ေန႔သားအလိုက္ ပိုက္ဆံဝင္တဲ့ မီးထြန္း ပိုက္ဆံယၾတာ။ ေငြေၾကးကံပြင့္ေစဖို႔ ကံတစ္ခုဖန္တီးယူတဲ့သေဘာပါ။ ပထမတစ္ႀကိမ္တင္ေပးခဲ့တုန္းက ေရးတာကို သေဘာမေပါက္ၾကဘူး။ ပထမတစ္ႀကိမ္တုန္းကလည္း ေအာင္ျမင္သူေတြ ေတာ္ေတာ္မ်ားမ်ားရွိခဲ့ပါတယ္။ ေငြကံပြင့္ေစဖို႔၊ အေႂကြးရနိုင္ေစဖို႔ မီးထြန္းပိုက္ဆံယၾတာကို ျပဳလုပ္နိုင္ပါတယ္။ ကံေပးသေလာက္ရၾကမွာပါ။
တနဂၤေႏြသားသမီး= ေနၾကာ႐ြက္ (သို႔) သစၥာပန္း႐ြက္
တနလၤာသားသမီး= ၾသဇာ႐ြက္ (သို႔) သေျပ႐ြက္၊
အဂၤါသားသမီး= ခေရ႐ြက္၊
ဗုဒၶဟူးသားသမီး= စပယ္႐ြက္၊
ၾကာသပေတးသားသမီး= စြယ္ေတာ္႐ြက္၊
ေသာၾကာသားသမီး= ပိေတာက္႐ြက္၊
စေနသားသမီး=ေလးညွင္းပြင့္ ၇ ပြင့္- မက် ည္း႐ြက္။
မိမိတို႔ ေန႔သားသမီးအလိုက္ ပန္း၊ အ႐ြက္ တမ်ိ ုးမ်ိ ုးကို ပိုက္ဆံ ၅၀၀တန္ပိုက္ဆံကို ျဖန႔့္လ်က္ျဖစ္ေစ မီးခြက္ေအာက္ကခံၿပီး ဘုရားစင္မွာ ပူေဇာ္နိုင္ပါတယ္။ တစ္ပတ္ ပူေဇာ္ပီးၿပီဆို အဲဒီပိုက္ဆံကို လိုအပ္ရာေနရာတခုခုမွာ လႉဒါန္းလိုက္ပါ။ ဒါပါပဲ။
ျပဳလုပ္ရမယ့္အခ်ိန္ကေတာ့ မအားမလပ္ျဖစ္ေနသူမ်ား ႀကိဳက္တဲ့အခ်ိန္ထြန္းပါ။ အခ်ိန္ေပးနိုင္သူမ်ားကေတာ့ ေန႔တစ္ေန႔ရဲ႕ အေကာင္းဆုံးအခ်ိန္ေတြေပးထားပါတယ္။ အဲဒီအခ်ိန္ေတြထြန္းၾကေပါ့။
တစ္ပတ္လုံးတြက္ အေကာင္းဆုံးအခ်ိန္ေတြကေတာ့ တနဂၤေႏြေန႔ နံနက္/ ည – ၆နာရီမွ ၇နာရီခြဲအတြင္း။ တနလၤာေန႔ နံနက္/ ည – ၉နာရီမွ ၁၀နာရီခြဲအတြင္း။ အဂၤါေန႔ ေန႔လည္ ၃နာရီမွ ၄နာရီခြဲအတြင္း ဗုဒၶဟူးေန႔ ေန႔လည္ ၁နာရီခြဲမွ ၃နာရီအတြင္း။ ၾကာသပေတးေန႔ နံနက္ ၉နာရီမွ ၁၀နာရီခြဲအတြင္း။ ေသာၾကာေန႔ နံနက္/ ည ၇နာရီခြဲမွ ၉နာရီအတြင္း။ စေနေန႔ နံနက္ ၁၀နာရီခြဲမွ ၁၂နာရီအတြင္း အခ်ိန္ေတြဟာ အေရးႀကီးၿပီး အက်ဥ္းအက်ပ္ထဲေရာက္ေနသူေတြအတြက္ ေ႐ြးခ်ယ္ပူေဇာ္နိုင္ပါတယ္။
ဤယၾတာသည္ ကြၽႏုပ္၏ စီနီယာအကိုစီရင္ေသာ ယၾတာျဖစ္ပါတယ္။ ကြၽႏုပ္ကိုယ္တိုင္ သုံးစြဲ၍ အဆင္ေျပမွ ျပန္တင္ေပးခဲ့ျခင္းပါ။
အႀကိမ္ႀကိမ္တင္ေပးခဲ့ၿပီးျဖစ္ပါတယ္။ ယခုအႀကိမ္တင္ရာမွာ ဖတ္ရလြယ္ေအာင္ ျပန္ၿပီးျပင္ေရးေပးထားပါတယ္။ အားလုံးအဆင္ေျပၾကပါေစဗ်ာ။ ျမန္မာ့ေဗဒင္ႏွင့္ နဝင္းစီးပြဲ ဓာတ္ယၾတာ မဇၩိမ ဦးဆန္းမင္း ဝိဇၨာနည္းက် နိယာမေဗဒင္။ ခရက္ဒစ္
Unicode
နေ့သားအလိုက် ပိုက်ဆံဝင်တဲ့ မီးထွန်း ပိုက်ဆံယတြာ။ ငွေကြေးကံပွင့်စေဖို့ ကံတစ်ခုဖန်တီးယူတဲ့သဘောပါ။ ပထမတစ်ကြိမ်တင်ပေးခဲ့တုန်းက ရေးတာကို သဘောမပေါက်ကြဘူး။ ပထမတစ်ကြိမ်တုန်းကလည်း အောင်မြင်သူတွေ တော်တော်များများရှိခဲ့ပါတယ်။ ငွေကံပွင့်စေဖို့၊ အကြွေးရနိုင်စေဖို့ မီးထွန်းပိုက်ဆံယတြာကို ပြုလုပ်နိုင်ပါတယ်။ ကံပေးသလောက်ရကြမှာပါ။
တနင်္ဂနွေသားသမီး= နေကြာရွက် (သို့) သစ္စာပန်းရွက်
တနင်္လာသားသမီး= သြဇာရွက် (သို့) သပြေရွက်၊
အင်္ဂါသားသမီး= ခရေရွက်၊
ဗုဒ္ဓဟူးသားသမီး= စပယ်ရွက်၊
ကြာသပတေးသားသမီး= စွယ်တော်ရွက်၊
သောကြာသားသမီး= ပိတောက်ရွက်၊
စနေသားသမီး=လေးညှင်းပွင့် ၇ ပွင့်- မကျ ည်းရွက်။
မိမိတို့ နေ့သားသမီးအလိုက် ပန်း၊ အရွက် တမျိ ုးမျိ ုးကို ပိုက်ဆံ ၅၀၀တန်ပိုက်ဆံကို ဖြန့်လျက်ဖြစ်စေ မီးခွက်အောက်ကခံပြီး ဘုရားစင်မှာ ပူဇော်နိုင်ပါတယ်။ တစ်ပတ် ပူဇော်ပီးပြီဆို အဲဒီပိုက်ဆံကို လိုအပ်ရာနေရာတခုခုမှာ လှူဒါန်းလိုက်ပါ။ ဒါပါပဲ။
ပြုလုပ်ရမယ့်အချိန်ကတော့ မအားမလပ်ဖြစ်နေသူများ ကြိုက်တဲ့အချိန်ထွန်းပါ။ အချိန်ပေးနိုင်သူများကတော့ နေ့တစ်နေ့ရဲ့ အကောင်းဆုံးအချိန်တွေပေးထားပါတယ်။ အဲဒီအချိန်တွေထွန်းကြပေါ့။
တစ်ပတ်လုံးတွက် အကောင်းဆုံးအချိန်တွေကတော့ တနင်္ဂနွေနေ့ နံနက်/ ည – ၆နာရီမှ ၇နာရီခွဲအတွင်း။ တနင်္လာနေ့ နံနက်/ ည – ၉နာရီမှ ၁၀နာရီခွဲအတွင်း။ အင်္ဂါနေ့ နေ့လည် ၃နာရီမှ ၄နာရီခွဲအတွင်း ဗုဒ္ဓဟူးနေ့ နေ့လည် ၁နာရီခွဲမှ ၃နာရီအတွင်း။ ကြာသပတေးနေ့ နံနက် ၉နာရီမှ ၁၀နာရီခွဲအတွင်း။ သောကြာနေ့ နံနက်/ ည ၇နာရီခွဲမှ ၉နာရီအတွင်း။ စနေနေ့ နံနက် ၁၀နာရီခွဲမှ ၁၂နာရီအတွင်း အချိန်တွေဟာ အရေးကြီးပြီး အကျဉ်းအကျပ်ထဲရောက်နေသူတွေအတွက် ရွေးချယ်ပူဇော်နိုင်ပါတယ်။
ဤယတြာသည် ကျွနုပ်၏ စီနီယာအကိုစီရင်သော ယတြာဖြစ်ပါတယ်။ ကျွနုပ်ကိုယ်တိုင် သုံးစွဲ၍ အဆင်ပြေမှ ပြန်တင်ပေးခဲ့ခြင်းပါ။
အကြိမ်ကြိမ်တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ ယခုအကြိမ်တင်ရာမှာ ဖတ်ရလွယ်အောင် ပြန်ပြီးပြင်ရေးပေးထားပါတယ်။ အားလုံးအဆင်ပြေကြပါစေဗျာ။ မြန်မာ့ဗေဒင်နှင့် နဝင်းစီးပွဲ ဓာတ်ယတြာ မဇ္ဈိမ ဦးဆန်းမင်း ဝိဇ္ဇာနည်းကျ နိယာမဗေဒင်။ ခရက်ဒစ်