ဆံပင်တွေကျွတ်ပြီး ပါးလာလို့ စိတ်ညစ်နေလျှင် ဒီဆေးနည်းကို သတိရပါ
ဆံံပင်အရမ်းကျွတ်ပြီးပါးနေတဲ့သူတွေအတွက်ပါ။လုပ်ကြည့်ပါ အလကားမဖြစ်ဘူးနော်။
လုပ်နည်းမကြိုက်ရင်လည်း မလုပ်ပါနဲ့နော် ကိုယ်တွေ့မို့လို့ဝေမျှပေးတာပါ။
အရင်းဆုံးခွက်တစ်ခွက်ထဲမှာ ကြက်သွန်နွီကို ပါးပါးလှီးထည့်ပါ။
(အခွံရောထည့်ပါ အခွံမှာကောင်းတဲ့ဓာတ်တွေပါပါတယ်)
ကြက်သွန်လှီးထည့်ပြီးရင် ရေပွတ်ပွတ်ဆူတဲ့ရေနွေးကိုခွက်ထဲထည့်လိုက်ပါ ပုံကအတိုင်းထည့်ထားလိုက်ပါ။
ထည့်ထားပြီးရင်အအေးခံထားလိုက်ပါနော်။
အေးသွားရင် ဆံပင်အရင်းနားမှာဦးရေပြားမှာလိမ်းထားလိုက်ပါပိုရင်ဆံပင်အဖျားတွေရောလိမ်းလို့ရပါတယ်နော်။
မိနစ်20..30ထားပြီးခေါင်းလျှော်လိုက်ပါနော်(လျှော်နေကျခေါင်းလျှော်ရည်နဲ့ပြန်လျှော်ပေးပါပေါင်းဆေးထပ်သုံးချင်လည်းသုံးလို့ရပါတယ်)
ခေါင်းလျှော်ပြီးရင်သံလွင်ဆီ ဖြစ်ဖြစ်၊ကိုယ်လိမ်းနေကျခေါင်းလိမ်းဆီဖြစ်ဖြစ်လိမ်းထားလိုက်ပါ။
အနံ့တော့နည်းနည်းတော့နံံမယ်နော်သေချာပြောင်အောင်လျှော်ရင်တော့မနံဘူး။
လုပ်ကြည့်လိုက်တော့နော် ဘာမှလည်းမကုန်ပဲဆံပင်ထူလာမှာ 3ခါလောက်ဆိုသိသာနေပြီနော်။
တကယ်လုပ်ကြည့်ပြီးကောင်းရင်ပြန်မျှဝေပေးပါနော်။
Lu Lu Aung‎
Zawgyi
အနံ့တော့နည်းနည်းတော့နံမယ်နော်သေချာပြောင်အောင်လျှော်ရင်တော့မနံဘူး။
Lu Lu Aung‎