မင်းမရှိလဲ နှင်းဆီအငြိမ့်ဖွဲ့က အေးဆေးဘဲလို့ ပြောလာတဲ့ နှင်းဆီအဖွဲ့ဝင်တစ်ဦး သရုပ်ဆောင် ကျော်ကျော်ဗိုလ်….






Unicode

စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို မိသားစုလိုက်ရွေးချယ်သွားခဲ့တဲ့ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ မင်းမော်ကွန်းက နှင်းဆီအငြိမ့်အဖွဲ့ကနေ တရားဝင်နှုတ်ထွက်လိုက်တယ်ဆိုတဲ့သတင်းဟာ မှန်ကန်တယ်လို့ ကိုရဲမင်း(AAC) က ၎င်းကိုယ်တိုင်အသုံးပြုတဲ့ ဖေ့ဘွတ်စ်စာမျက်နှာမှာ ဖေဖော်ဝါရီလ (၉) ရက်၊ ညပိုင်းမှာ အတည်ပြုဖော်ပြခဲ့ပါတယ်။

ချစ်ခြင်းမုန်းခြင်းမရှိအမြင်မတူ ခံယူချက်ခြင်းမတူလို့ နှုတ်ထွက်သွားတဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး နှင်းဆီအငြိမ့် အဖွဲ့သားတစ်ဦးဖြစ်သူ ကျော်ကျော်ဗိုလ်တစ်ယေက် ဘယ်လိုတုန့်ပြန်လာလဲ ဆိုတာကို ပရိတ်သတ်တစ်ဦိးက ခုလို ပြောပြလာပါတယ်နော်။

နှင်းဆီအငြိမ့်အဖွဲ့မှ မင်းမော်ကွန်းပြောခဲ့တာ ချစ်ခြင်းမုန်းခြင်းတွေမပါဘူး ခံယူချက် ဦးတည်ချက်ချင်းမတူလို့ နှုတ်ထွက်သွားတယ်လို့ ပြောတယ်။ အဖွဲ့သားဖြစ်ခဲ့သည့် တဦးတယောက်ကိုမျှ စော်ကားသည့် အပြုအမူမျိုး မမြင်တွေ့ခဲ့ရဘူး။

ကျော်ကျော်ဗိုလ်ပြန်ပြောတာ မင်းမော်ကွန်းမပါလို ပိုပြီးထူးခြားမလာဘူး၊ ပြောင်းလဲမသွားဘူး။ ကျန်တဲ့အဖွဲ့ဝင်တွေက တစ်ဦးမှ နှုတ်ထွက်မှာ မဟုတ်ဘူး။ ပုဂ္ဂလိကဆုံးဖြတ်ချက်ကို အဖွဲ့ဝင်အားလုံးကိုယ်စား ဆုံးဖြတ်ပေးနိုင်လောက်အောင်နှင်းဆီခေါင်းကိုင် ဖခင်ကြီး မောင်မျိုးမင်းရဲ့ နဖူးကိုတံတွေးဆွတ်လိုက်ပြီ ထင်ရဲ့ ကျော်ကျော်ဗိုလ်ရဲ့တုန့်ပြန်စကားထဲမှာ ဒေါသတွေမာနတွေ မလိုတမာစိတ်ထားတွေကို အတိုင်းသားမြင်နေရတယ်။

အစဉ်အလာကြီးမားခဲ့တဲ့ ဖိုးအေဖြစ်သူ ရွှေမန်းတင်မောင်မျက်နှာကို မစင်ထုပ်နဲ့ ကောက်ပေါက်လိုက်သလိုပါပဲ တနည်းပြောရရင် ဇတ်သူဇတ်သားများကိုပက်ပက်စက်စက်ပြောဆိုဝေဖန်တဲ့ စကားတခွန်းဖြစ်တဲ့..ဖက်ခွက်စား ဆိုတဲ့သရုပ်သဏ္ဍန်ကို ပေါ်လွင်အောင် ကျော်ကျော်ဗိုလ်က အတည်ပြုပေးလိုက်သလိုပါပဲ။ မြင်မိ..ခံစားမိသည့်အတိုင်း။