ဆႏၵကို သိကၡာနဲ႔ ထိန္းခဲ့တဲ့ ေယာက်ၤားတေယာက္ရဲ႕ လားရာ… ( ေခ်ာင္းသာကေန နိဗၺာန္အထိ မင္းနဲ႔အတူ သြားခ်င္ေနတဲ့ ေယာက်ၤား တေယာက္ရဲ႕ ဖြင့္ဟဝန္ခံခ်က္ )
သူမႏွင့္ကြၽန္ေတာ္ ခ်စ္သူသက္တမ္း(၁)ႏွစ္ျပည့္မွာ ႏွစ္ေယာက္ထဲ ေခ်ာင္းသာကို ညအိပ္ခရီးသြားျဖစ္ခဲ့ၾကတယ္ သူမဟာ ပညာတတ္ေခတ္လူငယ္တစ္ေယာက္ဆိုေပမယ့္ ဘာသာတရားကိုင္းရႈိင္းၿပီး ယဥ္ေက်းသိမ္ေမြ႕သူတစ္ေယာက္ပါ ပထမညမွာ ကြၽန္ေတာ္သူမကို ပြင့္ပြင့္လင္းလင္းပဲေျပာျပခဲ့တယ္ “နင့္ သိကၡာကို ငါအရမ္းတန္ဖိုးထားတယ္… နင့္ဆႏၵမပါဘဲ ငါ့စိတ္ ငါ့ဆႏၵတစ္ခုတည္းအတြက္နဲ႔ဘယ္ေတာ့မွ မလုပ္ဘူး။
ဒါက နင့္အေပၚထားတဲ့ ငါ့ရဲ႕ စိတ္ပဲ” ေနာက္ညေရာက္ေတာ့ သူမ ကြၽန္ေတာ့ရင္ခြင္ထဲမွာ ေခါင္းေလးေမွးၿပီးေျပာရွာတယ္ “နင္ မေန႔ညက ေျပာတဲ့ စကားကို ငါတစ္ညလုံးေတြးတယ္ဟာ ၿပီးေတာ့ ငါ အရမ္းလဲေပ်ာ္တယ္ ဆႏၵကိုသိကၡာနဲ႔ထိန္းႏိုင္တဲ့ ေယာက်ာ္းမို႔ ငါအရမ္းေက်နပ္ခဲ့တယ္” အဲ့လိုေျပာရင္း သူမရဲ႕လက္ေခ်ာင္းေလးေတြနဲ႔ ကြၽန္ေတာ့ရင္ဘက္အေမႊးေလးေတြကို ပြတ္သပ္ေဆာ့ကစားေနတယ္။
ကြၽန္ေတာ္ သူမေမးေစ့ေလးကို အသာယာဆြဲကိုင္ေမာ့လိုက္ၿပီး တိုးတိုးေလးေျပာလိုက္တယ္ “ငါ မေန႔ညက တညလုံးအိပ္မေပ်ာ္ႏိုင္ဘူး ငါ့စိတ္ေတြဟာေလ ကမ္းေျခကေက်ာက္ေဆာင္ေတြကို ႐ိုက္ခက္ေနတဲ့ လႈိင္းလုံးႀကီးေတြလိုပဲ ဝုန္းဒိုင္းႀကဲေနခဲ့တာ နင္ဘယ္သိမလဲေလ” ႐ႊန္းလဲ့ေနတဲ့မ်က္ဝန္းအစုံနဲ႔ၾကည့္ရင္း သူမက “အခုညေရာ အဲဒီလိုပဲျဖစ္ေနလား” တဲ့ ေမာဟိုက္ေနတဲ့ ေလသံမ်ိဳးနဲ႔တိုးတိုးေလးေျပာရင္း
ရင္ဘတ္ေပၚမွာေဆာ့ကစားေနတဲ့ သူမလက္ေလးေတြဟာ ျဖည္းညင္းစြာေအာက္ဘက္ဆင္းသက္လာၿပီး ကြၽန္ေတာ့ခါးကို တင္းၾကပ္စြာဖက္တြယ္လာရင္းနဲ႔ “ငါက မိန္းကေလးေလဟာ ၿပီးေတာ့ ရွက္လဲ ရွက္တယ္ဟာ ဒါေပမဲ့ ခုည နင့္သေဘာအတိုင္းပါပဲ” သူ႔မ်က္ႏွာကို ကြၽန္ေတာ့ရင္ဘတ္ထဲ ဝွက္ၿပီး တိုးတိုးေလး ေျပာလာတယ္… ကြၽန္ေတာ္ သူမမ်က္ႏွာေလးကို ကိုင္ေမာ့လိုက္ၿပီး ႏုတ္ခမ္းဖူးဖူးေလးကို ဖြဖြေလးနမ္းလိုက္မိတယ္။
ပန္းႏုေရာင္သမ္းလာတဲ့ သူမမ်က္ႏွာေလးဟာ ရွက္ေသြးေတြ ျဖာေနေလရဲ႕…. ေအးစက္ေနတဲ့ သူမလက္ဖဝါးေလးကို ဆုပ္ကိုင္ရင္း “မင္း ရွက္ေနတာလား..?” “အင္း” မ်က္လႊာေလးခ်ၿပီး မပြင့္တပြင့္ေလးေျပာရွာတယ္ သူမအရမ္းရွက္ေနမွန္း သိလို႔ ကြၽန္ေတာ္က ပုထုဇဥ္ေတြမို႔ ကိေလသာ ပယ္သတ္၍မရႏိုင္ေသးေၾကာင္း သမုဒယအျမစ္ေတြပြားေနၿမဲသာျဖစ္ေၾကာင္း ရွက္စရာမလိုေၾကာင္း
သဒၵါ၊ သီလ၊ သုတ ၊ စာဂ၊ ပညာ စသျဖင့္ သူေတာ္ေကာင္းတရား ၇ ပါးရွိေၾကာင္း ဝိသာခါအမ်ိဳးသမီးႀကီးေတာင္ ေျမးျမစ္ေတြအမ်ားႀကီးရွိခဲ့ေၾကာင္း ဟီရိ ဩတပၸ ဆိုတဲ့ အရွက္ႏွင့္အေၾကာက္ရွိရမွာမွန္ေပမယ့္လို႔ ရွက္သင့္တဲ့ အရွက္ဆိုတာ မေကာင္းမႈလုပ္ရမွာကိုသာ ရွက္သင့္ေၾကာင္း စသျဖင့္ အစခ်ီလိုက္တာ နဂိုကတည္းက တရားဘာ၀နာလိုက္စားတဲ့ သူမဟာ မသိတာေတြကို… ေမး ကြၽန္ေတာ္ကရွင္းျပဳ သိတာေတြေရာ မသိတာေတြေရာ ၿဖီးျဖန္းရင္းနဲ႔ အဲဒီညမွာတင္ သူမလည္း ေသာတပန္တည္ ကြၽန္ေတာ္လည္း မနက္မိုးလင္းေတာ့ အဲ့ဒိနားကေက်ာင္းမွာပဲ ဘုန္းႀကီးဝတ္လိုက္တာ ခုဆို ၇ ဝါေတာင္ျပည့္ေတာ့မယ္ေလ..
crd- ဝါႏုေသာ္
Unicode
ဆန္ဒကို သိက္ခာနဲ့ ထိန်းခဲ့တဲ့ ယောင်္ကျားတယောက်ရဲ့ လားရာ… ( ချောင်းသာကနေ နိဗ္ဗာန်အထိ မင်းနဲ့အတူ သွားချင်နေတဲ့ ယောင်္ကျား တယောက်ရဲ့ ဖွင့်ဟဝန်ခံချက် )
သူမနှင့်ကျွန်တော် ချစ်သူသက်တမ်း(၁)နှစ်ပြည့်မှာ နှစ်ယောက်ထဲ ချောင်းသာကို ညအိပ်ခရီးသွားဖြစ်ခဲ့ကြတယ် သူမဟာ ပညာတတ်ခေတ်လူငယ်တစ်ယောက်ဆိုပေမယ့် ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့သူတစ်ယောက်ပါ ပထမညမှာ ကျွန်တော်သူမကို ပွင့်ပွင့်လင်းလင်းပဲပြောပြခဲ့တယ် “နင့် သိက္ခာကို ငါအရမ်းတန်ဖိုးထားတယ်… နင့်ဆန္ဒမပါဘဲ ငါ့စိတ် ငါ့ဆန္ဒတစ်ခုတည်းအတွက်နဲ့ဘယ်တော့မှ မလုပ်ဘူး။
ဒါက နင့်အပေါ်ထားတဲ့ ငါ့ရဲ့ စိတ်ပဲ” နောက်ညရောက်တော့ သူမ ကျွန်တော့ရင်ခွင်ထဲမှာ ခေါင်းလေးမှေးပြီးပြောရှာတယ် “နင် မနေ့ညက ပြောတဲ့ စကားကို ငါတစ်ညလုံးတွေးတယ်ဟာ ပြီးတော့ ငါ အရမ်းလဲပျော်တယ် ဆန္ဒကိုသိက္ခာနဲ့ထိန်းနိုင်တဲ့ ယောကျာ်းမို့ ငါအရမ်းကျေနပ်ခဲ့တယ်” အဲ့လိုပြောရင်း သူမရဲ့လက်ချောင်းလေးတွေနဲ့ ကျွန်တော့ရင်ဘက်အမွှေးလေးတွေကို ပွတ်သပ်ဆော့ကစားနေတယ်။
ကျွန်တော် သူမမေးစေ့လေးကို အသာယာဆွဲကိုင်မော့လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ် “ငါ မနေ့ညက တညလုံးအိပ်မပျော်နိုင်ဘူး ငါ့စိတ်တွေဟာလေ ကမ်းခြေကကျောက်ဆောင်တွေကို ရိုက်ခက်နေတဲ့ လှိုင်းလုံးကြီးတွေလိုပဲ ဝုန်းဒိုင်းကြဲနေခဲ့တာ နင်ဘယ်သိမလဲလေ” ရွှန်းလဲ့နေတဲ့မျက်ဝန်းအစုံနဲ့ကြည့်ရင်း သူမက “အခုညရော အဲဒီလိုပဲဖြစ်နေလား” တဲ့ မောဟိုက်နေတဲ့ လေသံမျိုးနဲ့တိုးတိုးလေးပြောရင်း
ရင်ဘတ်ပေါ်မှာဆော့ကစားနေတဲ့ သူမလက်လေးတွေဟာ ဖြည်းညင်းစွာအောက်ဘက်ဆင်းသက်လာပြီး ကျွန်တော့ခါးကို တင်းကြပ်စွာဖက်တွယ်လာရင်းနဲ့ “ငါက မိန်းကလေးလေဟာ ပြီးတော့ ရှက်လဲ ရှက်တယ်ဟာ ဒါပေမဲ့ ခုည နင့်သဘောအတိုင်းပါပဲ” သူ့မျက်နှာကို ကျွန်တော့ရင်ဘတ်ထဲ ဝှက်ပြီး တိုးတိုးလေး ပြောလာတယ်… ကျွန်တော် သူမမျက်နှာလေးကို ကိုင်မော့လိုက်ပြီး နုတ်ခမ်းဖူးဖူးလေးကို ဖွဖွလေးနမ်းလိုက်မိတယ်။
ပန်းနုရောင်သမ်းလာတဲ့ သူမမျက်နှာလေးဟာ ရှက်သွေးတွေ ဖြာနေလေရဲ့…. အေးစက်နေတဲ့ သူမလက်ဖဝါးလေးကို ဆုပ်ကိုင်ရင်း “မင်း ရှက်နေတာလား..?” “အင်း” မျက်လွှာလေးချပြီး မပွင့်တပွင့်လေးပြောရှာတယ် သူမအရမ်းရှက်နေမှန်း သိလို့ ကျွန်တော်က ပုထုဇဉ်တွေမို့ ကိလေသာ ပယ်သတ်၍မရနိုင်သေးကြောင်း သမုဒယအမြစ်တွေပွားနေမြဲသာဖြစ်ကြောင်း ရှက်စရာမလိုကြောင်း
သဒ္ဒါ၊ သီလ၊ သုတ ၊ စာဂ၊ ပညာ စသဖြင့် သူတော်ကောင်းတရား ၇ ပါးရှိကြောင်း ဝိသာခါအမျိုးသမီးကြီးတောင် မြေးမြစ်တွေအများကြီးရှိခဲ့ကြောင်း ဟီရိ ဩတပ္ပ ဆိုတဲ့ အရှက်နှင့်အကြောက်ရှိရမှာမှန်ပေမယ့်လို့ ရှက်သင့်တဲ့ အရှက်ဆိုတာ မကောင်းမှုလုပ်ရမှာကိုသာ ရှက်သင့်ကြောင်း စသဖြင့် အစချီလိုက်တာ နဂိုကတည်းက တရားဘာဝနာလိုက်စားတဲ့ သူမဟာ မသိတာတွေကို… မေး ကျွန်တော်ကရှင်းပြု သိတာတွေရော မသိတာတွေရော ဖြီးဖြန်းရင်းနဲ့ အဲဒီညမှာတင် သူမလည်း သောတပန်တည် ကျွန်တော်လည်း မနက်မိုးလင်းတော့ အဲ့ဒိနားကကျောင်းမှာပဲ ဘုန်းကြီးဝတ်လိုက်တာ ခုဆို ၇ ဝါတောင်ပြည့်တော့မယ်လေ..
crd- ဝါနုသော်