အလုပ်အစောသွားခဲ့ပြီး မနက်စာအတွက်မိန်းမထုပ်ပေးလိုက်သည့်ထမင်းဗူးလေးကိုယူသွားခဲ့ပြီး စားရန်အတွက်ဖွင့်ကြည့်လိုက်ရာမှ




Shoon (Cele Daily)

Unicode

တစ်ခါတစ်လေတွင်အကြောင်းအရာတစ်ခုကိုသတိမထားမိဘဲဖြစ်သွားခဲ့သောအရာများဟာအတော်လေးကိုရယ်စရာကောင်းနေခဲ့တာမျိုးဖြစ်ပါတယ်။ယခုတွင်လည်းအမျိုးသားတစ်ဦး၏အလွဲလေးကတော့ ကိုယ့်နဖူးကိုရိုက်ပြီးစိတ်လေနေခဲ့မှာသေချာပါတယ်။

အမျိုးသားဟာအလုပ်ကိုမနက်အစောထသွားခဲ့ပြီး အလုပ်အနည်းငယ်လုပ်ပြီးမှ မနက်စာစားရန်အတွက် ဇနီးဖြစ်သူထည့်ပေးထားသောထမင်းဗူးလေးကိုယူဆောင်သွားခဲ့ခြင်းဖြစ်ပါတယ်။ထို့နောက်အလုပ်သို့ရောက်ရှိခဲ့ပြီးထမင်းဗူးလေးကိုဖွင့်လိုက်ချိန်မှာတော့ ဝမ်းနည်းသွားခဲ့ရတာဖြစ်ပါတယ်။

အမျိုးသားယူဆောင်လာမိသောဗူးဟာထမင်းဗူးမဟုတ်ဘဲ သခွားသီးထည့်ထားသောဗူးလေးကိုယူဆောင်လာမိတာလည်းဖြစ်ပါတယ်။အမျိုးသားကိုယ်တိုင်ကဘဲမှားယူလာခဲ့ခြင်းလား သို့မဟုတ် ဇနီးသည်ကဘဲတမင်ထည့်ပေးလိုက်တာလားဆိုတာ စဉ်းစားစရာတော့ဖြစ်ပါတယ်။