သူတစ္ပါး အိမ္ေထာင္ကို ၿဖိဳခြဲခဲ့တဲ့သူ (သို႔) မယားငယ္ေတြ ခံစားရမယ့္ ပူေလာင္ျခင္း ဝဋ္(၅)မ်ိဳး…

သူတစ္ပါး အိမ္ေထာင္ကို ၿဖိဳခြဲခဲ့တဲ့သူ (သို႔) မယားငယ္ေတြ ခံစားရမယ့္ ပူေလာင္ျခင္း ဝဋ္(၅)မ်ိဳး…

ေလာကမွာ ေၾကာက္စရာအေကာင္းဆုံးနဲ႔ အယုတ္ညံ့ ဆုံးလုပ္ရပ္ေတြထဲမွာသူတစ္ပါး အိမ္ေထာင္ကိုၿဖိဳခြဲတာ လည္း တစ္ခုအပါအဝင္ ျဖစ္ပါတယ္ …။

ဒီလိုလူေတြက ယာယီေတာ့ ေပ်ာ္႐ႊင္ရမယ္ …။

ဒါေပမယ့္ ဘယ္ေတာ့မွ ၿငိမ္းခ်မ္းမႈ၊ ေပ်ာ္႐ႊင္မႈကိုရရွိမွာ မဟုတ္ပါဘူး သူတစ္ပါးမိသားစုကို ၿဖိဳခြဲတဲ့သူေတြ၊ ေဖာက္ျပန္တဲ့သူ ေတြခံစားရမယ့္ အရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္ …။

အားလုံးလည္း သတိထားဆင္ျခင္ႏိုင္ၾကပါေစေနာ္ …။

(၁) ပူေလာင္ျခင္း

သူတစ္ပါး အိမ္ေထာင္ကို ၿဖိဳခြဲတဲ့သူေတြနဲ႔ ေဖာက္ျပန္တဲ့ သူေတြ အၿမဲတမ္းခံစားေနရမယ့္ အရာကေတာ့ ပူေလာင္ ျခင္းပဲ ျဖစ္ပါတယ္ …။

သူတို႔ရင္ထဲမွာ ေနာင္တရသလိုလို၊ ေက်နပ္သလိုလို မွားေနသလိုလို၊ မွန္ေနျပန္သလိုလို

မေသခ်ာမေရရာ တဲ့ခံစားခ်က္ေတြ အမ်ိဳးမ်ိဳးျဖစ္ေနၿပီး ဘယ္ေတာ့မွ ေအးခ်မ္းရမွာ မဟုတ္ပါဘူး …။

တစ္ခါတေလ အလိုလိုေနရင္း ေဒါသေတြထြက္ ရႉးရႉး ရွားရွားေတြျဖစ္ၿပီးဘာေတြကို ေဒါသထြက္လို႔ ထြက္မွန္း မသိေအာင္ ကို

ပူေလာင္ၿပီး အ႐ူးတစ္ေယာက္လို ျဖစ္ေနမွာပါ …။

(၂) စိုးရိမ္ထိတ္လန႔္ျခင္း

ဒီလိုလူမ်ိဳးေတြရဲ႕ပတ္သက္မႈဟာ မတရားသျဖင့္ရရွိ ထားတဲ့ ပတ္သက္မႈ မ်ိဳးျဖစ္တာေၾကာင့္ အၿမဲတမ္း ပူပင္ေသာက ေရာက္ေနရမွာပါ …။

ဒါ့အျပင္ ဘယ္ေတာ့ဝဋ္ျပန္လည္မလဲ၊ ဘယ္ေတာ့မ်ား တျခားသူေနာက္ျပန္ပါသြားမလဲ …၊

ကိုယ့္ကိုယ္ဘယ္ေတာ့ ထားသြားမလဲဆိုၿပီး တစ္ခ်ိန္ လုံး စိုးရိမ္ေသာကေရာက္ေနရမွာပဲ ျဖစ္ပါတယ္ …။

ဒါ့အျပင္ ၾကာလာတဲ့အခါ သူတို႔ၾကားမွာနည္းနည္း ေလး ျပႆနာ ရွိလာတာနဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္အျပစ္တင္ၿပီး စိတ္ညစ္ၿပီးရင္း ညစ္လာရမွာပါေနာ္ …။

(၃) ဝဋ္လည္ျခင္း

ဝဋ္ဆိုတာက တကယ္ကိုလည္ပါတယ္။ ခုေခတ္မွာဆို ဝဋ္လည္တာ ပိုေတာင္ျမန္ပါေသးတယ္ …။

ဒါေၾကာင့္ ဒီလိုလူေတြဟာ သူတစ္ပါးကို မ်က္ရည္က်ေအာင္၊ ရင္ကြဲေအာင္၊ နာက်င္ေအာင္လုပ္ခဲ့သမွ် သူတို႔ ျပန္ခံစားရမွာပါ …။

သူတစ္ပါးမ်က္ရည္နဲ႔ တည္ေဆာက္ထားတဲ့ သူတို႔ေတြရဲ႕ ပတ္သက္မႈဟာ ဘယ္ေတာ့မွ ေပ်ာ္စရာေကာင္း လာမွာ မဟုတ္သလို

တစ္ခ်ိန္မွာ က်ိန္းေသေပါက္ ဝဋ္ျပန္လည္လာတဲ့ အခါက်ရင္ သူတို႔ကို ကူညီမယ့္သူ၊ သနားမယ့္သူ တစ္ေယာက္မွေတာင္ရွိမွာ မဟုတ္ပါဘူး …။

(၄) လူေတြရဲ႕အထင္အျမင္ေသးျခင္း

သူတစ္ပါး အိမ္ေထာင္ကို ၿဖိဳခြဲတဲ့သူ၊ ေဖာက္ျပန္တဲ့သူေတြဟာ ဘယ္ေလာက္ပဲ စည္းစိမ္ဥစၥာေတြရွိရွိ၊ ဘယ္ေလာက္ပဲ

ပညာအရည္အခ်င္းျမင့္ျမင့္ ဘယ္သူကမွသူတို႔ကို ေလးစားေတာ့မွမဟုတ္သလိုဘယ္သူကမွလည္း သူတို႔ကိုယုံၾကည္ေတာ့မွာ မဟုတ္ပါဘူး …။

သူတို႔ရဲ႕ စည္းစိမ္ဥစၥာ၊ နာမည္၊ ဂုဏ္ေၾကာင့္သာအေပၚယံေပါင္းခ်င္ေပါင္းမယ္၊ ဒါေပမယ့္ စိတ္ထဲမွာေတာ့သူတို႔ကို အထင္အျမင္အရမ္းေသးေနမွာ ျဖစ္ပါတယ္ …။

ဒုကၡေရာက္တဲ့ အခ်ိန္ေတြမွာေတာင္ ကူညီမယ့္သူ တစ္ေယာက္မွ ရွိမွာ မဟုတ္ပါဘူး …။

(၅) ေနာင္တတရား

သူတစ္ပါးရဲ႕အိမ္ေထာင္ကိုၿဖိဳခြဲတဲ့သူေတြနဲ႔ ေဖာက္ျပန္တဲ့သူေတြဟာ ေနာင္တတရားနဲ႔ အဆုံးသတ္ရေလ့ ရွိပါတယ္ …။

သူတို႔ရဲ႕ သားသမီးေတြရဲ႕ နာက်ည္းျခင္းကိုခံရတဲ့အခါ အရာအားလုံးကို ေနာင္တရၿပီး စစ္မွန္တဲ့ ေမတၱာတရားကို ေတာင့္တလာတဲ့အခါမွာဘယ္သူမွ သူတို႔အနားမွာရွိေတာ့မွာ မဟုတ္ပါဘူး …။

အရင္အခ်ိန္ေတြ၊ အရင္တုန္းကျဖဴစင္ခဲ့တဲ့ အတိတ္ေတြကိုဘယ္ေလာက္ပဲျပန္ လိုခ်င္လိုခ်င္ သူတို႔ကိုယ္တိုင္ကအမဲစက္ျဖစ္ေနတဲ့အတြက္ ဘယ္ေတာ့မွ ျပန္ၿပီးမျဖဴစင္ႏိုင္ေတာ့ပါဘူးေနာ္ …။ ။

ေလးစားလ်က္ ခ်စ္သမီးေလး

Unicode

သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲခဲ့တဲ့သူ (သို့) မယားငယ်တွေ ခံစားရမယ့် ပူလောင်ခြင်း ဝဋ်(၅)မျိုး…

လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ အယုတ်ညံ့ ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါး အိမ်ထောင်ကိုဖြိုခွဲတာ လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ် …။

ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ် …။

ဒါပေမယ့် ဘယ်တော့မှ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုရရှိမှာ မဟုတ်ပါဘူး သူတစ်ပါးမိသားစုကို ဖြိုခွဲတဲ့သူတွေ၊ ဖောက်ပြန်တဲ့သူ တွေခံစားရမယ့် အရာတွေကို ဖော်ပြပေးလိုက်ပါတယ် …။

အားလုံးလည်း သတိထားဆင်ခြင်နိုင်ကြပါစေနော် …။

(၁) ပူလောင်ခြင်း

သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့ သူတွေ အမြဲတမ်းခံစားနေရမယ့် အရာကတော့ ပူလောင် ခြင်းပဲ ဖြစ်ပါတယ် …။

သူတို့ရင်ထဲမှာ နောင်တရသလိုလို၊ ကျေနပ်သလိုလို မှားနေသလိုလို၊ မှန်နေပြန်သလိုလို

မသေချာမရေရာ တဲ့ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှ အေးချမ်းရမှာ မဟုတ်ပါဘူး …။

တစ်ခါတလေ အလိုလိုနေရင်း ဒေါသတွေထွက် ရှူးရှူး ရှားရှားတွေဖြစ်ပြီးဘာတွေကို ဒေါသထွက်လို့ ထွက်မှန်း မသိအောင် ကို

ပူလောင်ပြီး အရူးတစ်ယောက်လို ဖြစ်နေမှာပါ …။

(၂) စိုးရိမ်ထိတ်လန့်ခြင်း

ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှုဟာ မတရားသဖြင့်ရရှိ ထားတဲ့ ပတ်သက်မှု မျိုးဖြစ်တာကြောင့် အမြဲတမ်း ပူပင်သောက ရောက်နေရမှာပါ …။

ဒါ့အပြင် ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ ဘယ်တော့များ တခြားသူနောက်ပြန်ပါသွားမလဲ …၊

ကိုယ့်ကိုယ်ဘယ်တော့ ထားသွားမလဲဆိုပြီး တစ်ချိန် လုံး စိုးရိမ်သောကရောက်နေရမှာပဲ ဖြစ်ပါတယ် …။

ဒါ့အပြင် ကြာလာတဲ့အခါ သူတို့ကြားမှာနည်းနည်း လေး ပြဿနာ ရှိလာတာနဲ့ တစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်ပြီး စိတ်ညစ်ပြီးရင်း ညစ်လာရမှာပါနော် …။

(၃) ဝဋ်လည်ခြင်း

ဝဋ်ဆိုတာက တကယ်ကိုလည်ပါတယ်။ ခုခေတ်မှာဆို ဝဋ်လည်တာ ပိုတောင်မြန်ပါသေးတယ် …။

ဒါကြောင့် ဒီလိုလူတွေဟာ သူတစ်ပါးကို မျက်ရည်ကျအောင်၊ ရင်ကွဲအောင်၊ နာကျင်အောင်လုပ်ခဲ့သမျှ သူတို့ ပြန်ခံစားရမှာပါ …။

သူတစ်ပါးမျက်ရည်နဲ့ တည်ဆောက်ထားတဲ့ သူတို့တွေရဲ့ ပတ်သက်မှုဟာ ဘယ်တော့မှ ပျော်စရာကောင်း လာမှာ မဟုတ်သလို

တစ်ချိန်မှာ ကျိန်းသေပေါက် ဝဋ်ပြန်လည်လာတဲ့ အခါကျရင် သူတို့ကို ကူညီမယ့်သူ၊ သနားမယ့်သူ တစ်ယောက်မှတောင်ရှိမှာ မဟုတ်ပါဘူး …။

(၄) လူတွေရဲ့အထင်အမြင်သေးခြင်း

သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲတဲ့သူ၊ ဖောက်ပြန်တဲ့သူတွေဟာ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာတွေရှိရှိ၊ ဘယ်လောက်ပဲ

ပညာအရည်အချင်းမြင့်မြင့် ဘယ်သူကမှသူတို့ကို လေးစားတော့မှမဟုတ်သလိုဘယ်သူကမှလည်း သူတို့ကိုယုံကြည်တော့မှာ မဟုတ်ပါဘူး …။

သူတို့ရဲ့ စည်းစိမ်ဥစ္စာ၊ နာမည်၊ ဂုဏ်ကြောင့်သာအပေါ်ယံပေါင်းချင်ပေါင်းမယ်၊ ဒါပေမယ့် စိတ်ထဲမှာတော့သူတို့ကို အထင်အမြင်အရမ်းသေးနေမှာ ဖြစ်ပါတယ် …။

ဒုက္ခရောက်တဲ့ အချိန်တွေမှာတောင် ကူညီမယ့်သူ တစ်ယောက်မှ ရှိမှာ မဟုတ်ပါဘူး …။

(၅) နောင်တတရား

သူတစ်ပါးရဲ့အိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့သူတွေဟာ နောင်တတရားနဲ့ အဆုံးသတ်ရလေ့ ရှိပါတယ် …။

သူတို့ရဲ့ သားသမီးတွေရဲ့ နာကျည်းခြင်းကိုခံရတဲ့အခါ အရာအားလုံးကို နောင်တရပြီး စစ်မှန်တဲ့ မေတ္တာတရားကို တောင့်တလာတဲ့အခါမှာဘယ်သူမှ သူတို့အနားမှာရှိတော့မှာ မဟုတ်ပါဘူး …။

အရင်အချိန်တွေ၊ အရင်တုန်းကဖြူစင်ခဲ့တဲ့ အတိတ်တွေကိုဘယ်လောက်ပဲပြန် လိုချင်လိုချင် သူတို့ကိုယ်တိုင်ကအမဲစက်ဖြစ်နေတဲ့အတွက် ဘယ်တော့မှ ပြန်ပြီးမဖြူစင်နိုင်တော့ပါဘူးနော် …။ ။

လေးစားလျက် ချစ်သမီးလေး