YESC က ထုတ္ျပန္လိုက္တဲ့ ယေန႔ ညေန ၆ နာရီႏွင့္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔တိုတြင္ လွ်ပ္စစ္ဓာတ္အား ယာယီျပတ္ေတာက္မည္ါ ရန္ကုန္တိုင္းအတြင္းရွိၿမိဳ႕နယ္မ်ား
ေဖေဖာ္ဝါရီလ ၁၈ ရက္ ယေန႔ ညေန ၆ နာရီႏွင့္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔တိုတြင္ ရန္ကုန္တိုင္းေဒသႀကီးၿမိဳ႕နယ္အခ်ိဳ႕ လွ်ပ္စစ္ဓာတ္အား ယာယီျပတ္ေတာက္မည္ဟု YESC မွ ထုတ္ျပန္ထားပါတယ္။ ထုတ္ျပန္ခ်က္မွာ ”ေဇာတိက သဘာဝဓာတ္ေငြ႕ပိုက္လိုင္း ႏွစ္စဥ္ပုံမွန္ျပဳျပင္ထိန္းသိမ္းေရး လုပ္ငန္းအား (၁၈.၂.၂၀၂၂) ရက္ေန႔( ၁၈:၀၀ ) နာရီ မွ(၂၀.၂.၂၀၂၂) ရက္ေန႔ (၁၈:၀၀ ) နာရီအထိ
ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။ အဆိုပါ ေဇာတိက သဘာဝဓာတ္ေငြ႕ပိုက္လိုင္း ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္း ေဆာင္႐ြက္စဥ္ ကာလအတြင္း သဘာဝဓာတ္ေငြ႕ေလ်ာ့နည္းေနမည္ျဖစ္ပါသျဖင့္ ဓာတ္အားသုံးစြဲမႈမ်ားေသာ နာရီအခ်ိန္ပိုင္းမ်ား၌ ဓာတ္အားစနစ္တည္ၿငိမ္မႈရွိေစရန္ အေရးေပၚဝန္အားေလွ်ာ့ ထိန္းညႇိျခင္းမ်ားေဆာင္႐ြက္ရမည္ျဖစ္ပါသည္။ ထိုသို႔လုပ္ငန္းေဆာင္႐ြက္ေနစဥ္အတြင္း ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စက္မႈဇုန္၊
ရပ္ကြက္ႏွင့္ ၿမိဳ႕နယ္မ်ားတြင္ ယာယီဓာတ္အားျပတ္ေတာက္မႈ ရွိမည္ျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၂၃၀ေကဗြီ ေျမာင္းတကာပင္မဓာတ္အားခြဲ႐ုံရွိ 230/33/11kV, (3×33.33)MVA Single Phase Transformer (B Phase)၏ 33kV Neutral Bushing မွ ဆီယိုစိမ့္မႈအား (၂၀.၂.၂၀၂၂) ရက္ေန႔တြင္ ( ၁၀:၀၀ ) နာရီ မွ( ၁၂:၀၀ ) နာရီ အထိယာယီဓာတ္အားပိတ္၍
ထိန္းသိမ္းျပဳျပင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။ ထိုသို႔လုပ္ငန္းေဆာင္႐ြက္ေနစဥ္အတြင္း ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ေျမာင္းတကာတစ္ၿမိဳ႕နယ္လုံးႏွင့္ ေမွာ္ဘီၿမိဳ႕နယ္ရွိ ေနရာအခ်ိဳ႕တို႔တြင္ ယာယီ ဓာတ္အားျပတ္ေတာက္မႈရွိမည္ျဖစ္ပါေၾကာင္းႏွင့္ အေရးႀကီးေနရာမ်ား
လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈ မရွိေစေရးကိုအေလးထားေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း မိဘျပည္သူမ်ားထံသို႔ ေလးစားစြာ အသိေပးပန္ၾကားအပ္ပါသည္” ဟု ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းမွ ထုတ္ျပန္ထားပါတယ္။
crd-
Unicode
YESC က ထုတ်ပြန်လိုက်တဲ့ ယနေ့ ညနေ ၆ နာရီနှင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တိုတွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ါ ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များ
ဖေဖော်ဝါရီလ ၁၈ ရက် ယနေ့ ညနေ ၆ နာရီနှင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တိုတွင် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အချို့ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဟု YESC မှ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်မှာ ”ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှစ်စဉ်ပုံမှန်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအား (၁၈.၂.၂၀၂၂) ရက်နေ့( ၁၈:၀၀ ) နာရီ မှ(၂၀.၂.၂၀၂၂) ရက်နေ့ (၁၈:၀၀ ) နာရီအထိ
ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်စဉ် ကာလအတွင်း သဘာဝဓာတ်ငွေ့လျော့နည်းနေမည်ဖြစ်ပါသဖြင့် ဓာတ်အားသုံးစွဲမှုများသော နာရီအချိန်ပိုင်းများ၌ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန် အရေးပေါ်ဝန်အားလျှော့ ထိန်းညှိခြင်းများဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်၊
ရပ်ကွက်နှင့် မြို့နယ်များတွင် ယာယီဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၃၀ကေဗွီ မြောင်းတကာပင်မဓာတ်အားခွဲရုံရှိ 230/33/11kV, (3×33.33)MVA Single Phase Transformer (B Phase)၏ 33kV Neutral Bushing မှ ဆီယိုစိမ့်မှုအား (၂၀.၂.၂၀၂၂) ရက်နေ့တွင် ( ၁၀:၀၀ ) နာရီ မှ( ၁၂:၀၀ ) နာရီ အထိယာယီဓာတ်အားပိတ်၍
ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုသို့လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြောင်းတကာတစ်မြို့နယ်လုံးနှင့် မှော်ဘီမြို့နယ်ရှိ နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ
လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးကိုအလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားပါတယ်။
crd-