စိတ္ႏုၿပီး ခ်စ္တတ္လြန္းသူေတြ ၾကံဳရႏိုင္တဲ့ အခ်စ္ေရး အေျခအေနမ်ား…

စိတ္ႏုၿပီး ခ်စ္တတ္လြန္းသူေတြ ၾကံဳရႏိုင္တဲ့ အခ်စ္ေရး အေျခအေနမ်ား…

အခ်စ္ေရးကို လူတိုင္း ေရွာင္ႏိုင္ၾကတာ မဟုတ္ပါဘူး။ အခ်စ္ေရးကို ၾကံဳတဲ့သူေတြထဲမွာမွ စိတ္ႏုတဲ့သူေတြကေတာ့ သူမ်ားနဲ႔ မတူတဲ့ အခ်စ္ေရးပံုစံေတြကို ရၾကပါတယ္။ စိတ္ႏုၿပီး ခ်စ္တတ္တဲ့ သူေတြကေတာ့ အခ်စ္ေရးမွာ ကံမေကာင္းၾကသူေတြမ်ားသလို ဒီလို အခ်စ္ေရး အေျခအေနေတြကို ၾကံဳေတြ႕ရတတ္ပါတယ္ေနာ္ …..။

(၁) အလိမ္အညာသမား”

သူတို႔ေတြက စိတ္ႏုလို႔ပဲ သူတို႔ကို လိမ္ညာတတ္တဲ့သူေတြက ပစ္မွတ္ထားသလားလို႔ေတာင္ ေတြးစရာ ျဖစ္ပါတယ္။ သူတို႔ေတြကို တကယ္ မခ်စ္ဘဲ လာေရာက္ခ်ဥ္းကပ္ၿပီး လိုခ်င္တာေတြကို အေျပာေလးနဲ႔ တတိတိ ယူသြားတာမ်ိဳးကို သူတို႔က မၾကာခဏ ၾကံဳရေလ့ ရွိပါတယ္။ ဒါေပမယ့္လည္း စိတ္ႏုလြန္းေတာ့ မွတ္မထား တတ္ပါဘူး …..။

(၂) သစၥာေဖာက္သူ”

သူတုိ႔ကို ခ်စ္တဲ့သူေတြကို ပိုင္ဆိုင္ရေပမယ့္လည္း ခ်စ္တဲ့သူေတြက သစၥာေဖာက္သူေတြ ျဖစ္သြားတာကိုလည္း ၾကံဳၾကရပါတယ္။ ကိုယ့္အေပၚ ျပတ္သားတာမ်ိဳး မဟုတ္ဘဲ ကိုယ္နဲ႔ တြဲရင္းနဲ႔ ကိုယ္ မသိေအာင္ သစၥာေဖာက္တာမ်ိဳးကို ၾကံဳရတာေၾကာင့္ ရင္နာရတာ ခ်စ္တတ္လြန္းသူ သူတို႔ေလးေတြပါပဲ …။

 

(၃) ၾကာရွည္မခံျခင္း”

သူတို႔ေတြက စိတ္ႏုတယ္။ ခ်စ္တတ္တယ္။ ခ်စ္ျပတယ္။ ဒါေၾကာင့္ သူတို႔နဲ႔ တြဲတဲ့သူေတြက သူတို႔ကို ၿငီးေငြ႕ၿပီး ထားသြားတတ္ၾကပါတယ္။ ဒီေလာက္ ေကာင္းေပးတာေတာင္ ဘာလို႔ ထားသြားလဲဆိုၿပီး သူတို႔က သိခ်င္ေပမယ့္ သူတို႔ အားနည္းခ်က္က ေကာင္းတာ ျဖစ္ေနတာကို သူတို႔က သတိမထားမိတတ္ပါဘူး။ သူတို႔ေလာက္ ေကာင္းတဲ့သူမွ သူတို႔ကို မၿငီးေငြ႕မွာ ျဖစ္ပါတယ္ …။

(၄) အသည္းကြဲရျခင္း”

သူတို႔ေလးေတြကေတာ့ အခ်စ္နဲ႔ ကံမပါဘူးလားလို႔ေတာင္ အထင္ခံရတဲ့အထိ ခ်စ္မိတိုင္း အသည္းကြဲၾကရပါတယ္။ အသည္းေတြကြဲၿပီး ေၾကာက္သြားလို႔ တစ္ခ်ိဳ႕ကို အခ်စ္ကို ထပ္မဆံုရဲေတာ့တဲ့ သူေတြေတာင္ ရွိပါေသးတယ္ …။

(၅) အခ်စ္စစ္နဲ႔ လြယ္လြယ္ မဆံုေတြ႔ရျခင္း”

သူတို႔အတြက္ အခ်စ္ေရးကေတာ့ တိမ္မေယာင္နဲ႔ နက္ေနတာပါ။ အခ်စ္ကို ေတြ႔ၿပီလို႔ သူတို႔ ထင္မိတုိင္း တစ္ေယာက္တည္း ျပန္ျဖစ္သြားတာကေတာ့ သူတို႔ရဲ႕ အခ်စ္ေရးပါပဲ။ တကယ့္ေတာ့ သူတို႔ရဲ႕ အခ်စ္စစ္ကို မဆံုၾကေသးတာ ျဖစ္ပါတယ္ေနာ္ …။ ။

Kham

Unicode

စိတ်နုပြီး ချစ်တတ်လွန်းသူတွေ ကြုံရနိုင်တဲ့ အချစ်ရေး အခြေအနေများ…

အချစ်ရေးကို လူတိုင်း ရှောင်နိုင်ကြတာ မဟုတ်ပါဘူး။ အချစ်ရေးကို ကြုံတဲ့သူတွေထဲမှာမှ စိတ်နုတဲ့သူတွေကတော့ သူများနဲ့ မတူတဲ့ အချစ်ရေးပုံစံတွေကို ရကြပါတယ်။ စိတ်နုပြီး ချစ်တတ်တဲ့ သူတွေကတော့ အချစ်ရေးမှာ ကံမကောင်းကြသူတွေများသလို ဒီလို အချစ်ရေး အခြေအနေတွေကို ကြုံတွေ့ရတတ်ပါတယ်နော် …။

(၁) အလိမ်အညာသမား”

သူတို့တွေက စိတ်နုလို့ပဲ သူတို့ကို လိမ်ညာတတ်တဲ့သူတွေက ပစ်မှတ်ထားသလားလို့တောင် တွေးစရာ ဖြစ်ပါတယ်။ သူတို့တွေကို တကယ် မချစ်ဘဲ လာရောက်ချဉ်းကပ်ပြီး လိုချင်တာတွေကို အပြောလေးနဲ့ တတိတိ ယူသွားတာမျိုးကို သူတို့က မကြာခဏ ကြုံရလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း စိတ်နုလွန်းတော့ မှတ်မထား တတ်ပါဘူး …။

(၂) သစ္စာဖောက်သူ”

သူတို့ကို ချစ်တဲ့သူတွေကို ပိုင်ဆိုင်ရပေမယ့်လည်း ချစ်တဲ့သူတွေက သစ္စာဖောက်သူတွေ ဖြစ်သွားတာကိုလည်း ကြုံကြရပါတယ်။ ကိုယ့်အပေါ် ပြတ်သားတာမျိုး မဟုတ်ဘဲ ကိုယ်နဲ့ တွဲရင်းနဲ့ ကိုယ် မသိအောင် သစ္စာဖောက်တာမျိုးကို ကြုံရတာကြောင့် ရင်နာရတာ ချစ်တတ်လွန်းသူ သူတို့လေးတွေပါပဲ …။

(၃) ကြာရှည်မခံခြင်း”

သူတို့တွေက စိတ်နုတယ်။ ချစ်တတ်တယ်။ ချစ်ပြတယ်။ ဒါကြောင့် သူတို့နဲ့ တွဲတဲ့သူတွေက သူတို့ကို ငြီးငွေ့ပြီး ထားသွားတတ်ကြပါတယ်။ ဒီလောက် ကောင်းပေးတာတောင် ဘာလို့ ထားသွားလဲဆိုပြီး သူတို့က သိချင်ပေမယ့် သူတို့ အားနည်းချက်က ကောင်းတာ ဖြစ်နေတာကို သူတို့က သတိမထားမိတတ်ပါဘူး။ သူတို့လောက် ကောင်းတဲ့သူမှ သူတို့ကို မငြီးငွေ့မှာ ဖြစ်ပါတယ် …။

(၄) အသည်းကွဲရခြင်း”

သူတို့လေးတွေကတော့ အချစ်နဲ့ ကံမပါဘူးလားလို့တောင် အထင်ခံရတဲ့အထိ ချစ်မိတိုင်း အသည်းကွဲကြရပါတယ်။ အသည်းတွေကွဲပြီး ကြောက်သွားလို့ တစ်ချို့ကို အချစ်ကို ထပ်မဆုံရဲတော့တဲ့ သူတွေတောင် ရှိပါသေးတယ် …။

(၅) အချစ်စစ်နဲ့ လွယ်လွယ် မဆုံတွေ့ရခြင်း”

သူတို့အတွက် အချစ်ရေးကတော့ တိမ်မယောင်နဲ့ နက်နေတာပါ။ အချစ်ကို တွေ့ပြီလို့ သူတို့ ထင်မိတိုင်း တစ်ယောက်တည်း ပြန်ဖြစ်သွားတာကတော့ သူတို့ရဲ့ အချစ်ရေးပါပဲ။ တကယ့်တော့ သူတို့ရဲ့ အချစ်စစ်ကို မဆုံကြသေးတာ ဖြစ်ပါတယ်နော် …။ ။

Kham