Omicronကူးစက်ခံရရင် ဘာလို့အသံပျောက်တာလဲ…

Omicronကူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ

အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩဩကြီးတွေ၊ အသံပိစိလေးတွေ အစရှိတဲ့ အသံပျောက် အသံပျက် တချို့ဆို အသံပါမ‌ထွက်တော့ပါဘူး၊ နောက်တော့မှ တခြားလက္ခဏာ‌ဖြစ်တဲ့ နှာစေး၊ နှာခေါင်းပိတ်၊ လည်ပင်းနာ၊ ချောင်းဆိုး၊ ကိုယ်လက်ခေါင်းကိုက်တွေ ဖြစ်လာတတ်ကြတာ

အိုမီက အရင်Original Wuhanကိုဗစ်ပိုးတုန်းကလို နှာခေါင်းအတွင်းမှာ မျိုးမပွားတော့ နှာခေါင်းဆဲလ်တွေ မသေမ‌ပေါက်မပျက်စီးပဲ အနံ့မပျောက်ပါဘူး၊ အလားတူ Delta Sတို့နဲ့မတူတာကအဆုတ် အထိဆင်းပြီး ရင်ခေါင်းထဲမှာပိုးတွေမျိုးပွားပြီး လေအိတ်တွေထဲကဖောက်ထွက်တာမျိုးလည်း မလုပ်တော့ အဆုတ်ကိုလည်း မထိတော့ဘူးပေါ့

အိုမီကြိုက်တာကလည်ချောင်း၊ ပြောရမယ်ဆို အသက်ရှူလမ်း

ကြောင်းရဲ့ အထက်ပိုင်း Pharynxရဲ့အောက်ဖက်က အသံအိုးဖြစ်တဲ့ Larynxနေရာက လေအဝင်အထွက်လမ်းကြောင်းဘေးက ဆဲလ်တွေထဲ အိုမီတို့တွေမျိုးပွားဖို့ အဓိကနေရာယူကြတာပဲ၊အားလုံးသိတဲ့အတိုင်း ကိုဗစ်က virusအမျိုးအစား ကိုယ်တွင်းဆဲလ်တွေထဲဝင်ပြီးမှ ပိုးအသစ်တွေထုတ်နိုင်တာ၊ ပြီးရင်လည်း အပြင်ပြန်ထွက်ဖို့က သူဝင်မျိုးပွားထားတဲ့ ဆဲလ်နံရံရဲ့အစိတ်အပိုင်းကိုဖြတ်ယူပြီးဖောက်ထွက်ကာ တခြားဆဲလ်တွေကို ထပ်ကူးစက်တတ်ကြတာ

အသံအိုး‌ပတ်ပတ်လည်နေရာက အရမ်းနူးညံ့တယ်၊ အသံကြိုးလို့

တင်စားပြီးခေါ်ကြတဲ့ စကားပြောတဲ့အခါမှာ လေကို အသံအနေနဲ့ထွက်လာအောင်လုပ်ပေးတဲ့ ကြွက်သားအမျှင်လေးတွေ အဖွင့်အပိတ် အပြားလေးတွေရှိတယ်၊ အသံတုန်ခါမှု Viberation‌တွေနဲ့ ပြောချင် တဲ့အသံထွက်လာအောင် ထိန်းညှိပေးလို့ အရမ်းရေးပါတယ်၊ အဲဒီနေရာမှာ အပြင်လေနဲ့အတူ ကူးစက်ဝင်ရောက်လာတဲ့ အိုမီကအခြေချနေရာယူတယ်၊ မျိုးပွားတယ်၊ အသံအိုးဆဲလ်တွေ ရောင်တယ်၊ အသံနာလာတယ်၊ ဆဲလ်တွေပေါက်ပြီး ပျက်စီးတာများရင်လည်ပင်းနာလာပြီး အသံပါပျောက်သွားမယ်၊ အဲဒီဖြစ်စဉ်ကို ဆေးပညာက Laryngitisလို့ခေါ်တယ်

လည်ချောင်းထဲမှာနေပိုးပွားပြီးတော့ ဖြန့်တဲ့အချိန်မှာ အထက်

အောက် ပြန့်တယ်၊ အပေါ်ဖက် နှာခေါင်းထဲ‌ပိုးပြန့်ရင် Nasal Irritationရပြီး နှာမွှန်၊ နှာစေး၊ နှာခေါင်းပိတ်တွေ ဖြစ်မယ်၊ အောက် ဖက်က အဆုတ်ထဲကိုလည်း အနည်းနဲ့အများရောက်ရင် ချွဲထက်၊ ချွဲပိတ်၊ ချောင်းဆိုးတွေ ဖြစ်မယ်၊ အဆုတ်ထဲပိုး‌ရောက်ချိန် ကာကွယ်ဆေးထိုးပြီးသားဆို အေးဆေးပဲ၊ ကို‌ဗစ်ကိုတိုက်ထုတ်မည့် ခုခံအားက အသင့်စောင့်နေတယ်လေ၊ အဲတော့ မအိမသာ ‌အားနည်းတာလောက် ကလွဲရင် ဘာမှမဖြစ်ပဲ ပြီးသွားတာ၊ ဖျားတောငမဖျားတော့ဘူးပေါ့

ဘယ်လိုစစ်ရင်သိနိုင်မလဲဆို‌တော့ နှာခေါင်းထဲကနေ swabယူ တို့ဖတ်စစ်ရင် တချို့ကူးစက်ခံရသူတွေမှာ မတွေ့ကပဲ oropharyngeal swab ခေါ် လည်ချောင်းတို့ဖတ်‌ယူတော့မှ တွေ့ရတာတွေရှိတယ်လို့ ပြောပါတယ်၊ ဒီတော့ အသံဝင်လို့ စစ်လိုက်ချိန် Negativeဆိုပေမဲ့လည်း မပေါ့ပါနဲ့၊ လက်ရှိ RDT testတွေက PCR testလောက် အဖြေမမှန်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အခုအချိန် Covid Positiveနဲ့ အသံ‌နာ အသံပျောက်ပြီဆို Omicroဖြစ်ဖို့ 99%ပါ

အသံနာတာဘယ်လိုကုမလည်းဆိုတာ အသေးစိပ်တော့ မရေးတော့ပါဘူး၊ Laryngitisကို ဆရာဝန်တိုင်း ကုတတ်ပါတယ်၊ စိတ်ချချင်ရင်တော့ ဆေးခန်းပြကြည့်ပါ၊ အဓိက လည်ချောင်းအတွင်း ရောင်ရမ်း နေတာကို သက်သာစေတဲ့ Analgesicတချို့နဲ့ Serratiopeptidaseလိုမျိုးတွေ အဓိကသုံးပါတယ်၊ Antibiotics ခေါ် ပိုသတ်ဆေးတွေက Viral Infectionဖြစ်တဲ့ အိုမီမှာမစွမ်းပါဘူး၊ ကိုယ်ဟာကိုယ်တွေ သောက်မနေကြပါနဲ့ဦး၊ လည်ပင်းမှာ တခြားအနာတွေ သို့ ပြည်တည်သလိုမျိုးတွေ ဖြစ်လာနိုင်ချေရှိတယ်ဆိုရင်တော့ ဆရာဝန်က ညွှန်းကြားပါလိမ့်မယ်၊ Cetrizeneတို့ Burmetonတို့ တခြားDecongestantလိုမျိုး‌တွေကိုလည်း နှာမစေးနှာမပိတ်သေးပဲ ကြိုသောက်တာတို့ လိုအပ်တာထက် ပိုသောက်တာတို့ မလုပ်ပါနဲ့၊ လိုအပ်သည့် ပုံမှန်နှာရည်မထွက်ပဲ လည်ပင်းခြောက်နေရင်လည်း အသံပိုနာပါတယ်

ကိုယ်ဟာကိုယ်သောက်ချင်ရင် Vitamin Cတို့ Zincတို့ပဲ သောက်ပါ၊ ရေနွေးငွေ့ရှူပါ၊ ရေဝဝသောက်ပါ၊ လည်ပင်း အာ‌ခေါင်ကို အခြောက်မခံပါနဲ့၊ ရေခဲရေအေးအေးတွေရှောင်ပါ၊ အဓိကတော့ အသံစပျက်နေပြီးဆို စကားတွေအများကြီး မပြောပါနဲ့၊ တိုးတိုးတိုးတိုးလည်း မပြောပါနဲ့ ပိုဆိုးပါတယ်၊ ဖြစ်နိုင်ရင် ၃ရက်လောက် လည်ချောင်းကို အတတ်နိုင်ဆုံး အနားပေးထားလိုက်ပါ၊ မကြာခင် အသံပြန်ထွက်လာမှာပါ၊ နှစ်ပတ်ကျော်လို့မှ အသံမထွက်လာရင်တော့ အသံအိုးထိသွားမှာ စိုးရိမ်ရပါတယ်၊ နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ အမြန်ဆုံးတိုငိပင်ပြီး လိုအပ်သည့်ကုသမှုရယူလိုက်ပါ ဆေးလိပ်၊ ကော်ဖီနဲ့ အရက်ဘီယာလျော့သောက်ပါ၊ နားပါ၊ အားလုံးကျန်းမာနေကောင်းပြီး ပုံမှန်အသံတွေနဲ့ အမြန်ဆုံးပြန်လည် ပြောနိုင်ဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်

Dr. Hadee Maung (9.2.2022)

P.S. ဆေးခန်းပြဖို့အခက်အခဲရှိလို့ သဘာဝနည်းနဲ့ လည်ပင်းနာ အသံနာသက်သာချင်ရင်တော့ ရေနွေးနွေးကို ဆားနည်းနည်းခပ်၊ ဂျင်းအပြားပါးပါးလေး တစ်ပြားနှစ်ပြားထည့်ပြီး ပျားရည်နဲ့အတူ တစ်ရက်ကို တစ်ကြိမ် နှစ်ကြိမ် သောက်နိုင်ပါတယ်၊ ဆက်တိုက်အများကြီးတော့ မသောက်ကြပါနဲ့

May Ni Moee Hein

Credit

 

Omicronကူးစက္ခံရရင္ဘာလို႔အသံေပ်ာက္တာလဲ

အိုမီကိုက္ၿပီဆို လကၡဏာေတြက အရင္ဆုံးၾကားရတာပါ၊ ဘာလည္းဆိုေတာ့ ပုံမွန္အသံမဟုတ္ေတာ့တဲ့ အသံဩဩႀကီးေတြ၊ အသံပိစိေလးေတြ အစရွိတဲ့ အသံေပ်ာက္ အသံပ်က္ တခ်ိဳ႕ဆို အသံပါမ‌ထြက္ေတာ့ပါဘူး၊ ေနာက္ေတာ့မွ တျခားလကၡဏာ‌ျဖစ္တဲ့ ႏွာေစး၊ ႏွာေခါင္းပိတ္၊ လည္ပင္းနာ၊ ေခ်ာင္းဆိုး၊ ကိုယ္လက္ေခါင္းကိုက္ေတြ ျဖစ္လာတတ္ၾကတာ

အိုမီက အရင္Original Wuhanကိုဗစ္ပိုးတုန္းကလို ႏွာေခါင္းအတြင္းမွာ မ်ိဳးမပြားေတာ့ ႏွာေခါင္းဆဲလ္ေတြ မေသမ‌ေပါက္မပ်က္စီးပဲ အနံ့မေပ်ာက္ပါဘူး၊ အလားတူ Delta Sတို႔နဲ႔မတူတာကအဆုတ္ အထိဆင္းၿပီး ရင္ေခါင္းထဲမွာပိုးေတြမ်ိဳးပြားၿပီး ေလအိတ္ေတြထဲကေဖာက္ထြက္တာမ်ိဳးလည္း မလုပ္ေတာ့ အဆုတ္ကိုလည္း မထိေတာ့ဘူးေပါ့

အိုမီႀကိဳက္တာကလည္ေခ်ာင္း၊ ေျပာရမယ္ဆို အသက္ရႉလမ္း

ေၾကာင္းရဲ့ အထက္ပိုင္း Pharynxရဲ့ေအာက္ဖက္က အသံအိုးျဖစ္တဲ့ Larynxေနရာက ေလအဝင္အထြက္လမ္းေၾကာင္းေဘးက ဆဲလ္ေတြထဲ အိုမီတို႔ေတြမ်ိဳးပြားဖို႔ အဓိကေနရာယူၾကတာပဲ၊အားလုံးသိတဲ့အတိုင္း ကိုဗစ္က virusအမ်ိဳးအစား ကိုယ္တြင္းဆဲလ္ေတြထဲဝင္ၿပီးမွ ပိုးအသစ္ေတြထုတ္နိုင္တာ၊ ၿပီးရင္လည္း အျပင္ျပန္ထြက္ဖို႔က သူဝင္မ်ိဳးပြားထားတဲ့ ဆဲလ္နံရံရဲ့အစိတ္အပိုင္းကိုျဖတ္ယူၿပီးေဖာက္ထြက္ကာ တျခားဆဲလ္ေတြကို ထပ္ကူးစက္တတ္ၾကတာ

အသံအိုး‌ပတ္ပတ္လည္ေနရာက အရမ္းႏူးညံ့တယ္၊ အသံႀကိဳးလို႔

တင္စားၿပီးေခၚၾကတဲ့ စကားေျပာတဲ့အခါမွာ ေလကို အသံအေနနဲ႔ထြက္လာေအာင္လုပ္ေပးတဲ့ ႂကြက္သားအမၽွင္ေလးေတြ အဖြင့္အပိတ္ အျပားေလးေတြရွိတယ္၊ အသံတုန္ခါမႈ Viberation‌ေတြနဲ႔ ေျပာခ်င္ တဲ့အသံထြက္လာေအာင္ ထိန္းညႇိေပးလို႔ အရမ္းေရးပါတယ္၊ အဲဒီေနရာမွာ အျပင္ေလနဲ႔အတူ ကူးစက္ဝင္ေရာက္လာတဲ့ အိုမီကအေျခခ်ေနရာယူတယ္၊ မ်ိဳးပြားတယ္၊ အသံအိုးဆဲလ္ေတြ ေရာင္တယ္၊ အသံနာလာတယ္၊ ဆဲလ္ေတြေပါက္ၿပီး ပ်က္စီးတာမ်ားရင္လည္ပင္းနာလာၿပီး အသံပါေပ်ာက္သြားမယ္၊ အဲဒီျဖစ္စဥ္ကို ေဆးပညာက Laryngitisလို႔ေခၚတယ္

လည္ေခ်ာင္းထဲမွာေနပိုးပြားၿပီးေတာ့ ျဖန႔္တဲ့အခ်ိန္မွာ အထက္

ေအာက္ ျပန႔္တယ္၊ အေပၚဖက္ ႏွာေခါင္းထဲ‌ပိုးျပန႔္ရင္ Nasal Irritationရၿပီး ႏွာမႊန္၊ ႏွာေစး၊ ႏွာေခါင္းပိတ္ေတြ ျဖစ္မယ္၊ ေအာက္ ဖက္က အဆုတ္ထဲကိုလည္း အနည္းနဲ႔အမ်ားေရာက္ရင္ ခၽြဲထက္၊ ခၽြဲပိတ္၊ ေခ်ာင္းဆိုးေတြ ျဖစ္မယ္၊ အဆုတ္ထဲပိုး‌ေရာက္ခ်ိန္ ကာကြယ္ေဆးထိုးၿပီးသားဆို ေအးေဆးပဲ၊ ကို‌ဗစ္ကိုတိုက္ထုတ္မည့္ ခုခံအားက အသင့္ေစာင့္ေနတယ္ေလ၊ အဲေတာ့ မအိမသာ ‌အားနည္းတာေလာက္ ကလြဲရင္ ဘာမွမျဖစ္ပဲ ၿပီးသြားတာ၊ ဖ်ားေတာငမဖ်ားေတာ့ဘူးေပါ့

ဘယ္လိုစစ္ရင္သိနိုင္မလဲဆို‌ေတာ့ ႏွာေခါင္းထဲကေန swabယူ တို႔ဖတ္စစ္ရင္ တခ်ိဳ႕ကူးစက္ခံရသူေတြမွာ မေတြ႕ကပဲ oropharyngeal swab ေခၚ လည္ေခ်ာင္းတို႔ဖတ္‌ယူေတာ့မွ ေတြ႕ရတာေတြရွိတယ္လို႔ ေျပာပါတယ္၊ ဒီေတာ့ အသံဝင္လို႔ စစ္လိုက္ခ်ိန္ Negativeဆိုေပမဲ့လည္း မေပါ့ပါနဲ႔၊ လက္ရွိ RDT testေတြက PCR testေလာက္ အေျဖမမွန္ပါဘူး၊ ဘာပဲျဖစ္ျဖစ္ အခုအခ်ိန္ Covid Positiveနဲ႔ အသံ‌နာ အသံေပ်ာက္ၿပီဆို Omicroျဖစ္ဖို႔ 99%ပါ

အသံနာတာဘယ္လိုကုမလည္းဆိုတာ အေသးစိပ္ေတာ့ မေရးေတာ့ပါဘူး၊ Laryngitisကို ဆရာဝန္တိုင္း ကုတတ္ပါတယ္၊ စိတ္ခ်ခ်င္ရင္ေတာ့ ေဆးခန္းျပၾကည့္ပါ၊ အဓိက လည္ေခ်ာင္းအတြင္း ေရာင္ရမ္း ေနတာကို သက္သာေစတဲ့ Analgesicတခ်ိဳ႕နဲ႔ Serratiopeptidaseလိုမ်ိဳးေတြ အဓိကသုံးပါတယ္၊ Antibiotics ေခၚ ပိုသတ္ေဆးေတြက Viral Infectionျဖစ္တဲ့ အိုမီမွာမစြမ္းပါဘူး၊ ကိုယ္ဟာကိုယ္ေတြ ေသာက္မေနၾကပါနဲ႔ဦး၊ လည္ပင္းမွာ တျခားအနာေတြ သို႔ ျပည္တည္သလိုမ်ိဳးေတြ ျဖစ္လာနိုင္ေခ်ရွိတယ္ဆိုရင္ေတာ့ ဆရာဝန္က ညႊန္းၾကားပါလိမ့္မယ္၊ Cetrizeneတို႔ Burmetonတို႔ တျခားDecongestantလိုမ်ိဳး‌ေတြကိုလည္း ႏွာမေစးႏွာမပိတ္ေသးပဲ ႀကိဳေသာက္တာတို႔ လိုအပ္တာထက္ ပိုေသာက္တာတို႔ မလုပ္ပါနဲ႔၊ လိုအပ္သည့္ ပုံမွန္ႏွာရည္မထြက္ပဲ လည္ပင္းေျခာက္ေနရင္လည္း အသံပိုနာပါတယ္

ကိုယ္ဟာကိုယ္ေသာက္ခ်င္ရင္ Vitamin Cတို႔ Zincတို႔ပဲ ေသာက္ပါ၊ ေရေႏြးေငြ႕ရႉပါ၊ ေရဝဝေသာက္ပါ၊ လည္ပင္း အာ‌ေခါင္ကို အေျခာက္မခံပါနဲ႔၊ ေရခဲေရေအးေအးေတြေရွာင္ပါ၊ အဓိကေတာ့ အသံစပ်က္ေနၿပီးဆို စကားေတြအမ်ားႀကီး မေျပာပါနဲ႔၊ တိုးတိုးတိုးတိုးလည္း မေျပာပါနဲ႔ ပိုဆိုးပါတယ္၊ ျဖစ္နိုင္ရင္ ၃ရက္ေလာက္ လည္ေခ်ာင္းကို အတတ္နိုင္ဆုံး အနားေပးထားလိုက္ပါ၊ မၾကာခင္ အသံျပန္ထြက္လာမွာပါ၊ ႏွစ္ပတ္ေက်ာ္လို႔မွ အသံမထြက္လာရင္ေတာ့ အသံအိုးထိသြားမွာ စိုးရိမ္ရပါတယ္၊ နီးစပ္ရာဆရာဝန္တစ္ေယာက္နဲ႔ အျမန္ဆုံးတိုငိပင္ၿပီး လိုအပ္သည့္ကုသမႈရယူလိုက္ပါ ေဆးလိပ္၊ ေကာ္ဖီနဲ႔ အရက္ဘီယာေလ်ာ့ေသာက္ပါ၊ နားပါ၊ အားလုံးက်န္းမာေနေကာင္းၿပီး ပုံမွန္အသံေတြနဲ႔ အျမန္ဆုံးျပန္လည္ ေျပာနိုင္ဆိုနိုင္ၾကပါေစလို႔ ဆုေတာင္းပါတယ္

Dr. Hadee Maung (9.2.2022)

P.S. ေဆးခန္းျပဖို႔အခက္အခဲရွိလို႔ သဘာဝနည္းနဲ႔ လည္ပင္းနာ အသံနာသက္သာခ်င္ရင္ေတာ့ ေရေႏြးေႏြးကို ဆားနည္းနည္းခပ္၊ ဂ်င္းအျပားပါးပါးေလး တစ္ျပားႏွစ္ျပားထည့္ၿပီး ပ်ားရည္နဲ႔အတူ တစ္ရက္ကို တစ္ႀကိမ္ ႏွစ္ႀကိမ္ ေသာက္နိုင္ပါတယ္၊ ဆက္တိုက္အမ်ားႀကီးေတာ့ မေသာက္ၾကပါနဲ႔

May Ni Moee Hein

Credit