ကိုယ့်ပိုက်ဆံတွေက ငွေစုတ်ငွေဆွေးတွေဖြစ်ကုန်လို့ သုံးမရတော့ဘူးလို့ ထင်နေသူများ ဒီစာကိုဖတ်ကြည့်ကြနော်…






ဖျက်ဆီး မပစ်ကြပါနဲ့။







ပြန်လဲ ပေးပါတယ်။





သွားလဲဖူးပါတယ်။










လေးစားစွာဖြင့်…


 

Unicode

တစ်ခုလောက် ပြောပြချင်တယ်

အကျိုးရှိမှာမို့ ဖတ်ကြည့်စေလိုပါတယ်။

မြို့နယ်အဆင့် ဘဏ်တွေ မှာ အဲ့ပုံပါအတိုင်း

ခြစား(ခြကိုက်)ငွေတွေကို သွားလဲရင် မရပါဘူး..

ဒါကို ဘဏ်ကလဲမပေးလို့ သုံးမရဘူးထင်ပြီး

ဖျက်ဆီး မပစ်ကြပါနဲ့။

ရန်ကုန် ဆူးလေအနီး လမ်း၃၀ အောက် ဘလောက် မှာရှိတဲ့

ဗဟိုဘဏ် ငွေစုတ်ငွေဆွေးလုပ်ငန်းခွဲ မှာ

တရားဝင် လဲလှယ်လို့ ရပါတယ်။

#သွေးစွန်း #မှင်စွန်း #မီးလောင် #ခြစား

#ဆီစွန်း #အပိုင်းပိုင်းပြတ်တဲ့ငွေတွေ ကို

သတ်မှတ်ထားတဲ့ စံညွှန်းနဲ့ကိုက်ညီရင်

ပြန်လဲ ပေးပါတယ်။

ဒါကို မသိပဲ မီးရှို့ဖျက်ဆီးပစ်လိုက် မယ် ဆိုရင်

နှမြောဖို့ ကောင်းပါတယ်။

ကျွန်တော်ကိုယ်တိုင် ဗဟိုဘဏ်

ငွေစုတ်ငွေဆွေး လုပ်ငန်းခွဲမှာ ၃ကြိမ်

သွားလဲဖူးပါတယ်။

မိမိပါတ်ဝန်းကျင်မှာ တွေ့ခဲ့ဆုံခဲ့မယ်ဆို ရင် ဖြင့်

ငွေဆုံးရှုံးမှု မဖြစ်ရလေအောင် ကူညီပြောပြပေးနိုင်ပါတယ်။

အစိုးရဘဏ်တွေ မှာ သာမာန် ငွေအစုတ် အဆွေးတွေ

ဗုဒ္ဓဟူးနေ့တိုင်း လဲလှယ်ပေးနေတာမို့

ငွေဆွေး ငွေစုတ် ရှိသူတိုင်း သွားလဲ လို့ ရပါတယ်။

ငွေအစုတ် အဆွေးများနှင့် မြို့နယ်အဆင့်

ဘဏ်ခွဲ များမှ လက် မခံသောငွေများအတွက်

သိလိုသည်များကို မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျာ..

facebook သုံးရင်း ကုသိုလ်ယူပါ

လေးစားစွာဖြင့်…

ကိုထိုက် ၊ 09449011247 ၊ ကော့ကရိတ်မြို့။