ေသာက္ေတာ္ေရကပ္လွဴရာမွာ သန္႔ရွင္းသပ္ရပ္စြာ ျပဳလုပ္ျပီးကပ္ေပမယ့္ လြဲမွားေနတဲ့ အလႊဲေလးေတြ…
“ဘုရားရွင္ကို ေသာက္ေတာ္ေရကပ္ရာမွာ သန႔္ရွင္းသပ္ရပ္စြာ ျပဳလုပ္ၿပီးကပ္တတ္ေပမယ့္ အလြဲေလးမ်ားရွိေနတဲ့ ဗုဒၶဘာသာဝင္မ်ား”
ဗုဒၶဘာသာဝင္မ်ားအတြက္ ဘုရားရွင္ကို ဆြမ္းကပ္တဲ့အခါ ဒါမွမဟုတ္ ေသာက္ေတာ္ေရကပ္တဲ့ အခါေတြမွာ သာမန္အားျဖင့္ သန္႔ရွင္းသပ္ရပ္ေအာင္ ျပဳလုပ္ၿပီး ကပ္ေလ႔ရိွတတ္ၾကပါတယ္ …။
ရဟန္းသံဃာေတာ္မ်ားကို ဆြမ္းကပ္တဲ့အခါလည္း အတတ္နိ ုင္ဆုံး ေကာင္းမြန္သန္႔ရွင္းေအာင္ ျပဳလုပ္ၿပီး ကပ္တတ္ၾကပါတယ္ …။
ဒါေပမဲ့ အဓိက အေရးႀကီးတာ မျပဳလုပ္ႏိုင္ၾကဘူး ျဖစ္ေနတယ္ …။
အဲဒါဘာလည္းဆိုေတာ့ ဘုရားရွင္ကိုပဲ ကပ္ ကပ္ ရဟန္းသံဃာေတာ္ကိုပဲ ကပ္ကပ္ ေသာက္ေတာ္ေရကို ေရစစ္ နဲ႔စစ္ၿပီး ကပ္ဖို႔ပါပဲ …။
(အခုေခတ္ေရသန႔္ဆိုေပမယ့္ ၂၀ liter ဘူးထဲက ေရက PH 7 ေရသန႔္ လုံးဝမေရာက္ေသးတဲ့ ရသန႔္တံဆိပ္ေတြ အမ်ားႀကီးပါ)
ဝိနည္းေတာ္မွာ ေရစစ္ နဲ႔ စစ္ၿပီး မကပ္ဘူးဆိုရင္ ေသာက္သုံးသူ ရဟန္းေတာ္မ်ားဟာ အာပတ္ သင့္ပါတယ္ …။
ဘုရားရွင္ကို ဖူးျမင္ဖို႔ ဂႏၲာရ ခရီးကို ျဖတ္လာတဲ့ ရဟန္းႏွစ္ပါးဟာ ေရကန္တခုကိုေတြ႕လို႔ တစ္ပါးကေသာက္ေပမဲ့ တပါးက ေရစစ္မပါတဲ့အတြက္ မေသာက္ပဲ ေနခဲ့လို႔ေရငတ္ၿပီး ပ်ံလြန္ေတာ္မူသြားတယ္ …။
အဲဒီအေၾကာင္းကို ဘုရားရွင္ဆီေရာက္လို႔ ေလွ်ာက္တင္တဲ့အခါ ဘုရားရွင္က ပ်ံလြန္ေတာ္မူသြားတဲ့ ကိုယ္ေတာ္ကို ဒါမွ ငါ့သားေတာ္ႀကီး ဆိုၿပီး ခ်ီးမြမ္းခဲ့ပါတယ္ …။
ဝိနည္းဆိုတာ ရဟန္းေတာ္မ်ားရဲ႕ အသက္ပါပဲ ဘုရားရွင္အၿမဲတမ္း ခ်ီးမြမ္းခဲ့ပါတယ္ ဒါ့ေၾကာင့္ မိမိတို႔ရဲ႕ အလွဴဒါန ကိုအေကာင္းဆုံးျဖစ္ဖို႔အတြက္ ဘုရားရွင္ကိုပဲ ကပ္ကပ္ ရဟန္းသံဃာေတာ္ကိုပဲ ကပ္ကပ္ ေရစစ္နဲ႔ ေရကိုစစ္ၿပီးမွ ကပ္ၾကပါလို႔ နိဗၺါန္အက်ိဳးေမွ်ာ္ ႏႈိးေဆာ္အပ္ပါတယ္ …။
ရဟန္းသံဃာေတာ္မ်ားအတြက္ ေရစစ္ဟာ မရွိမျဖစ္ ျဖစ္ပါတယ္ ရဟန္းသံဃာေတာ္မ်ားအတြက္ အိမ္သာ ထဲက ေရကိုသုံးတာေတာင္ ေရစစ္နဲ႔စစ္ၿပီးမွ သုံးရပါတယ္။ ေရစစ္နဲ႔ မစစ္ရင္ အာပတ္သင့္ပါတယ္ …။
ဒါ့ေၾကာင့္ ေက်ာင္းမ်ားကိုလည္း လွဴႏိုင္၊တန္းႏိုင္ၾကပါတယ္။ အသက္ရွည္ေစတဲ့ အလွဴ ၆ မ်ိဳးမွာ ေရတြင္း ေရကန္မလွဴႏိုင္ပါက ေရစစ္လွဴလို႔ ပါရွိပါတယ္ …။
ပရိကၡရာ ရွစ္ပါးမွာလည္း ေရစစ္ပါ ပါတယ္။ အသက္ရွည္ေစတဲ့ အလွဴျဖစ္ပါတယ္ …။
ဒါ့ေၾကာင့္ ဓမၼမိတ္ေဆြမ်ား ရဟန္းေတာ္မ်ားႏွင့္ အပ္စပ္ေသာ ေရစစ္ကို လွဴတမ္းျခင္းအားျဖင့္ အသက္လည္း ပိုရွည္ႏိုင္ပါေၾကာင္း သတင္းေကာင္း ပါးပါတယ္။ တပည့္လိမၼာရင္ ဆရာအာပတ္လြတ္ဆိုတာ ဓမၼမိတ္ေဆြမ်ား သေဘာေပါက္နိ ုင္ၾကပါေစ …။ ။
မူရင္း ေရးသားသူကို ေလးစားစြာ
Unicode
သောက်တော်ရေကပ်လှူရာမှာ သန့်ရှင်းသပ်ရပ်စွာ ပြုလုပ်ပြီးကပ်ပေမယ့် လွဲမှားနေတဲ့ အလွှဲလေးတွေ…
“ဘုရားရှင်ကို သောက်တော်ရေကပ်ရာမှာ သန့်ရှင်းသပ်ရပ်စွာ ပြုလုပ်ပြီးကပ်တတ်ပေမယ့် အလွဲလေးများရှိနေတဲ့ ဗုဒ္ဓဘာသာဝင်များ”
ဗုဒ္ဓဘာသာဝင်များအတွက် ဘုရားရှင်ကို ဆွမ်းကပ်တဲ့အခါ ဒါမှမဟုတ် သောက်တော်ရေကပ်တဲ့ အခါတွေမှာ သာမန်အားဖြင့် သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်ပြီး ကပ်လေ့ရှိတတ်ကြပါတယ် …။
ရဟန်းသံဃာတော်များကို ဆွမ်းကပ်တဲ့အခါလည်း အတတ်နိုင်ဆုံး ကောင်းမွန်သန့်ရှင်းအောင် ပြုလုပ်ပြီး ကပ်တတ်ကြပါတယ် …။
ဒါပေမဲ့ အဓိက အရေးကြီးတာ မပြုလုပ်နိုင်ကြဘူး ဖြစ်နေတယ် …။
အဲဒါဘာလည်းဆိုတော့ ဘုရားရှင်ကိုပဲ ကပ် ကပ် ရဟန်းသံဃာတော်ကိုပဲ ကပ်ကပ် သောက်တော်ရေကို ရေစစ် နဲ့စစ်ပြီး ကပ်ဖို့ပါပဲ …။
(အခုခေတ်ရေသန့်ဆိုပေမယ့် ၂၀ liter ဘူးထဲက ရေက PH 7 ရေသန့် လုံးဝမရောက်သေးတဲ့ ရသန့်တံဆိပ်တွေ အများကြီးပါ)
ဝိနည်းတော်မှာ ရေစစ် နဲ့ စစ်ပြီး မကပ်ဘူးဆိုရင် သောက်သုံးသူ ရဟန်းတော်များဟာ အာပတ် သင့်ပါတယ် …။
ဘုရားရှင်ကို ဖူးမြင်ဖို့ ဂန္တာရ ခရီးကို ဖြတ်လာတဲ့ ရဟန်းနှစ်ပါးဟာ ရေကန်တခုကိုတွေ့လို့ တစ်ပါးကသောက်ပေမဲ့ တပါးက ရေစစ်မပါတဲ့အတွက် မသောက်ပဲ နေခဲ့လို့ရေငတ်ပြီး ပျံလွန်တော်မူသွားတယ် …။
အဲဒီအကြောင်းကို ဘုရားရှင်ဆီရောက်လို့ လျှောက်တင်တဲ့အခါ ဘုရားရှင်က ပျံလွန်တော်မူသွားတဲ့ ကိုယ်တော်ကို ဒါမှ ငါ့သားတော်ကြီး ဆိုပြီး ချီးမွမ်းခဲ့ပါတယ် …။
ဝိနည်းဆိုတာ ရဟန်းတော်များရဲ့ အသက်ပါပဲ ဘုရားရှင်အမြဲတမ်း ချီးမွမ်းခဲ့ပါတယ် ဒါ့ကြောင့် မိမိတို့ရဲ့ အလှူဒါန ကိုအကောင်းဆုံးဖြစ်ဖို့အတွက် ဘုရားရှင်ကိုပဲ ကပ်ကပ် ရဟန်းသံဃာတော်ကိုပဲ ကပ်ကပ် ရေစစ်နဲ့ ရေကိုစစ်ပြီးမှ ကပ်ကြပါလို့ နိဗ္ဗါန်အကျိုးမျှော် နှိုးဆော်အပ်ပါတယ် …။
ရဟန်းသံဃာတော်များအတွက် ရေစစ်ဟာ မရှိမဖြစ် ဖြစ်ပါတယ် ရဟန်းသံဃာတော်များအတွက် အိမ်သာ ထဲက ရေကိုသုံးတာတောင် ရေစစ်နဲ့စစ်ပြီးမှ သုံးရပါတယ်။ ရေစစ်နဲ့ မစစ်ရင် အာပတ်သင့်ပါတယ် …။
ဒါ့ကြောင့် ကျောင်းများကိုလည်း လှူနိုင်၊တန်းနိုင်ကြပါတယ်။ အသက်ရှည်စေတဲ့ အလှူ ၆ မျိုးမှာ ရေတွင်း ရေကန်မလှူနိုင်ပါက ရေစစ်လှူလို့ ပါရှိပါတယ် …။
ပရိက္ခရာ ရှစ်ပါးမှာလည်း ရေစစ်ပါ ပါတယ်။ အသက်ရှည်စေတဲ့ အလှူဖြစ်ပါတယ် …။
ဒါ့ကြောင့် ဓမ္မမိတ်ဆွေများ ရဟန်းတော်များနှင့် အပ်စပ်သော ရေစစ်ကို လှူတမ်းခြင်းအားဖြင့် အသက်လည်း ပိုရှည်နိုင်ပါကြောင်း သတင်းကောင်း ပါးပါတယ်။ တပည့်လိမ္မာရင် ဆရာအာပတ်လွတ်ဆိုတာ ဓမ္မမိတ်ဆွေများ သဘောပေါက်နိုင်ကြပါစေ …။ ။
မူရင်း ရေးသားသူကို လေးစားစွာ