တစ်နေရာတည်းမှာ ၄၇ နှစ်ကြာသည်အထိ ရပ်နားထားခဲ့တဲ့ ကားတစ်စီး…

ၿပီးခဲ့တဲ့ ဩဂုတ္လထဲမွာတုန္းက လန္ဒန္မွာရွိတဲ့ ဂိုေထာင္တစ္ခုထဲမွာ ဆယ္စုႏွစ္မ်ားစြာၾကာေအာင္တည္ရွိေနခဲ့တဲ့ ရာနဲ႔ခ်ီတဲ့ ေမာ္ေတာ္ကားေတြ ရွာေဖြ႕ေတြ႕ရွိခဲ့တဲ့ သတင္းကို ၾကားဖူးလိုက္ၾကမယ္ ထင္ပါတယ္။

ယခုတစ္ခါမွာေတာ့ ဂိုေထာင္တစ္ခုထဲမွာမဟုတ္ဘဲ အီတလီႏိုင္ငံမွာရွိတဲ့ ၿမိဳ႕တစ္ခုရဲ႕ လူသြားလမ္းေပၚမွာ ရာစုႏွစ္တစ္ဝက္နီးပါး ၾကာေအာင္ ရပ္နားထားခဲ့တဲ့ 1970 Lancia Fulvia Berlina တစ္စီးကို ေတြ႕ရွိခဲ့ၾက ျပန္ပါတယ္။

အဆိုပါ ကားကိုေတာ့ အသက္ ၉၄ ႏွစ္အ႐ြယ္ရွိတဲ့ Angelo Fregolent ဆိုသူက ပိုင္ဆိုင္တာျဖစ္ၿပီး ကားကိုရပ္ထားတဲ့ေနရာကေတာ့ သူ႔ရဲ႕အိမ္ေရွမွာရွိတဲ့ စာထည့္တဲ့ ပုံးနားမွာပဲ ျဖစ္ပါတယ္။

သူဟာ အဆိုပါကားကို ၁၉၇၄ ခုႏွစ္ကတည္းက ရပ္ထားခဲ့တာျဖစ္ပါတယ္။ ဘာေၾကာင့္ ကားကိုဒီေလာက္ၾကာေအာင္ ရပ္ထားခဲ့တာလဲဆိုတာကိုေတာ့ ေသခ်ာသိရျခင္းမရွိပါဘူး။

ကားနဲ႔ပတ္သက္တဲ့ စက္ပိုင္းဆိုင္ရာတစ္ခုခုခ်ိဳ႕ယြင္းသြားတာေၾကာင့္ ရပ္ထားခဲ့တာျဖစ္မယ္လို႔သူ ယူဆရပါတယ္။

၄၇ ႏွစ္ဆိုတဲ့အခ်ိန္ေၾကာင့္ ကားဟာ ေဆးကြာေနတာေတြ၊ သံေခ်းတက္ေနတာေတြရွိေနေပမယ့္ တာယာေတြကေတာ့ ျပားေနျခင္းမရွိတာကို အံ့ဩဖြယ္ေတြ႕ရပါတယ္။

ယခုအခ်ိန္မွာေတာ့ လမ္းကိုျပဳျပင္မြမ္းမံတာေတြျပဳလုပ္ရမွာျဖစ္တဲ့အတြက္ေၾကာင့္ ကားကိုေ႐ႊ႕ေပးဖို႔ ပိုင္ရွင္က သေဘာတူလိုက္ရၿပီျဖစ္ပါတယ္။

ဒီကားေလးဟာ အခုဆိုရင္ အဆိုပါၿမိဳ႕ေလးမွာ နာမည္ႀကီးေနၿပီျဖစ္ၿပီး အီတလီသတင္းစာျဖစ္တဲ့ Il Gazzinetto ကလည္း ဒီကားေလးကို ေဒသဆိုင္ရာအထိမ္းအမွတ္တစ္ခုအျဖစ္ ေဖာ္ျပလာခဲ့ပါတယ္။

Credit ကားသတင္းစုံ

 

Unicode

ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာတုန်းက လန်ဒန်မှာရှိတဲ့ ဂိုထောင်တစ်ခုထဲမှာ ဆယ်စုနှစ်များစွာကြာအောင်တည်ရှိနေခဲ့တဲ့ ရာနဲ့ချီတဲ့ မော်တော်ကားတွေ ရှာဖွေ့တွေ့ရှိခဲ့တဲ့ သတင်းကို ကြားဖူးလိုက်ကြမယ် ထင်ပါတယ်။

ယခုတစ်ခါမှာတော့ ဂိုထောင်တစ်ခုထဲမှာမဟုတ်ဘဲ အီတလီနိုင်ငံမှာရှိတဲ့ မြို့တစ်ခုရဲ့ လူသွားလမ်းပေါ်မှာ ရာစုနှစ်တစ်ဝက်နီးပါး ကြာအောင် ရပ်နားထားခဲ့တဲ့ 1970 Lancia Fulvia Berlina တစ်စီးကို တွေ့ရှိခဲ့ကြ ပြန်ပါတယ်။

အဆိုပါ ကားကိုတော့ အသက် ၉၄ နှစ်အရွယ်ရှိတဲ့ Angelo Fregolent ဆိုသူက ပိုင်ဆိုင်တာဖြစ်ပြီး ကားကိုရပ်ထားတဲ့နေရာကတော့ သူ့ရဲ့အိမ်ရှေမှာရှိတဲ့ စာထည့်တဲ့ ပုံးနားမှာပဲ ဖြစ်ပါတယ်။

သူဟာ အဆိုပါကားကို ၁၉၇၄ ခုနှစ်ကတည်းက ရပ်ထားခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် ကားကိုဒီလောက်ကြာအောင် ရပ်ထားခဲ့တာလဲဆိုတာကိုတော့ သေချာသိရခြင်းမရှိပါဘူး။

ကားနဲ့ပတ်သက်တဲ့ စက်ပိုင်းဆိုင်ရာတစ်ခုခုချို့ယွင်းသွားတာကြောင့် ရပ်ထားခဲ့တာဖြစ်မယ်လို့သူ ယူဆရပါတယ်။

၄၇ နှစ်ဆိုတဲ့အချိန်ကြောင့် ကားဟာ ဆေးကွာနေတာတွေ၊ သံချေးတက်နေတာတွေရှိနေပေမယ့် တာယာတွေကတော့ ပြားနေခြင်းမရှိတာကို အံ့ဩဖွယ်တွေ့ရပါတယ်။

ယခုအချိန်မှာတော့ လမ်းကိုပြုပြင်မွမ်းမံတာတွေပြုလုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် ကားကိုရွှေ့ပေးဖို့ ပိုင်ရှင်က သဘောတူလိုက်ရပြီဖြစ်ပါတယ်။

ဒီကားလေးဟာ အခုဆိုရင် အဆိုပါမြို့လေးမှာ နာမည်ကြီးနေပြီဖြစ်ပြီး အီတလီသတင်းစာဖြစ်တဲ့ Il Gazzinetto ကလည်း ဒီကားလေးကို ဒေသဆိုင်ရာအထိမ်းအမှတ်တစ်ခုအဖြစ် ဖော်ပြလာခဲ့ပါတယ်။

Credit ကားသတင်းစုံ