သာသနာမြေ လျှောက်ထားရန်အတွက် မရှိမဖြစ် လိုအပ်သည့်အထောက်အထားနှင့် စာရွက်စာတမ်းများ…

သာသနာမြေ လျှောက်ထားရန်အတွက် မရှိမဖြစ် လိုအပ်သည့်အထောက်အထားနှင့် စာရွက်စာတမ်းများ

အခွန်လွတ် သာသနာမြေ လျှောက်ထားမှု အတွက် ဂေါပကအဖွဲ့သို့မဟုတ် သာသနာ့ရေးရာ အဖွဲ့အစည်း သို့မဟုတ် ကျောင်းထိုင်ဘုန်းတော်ကြီးက စာဖြင့်ရေးသား လျှောက်ထားနိုင် ပါသည်။ အခွန်လွတ် သာသနာမြေများ လျှောက်ထားမှုကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးထံ လျှောက်ထားရ ပါမည်။

လျှောက်လွှာ၌ အောက်ပါ စာရွက် စာတမ်း အထောက်အထား အချက် အလက်များ ဖော်ပြ ပါရှိရပါမည်-

(က) လျှောက်ထားသူအမည်၊ နေရပ်လိပ်စာ၊ အဖွဲ့အစည်း၊ ရာထူး တာဝန်၊

 

( ခ) လျှောက်ထားမြေ တည်ရှိသည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ ဦးပိုင်အမှတ်၊

(ဂ) လျှောက်ထားမြေ၏ ဧရိယာဧက

(ဃ) လျှောက်ထားမြေ၏ ဧရိယာ နယ်နိမိတ် လေးရပ် သို့မဟုတ် အလားအလာ လေးရပ်၊

(င) မည်သည့်အတွက် လျှောက်ထားခြင်း ဖြစ်သည်၊

(စ) ယင်းမြေနှင့် ပတ်သက်သည့် အထောက်အထားများ၊

(ဆ) မြေစာရင်းဌာန၏ လျှောက်ထားမြေ အတွက် မြေရာဇဝင်နှင့် ပုံစံ(၁၀၅) သက်သေခံမြေပုံ နှစ်ပုံ၊

(ဇ) ဆောက်လုပ်ပြီး သို့မဟုတ် ဆောက်လုပ်ဆဲ သို့မဟုတ် ဆောက်လုပ်ရန် လျာထားသော ကျောင်း၊ ဇရပ်၊ အဆောက်အအုံ၏ Front view and side view ပုံစံများ၊

(ဈ) အထက်မြန်မာပြည် မြေနှင့် အခွန်ဥပဒေ အမိန့်ဆင့်ဆိုချက် ၃၂ (က)(၁) နှင့် အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ ၅၁ (၁) အရ လျှောက်ထားမြေသည် ဘိုးဘပိုင်မြေ ဖြစ်ပါက ယင်းမြေကို လက်ရှိထား ပိုင်ဆိုင်နေသော ပိုင်ရှင် ဖြစ်သူက ၄င်း၏ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများအား နိုင်ငံတော်သို့ မှတ်ပုံတင်ထားသော တရားဝင် လွှဲပြောင်းစာချုပ် (registration deed) ဖြင့် အာလယပြတ် ပြန်လည်စွန့်လွှတ် အပ်နှံထားသော စာချုပ်စာတမ်း၊

(ည) အစိုးရက စီမံချထားနိုင်သောမြေ (land at the disposal of government) တွင် ချထားပေးခဲ့သော ဂရန်မြေ ဖြစ်ပါက အစိုးရထံ စာချုပ် စာတမ်းဖြင့် ပြန်လည် အပ်နှံရန် မလိုပါ။ မိမိ၏ လက်ရှိထားမှုကို အခွန်လွတ် သာသနာမြေ ချထားပေးနိုင်ရန်အတွက် ပြန်အပ်ကြောင်း ကြေညာစာတမ်းကိုသာ ရေးသားတင်ပြရန် လိုပါသည်။

ဆြာ မျိုးမင်းထွန်း

 

သာသနာေၿမ ေလၽွာက္ထားရန္အတြက္ မရွိမျဖစ္ လိုအပ္သည့္အေထာက္အထားႏွင့္ စာရြက္စာတမ္းမ်ား

အခြန္လြတ္ သာသနာေၿမ ေလၽွာက္ထားမႈ အတြက္ ေဂါပကအဖြဲ႕သို႔မဟုတ္ သာသနာ့ေရးရာ အဖြဲ႕အစည္း သို႔မဟုတ္ ေက်ာင္းထိုင္ဘုန္းေတာ္ႀကီးက စာျဖင့္ေရးသား ေလၽွာက္ထားနိုင္ ပါသည္။ အခြန္လြတ္ သာသနာေျမမ်ား ေလၽွာက္ထားမႈကို ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးထံ ေလၽွာက္ထားရ ပါမည္။

ေလၽွာက္လႊာ၌ ေအာက္ပါ စာရြက္ စာတမ္း အေထာက္အထား အခ်က္ အလက္မ်ား ေဖာ္ၿပ ပါရွိရပါမည္-

(က) ေလၽွာက္ထားသူအမည္၊ ေနရပ္လိပ္စာ၊ အဖြဲ႕အစည္း၊ ရာထူး တာဝန္၊

( ခ) ေလၽွာက္ထားေၿမ တည္ရွိသည့္ ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်းရြာအုပ္စု၊ ကြင္းအမွတ္၊ ဦးပိုင္အမွတ္၊

(ဂ) ေလၽွာက္ထားေျမ၏ ဧရိယာဧက

(ဃ) ေလၽွာက္ထားေျမ၏ ဧရိယာ နယ္နိမိတ္ ေလးရပ္ သို႔မဟုတ္ အလားအလာ ေလးရပ္၊

(င) မည္သည့္အတြက္ ေလၽွာက္ထားျခင္း ျဖစ္သည္၊

(စ) ယင္းေျမႏွင့္ ပတ္သက္သည့္ အေထာက္အထားမ်ား၊

(ဆ) ေျမစာရင္းဌာန၏ ေလၽွာက္ထားေၿမ အတြက္ ေျမရာဇဝင္ႏွင့္ ပုံစံ(၁၀၅) သက္ေသခံေျမပုံ ႏွစ္ပုံ၊

(ဇ) ေဆာက္လုပ္ၿပီး သို႔မဟုတ္ ေဆာက္လုပ္ဆဲ သို႔မဟုတ္ ေဆာက္လုပ္ရန္ လ်ာထားေသာ ေက်ာင္း၊ ဇရပ္၊ အေဆာက္အအုံ၏ Front view and side view ပုံစံမ်ား၊

(ဈ) အထက္ျမန္မာျပည္ ေျမႏွင့္ အခြန္ဥပေဒ အမိန႔္ဆင့္ဆိုခ်က္ ၃၂ (က)(၁) ႏွင့္ ေအာက္ျမန္မာျပည္ ၿမိဳ႕ႏွင့္ ေက်းရြာေျမမ်ား နည္းဥပေဒ ၅၁ (၁) အရ ေလၽွာက္ထားေျမသည္ ဘိုးဘပိုင္ေၿမ ျဖစ္ပါက ယင္းေျမကို လက္ရွိထား ပိုင္ဆိုင္ေနေသာ ပိုင္ရွင္ ျဖစ္သူက ၄င္း၏ ေျမပိုင္ဆိုင္ခြင့္ အခြင့္အေရးမ်ားအား နိုင္ငံေတာ္သို႔ မွတ္ပုံတင္ထားေသာ တရားဝင္ လႊဲေျပာင္းစာခ်ဳပ္ (registration deed) ျဖင့္ အာလယျပတ္ ျပန္လည္စြန႔္လႊတ္ အပ္ႏွံထားေသာ စာခ်ဳပ္စာတမ္း၊

(ည) အစိုးရက စီမံခ်ထားနိုင္ေသာေၿမ (land at the disposal of government) တြင္ ခ်ထားေပးခဲ့ေသာ ဂရန္ေၿမ ျဖစ္ပါက အစိုးရထံ စာခ်ဳပ္ စာတမ္းျဖင့္ ျပန္လည္ အပ္ႏွံရန္ မလိုပါ။ မိမိ၏ လက္ရွိထားမႈကို အခြန္လြတ္ သာသနာေၿမ ခ်ထားေပးနိုင္ရန္အတြက္ ျပန္အပ္ေၾကာင္း ေၾကညာစာတမ္းကိုသာ ေရးသားတင္ျပရန္ လိုပါသည္။

ၾဆာ မ်ိဳးမင္းထြန္း