၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔အထိ လာနီညာအက်ိဳးဆက္ ႐ိုက္ခတ္မႈေၾကာင့္ မိုးဆက္တိုက္ရြာသြန္းမည့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ား….
လာနီညာျဖစ္စဥ္ရဲ႕အက်ိဳးဆက္႐ိုက္ခတ္မႈေၾကာင့္ရန္ကုန္ၿမိဳ႕အတြင္းေနရာအခ်ိဳ႕မွာအခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းေနၿပီးလာမယ့္ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔အထိ႐ြာသြန္းမွာျဖစ္ေၾကာင္းမိုးေလ၀သနဲ႔ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနဆီကသိရပါတယ္။တနသၤာရီတိုင္း၊ကခ်င္ျပည္နယ္တို႔မွာလည္းေနရာ စိပ္စိပ္မိုး႐ြာသြန္းႏိုင္ၿပီး
စစ္ကိုင္းတိုင္းအထက္ပိုင္း၊ရွမ္းျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာေနရာက်ဲက်ဲမိုး႐ြာသြန္းႏိုင္ေၾကာင္းလည္းသိရပါတယ္။ဒါ့အျပင္စစ္ကိုင္းတိုင္းေအာက္ပိုင္း၊မႏၲေလးတိုင္း၊ပဲခူးတိုင္း(အေရွ႕ပိုင္း)၊ ရန္ကုန္တိုင္း၊ရွမ္းျပည္နယ္(ေျမာက္ပိုင္းနဲ႔ေတာင္ပိုင္း)နဲ႔ ကယားျပည္နယ္တို႔မွာလည္းေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္တယ္လို႔အသိေပးထားပါတယ္။
ျပည္သူေတြအေနနဲ႔အခ်ိန္အခါမဟုတ္မိုး႐ြာတာနဲ႔အတူ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းနဲ႔မိုးသီးေႂကြျခင္းစတဲ့မိုးေလဝသျဖစ္စဥ္ေတြ ျဖစ္ေပၚႏိုင္ေၾကာင္းသတိျပဳၾကဖို႔လည္းအသိေပးထုတ္ျပန္ထားပါတယ္။
crd-
Unicode
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ လာနီညာအကျိုးဆက် ရိုက်ခတ်မှုကြောင့် မိုးဆက်တိုက်ရွာသွန်းမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ….
လာနီညာဖြစ်စဉ်ရဲ့အကျိုးဆက်ရိုက်ခတ်မှုကြောင့်ရန်ကုန်မြို့အတွင်းနေရာအချို့မှာအချိန်အခါမဟုတ် မိုးရွာသွန်းနေပြီးလာမယ့်ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိရွာသွန်းမှာဖြစ်ကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဆီကသိရပါတယ်။တနင်္သာရီတိုင်း၊ကချင်ပြည်နယ်တို့မှာလည်းနေရာ စိပ်စိပ်မိုးရွာသွန်းနိုင်ပြီး
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်းလည်းသိရပါတယ်။ဒါ့အပြင်စစ်ကိုင်းတိုင်းအောက်ပိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့တောင်ပိုင်း)နဲ့ ကယားပြည်နယ်တို့မှာလည်းနေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့အသိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့အချိန်အခါမဟုတ်မိုးရွာတာနဲ့အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်ကြောင်းသတိပြုကြဖို့လည်းအသိပေးထုတ်ပြန်ထားပါတယ်။
crd-