နောက်ပိုင်းထွက် ဖုန်းတွေ Second ဝယ်တော့မယ်ဆိုရင် ဂျင်းမမိစေဖို့ အလွယ် စစ်တဲ့နည်း
iPhone Second (သို့) နောက်ပိုင်းထွက် ဖုန်းတွေ Second ဝယ်တော့မယ်ဆိုရင် ဂျင်းမမိစေဖို့.. iPhone X (iPhone 7,8 တွေလည်း ဒီနည်းအတိုင်းစစ်လို့ ရလောက်မယ်) နောက်ပိုင်းထွက် ဖုန်းတွေကို Second ဝယ်ကိုင်တော့မယ်ဆိုရင် အဲ့ဒီဖုန်းက ဖြုတ်ထားဖူးလား မဖြုတ်ရသေးဘူးလားဆိုတာ ဂျင်းမမိရလေအောင် အလွယ်စစ်နိုင်တဲ့နည်းပါ။
ပုံထဲကအတိုင်းပဲ iPhone ရဲ့ Sim ကဒ်ထည့်တဲ့ tray လေးကိုထုတ်ပြီး လေနဲ့ မှုတ်ထည့်ကြည့်လို့ ပါးစပ်ထဲက “လေ” ချက်ချင်းမလျော့သွားဘူးဆိုရင် လုံးဝမဖြုတ်ထားသေးတဲ့ဖုန်းလို့ သတ်မှတ်လို့ရပါတယ်။ ဆိုလိုတာက ရေစိုခံတဲ့ Seal က Original အတိုင်းဖြစ်နေသေးလို့ပါ။ ဖြုတ်ပြီးလို့ ရေစိုခံ Seal ပြန်ထည့်တောင် သူ့ Apple Original အတိုင်း 100% လုံဖို့ မလွယ်တော့လို့ပါ။
နောက်တစ်မျိုးကတော့ လေ အစား၊ Vape သောက်တဲ့သူတွေဆိုရင် အငွေ့နဲ့ Sim tray ထဲမှုတ်ထည့်လိုက်လို့ မှန်တွေကြားကနေ Vape အငွေ့တွေထွက်လာ/မလာ ကြည့်ပြီး ဖြုတ်ထား/မဖြုတ်ထား စစ်ကြည့်နိုင်ပါတယ်။ ပုံကတော့ တရုတ် Video တစ်ခုကနေ အခုနည်းအတိုင်း စစ်ပြထားတာပါ။
Crd
zawgyi
Crd