလိုက္ရင္ စိတ္ျမန္မႈေၾကာင့္ ေဒါသေၾကာင့္ မေကာင္းျမင္စိတ္ေတြကို နည္းသြားေစႏိုင္ပါတယ္။

(၃) နားလည္ဖို႔ ႀကိဳးစားျခင္း

လူတိုင္းမွာ အေၾကာင္းအမ်ိဳးမ်ိဳး ရွိေနတတ္ပါတယ္။ ကိုယ္က စိတ္အထင္နဲ႔ တစ္ေယာက္ေယာက္ကို စိတ္မဆိုးခင္တိုင္းမွာ ဒီအခ်က္ကို အျမဲ ေတြးသင့္ပါတယ္။ သူ႔မွာ ဘာအေျခအေနေတြ ရွိလုိ႔ အခုလို ျဖစ္ရတာလဲဆိုတဲ့ အေတြးကို အျပစ္မေျပာခင္ ေဒါသမထြက္ခင္တိုင္းမွာ အျမဲ ေတြးမိတတ္တဲ့ အက်င့္ကေတာ့ သင့္ကို မဆင္မျခင္ ျပဳလုပ္မိတတ္တဲ့ အမွားေတြကို ေလ်ာ့က်ေစမွာ ျဖစ္ပါတယ္။

(၄) လ်စ္လ်ဴရႈဖို႔ ႀကိဳးစားျခင္း

ဘဝမွာ အရာရာတိုင္းကို အာရံုစိုက္ေနစရာေတာ့ မလိုပါဘူး။ ကိုယ့္အတြက္ အေရးမပါတဲ့ ကိစၥရပ္ေတြကို ေခါင္းထဲကို မထည့္သင့္ပါဘူး။ အရာအားလံုးကိုသာ ေခါင္းထဲ လိုက္ထည့္ေနရင္ေတာ့ သင့္စိတ္ႀကီး ျပည့္က်ပ္ေနၿပီး မြန္းၾကပ္ေနမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အက်ိဳးရွိ မရွိကို အရင္ေတြးၿပီး ေခါင္းထဲ ေရာက္မိတဲ့ မလိုအပ္တဲ့အရာေတြကို လ်စ္လ်ဴရႈတတ္တဲ့ အက်င့္ကို ေလ့က်င့္ရင္ေတာ့ သင္စိတ္ေတြကို တျဖည္းျဖည္း ေပါ့ပါးလာေစမွာပါ။

(၅) လႊတ္ခ်သင့္တာေတြကို လႊတ္ခ်ဖို႔ ႀကိဳးစားျခင္း

ဘဝဆိုတာ အဆင္မေျပမႈေတြခ်ည္း ျပည့္ေနမွာ မဟုတ္သလို အတိတ္မွာ ျဖစ္ၿပီးခဲ့တာေတြကိုလည္း အတိတ္မွာပဲ ထားခဲ့သင့္ပါတယ္။ ၿပီးခဲ့တဲ့ ကိစၥေတြကို ေတြးဖို႔ မလိုအပ္ရင္ ေတြးၿပီး မနာက်င္တတ္ဖုိ႔ လိုပါတယ္။ ဒါ့အျပင္ ကိုယ့္အေပၚ တစ္ခါမွ မေကာင္းတဲ့သူေတြကို သံေယာဇဥ္ ရွိေနတာေတြကိုလည္း လႊတ္ခ်လိုက္သင့္ပါတယ္။ ဒီလို အက်င့္က သင့္ကို အပူအပင္ေတြ ျဖစ္ေစတာကေန လြတ္ေျမာက္ေစႏိုင္ပါတယ္ေနာ္။

ဒီအက်င့္ေတြကေန တျဖည္းျဖည္း သင့္စိတ္လည္း ေအးခ်မ္းလာၿပီး စိတ္ေကာင္းထားႏိုင္မႈလည္း မ်ားလာမွာ ျဖစ္ပါတယ္ေနာ္။

Kham

Unicode

စိတ်ကောင်းရှိပြီး နှလုံးသား လှသူ ဖြစ်စေနိုင်မယ့် အလေ့အကျင့်ကောင်းများ

လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြပါတယ်။ ဒါကြောင့် အဖြစ်အပျက်မျိုးစုံကို ကြုံရတဲ့ လောကကြီးမှာ ရိုးသားဖို့ စိတ်ထားဖြောင့်မတ်ဖို့ ခက်ခဲတဲ့ အခြေအနေတွေ ရှိနေတတ်ပါတယ်။ စိတ်ကောင်းထားဖို့ဆိုတာကလည်း တော်ရုံ စိတ်နှလုံးနဲ့ မဖြစ်နိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။

စိတ်ကောင်းထားနိုင်တယ်ဆိုတာက ဒီလိုမျိုး အခြေအနေတွေကို ဖြတ်ကျော်နိုင်တဲ့ အလေ့အကျင့်ကောင်းတွေ ရှိထားမှသာ ဖြစ်နိုင်တာပါ။ အဲ့ဒီအလေ့အကျင့်တွေကတော့…..

(၁) သည်းခံသင့်တာကို သည်းခံတတ်ခြင်း

အရာအားလုံးကို သည်းခံဖို့ မလိုပေမယ့် သည်းခံသင့်တဲ့ အရာတွေဆိုတာ ရှိပါတယ်။ သည်းခံလိုက်လည်း ဘာမှ မဖြစ်သွားတဲ့ ကိစ္စတွေကို ကိုယ့်စိတ် ငြိမ်းချမ်းဖို့အတွက် သည်းခံလိုက်သင့်ပါတယ်။ သည်းခံသင့်တာကို သည်းခံတဲ့ အကျင့်ကို လုပ်လိုက်ရင်တော့ တစ်ယောက်ကို မကျေနပ်တာနဲ့ ဒေါသစိတ်တွေကို တဖြည်းဖြည်း လျော့ကျသွားစေမှာပါ။

(၂) စိတ်ရှည်ပေးခြင်း

စောင့်ရတဲ့ အလုပ်က အဆိုးဆုံးက လူတွေက ပြောလေ့ ရှိကြပါတယ်။ လောကမှာ စိတ်ရှည်ပေးသင့်တဲ့ အခြေအနေတွေဆိုတာလည်း ရှိပါတယ်။ ကိုယ့်အတွက် စောင့်လိုက်လို့ ဘာမှ ဖြစ်မသွားတဲ့ အချိန်တွေမှာ စောင့်ပေးသင့်ပါတယ်။ တစ်ဖက်မှာ အဆင်မပြေမှုနဲ့ အခက်အခဲ အချို့ကြောင့် နောက်ကျနေတဲ့ ကိစ္စရပ်တွေ ရှိနေနိုင်တာမို့ စိတ်ရှည်တဲ့ အကျင့်ကို မွေးမြူလိုက်ရင် စိတ်မြန်မှုကြောင့် ဒေါသကြောင့် မကောင်းမြင်စိတ်တွေကို နည်းသွားစေနိုင်ပါတယ်။

(၃) နားလည်ဖို့ ကြိုးစားခြင်း

လူတိုင်းမှာ အကြောင်းအမျိုးမျိုး ရှိနေတတ်ပါတယ်။ ကိုယ်က စိတ်အထင်နဲ့ တစ်ယောက်ယောက်ကို စိတ်မဆိုးခင်တိုင်းမှာ ဒီအချက်ကို အမြဲ တွေးသင့်ပါတယ်။ သူ့မှာ ဘာအခြေအနေတွေ ရှိလို့ အခုလို ဖြစ်ရတာလဲဆိုတဲ့ အတွေးကို အပြစ်မပြောခင် ဒေါသမထွက်ခင်တိုင်းမှာ အမြဲ တွေးမိတတ်တဲ့ အကျင့်ကတော့ သင့်ကို မဆင်မခြင် ပြုလုပ်မိတတ်တဲ့ အမှားတွေကို လျော့ကျစေမှာ ဖြစ်ပါတယ်။

(၄) လျစ်လျူရှုဖို့ ကြိုးစားခြင်း

ဘဝမှာ အရာရာတိုင်းကို အာရုံစိုက်နေစရာတော့ မလိုပါဘူး။ ကိုယ့်အတွက် အရေးမပါတဲ့ ကိစ္စရပ်တွေကို ခေါင်းထဲကို မထည့်သင့်ပါဘူး။ အရာအားလုံးကိုသာ ခေါင်းထဲ လိုက်ထည့်နေရင်တော့ သင့်စိတ်ကြီး ပြည့်ကျပ်နေပြီး မွန်းကြပ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အကျိုးရှိ မရှိကို အရင်တွေးပြီး ခေါင်းထဲ ရောက်မိတဲ့ မလိုအပ်တဲ့အရာတွေကို လျစ်လျူရှုတတ်တဲ့ အကျင့်ကို လေ့ကျင့်ရင်တော့ သင်စိတ်တွေကို တဖြည်းဖြည်း ပေါ့ပါးလာစေမှာပါ။

(၅) လွှတ်ချသင့်တာတွေကို လွှတ်ချဖို့ ကြိုးစားခြင်း

ဘဝဆိုတာ အဆင်မပြေမှုတွေချည်း ပြည့်နေမှာ မဟုတ်သလို အတိတ်မှာ ဖြစ်ပြီးခဲ့တာတွေကိုလည်း အတိတ်မှာပဲ ထားခဲ့သင့်ပါတယ်။ ပြီးခဲ့တဲ့ ကိစ္စတွေကို တွေးဖို့ မလိုအပ်ရင် တွေးပြီး မနာကျင်တတ်ဖို့ လိုပါတယ်။ ဒါ့အပြင် ကိုယ့်အပေါ် တစ်ခါမှ မကောင်းတဲ့သူတွေကို သံယောဇဉ် ရှိနေတာတွေကိုလည်း လွှတ်ချလိုက်သင့်ပါတယ်။ ဒီလို အကျင့်က သင့်ကို အပူအပင်တွေ ဖြစ်စေတာကနေ လွတ်မြောက်စေနိုင်ပါတယ်နော်။

ဒီအကျင့်တွေကနေ တဖြည်းဖြည်း သင့်စိတ်လည်း အေးချမ်းလာပြီး စိတ်ကောင်းထားနိုင်မှုလည်း များလာမှာ ဖြစ်ပါတယ်နော်။

Kham