Source: Zar Chi Htay ‘ fb
Unicode
သရုပ်ဆောင်နဲ့ မော်ဒယ်လ် စူးရှထက်ကတော့ အဆိုတော်အစ္စဏီနဲ့ တရားရင်ဆိုင်ရင်းမှ လူသိများလာခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ စူးရှထက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက Radio Bar မှာ အဆိုတော်အိမ့်ချစ် သီချင်းဆိုတာကို Live လွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး အိမ့်ချစ်နဲ့ပြဿနာတက်ခဲ့ရတာပဲဖြစ်ပါတယ်။ စူးရှထက်ရဲ့ အပြောအရ အိမ့်ချစ်ဟာ သူတို့အချင်းချင်း နားလည်မှုလွဲပြီး ပြဿနာတက်တာကို မိဘတွေကိုပါဆွဲထည့်ပြီးပြောဆိုခဲ့တယ်ဆိုပြီး အခုလိုပဲပြောလာပါတယ်။
“ပွဲဖြစ်မှာဆိုးလို့ရှောင်နေတာ အခုကမရှင်းလို့မရတာ့ဘူး။ ဘားသွားပီဆိုမှ ပုတီးတော့သွားစိပ်တာမဟုတ်ဘူးလေ။ မူးနေတော့ ကိုယ့်ကြိုက်တဲ့ အဆိုတော်တွေ့ အမှတ်မထင် live လွင့်မိလိုက်တယ်။ ကျွန်မ လဲအဆဲခံရတာဘဲ ကျမဘက်ကမှားသလိုဖစ်သွားလို့တောင်းပန် လဲထားတယ်။ Live လဲဖျက်ပေးလိုက်တယ်မရည်ရွယ်ဘဲဖစ်သွားတဲ့ကိစ္စတစ်ခုကို အကျယ်ချဲ့ပီးပွဲရှာချင်တာလေ cb မှာလာပီး ”နင်တရားရင်ဆိုင်ဖူးတာတွေရော” ”မိဘဆုံးမရင်ပေါ့ဆို ပြီး ”မိဘတွေပါလာထိခိုက်တယ်။ ရန်ဖစ်ချင်တာလေ အော်ထားလိုက်ပါတော့ဆိုပီးစကားနည်း ရန်ဆဲ ဆက်မပြောချင်တော့လို့ blockလိုက်တယ်။”
“အမရေ သူတပါးအားနည်းချက် ကိုနိမ့်ချပြောဆိုပီး ငါကနိုင်ငံကျော်အဆိုတော် နာမည်ကြီးဘဲ ငါဆဲရင်ခံရမှာပေါ့ဆိုတဲ့ အထာနဲ့တော့ မလုပ်နဲ့ လူဆိုတာသီးခံနိုင်တာ အတိုင်းတာရှိတယ် ကျမဘဝကံကြမ္မာကြောင့် အခုလိုဖစ်ခဲ့တာက အမတို့နင်းချေစရာ နိမ့်စချစရာမဟုတ်ဘူး မြေနိမ့်ရာလှံမစိုက်ချင်နဲ့ရှင်။ ကျမကို -ာ လို့ပြောရအောင်လဲ ကျမ-ာလုပ်စားမစား ကျမအနားမှာရှိတဲ့ သူတွေနဲ့ ကျမပတ်ဝန်းကျင်သိတယ်။
အမပါးစပ်က အာလိုပြောထွက်တာ တော်တော် အံသြမိတယ် ဂွင်ကြုံ လို့သက်သက် နိမ့်ချပြောဆိုရအောင်လဲ ဘာရန်ငြိုးမှမရှိတာ။ အသိုင်းအဝိုင်းမရှိလို့ ပြောချင်ဆိုချင်တဲ့ လူတစ်စုကသပ်သပ်ရှိသေးတယ်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ့်ချစ်ဘက်က လူမှုကွန်ယက်စာမျက်နှာမှာ ဘာမှမပြောဆိုသေးပေမယ့် စူးရှထက်ကတော့ အိမ့ချစ်ဟာ သူမရဲ့ အားနည်းချက်ကို ထိုးနှက်ပြီးပြောဆိုတဲ့အပြင် မိဘတွေကိုပါ စော်ကားခဲ့ကြောင်းပြောလာတာပဲဖြစ်ပါတယ်။
Source: Zar Chi Htay ‘ fb
Credit ; Myanmar Celebrities