ဖြစ်မှဖြစ်ရလေ ဗျာစိတ်တောင်မကောင်းဘူး KTVသွားတဲ့ ဒုရဲအုပ် တစ်ယောက် ကောင်မလေးလုရင်း

ျဖစ္မွျဖစ္ရေလ ဗ်ာစိတ္ေတာင္မေကာင္းဘူး KTVသြားတဲ့ ဒုရဲအုပ္ တစ္ေယာက္ ေကာင္မေလးလုရင္း…

ဧရာဝတီတိုင္း ေညာင္တုန္းၿမိဳ႕မွာရွိတဲ့ မန္းေကသီစားေသာက္ဆိုင္က KTV ရဲတစ္ဦး ေကာင္မေလးလုရင္း ဓားထိုးခံရၿပီး ေသဆုံးသြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေညာင္တုန္းၿမိဳ႕နယ္ ဗိုလ္ျမတ္ထြန္းတံတားအဆင္းမွာရွိတဲ့ မန္းေကသီစားေသာက္ဆိုင္မွာ ေဖေဖၚဝါရီလ ၁၅ရက္ေန႔ ည၈နာရီခန္႔မွာ

အရက္ေသာက္စားထားတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြ အဖြဲ႕နဲ႔ အရပ္သားတစ္ဖြဲ႕ KTVအခန္းဝင္ဖို႔ ေကာင္မေလးလုၾကရင္း ခိုက္ရန္ျဖစ္ပြားကာ ဒုရဲအုပ္ ေအာင္သူဆိုသူ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

“ဆိုင္က အေရွ႕မွာက စားေသာက္ဆိုင္ ေဘးမွာက KTVနဲ႔ မာဆက္ဖြင့္ထားတယ္၊ အရပ္စကားေျပာရရင္ အစုံရတယ္ေပါ့၊

အဲ့ဆိုင္က ရဲတစ္ေယာက္ရွယ္ယာနဲ႔ ဖြင့္ထားတာ၊ အခန္းဝင္ဖို႔ ေစာ္လုရင္း ထခ်တာကေန ရဲေသသြားတာ၊ ဓားနဲ႔လည္းထိုးၿပီးေရာ အကုန္ကားေမာင္းၿပီး ထြက္ေျပးသြားၾကတာကို

ရဲေတြက အေနာက္ကေန ေသနတ္နဲ႔လိုက္ၿပီးဖမ္းတာ ႀကိမ္ပင္ဆယ္နားမွာ မိတယ္လို႔ ၾကားတယ္၊ တစ္ေယာက္က ေသနတ္ဒဏ္ရာရသြားၿပီး သူတို႔ကိုလုပ္ရမလားဆိုၿပီး ႐ိုက္ႏွက္ၾကတယ္လို႔ ၾကားတယ္”လို႔ ေဒသခံတစ္ဦးကေျပာပါတယ္။

ဧရာဝတီတိုင္းအတြင္းမွာ ကိုဗစ္ေရာဂါကူးစက္ပ်ံ႕ပြားမႈေတြ ေန႔စဥ္မ်ားျပားလာေနခ်ိန္မွာ စစ္အုပ္စုဟာ KTVေတြ မာဆက္ေတြကို ဖြင့္လွစ္ခိုင္းထားၿပီး ကိုဗစ္ကာကြယ္ကုသႏိုင္ေရးကို မ်က္ကြယ္ျပဳထားေနၾကပါတယ္။

DeltaNewsAgency

Unicode

ဖြစ်မှဖြစ်ရလေ ဗျာစိတ်တောင်မကောင်းဘူး KTVသွားတဲ့ ဒုရဲအုပ် တစ်ယောက် ကောင်မလေးလုရင်း…..

ဧရာဝတီတိုင်း ညောင်တုန်းမြို့မှာရှိတဲ့ မန်းကေသီစားသောက်ဆိုင်က KTV ရဲတစ်ဦး ကောင်မလေးလုရင်း ဓားထိုးခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်းတံတားအဆင်းမှာရှိတဲ့ မန်းကေသီစားသောက်ဆိုင်မှာ ဖေဖေါ်ဝါရီလ ၁၅ရက်နေ့ ည၈နာရီခန့်မှာ

အရက်သောက်စားထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အဖွဲ့နဲ့ အရပ်သားတစ်ဖွဲ့ KTVအခန်းဝင်ဖို့ ကောင်မလေးလုကြရင်း ခိုက်ရန်ဖြစ်ပွားကာ ဒုရဲအုပ် အောင်သူဆိုသူ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“ဆိုင်က အရှေ့မှာက စားသောက်ဆိုင် ဘေးမှာက KTVနဲ့ မာဆက်ဖွင့်ထားတယ်၊ အရပ်စကားပြောရရင် အစုံရတယ်ပေါ့၊

အဲ့ဆိုင်က ရဲတစ်ယောက်ရှယ်ယာနဲ့ ဖွင့်ထားတာ၊ အခန်းဝင်ဖို့ စော်လုရင်း ထချတာကနေ ရဲသေသွားတာ၊ ဓားနဲ့လည်းထိုးပြီးရော အကုန်ကားမောင်းပြီး ထွက်ပြေးသွားကြတာကို

ရဲတွေက အနောက်ကနေ သေနတ်နဲ့လိုက်ပြီးဖမ်းတာ ကြိမ်ပင်ဆယ်နားမှာ မိတယ်လို့ ကြားတယ်၊ တစ်ယောက်က သေနတ်ဒဏ်ရာရသွားပြီး သူတို့ကိုလုပ်ရမလားဆိုပြီး ရိုက်နှက်ကြတယ်လို့ ကြားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ကိုဗစ်ရောဂါကူးစက်ပျံ့ပွားမှုတွေ နေ့စဉ်များပြားလာနေချိန်မှာ စစ်အုပ်စုဟာ KTVတွေ မာဆက်တွေကို ဖွင့်လှစ်ခိုင်းထားပြီး ကိုဗစ်ကာကွယ်ကုသနိုင်ရေးကို မျက်ကွယ်ပြုထားနေကြပါတယ်။

DeltaNewsAgency