ဘုရားပုံများကို ချန်ထားသော ထူးဆန်းသောပျားအုံးများ…

ဘုရားပုံများကို ချန်ထားသော ဂရိနိုင်ငံရှိ ထူးဆန်းသောပျားအုံးများ ✞︎🌹🐝🐝🌹✞︎

ဂရိနိုင်ငံ အေးသောစ် (Athos) တောင်ပေါ်တွင် ပျားထိန်းသိမ်းသူ ရသေ့ဘုန်းကြီးတစ်ပါးက ပျား‌မွေးမြူထားသော သေတ္တာများတွင် သန့်ရှင်းသော ဘုရားပုံတော်များကို (၁၀) နှစ်ကြာလာသည့်တိုင် ထည့်သွင်းထားသည်။ စိတ်ဝင်စားဖွယ် အဖြစ်အပျက်ကို ကြိမ်ဖန်များစွာ သူ ကြုံတွေ့ခဲ့ရသည်။

ပျားများသည် ပျားသေတ္တာရှိ အရာအားလုံးကို ပျားဖယောင်းဖြင့် ဖုံးအုပ်ထားသော်လည်း သန့်ရှင်းသော ရုပ်ပုံများကို ချန်ထားကြသည်။ သခင်ယေဇူးပုံ၊ မယ်တော်မာရီယားပုံနှင့် များစွာသောရဟန္တာများပုံ ထည့်ထားတိုင်း ပျားများက ပုံမှန်အတိုင်း ရုပ်ပံများကို ချန်ထားကြသည်။

သခင်ယေဇူးကားတိုင်တင်ခံရသော Golgotha တောင်ရှိ ကားတိုင် (၃)ခုပုံပါသော လက်ဝါးကပ်တိုင်ပုံဖြင့် ပျားသေတ္တာထဲထည့်ကာ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်။

ထိုကားတိုင်ပုံ၌ လက်ယာဘက်တွင်ရှိသော ပုံမှာ သခင်ယေဇူးအား “ကိုယ်တော်၏နိုင်ငံ တော်သို့ ကြွဝင်တော်မူသောအခါ တပည့်တော်ကို သတိရတော်မူပါ” ဟု နောင်တတရားဖြင့် ဆုတောင်းသော ကောင်းသောသူခိုးပုံဖြစ်သည်။ လက်ဝဲဘက်မှာ ရှိသောပုံမှာ သခင်ယေဇူးကို ပြက်ရယ်ပြုသော သူခိုးတစ်ဦးပုံဖြစ်သည်။

ထူးခြားဖြစ်စဉ်တစ်ခုမှာ ပျားများက သခင်ယေဇူးပုံနှင့် ကောင်းသောသူခိုးပုံကို မဖုံးအုပ်ဘဲ ချန်ထားပြီး ကျန်သောနေရာအားလုံးကို ဝိုင်းအုပ်ထားသည်။ အခြားသူခိုး၏ပုံမှာမူ ထူထပ်စွာ ဖုံးအုပ်ထားသည်ကို တွေ့ရှိရပါသည်။

 

Zawgyi

ဘုရားပုံမ်ားကို ခ်န္ထားေသာ ဂရိႏိုင္ငံရွိ ထူးဆန္းေသာပ်ားအုံးမ်ား ✞︎🌹🐝🐝🌹✞︎

ဂရိႏိုင္ငံ ေအးေသာစ္ (Athos) ေတာင္ေပၚတြင္ ပ်ားထိန္းသိမ္းသူ ရေသ့ဘုန္းႀကီးတစ္ပါးက ပ်ား‌ေမြးျမဴထားေသာ ေသတၱာမ်ားတြင္ သန႔္ရွင္းေသာ ဘုရားပုံေတာ္မ်ားကို (၁၀) ႏွစ္ၾကာလာသည့္တိုင္ ထည့္သြင္းထားသည္။ စိတ္ဝင္စားဖြယ္ အျဖစ္အပ်က္ကို ႀကိမ္ဖန္မ်ားစြာ သူ ႀကဳံေတြ႕ခဲ့ရသည္။

ပ်ားမ်ားသည္ ပ်ားေသတၱာရွိ အရာအားလုံးကို ပ်ားဖေယာင္းျဖင့္ ဖုံးအုပ္ထားေသာ္လည္း သန႔္ရွင္းေသာ ႐ုပ္ပုံမ်ားကို ခ်န္ထားၾကသည္။ သခင္ေယဇူးပုံ၊ မယ္ေတာ္မာရီယားပုံႏွင့္ မ်ားစြာေသာရဟႏၲာမ်ားပုံ ထည့္ထားတိုင္း ပ်ားမ်ားက ပုံမွန္အတိုင္း ႐ုပ္ပံမ်ားကို ခ်န္ထားၾကသည္။

သခင္ေယဇူးကားတိုင္တင္ခံရေသာ Golgotha ေတာင္ရွိ ကားတိုင္ (၃)ခုပုံပါေသာ လက္ဝါးကပ္တိုင္ပုံျဖင့္ ပ်ားေသတၱာထဲထည့္ကာ စမ္းသပ္မႈတစ္ခု ျပဳလုပ္ခဲ့သည္။

ထိုကားတိုင္ပုံ၌ လက္ယာဘက္တြင္ရွိေသာ ပုံမွာ သခင္ေယဇူးအား “ကိုယ္ေတာ္၏ႏိုင္ငံ ေတာ္သို႔ ႂကြဝင္ေတာ္မူေသာအခါ တပည့္ေတာ္ကို သတိရေတာ္မူပါ” ဟု ေနာင္တတရားျဖင့္ ဆုေတာင္းေသာ ေကာင္းေသာသူခိုးပုံျဖစ္သည္။ လက္ဝဲဘက္မွာ ရွိေသာပုံမွာ သခင္ေယဇူးကို ျပက္ရယ္ျပဳေသာ သူခိုးတစ္ဦးပုံျဖစ္သည္။

ထူးျခားျဖစ္စဥ္တစ္ခုမွာ ပ်ားမ်ားက သခင္ေယဇူးပုံႏွင့္ ေကာင္းေသာသူခိုးပုံကို မဖုံးအုပ္ဘဲ ခ်န္ထားၿပီး က်န္ေသာေနရာအားလုံးကို ဝိုင္းအုပ္ထားသည္။ အျခားသူခိုး၏ပုံမွာမူ ထူထပ္စြာ ဖုံးအုပ္ထားသည္ကို ေတြ႕ရွိရပါသည္။