ငယ်ငယ်ရွယ်ရွယ်နဲ့ ထီးဖြူဆောင်းခွင့်ရတဲ့ နိုင်ငံကျော် လက်ရေးလှ ကိုရင်လေး

ငယ်ငယ်ရွယ်ရွယ်နဲ့ ထီးဖြူဆောင်းခွင့်ရတဲ့ နိုင်ငံကျော် လက်ရေးလှ ကိုရင်လေး

သိက္ခာတော်ရဆရာတော်ကြီးလိုမျက်လွှာချကာ ဆုပေးပွဲမှာ အပူဇော်ခံနေတဲ့ငယ်ငယ်ရွယ်ရွယ်နဲ့ ထီးဖြူဆောင်းခွင့်ရနိုင်ငံကျော် လက်ရေးလှ ကိုရင် ရှင်ခေမိဿရ

 

ယနေ့ ၂၁-၂-၂၀၂၂ တွင်”ပရိယတ္တိနုဂ္ဂဟ သာသနသိပ္ပံသာမဏေကျော်(တောင်ငူ) တိုက်တွင်းစာမေးပွဲ” ဂုဏ်ထူးဆု နှင့် စာအောင်ဆုရ သံဃာတော်များအားဆုနှင်းသဘင် အခမ်းအနား ကိုသာသနသိပ္ပံကျောင်းတိုက် တောင်ငူမြို့တွင်ပြုလုပ်ကျင်းပခဲ့ပါသည်။

ကျွန်တော်တို့ရဲ့ နိုင်ငံကျော် လက်ရေးလှကိုရင် ရှင်ခေမိဿရကတော့ ဒုတိယ ဂုဏ်ထူးအောင်ဖြစ်လို့ ထီးဖြူတော်မိုးတွေနဲ့ ကြည်ညိုစရာထီးဖြူဆောင်းခွင့်ရခဲ့ပါတယ်။

သီတာရုံပရိယတ္တိစာသင်တိုက်မှလက်ရေးလှဖြင့် ထူးခြားစွာ လူသိများလာသောလက်ရေးလှကိုရင် ရှင်ခေမိဿရ ၏ရှေ့အနာဂါတ်သည် သီတာရုံကျောင်း၏ သိက္ခာတောင်ငူ၏ ကျက်သရေသာသနာ၏ အားကိုးရာ ဖြစ်ပါစေ ဟုယုံကြည်မျှော်လင့်စွာဖြင့် ဆုတောင်း ပူဇော်လိုက်ရပါသည်။ပုံများကို ရှင်နန္ဒိသေနထံမှကူးယူဖော်ပြသည်။

 

ဗုဒ္ဓဘာသာအမျိုးသားရေးစာမျက်နှာ





 

