ဥတစ်လုံး တစ်ကောင်ကြွက်” ဘဝတွေ (ဘဝအမောတွေ ပြေစေဖို့ ဖြစ်ရပ်မှန် ဝတ္ထုတိုလေး တပုဒ်)

အုတ်ခဲရွက်နေတဲ့ ပုံလေးရယ် အုတ်ခုံပေါ်ထိုင်ပြီး ထမင်းစားနေတဲ့ ခလေးမလေး ပုံကို တွေ့လိုက်ရတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်က မန္တလေး ကိုင်းတန်းဈေး ဆောက်လုပ်ရေးမှာ အလုပ်သမား ကြီးကြပ်အဖြစ် လုပ်ခဲ့စဉ် တွေ့ကြုံခဲ့ရတဲ့ တစ်ကောင်ကြွက်မလေး “ဝင်းလှ” ကို သတိရမိတယ် ။
ဝင်းလှ.. သူ့ရဲ့ အသက်က ၁၂ နှစ်လောက်သာ ရှိသေးတဲ့ အရွယ်ပေမဲ့ အခုပုံထဲကအတိုင်း အုတ်ခဲ ၁၀ လုံးလေက်ကို အနည်းဆုံး ရွက်နိုင်သူလေးပါ ။ ကွန်ဂရစ်ရွက်ရင်လည်း အမျိုးသမီးကြီးတွေနဲ့ အတူ ရွက်တာ ။

ကျနော်စပြီး အလုပ်ဆင်းခါစ.. အလုပ်သမားခွဲတဲ့အခါ လေးပင်တဲ့ နေရာတွေမှာ အားကောင်းတဲ့ အမျိုးသမီးများကို သုံးပြီး သင့်တင့်တဲ့ နေရာတွေမှာ အင်အားနည်းသူများနဲ့ ခလေးတွေကို နေရာခွဲပေးလေ့ရှိတယ် ။

အလုပ်တာဝန်ခွဲတိုင်း ဝင်းလှ တစ်ယောက် ကျနော့်ကို မကျေမနပ် ကြည့်နေတာကို သတိထားမိတယ် ။ တစ်နေ့ ကွန်ဂရစ်လောင်းတဲ့အခါ လူလိုတာနဲ့ ရွက်တဲ့နေရာမှာ သူ့ကို ထည့်သုံးမိတယ် ။ ကျနော်က လူလိုလို့သာ ထည့်သုံးရလို့ စိတ်မကောင်းဖြစ်နေချိန် သူ့မျက်နှာ ပြုံးရွှင်နေလေရဲ့ ။

 

ကျနော်တို့ဆိုဒ်က ကွန်ဂရစ်သယ်တဲ့နေရာမှာ သံဒယ်ပိုင်းတွေ မသုံးဘူး ။ ပိုလည်းဆံ့ ပစ်ချလိုက်လို့လည်း ဘာမှ မဖြစ်တဲ့ ကားတာရာပုံးတွေ သုံးပါတယ် ။ ဂေါ်ပြားကြီးနဲ့ ၈ ဂေါ် ၁၀ ဂေါ်လောက် ဆံ့ပါတယ် ။

ရွက်တဲ့သူ အင်အားပေါ်မူတည်ပြီး ချင့်ချိန်ထည့်ပေးရတာပေါ့ ။ ကျနော်က ဂေါ်ထိုးသမားကို ဝင်းလှ ရွက်တဲ့ပုံးထဲ ၆ ဂေါ်လောက်ထည့်ပေးဖို့ မှာထားပါတယ် ။ သူက အပြည့်ထည့်ရွက်နေတာ တွေ့တော့ ဂေါ်သမားကို ဆူတဲ့အခါ..

“ကျမနိုင်လို့ ရွက်တာပါ အရင်က လူကြီးခ ရတာ အခု ဆရာရောက်မှ ကျမ ခလေးခ ပဲ ရတယ်” “ကျမရွက်နိုင်ရင် လူကြီးခပေးရမှာနော်” လို့ပြောပါတယ် ။

ဟုတ်တယ် သူတကယ်ရွက်နိုင်ပါတယ် ။ သူလူကြီးခ ရသွားလို့ ပျော်သွားပေမဲ့ ကျနော်ကတော့ စိတ်မကောင်း ဖြစ်ရပါတယ် ။ ခလေးငယ် တယောက်က လူကြီးတယောက်ရဲ့ ပုံစံမျိုး အလေးအပင်တွေ ရွက်နေရင် ခါးတွေဘာတွေ နာပြီး ထိခိုက်သွားမှာစိုးလို့ပါ ။

သူ့အသက်က မေးကြည့်တော့ ၁၄ နှစ်တဲ့ ။ ကျနော်က ၁ဝ နှစ် ၁၂ နှစ်လောက်ပဲထင်ထားတာ ။ ပင်ပမ်းဆင်းရဲစွာ နေထိုင်ရခြင်း၊အစားအသောက် အဟာရချို့တဲ့ခြင်းတို့ကြောင့် ၁၂ နှစ်အရွယ်လောက်သာ ထင်ရတယ် ။

နွမ်းဖတ်ပြီး အရောင်လွင့်နေတဲ့ အဝတ်အစား လေးတွေရယ် ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆိုတာ နေပူလေတိုက် ထုံး ဘိလပ်မြေ အမှုန့်တွေလုံးထွေးပြီး ထွက်တဲ့ချွေး ကွန်ဂရစ် အရည်တွေရယ်ကြောင့် အလုပ်သမားတိုင်းဟာ အသားအရည် မွဲခြောက်နေတဲ့ အထဲ ဝင်းလှလည်းပါတာပေါ့ ။

သူ့ခေါင်းလေးကို ကြည့်လိုက်တော့မှ ဆောက်လုပ်ရေး အလုပ်သမားတို့ရဲ့ ကိုယ်ပိုင်ဆံပင်အရောင် နီကြောင်ကြောင်လေးနဲ့ပေါ့ ။ အုန်းဆီနဲ့ ဆုံဆည်းခွင့်မရတဲ့ ဆံပင်လေးတွေဟာ ကွန်ဂရစ် အရည်တွေ နေ့စဉ်ထိတွေ့နေရတဲ့ အတွက်ကြောင့် နီကြောင်ကြောင် ဆံလုံးလေးတွေဖြစ်နေတာ မြင်ရတော့ ရင်ထဲမကောင်းမိ ။

သူ့ကိုသာ သနားနေမိတာ ကျနော့်ဆံပင်ကို မှန်ထဲမှာပြန်ကြည့်တော့ ဦးထုပ်လွတ်နေတဲ့ အောက်ပိုင်း ဆံသားတွေဟာလည်း နီကြောင်ကြောင် ဖြစ်နေပြီပဲ ။ ထားပါတော့ လေ..။ ဝင်းလှ အကြောင်းပြန်ဆက်အုံးမယ် ။

သူတယောက်တည်း ထမင်းစားနေတာ တွေ့တုန်း “ဝင်းလှ ငါ့လည်းကျွေးအုံး” ဆိုတော့.. “ဆရာတကယ်စားနိုင်လို့လား” လို့ ပြန်မေးတယ် ။ သူစားနေတာ ကြည့်လိုက်တော့ ပဲလှော်နဲ့ ငါးပိကြော် လိုဟာမျိုး ခြောက်ခြောက်သွေ့သွေ့ ။

“ဒါနဲ့ နင့်အဖေအမေတွေနဲ့ အတူမစားဘူးလား” မေးကြည့်တော့ မျက်ရည်တွေ ဝိုင်းပြီး ဘာမှပြန်မပြောနိုင်ရှာဘူး ။ ကျနော်လည်း မေးပြီးမှ မှားမှန်းသိသွားတယ် ။ “ကဲကဲ စားတော့ ပြီးရင် အားရှိအောင် နားထားလို့” သူ့ခေါင်းလေးပွတ်ပြီး ထွက်လာခဲ့တယ် ။

အမျိုးသမီးကြီးတွေကို “ခလေးနဲ့ ဘာလို့ အတူတူမစားကြတာလဲ” မေးကြည့်တဲ့အခါ..

“ဆရာ့တပည့် ဝင်းလှ က အဖေအမေမရှိ တစ်ယောက်တည်း နေပေမဲ့ မာနခဲ တော်” “ဘယ်တော့မှ သူများတွေနဲ့ အတူမစားဘူး” “ဟင်းလေးဘာလေး ပေးရင်လဲ မယူဘူး” လို့ပြောမှ တစ်ယောက်တည်း နေတဲ့အကြောင်း ပခုက္ကူ ဖက်က လိုက်လာတာ ဖြစ်ကြောင်းသိရတယ် ။

တကယ့်ကို ဝင်းလှလေးဟာ ဥတစ်လုံး တစ်ကောင်ကြွက်ပါလား ။ မိမိရပ်ရွာ ဇာတိမဟုတ်တဲ့ တနယ်တကျေးမှာ သူစိမ်းတွေ အဖော်ပြုပြီး နေရတဲ့ဘဝ ။ သူ့အသက်အရွယ် နဲ့ မမျှပါလား စဉ်းစားမိလေ စိတ်မကောင်း ဖြစ်ရလေ ဂရုဏာ သက်ရလေပါပဲ ။

နောက်ပိုင်းတော့ သူ့ကို ကျနော်က သက်သာတဲ့ နေရာလေးတွေပဲ ခိုင်းပါတယ် ။ သူက မလုပ်ချင်ဘူး လူကြီးခ မရမှာစိုးလို့တဲ့ ။ “ငါလူကြီးခ ပေးမှာပါ”ဆိုတော့..
“ဆရာ့ကို သူဌေးက ဆူမှာပေါ့” လို့ ကျနော့်ကို စိုးရိမ်စွာနဲ့ ပြန်ပြောတယ် ။

“ရတယ် မဆူဘူး နင်က အလုပ်လုပ်ရင် စိတ်ချရတယ် ကြိုက်တဲ့နေရာ ခိုင်းမှာ” လို့ ပြောထားတဲ့ အကြောင်း ရှင်းပြမှ လက်ခံတယ် ။ ကျနော်ကလည်း သူ့ကို သံဖြောင့်တဲ့နေရာ ၊ ဘိလပ်မြေ အိတ်ပေါက်တွေရှင်းခိုင်းတဲ့ နေရာ ၊ ဘလောက်တုံးလေးတွေ လုပ်တဲ့နေရာ ၊

ကွန်ကရစ် သားကို ရေလောင်းတဲ့ အလုပ်လေးတွေမှာ နေရာချပေးတဲ့ အပြင် ပုတ်ပြတ်အလုပ်လေးတွေပါ တခြားအလုပ်သမားတွေနဲ့ အတူ စီစဉ်ပေးပါတယ် ။ ဝင်ငွေ ၂ ဆနီးပါး ရကြတဲ့ အတွက်ကြောင့် နားတောင်းလေးတွေ လက်စွပ်လေးတွေ လုပ်လာနိုင်ကြတာ တွေ့ရတော့ ကြည်နူးမိပါတယ် ။

ကျနော်အလုပ်ထွက်တော့မယ်ဆိုတော့ ကျနော့်အမေအရွယ်လောက်ရှိတဲ့ အဒေါ်ကြီးတွေကပါ ကျနော့်ကို ထိုင်ကန်တော့ကြတယ် ။ သူတို့ရဲ့ နားတောင်းလေးတွေ လက်စွပ်လေးကို ပြပြီး.. “ဒါဆရာက ညပိုင်း ပုတ်ပြတ်အလုပ်လေးတွေ စီစဉ်ပေးလို့ အပိုဝင်ငွေနဲ့ ဝယ်ထားနိုင်တာ” ဆိုတော့ ကျေနပ်မိပါတယ် ။

ဝင်းလှ တစ်ယောက်ကတော့ ကျနော့်ကို နေ့စဉ် ကွမ်းယာ ဆေးလိပ် တစ်ခုခု အမြဲဝယ်ပေးလေ့ ရှိတယ် ။ ငြင်းလို့လဲမရ မျက်ရည် အဝဲသားဆိုတော့ အခက်ပေါ့ဗျာ။ ဒီနေရာမှာ ပြောချင်တာက စီးကရက်ဆိုလည်း မီးတခါတည်း ညှိလာပြီး သူ့ရှေ့တင် သောက်ရတယ် ။ အခြားသူကို ပေးမှာစိုးလို့ပါ ။

ကွမ်းယာ ဝယ်လာရင်လည်း “ဒီ့ပြင်လူမကျွေးရဘူးနော်” လို့ တားပြော ပြောရဲ့ ။ အလုပ်ဖော် အမျိုးသမီးကြီးတွေက ကြည့်ပြီးပြုံးကြတယ် ။

“ဝင်းလှ ကတော့ သူ့ဆရာ ဦးဝင်းဗိုလ်မှ စေတနာ ရှိတာ” လို့ နောက်ကြစကြတယ် ။

အခုဆိုရင် ဝင်းလှ အသက် ၃၉ နှစ်လောက်ရှိပြီပေါ့ ။ ဘယ်နေရာ ဘယ်ဒေသတွေရောက်လို့ ဘယ်လို အလုပ်တွေနဲ့များ စခန်းသွားနေပါလိမ့် ။ ကံကြမ္မာ မျက်နှာသာ ပေးလို့အဆင်ပြေ ကြီးပွားနေပါစေ ။

ဆင်းရဲသောက ဘဝရဲ့ ဒုက္ခမောတွေကြား ဥတစ်လုံး တစ်ကောင်ကြွက် ဘဝက လွတ်မြောက်ပြီး ချမ်းမြသာယာတဲ့ မိသားစုကြီး ဖြစ်နေပါစေလို့ ဆုတောင်းရင်း..။

ရေးသားသူ/စာရေးဆရာ – Linker Hmue Win

(တကယ်ဖြစ်ရပ်မှန်ပါ.. ၁၉၉၆ ခုနှစ် မန္တလေးမြို့ ကိုင်းတန်းဈေး ဆောက်တဲ့အခါ တော်ဝင်ကုမ္မဏီမှာ အလုပ်လုပ်တုန်းကပါ)

အုတ္ခဲ႐ြက္ေနတဲ့ ပုံေလးရယ္ အုတ္ခုံေပၚထိုင္ၿပီး ထမင္းစားေနတဲ့ ခေလးမေလး ပုံကို ေတြ႕လိုက္ရေတာ့ လြန္ခဲ့တဲ့ အႏွစ္ ၂၀ ေက်ာ္ေလာက္က မႏၲေလး ကိုင္းတန္းေဈး ေဆာက္လုပ္ေရးမွာ အလုပ္သမား ႀကီးၾကပ္အျဖစ္ လုပ္ခဲ့စဥ္ ေတြ႕ႀကဳံခဲ့ရတဲ့ တစ္ေကာင္ႂကြက္မေလး “ဝင္းလွ” ကို သတိရမိတယ္ ။
ဝင္းလွ.. သူ႔ရဲ႕ အသက္က ၁၂ ႏွစ္ေလာက္သာ ရွိေသးတဲ့ အ႐ြယ္ေပမဲ့ အခုပုံထဲကအတိုင္း အုတ္ခဲ ၁၀ လုံးေလက္ကို အနည္းဆုံး ႐ြက္ႏိုင္သူေလးပါ ။ ကြန္ဂရစ္႐ြက္ရင္လည္း အမ်ိဳးသမီးႀကီးေတြနဲ႔ အတူ ႐ြက္တာ ။

က်ေနာ္စၿပီး အလုပ္ဆင္းခါစ.. အလုပ္သမားခြဲတဲ့အခါ ေလးပင္တဲ့ ေနရာေတြမွာ အားေကာင္းတဲ့ အမ်ိဳးသမီးမ်ားကို သုံးၿပီး သင့္တင့္တဲ့ ေနရာေတြမွာ အင္အားနည္းသူမ်ားနဲ႔ ခေလးေတြကို ေနရာခြဲေပးေလ့ရွိတယ္ ။

အလုပ္တာဝန္ခြဲတိုင္း ဝင္းလွ တစ္ေယာက္ က်ေနာ့္ကို မေက်မနပ္ ၾကည့္ေနတာကို သတိထားမိတယ္ ။ တစ္ေန႔ ကြန္ဂရစ္ေလာင္းတဲ့အခါ လူလိုတာနဲ႔ ႐ြက္တဲ့ေနရာမွာ သူ႔ကို ထည့္သုံးမိတယ္ ။ က်ေနာ္က လူလိုလို႔သာ ထည့္သုံးရလို႔ စိတ္မေကာင္းျဖစ္ေနခ်ိန္ သူ႔မ်က္ႏွာ ၿပဳံး႐ႊင္ေနေလရဲ႕ ။

 

က်ေနာ္တို႔ဆိုဒ္က ကြန္ဂရစ္သယ္တဲ့ေနရာမွာ သံဒယ္ပိုင္းေတြ မသုံးဘူး ။ ပိုလည္းဆံ့ ပစ္ခ်လိုက္လို႔လည္း ဘာမွ မျဖစ္တဲ့ ကားတာရာပုံးေတြ သုံးပါတယ္ ။ ေဂၚျပားႀကီးနဲ႔ ၈ ေဂၚ ၁၀ ေဂၚေလာက္ ဆံ့ပါတယ္ ။

႐ြက္တဲ့သူ အင္အားေပၚမူတည္ၿပီး ခ်င့္ခ်ိန္ထည့္ေပးရတာေပါ့ ။ က်ေနာ္က ေဂၚထိုးသမားကို ဝင္းလွ ႐ြက္တဲ့ပုံးထဲ ၆ ေဂၚေလာက္ထည့္ေပးဖို႔ မွာထားပါတယ္ ။ သူက အျပည့္ထည့္႐ြက္ေနတာ ေတြ႕ေတာ့ ေဂၚသမားကို ဆူတဲ့အခါ..

“က်မႏိုင္လို႔ ႐ြက္တာပါ အရင္က လူႀကီးခ ရတာ အခု ဆရာေရာက္မွ က်မ ခေလးခ ပဲ ရတယ္” “က်မ႐ြက္ႏိုင္ရင္ လူႀကီးခေပးရမွာေနာ္” လို႔ေျပာပါတယ္ ။

ဟုတ္တယ္ သူတကယ္႐ြက္ႏိုင္ပါတယ္ ။ သူလူႀကီးခ ရသြားလို႔ ေပ်ာ္သြားေပမဲ့ က်ေနာ္ကေတာ့ စိတ္မေကာင္း ျဖစ္ရပါတယ္ ။ ခေလးငယ္ တေယာက္က လူႀကီးတေယာက္ရဲ႕ ပုံစံမ်ိဳး အေလးအပင္ေတြ ႐ြက္ေနရင္ ခါးေတြဘာေတြ နာၿပီး ထိခိုက္သြားမွာစိုးလို႔ပါ ။

သူ႔အသက္က ေမးၾကည့္ေတာ့ ၁၄ ႏွစ္တဲ့ ။ က်ေနာ္က ၁ဝ ႏွစ္ ၁၂ ႏွစ္ေလာက္ပဲထင္ထားတာ ။ ပင္ပမ္းဆင္းရဲစြာ ေနထိုင္ရျခင္း၊အစားအေသာက္ အဟာရခ်ိဳ႕တဲ့ျခင္းတို႔ေၾကာင့္ ၁၂ ႏွစ္အ႐ြယ္ေလာက္သာ ထင္ရတယ္ ။

ႏြမ္းဖတ္ၿပီး အေရာင္လြင့္ေနတဲ့ အဝတ္အစား ေလးေတြရယ္ ၊ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ဆိုတာ ေနပူေလတိုက္ ထုံး ဘိလပ္ေျမ အမႈန႔္ေတြလုံးေထြးၿပီး ထြက္တဲ့ေခြၽး ကြန္ဂရစ္ အရည္ေတြရယ္ေၾကာင့္ အလုပ္သမားတိုင္းဟာ အသားအရည္ မြဲေျခာက္ေနတဲ့ အထဲ ဝင္းလွလည္းပါတာေပါ့ ။

သူ႔ေခါင္းေလးကို ၾကည့္လိုက္ေတာ့မွ ေဆာက္လုပ္ေရး အလုပ္သမားတို႔ရဲ႕ ကိုယ္ပိုင္ဆံပင္အေရာင္ နီေၾကာင္ေၾကာင္ေလးနဲ႔ေပါ့ ။ အုန္းဆီနဲ႔ ဆုံဆည္းခြင့္မရတဲ့ ဆံပင္ေလးေတြဟာ ကြန္ဂရစ္ အရည္ေတြ ေန႔စဥ္ထိေတြ႕ေနရတဲ့ အတြက္ေၾကာင့္ နီေၾကာင္ေၾကာင္ ဆံလုံးေလးေတြျဖစ္ေနတာ ျမင္ရေတာ့ ရင္ထဲမေကာင္းမိ ။

သူ႔ကိုသာ သနားေနမိတာ က်ေနာ့္ဆံပင္ကို မွန္ထဲမွာျပန္ၾကည့္ေတာ့ ဦးထုပ္လြတ္ေနတဲ့ ေအာက္ပိုင္း ဆံသားေတြဟာလည္း နီေၾကာင္ေၾကာင္ ျဖစ္ေနၿပီပဲ ။ ထားပါေတာ့ ေလ..။ ဝင္းလွ အေၾကာင္းျပန္ဆက္အုံးမယ္ ။

သူတေယာက္တည္း ထမင္းစားေနတာ ေတြ႕တုန္း “ဝင္းလွ ငါ့လည္းေကြၽးအုံး” ဆိုေတာ့.. “ဆရာတကယ္စားႏိုင္လို႔လား” လို႔ ျပန္ေမးတယ္ ။ သူစားေနတာ ၾကည့္လိုက္ေတာ့ ပဲေလွာ္နဲ႔ ငါးပိေၾကာ္ လိုဟာမ်ိဳး ေျခာက္ေျခာက္ေသြ႕ေသြ႕ ။

“ဒါနဲ႔ နင့္အေဖအေမေတြနဲ႔ အတူမစားဘူးလား” ေမးၾကည့္ေတာ့ မ်က္ရည္ေတြ ဝိုင္းၿပီး ဘာမွျပန္မေျပာႏိုင္ရွာဘူး ။ က်ေနာ္လည္း ေမးၿပီးမွ မွားမွန္းသိသြားတယ္ ။ “ကဲကဲ စားေတာ့ ၿပီးရင္ အားရွိေအာင္ နားထားလို႔” သူ႔ေခါင္းေလးပြတ္ၿပီး ထြက္လာခဲ့တယ္ ။

အမ်ိဳးသမီးႀကီးေတြကို “ခေလးနဲ႔ ဘာလို႔ အတူတူမစားၾကတာလဲ” ေမးၾကည့္တဲ့အခါ..

“ဆရာ့တပည့္ ဝင္းလွ က အေဖအေမမရွိ တစ္ေယာက္တည္း ေနေပမဲ့ မာနခဲ ေတာ္” “ဘယ္ေတာ့မွ သူမ်ားေတြနဲ႔ အတူမစားဘူး” “ဟင္းေလးဘာေလး ေပးရင္လဲ မယူဘူး” လို႔ေျပာမွ တစ္ေယာက္တည္း ေနတဲ့အေၾကာင္း ပခုကၠဴ ဖက္က လိုက္လာတာ ျဖစ္ေၾကာင္းသိရတယ္ ။

တကယ့္ကို ဝင္းလွေလးဟာ ဥတစ္လုံး တစ္ေကာင္ႂကြက္ပါလား ။ မိမိရပ္႐ြာ ဇာတိမဟုတ္တဲ့ တနယ္တေက်းမွာ သူစိမ္းေတြ အေဖာ္ျပဳၿပီး ေနရတဲ့ဘဝ ။ သူ႔အသက္အ႐ြယ္ နဲ႔ မမွ်ပါလား စဥ္းစားမိေလ စိတ္မေကာင္း ျဖစ္ရေလ ဂ႐ုဏာ သက္ရေလပါပဲ ။

ေနာက္ပိုင္းေတာ့ သူ႔ကို က်ေနာ္က သက္သာတဲ့ ေနရာေလးေတြပဲ ခိုင္းပါတယ္ ။ သူက မလုပ္ခ်င္ဘူး လူႀကီးခ မရမွာစိုးလို႔တဲ့ ။ “ငါလူႀကီးခ ေပးမွာပါ”ဆိုေတာ့..
“ဆရာ့ကို သူေဌးက ဆူမွာေပါ့” လို႔ က်ေနာ့္ကို စိုးရိမ္စြာနဲ႔ ျပန္ေျပာတယ္ ။

“ရတယ္ မဆူဘူး နင္က အလုပ္လုပ္ရင္ စိတ္ခ်ရတယ္ ႀကိဳက္တဲ့ေနရာ ခိုင္းမွာ” လို႔ ေျပာထားတဲ့ အေၾကာင္း ရွင္းျပမွ လက္ခံတယ္ ။ က်ေနာ္ကလည္း သူ႔ကို သံေျဖာင့္တဲ့ေနရာ ၊ ဘိလပ္ေျမ အိတ္ေပါက္ေတြရွင္းခိုင္းတဲ့ ေနရာ ၊ ဘေလာက္တုံးေလးေတြ လုပ္တဲ့ေနရာ ၊

ကြန္ကရစ္ သားကို ေရေလာင္းတဲ့ အလုပ္ေလးေတြမွာ ေနရာခ်ေပးတဲ့ အျပင္ ပုတ္ျပတ္အလုပ္ေလးေတြပါ တျခားအလုပ္သမားေတြနဲ႔ အတူ စီစဥ္ေပးပါတယ္ ။ ဝင္ေငြ ၂ ဆနီးပါး ရၾကတဲ့ အတြက္ေၾကာင့္ နားေတာင္းေလးေတြ လက္စြပ္ေလးေတြ လုပ္လာႏိုင္ၾကတာ ေတြ႕ရေတာ့ ၾကည္ႏူးမိပါတယ္ ။

က်ေနာ္အလုပ္ထြက္ေတာ့မယ္ဆိုေတာ့ က်ေနာ့္အေမအ႐ြယ္ေလာက္ရွိတဲ့ အေဒၚႀကီးေတြကပါ က်ေနာ့္ကို ထိုင္ကန္ေတာ့ၾကတယ္ ။ သူတို႔ရဲ႕ နားေတာင္းေလးေတြ လက္စြပ္ေလးကို ျပၿပီး.. “ဒါဆရာက ညပိုင္း ပုတ္ျပတ္အလုပ္ေလးေတြ စီစဥ္ေပးလို႔ အပိုဝင္ေငြနဲ႔ ဝယ္ထားႏိုင္တာ” ဆိုေတာ့ ေက်နပ္မိပါတယ္ ။

ဝင္းလွ တစ္ေယာက္ကေတာ့ က်ေနာ့္ကို ေန႔စဥ္ ကြမ္းယာ ေဆးလိပ္ တစ္ခုခု အၿမဲဝယ္ေပးေလ့ ရွိတယ္ ။ ျငင္းလို႔လဲမရ မ်က္ရည္ အဝဲသားဆိုေတာ့ အခက္ေပါ့ဗ်ာ။ ဒီေနရာမွာ ေျပာခ်င္တာက စီးကရက္ဆိုလည္း မီးတခါတည္း ညႇိလာၿပီး သူ႔ေရွ႕တင္ ေသာက္ရတယ္ ။ အျခားသူကို ေပးမွာစိုးလို႔ပါ ။

ကြမ္းယာ ဝယ္လာရင္လည္း “ဒီ့ျပင္လူမေကြၽးရဘူးေနာ္” လို႔ တားေျပာ ေျပာရဲ႕ ။ အလုပ္ေဖာ္ အမ်ိဳးသမီးႀကီးေတြက ၾကည့္ၿပီးၿပဳံးၾကတယ္ ။

“ဝင္းလွ ကေတာ့ သူ႔ဆရာ ဦးဝင္းဗိုလ္မွ ေစတနာ ရွိတာ” လို႔ ေနာက္ၾကစၾကတယ္ ။

အခုဆိုရင္ ဝင္းလွ အသက္ ၃၉ ႏွစ္ေလာက္ရွိၿပီေပါ့ ။ ဘယ္ေနရာ ဘယ္ေဒသေတြေရာက္လို႔ ဘယ္လို အလုပ္ေတြနဲ႔မ်ား စခန္းသြားေနပါလိမ့္ ။ ကံၾကမၼာ မ်က္ႏွာသာ ေပးလို႔အဆင္ေျပ ႀကီးပြားေနပါေစ ။

ဆင္းရဲေသာက ဘဝရဲ႕ ဒုကၡေမာေတြၾကား ဥတစ္လုံး တစ္ေကာင္ႂကြက္ ဘဝက လြတ္ေျမာက္ၿပီး ခ်မ္းျမသာယာတဲ့ မိသားစုႀကီး ျဖစ္ေနပါေစလို႔ ဆုေတာင္းရင္း..။

ေရးသားသူ/စာေရးဆရာ – Linker Hmue Win

(တကယ္ျဖစ္ရပ္မွန္ပါ.. ၁၉၉၆ ခုႏွစ္ မႏၲေလးၿမိဳ႕ ကိုင္းတန္းေဈး ေဆာက္တဲ့အခါ ေတာ္ဝင္ကုမၼဏီမွာ အလုပ္လုပ္တုန္းကပါ)