တိပိဋကဘွဲ့ရဖို့……..ဘယ်လိုကြိုးစား အားထုတ်ရတယ်ဆိုတာ

တိပိဋကဘွဲ့ရဖို့……..ဘယ်လိုကြိုးစား အားထုတ်ရတယ်ဆိုတာ (ဗုဒ္ဓ ဝိဟာရ) ဆရာတော် သိစေချင် မြင်စေချင် ဖတ်စေချင်လို့ ကူးယူဖေါ်ပြခြင်းပါ စာဖတ်သူ ဓမ္မမိတ်ဆွေ အပေါင်းတို့….

အထူးသဖြင့် ပညာမာန်တက်နေတဲ့ လူငယ်များနဲ့ ဓမ္မစာပေကို အလေးအနက် မထားသူများအတွက် ရှင်းပြခြင်းပါ။စစ်ကိုင်း တ်ိပိဋက ဆရာတော် ပျံလွန်တော်မူတော့ ပိဋကတ်သုံးပုံ ဘယ်လို အာဂုံဆောင်ရတယ်၊ဘယ်လို ရေးဖြေရတယ် ဆိုတာ သိချင်တဲ့သူလည်း ရှိမှာပေါ့။ ပိဋကတ်သုံးပုံဆိုတာ စာအုပ်အကြီးကြီးတွေ အုပ်ရေ ၄၀ ရှိပါတယ်။အဲဒီထဲက ပြဋ္ဌာန်းစာတွေကို အလွတ်ကျက်ပြီး အလွတ်ပြန်ရတာကို အာဂုံဆောင်တယ်လို့ ခေါ်ပါတယ်။

အာဂုံပြန်တဲ့အခါ စာတွေက များတော့ ရက်ရှည်ကြီး ပြန်ရတာပေါ့။ ထစ်အ ထစ်အ လုပ်လို့ မရဘူး။ ရှေ့ကရော၊ဘေးကရော၊စာအုပ်ကြီးကိုင်ပြီး စစ်နေတဲ့ ဆရာတော်ကြီးတွေရှိတယ်။ စာပြန်ရင်း မေ့သွားရင် အဲဒီဆရာတော်ကြီးတွေက နည်းနည်းထောက်ပေးတယ်။ အစ ဖော်ပေးတယ်ပေါ့လေ။အဲ…ဒါပေမယ့် တစ်နေ့တည်း (၅)ခါထောက်ရရင် စာမေးပွဲ ကျပြီ။ဆက်မဖြေနဲ့တော့။အဲ.. ထောက်ရတာ တော့ ၅ ခါ မပြည့်သေးပါဘူး။ဥပမာ ၃ ခါပဲ ထောက်ရသေးတယ် ဆိုပါတော့။စဉ်းစားနေတာ ၁ မိနစ်ကျော်ရင်လည်း စာမေးပွဲကျပြီ။အကြာကြီး စဉ်းစားနေလို့ မရဘူး။

အာဂုံအောင်ရင် ရေးဖြေ စာမေးပွဲ ကျန်သေးတယ်။ရေးဖြေရဲ့ အောင်မှတ်က တို့ကျောင်းတွေလို ၄၀ ရရင် အောင်တယ် မမှတ်နဲ့။ ၇၅ မှတ်ရမှ အောင်တာ။ ဂုဏ်ထူးမှတ်က ၈၅ မှတ်။ဝိနည်း ပိဋကတ်ကိုအာဂုံဖြေရတာက စာမျက်နှာပေါင်း ၂၂၆၀ ကို ၁၅ ရက် ပြန်ရတယ်။သုတ္တန် ပိဋကတ်က. စာမျက်နှာ ၇၇၉ မျက်နှာကို ၉ ရက်ပြန်ရတယ်။အဘိဓမ္မာ ပိဋကတ်ကတော့ အများဆုံးပဲ။ရှေ့ပိုင်း စာမျက်နှာပေါင်း ၁၃၉၀ ကို ၁၁ ရက်၊နောက်ပိုင်း စာမျက်နှာပေါင်း ၃၅၅၁ ကို ၁၈ရက် ပြန်ရတယ်။

စာပြန်ချိန်ကလည်း တစ်နေ့ကို ၉ ချိန် ပြန်ရတာ။မနက်ပိုင်း ၄ ချိန်၊ ညနေပိုင်း ၅ချိန်ပြန်ရတာ။ တစ်နေ့ တစ်နေ့ကို ပျမ်းမျှ စာမျက်နှာ ၃၀၀ ကျော် ပြန်ရတာပေါ့။ကြားထဲမှာ ပိတ်ရက်မရှိဘူးနော်။ညနေ စာပြန်ပြီး ကျောင်းပြန်ရောက်ရင် မနက်ဖြန် ပြန်ရမယ့် စာမျက်နှာ ၃၀ဝ စာ ပြန်ကြည့် ပြန်နွှေးရတာနဲ့ အိပ်ချိန် ၂နာရီခွဲလောက်ပဲ ရှိတယ်တဲ့။အခုပြောနေတာ အာဂုံပဲ ရှိသေးတယ်။ရေးဖြေကလည်း အကြာကြီး ရက်ရှည် လ ချီ ဖြေရတာ။ဒါကြောင့် ပိဋကတ်စာမေးပွဲက ကမ္ဘာပေါ်မှာ ရက်အကြာဆုံး စာမေးပွဲ ပါ။

မင်းကွန်းဆရာတော်ကြီးရဲ့ အောင်မှတ်တွေကိုလည်း.ကြည်ညိုဖွယ်ရာ ဖတ်လိုက်ကြပါဦးနော်။

“#ပထမဆုံး_တိပိဋကဓရ”

(၁)တိပိဋကစာမေးပွဲ စတင်ကျင်းပခဲ့တဲ့ ၁၉၄၈ ခုနှစ်ကနေ စပြီး ဒီနေ့ဒီအချိန်ထိ “တိပိဋကဓရ တိပိဋကကောဝိဒ” ဘွဲ့တံဆိပ်တော်ရ #သုတဗုဒ္ဓဆရာတော် ၁၅ ပါး ပေါ်ထွန်းခဲ့ပြီး ဖြစ်ပါတယ်။

ပထမဦးဆုံး (အာဒိကမ္မိက) တိပိဋကဆရာတော်က “မင်းကွန်းဓမ္မနာဒဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ” ဖြစ်ပြီး ၁၉၅၃ ခုနှစ်၊ (၆) ကြိမ်မြောက် တိပိဋကရွေးချယ်ရေးစာမေးပွဲမှာ အောင်မြင်တော်မူခဲ့တာပါ။

ဆရာတော်ဘုရားဟာ တိပိဋကစာမေးပွဲမဖြေခင်ကတည်းက #ပထမကျော်၊ #သာသနဓဇသိရီပဝရဓမ္မာစရိယ၊ သကျသီဟအဘိဝံသဘွဲ့တွေ ရထားပြီး ဖြစ်တဲ့အပြင် မြန်မာပြည်သာသနာ့သမိုင်းမှာ ပထမဆုံးဖြစ်တဲ့ “#သကျသီဟ_ဝဋံသကာ” ဘွဲ့ကိုလည်း ထူးထူးခြားခြား ရရှိတော်မူထားတာကြောင့် “အာဒိကမ္မိက ဝဋံသကာ” ကြီးလည်း ဖြစ်နေပြန်ပါသေးတယ်။ရန်ကုန်မြို့၊ စေတိယင်္ဂဏအသင်းကြီးက ဆက်ကပ်တဲ့ “#အဋ္ဌကထာပြန်အကျော်” ဘွဲ့တွေကိုလည်း ရရှိထားတာကြောင့် အင်မတန် ထူးခြားလှတဲ့ သာသနာ့အာဇာနည်ဆရာတော် ဖြစ်နေပါတယ်။

(၂) တိပိဋကစာမေးပွဲအကြောင်းကို အရင်ပြောပြရပါဦးမယ်။ တိပိဋကစာမေးပွဲမှာ (၁) အာဂုမ်စာမေးပွဲနဲ့ (၂) သဘောရေးဖြေစာမေးပွဲ ဆိုပြီး ၂ ပိုင်းရှိပါတယ်။ ပြဋ္ဌာန်းကျမ်းစာတွေကတော့ -(၁) ဝိနည်း ၅ ကျမ်း (စာမျက်နှာ ၂၂၆၀) (၂) အဘိဓမ္မာ ၇ ကျမ်း (စာမျက်နှာ ၄၉၄၁) (၃) သုတ္တန်ပိဋကထဲက ဒီဃနိကာယ် ၃ ကျမ်း (စာမျက်နှာ ၇၇၉)- ဆိုပြီး စုစုပေါင်း စာမျက်နှာပေါင်း ၇၈၆၅ မျက်နှာ (အုပ်ရေ ၂၀) ဖြစ်ပါတယ်။မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်နဲ့ ခုဒ္ဒကနိကာယ် (သုတ္တန်ပိုင်း) တွေကိုတော့ မဖြစ်မနေ ဖြေဆိုစရာ မလိုပါဘူး။ ပိဋကသုံးပုံဟာ စုစုပေါင်း အုပ်ရေ ၄၀ ရှိပေမယ့် တိပိဋကစာမေးပွဲမှာ သင်ရိုးပိဋကအနေနဲ့ အုပ်ရေ ၂၀ ကိုသာ ပြဋ္ဌာန်းထားပါတယ်။

“#အာဂုမ်စာမေးပွဲ” ကို ဘယ်လိုကျင်းပသလဲ ?

“အာဂုမ်” စာမေးပွဲဆိုတာ -၁) “ဘယ်စာပုဒ်ကို အစအဆုံး အကုန်ပြန်ပြပါ” ၂) “ဒီစာပုဒ်ရဲ့ ရှေ့နားက စာပုဒ်ကို ပြန်ပြပါ”၃) “ဒီစာပုဒ်ရဲ့ နောက်နားက စာပုဒ်ကို ပြန်ပြန်ပါ”- စသည်ဖြင့် ပြဋ္ဌာန်းကျမ်းစာတွေကို ခရေစေ့တွင်းကျ မေးမြန်းတာဖြစ်ပါတယ်။ စာပြန်သံဃာက ပါးစပ်နဲ့ ပြန်ဖြေတာကို စာထောက်စာမဘုန်းကြီးက နားနဲ့ နားထောင်ရတာကြောင့် “ဂ” နဲ့ “ဃ”၊ “ဇ” နဲ့ “ဈ”၊ “ဋ” နဲ့ “တ”၊ “ဌ” နဲ့ “ထ”၊ “ဍ” နဲ့ “ဒ”၊ “ဎ” နဲ့ ဓ”၊ “ဏ” နဲ့ “န”၊ “ဗ” နဲ့ “ဘ”၊ “လ” နဲ့ “ဠ” အသံမကွဲပြားပါဘူး။ ရောပြီး လုံးချလိုက်လို့ ရပါတယ်။

မင်းကွန်းဆရာတော်ကတော့ ဒီလိုမျိုး မဟုတ်ဘဲ အသံတော်က ကြည်လင်ပြတ်သားပြီး ကြည်ညိုစရာ သာယာနာပျော်ဖွယ်ကောင်းပါတယ်။ စာပြန်ပွဲကျင်းပတဲ့ ရက်တိုင်းလိုလို စာနာတဲ့ ပရိသတ်ကလည်း အင်မတန်စည်ကားပြီး အုန်းအုန်းသဲသဲ တစ်ခဲနက် ဖြစ်နေခဲ့တာပေါ့။ သမ္မတကြီး စပ်ရွှေသိုက်၊ ဇာတ်ဆရာကြီး ဂရိတ်ဦးဖိုးစိန်တို့ဆိုရင် အမြဲလိုလို စာလာနာတတ်ကြပါတယ်။

အာဂုမ်ဖြေတဲ့နေရာမှာ တစ်ရက်ကို ၅ ကြိမ်လောက်ပဲ မှားခွင့်၊ စာထောက်ခွင့် ရှိပါတယ်၊ ဒီထက်ပိုရင် အကျအဖြစ် သတ်မှတ်ပါတယ်။ မင်းကွန်းဆရာတော်ကတော့ အာဂုမ်ပြန်ရာမှာ သင်ရိုးပိဋက ၂၀ အုပ်လုံးကို တစ်လုံးတစ်ပါဒမှ မမှားယွင်းဘဲ ပြန်ဆိုနိုင်ခဲ့တာကြောင့် “ဝိသိဋ္ဌတိပိဋကဓရ” ဆိုတဲ့ ဘွဲ့ထူးကိုလည်း ရရှိတော်မူပါတယ်။

ယနေ့ထိ တိပိဋကဆရာတော် ၁၅ ပါးထဲမှာ “ဝိသိဋ္ဌတိပိဋကဓရ” ဘွဲ့ရ ၂ ပါးသာရှိပါတယ်၊ မင်းကွန်းဆရာတော်နဲ့ ဒုတိယတိပိဋကဓရ ပခုက္ကူဆရာတော် အရှင်နေမိန္ဒတို့ပဲ ဖြစ်ပါတယ်။အာဂုမ်ပြန်နိုင်လို့ အလွတ်ရထားတော့ ဘာအကျိုးရှိသလဲဆိုရင် ဘယ်နေရာရောက်ရောက် စာအုပ်လှန်နေစရာ မလိုဘူးပေါ့၊ လွယ်လွယ်ကူကူနဲ့ လိုချင်တဲ့ စာပိုဒ်ကို ဉာဏ်နဲ့ ရှာနိုင်ပါတယ်။ ပြီးတော့ အခု ကျက်မှတ်ပြန်ဆိုနေတဲ့ စာတွေကလည်း အရပ်ထဲက (သံသရာအကျိုး တစ်စွန်းတစ်စမှ မရှိတဲ့) လောကီစာပေတွေ မဟုတ်ပါဘူး။

သဗ္ဗညုဘုရားရှင်ရဲ့ ရွှေနှုတ်တော်ထွက် တရားဓမ္မက္ခန်တွေ ဖြစ်ရုံသာမက နိဗ္ဗာန်ဆိုတဲ့ အမြတ်ဆုံး ပန်းတိုင်ကိုပါ လမ်းညွှန်ပြနိုင်တဲ့ အထက်တန်းပရိယတ်တရားတွေ ဖြစ်တာကြောင့် ရွတ်လိုက်တိုင်း ရွတ်လိုက်တိုင်း ကုသိုလ်စိတ်တွေ တိုးဖို့ပဲ ရှိပါတယ်။ ဘုရားနှုတ်တော်ထွက် စာတွေကို ခဏခဏ ရွတ်အံသရဇ္ဈာယ်နေရတဲ့ ပါးစပ်ဟာလည်း လောကမှာရှိသမျှ ပါးစပ်တကာထဲမှာ အဖိုးအတန်ဆုံး ပါးစပ်ပဲပေါ့။

အာဂုမ်စာမေးပွဲ အောင်မြင်ပြီးမှ “#သဘောရေးဖြေစာမေးပွဲ” ကို ဖြေဆိုခွင့်ရှိပါတယ်။ သဘောရေးဖြေစာမေးပွဲဆိုတာ အာဂုမ်ပြန်ထားတဲ့ ပါဠိတော်၊ အဲဒီပါဠိတော်ရဲ့ အဋ္ဌကထာ၊ ဋီကာ၊ မူလဋီကာ၊ အနုဋီကာ၊ မဓုဋီကာ၊ ယောဇနာ၊ နိဿယ၊ ဂဏ္ဌိ၊ အနုဂဏ္ဌိ၊ ဝိနိစ္ဆယ အစရှိတဲ့ ကျမ်းဂန်အစုံစုံမှာ လာတဲ့ ခဲရာခဲဆစ် အဖုအထစ်မျိုးစုံကို စာနဲ့ရေးပြီး ဖြေဆိုရတာ ဖြစ်ပါတယ်။ (စာနဲ့ရေးရတာဆိုတော့ အာဂုမ်ပြန်တုန်းကလို မပီကလာ ပီကလာနဲ့ ဖြန်းချ ဖြီးချလို့ မရတော့ဘူးပေါ့)

ရေးဖြေဖြေဆိုရာမှာ (၇၅) မှတ်ပြည့်မှ အောင်မြင်ပါတယ်၊ (၈၅) မှတ်ရမှ ဂုဏ်ထူးနဲ့အောင်ပါတယ်။ မင်းကွန်းဆရာတော်ဘုရားကတော့ ဘာသာရပ်တိုင်းကို ဂုဏ်ထူးနဲ့ချည်းအောင်မြင်တာကြောင့် “မဟာတိပိဋကကောဝိဒ” ဆိုတဲ့ ဘွဲ့ထူးကိုလည်း ရရှိတော်မူပါတယ်။တိပိဋကဆရာတော်တွေထဲမှာ သင်ရိုးပိဋကအကုန်လုံးကို ရေးဖြေဂုဏ်ထူးရထားတဲ့ ဆရာတော်ဆိုလို့ “မင်းကွန်းဆရာတော်” တစ်ပါးတည်းသာ ရှိပါတယ်။

(၃)ဆရာတော်ဘုရားဟာ သက်တော် ၃၈ နှစ်လောက်မှ တိပိဋကစာမေးပွဲကို ဖြေဆိုခဲ့တာပါ။ သက်တော် ၄၂ နှစ်မှာ တိပိဋကရတာ‌ဆိုတော့ စာဖြေချိန် (၄) နှစ်ကြာခဲ့ပါတယ်။ တစ်ချို့တိပိဋကဆရာတော်တွေဆို (၁၅) နှစ်ကျော်လောက်ထိ ကြာတတ်ပါတယ်။မင်းကွန်း ဓမ္မနာဒကျောင်းတိုက်ရဲ့ ကျောင်းထိုင် ဆရာတော်ဖြစ်တာကြောင့် စာမေးပွဲအတွက်ပဲ အာရုံမစိုက်နိုင်ခဲ့ပဲ နေ့ဝါ ညဝါတွေကိုလည်း ပို့ချတော်မူရင်း တိပိဋကစာပေတွေကို အပတ်တကုတ် အားထုတ်ကြိုးပမ်းတော်မူခဲ့ရတာ ဖြစ်ပါတယ်။စာမေးပွဲအတွက် လုပ်နေစဉ်မှာလည်း ဆဋ္ဌသင်္ဂါယနာအတွက် ဝိနည်း-မဟာဝါပါဠိတော်ကိုလည်း ဦးဆောင်သုဓ်သင်ခဲ့ရပါသေးတယ်။

(က) ၁၉၅၀ ပြည့်နှစ်၊ ၃ ကြိမ်မြောက် တိပိဋကစာမေးပွဲမှာ ဝိနည်းပိဋက ၅ ကျမ်း (စာမျက်နှာပေါင်း ၂၂၆၀) ကို အာဂုမ် + ရေးဖြေ နှစ်မျိုးစလုံးကို ဂုဏ်ထူးနဲ့ချည်း အောင်မြင်တော်မူတာကြောင့် “#ဝိသိဋ္ဌဝိနယဓရ_မဟာဝိနယကောဝိဒ” ဘွဲ့ကို ရရှိတော်မူခဲ့ပါတယ်။ဆရာတော်ဘုရား ရေးဖြေဖြေတုန်းက အမှတ်စာရင်းလေးကို ဖော်ပြပါဦးမယ်။ ဘာသာရပ်တိုင်းကို ဂုဏ်ထူးနဲ့ချည်း အောင်မြင်တော်မူထားတာဖြစ်ပါတယ်။

၁) ပါရာဇိကဏ်ပါဠိတော် – (၈၉) မှတ်

၂) ပါစိတ်ပါဠိတော် – (၉၉) မှတ်

၃) မဟာဝါပါဠိတော် – (၉၂) မှတ်

၄) စူဠဝါပါဠိတော် – (၉၈) မှတ်

၅) ပရိဝါပါဠိတော် – (၁၀၀) မှတ်

(ခ) ၁၉၅၁ ခုနှစ်၊ ၄ ကြိမ်မြောက် တိပိဋကစာမေးပွဲမှာ အဘိဓမ္မာပိဋကရှေ့ပိုင်း ၅ ကျမ်း (စာမျက်နှာပေါင်း ၁၄၉၀) ကို အာဂုမ် + ရေးဖြေ နှစ်မျိုးစလုံးကို ဂုဏ်ထူးနဲ့ချည်း အောင်မြင်တော်မူတာကြောင့် “#ဝိသိဋ္ဌမူလအာဘိဓမ္မိက_မဟာအဘိဓမ္မကောဝိဒ” ဘွဲ့ကို ရရှိတော်မူခဲ့ပါတယ်။အဘိဓမ္မာရှေ့ပိုင်း ငါးကျမ်းလုံး (အုပ်ရေ ၄ အုပ်) ကို အာဂုမ်ပြန်ဆိုရာမှာ အထောက်အမကင်းကင်းနဲ့ ပြန်နိုင်ခဲ့တဲ့အပြင် ရေးဖြေဖြေဆိုရာမှာလည်း အောင်မှတ်ရာခိုင်နှုန်း (၉၄) မှတ် ရရှိအောင်မြင်ခဲ့ပါတယ်။

(ဂ) ၁၉၅၂ ခုနှစ်၊ ၅ ကြိမ်မြောက် တိပိဋကစာမေးပွဲမှာ အဘိဓမ္မာနောက်ပိုင်း ၂ ကျမ်း (စာမျက်နှာပေါင်း ၃၅၅၁) ကို အာဂုမ် + ရေးဖြေ နှစ်မျိုးစလုံးကို ဂုဏ်ထူးနဲ့ချည်း အောင်မြင်တော်မူတာကြောင့် “#ဝိသိဋ္ဌအာဘိဓမ္မိက_မဟာအဘိဓမ္မကောဝိဒ” ဘွဲ့ကို ရရှိတော်မူခဲ့ပါတယ်။အဘိဓမ္မာနောက်ပိုင်းက ယမိုက်နဲ့ ပဋ္ဌာန်း ၂ ကျမ်းတည်းဆိုပေမယ့် အုပ်ရေ (၈) အုပ်တောင် ရှိတာကြောင့် အင်မတန်များပါတယ်။ သဘောရေးဖြေစာမေးပွဲမှာ ကျမ်းတိုင်းမှာ အောင်မှတ် (၉၄) ရာခိုင်နှုန်းနဲ့ အောင်မြင်တော်မူခဲ့ပါတယ်။

(ဃ) ၁၉၅၃ ခုနှစ်၊ ၆ ကြိမ်မြောက် တိပိဋကစာမေးပွဲမှာ ဒီဃနိကာယ် ၃ ကျမ်း (စာမျက်နှာပေါင်း ၇၇၉) ကို အာဂုမ် + ရေးဖြေ နှစ်မျိုးစလုံးကို ဂုဏ်ထူးနဲ့ချည်း အောင်မြင်တော်မူတာကြောင့် “#ဝိသိဋ္ဌဒီဃဘာဏက_မဟာဒီဃနိကာယကောဝိဒ” ဘွဲ့ကို ရရှိတော်မူခဲ့ပါတယ်။ သဘောရေးဖြေ စာမေးပွဲဖြေရာမှာ ကျမ်းတိုင်းကို ဂုဏ်ထူးနဲ့ချည်း အောင်မြင်ခဲ့ပါတယ်။

၁) သုတ်သီလက္ခန်ပါဠိတော် – (၉၃) မှတ်

၂) သုတ်မဟာဝါပါဠိတော် – (၉၇) မှတ်

၃) သုတ်ပါထေယျပါဠိတော် – (၉၇) မှတ်

(၄) မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသမထေရ်မြတ်မှာ ပထမဆုံး တိပိဋက (အာဒိကမ္မိက) ဖြစ်တဲ့အပြင် အာဂုမ်ရော ရေးဖြေပါ ဂုဏ်ထူးနဲ့ချည်း အောင်မြင်ထားတဲ့ တစ်ပါးတည်းသော “#ဝိသိဋ္ဌတိပိဋကဓရ_မဟာတိပိဋကကောဝိဒ” ဘွဲ့ရ ဆရာတော်ဖြစ်ပါတယ်။ တိပိဋကဆရာတော်တွေထဲမှာတော့ ချီးကျူးလို့မဆုံးတဲ့ အထူးခြားဆုံးသော ဆရာတော်ပါပဲ။ဆရာတော်ဘုရား တိပိဋကအောင်ပြီး မကြာမီမှာပဲ ၁၉၅၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်မှာ သမ္မတအိမ်တော်မှာ ချီးကျူးပွဲကျင်းပခဲ့ပါတယ်။

ဆရာတော်ကိုလည်း “#တိပိဋကဓရ_ဓမ္မဘဏ္ဍာဂါရိက” တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

မင်းကွန်းတိပိဋကဓရဆရာတော်ဟာ ဆဋ္ဌသံဂါယနာတင်ပွဲကြီးမှာလည်း အဖြေဆရာတော် (ဝိဿဇ္ဇက) အဖြစ် အစအဆုံး တာဝန်ယူတော်မူခဲ့တဲ့အပြင် –

(၁) ဆဋ္ဌသံဂီတိကာရကတာဝန် (၂) ဆဋ္ဌသံဂီတိဘာရနိတ္ထာရကတာဝန် (၃) ပါဠိဝိသောဓကတာဝန်၊ (၄) ပဋိဝိသောဓကတာဝန်၊ (၅) ဩသာနသောဓေယျပတ္တပါဌကတာဝန် (၆) အဋ္ဌကထာသံဂီတိကာရကတာဝန် (၇) ဋီကာသံဂီတိကာရကတာဝန် – အစရှိတဲ့ တာဝန်တွေကိုပါ စွမ်းစွမ်းတမံ ထမ်းဆောင်တော်မူခဲ့ပါတယ်။

(၅) ၁၉၄၈ ခုနှစ်ကတည်းက ဒီနေ့ဒီအချိန်ထိ “#တိပိဋကဓရ_တိပိဋကကောဝိဒ” ဘွဲ့ရ ဆရာတော် (၁၅) ပါး ပေါ်ထွန်းခဲ့ပြီး ဖြစ်ပါတယ်။

(၁) မင်းကွန်းတိပိဋကဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ

(၂) ပခုက္ကူတိပိဋကဆရာတော် အရှင်နေမိန္ဒ

(၃) ပြည်တိပိဋကဆရာတော် အရှင်ကောသလ္လ

(၄) ရန်ကုန်တိပိဋကဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ

(၅) ယောတိပိဋကဆရာတော် အရှင်သိရိန္ဒာဘိဝံသ

(၆) ရေစကြိုတိပိဋကဆရာတော် အရှင်ဝါယာမိန္ဒာဘိဝံသ

(၇) မော်ကျွန်းတိပိဋကဆရာတော် အရှင်သီလက္ခန္ဓာဘိဝံသ

(၈) မြင်းမူတိပိဋကဆရာတော် အရှင်ဝံသပါလာလင်္ကာရ

(၉) မြင်းခြံတိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ

(၁၀) စွန်းလွန်းတိပိဋကဆရာတော် အရှင်သုန္ဒရ

(၁၁) ရမ္မာဝတီတိပိဋကဆရာတော် အရှင်ဣန္ဒပါလ

(၁၂) စစ်ကိုင်းတိပိဋကဆရာတော် အရှင်အဘိဇာတာဘိဝံသ

(၁၃) ဘုတလင်တိပိဋကဆရာတော် အရှင်ဣန္ဒာစရိယ

(၁၄) ကမ္ဘောဇတိပိဋကဆရာတော် အရှင်ဝီရိယာနန္ဒ

(၁၅) ကျောက်ပန်းတောင်းတိပိဋကဆရာတော် အရှင်ပညာဝံသာဘိဝံသ

#တိပိဋက

#တိပိဋကစာမေးပွဲ

#ပထမဆုံးတိပိဋက

#မင်းကွန်းဆရာတော်ကြီး

မူရင်း-credit

Zawgyi

တိပိဋကဘြဲ႕ရဖို႔……..ဘယ္လိုႀကိဳးစား အားထုတ္ရတယ္ဆိုတာ (ဗုဒၶ ဝိဟာရ) ဆရာေတာ္ သိေစခ်င္ ျမင္ေစခ်င္ ဖတ္ေစခ်င္လို႔ ကူးယူေဖၚျပျခင္းပါ စာဖတ္သူ ဓမၼမိတ္ေဆြ အေပါင္းတို႔….

အထူးသျဖင့္ ပညာမာန္တက္ေနတဲ့ လူငယ္မ်ားနဲ႔ ဓမၼစာေပကို အေလးအနက္ မထားသူမ်ားအတြက္ ရွင္းျပျခင္းပါ။စစ္ကိုင္း တ္ိပိဋက ဆရာေတာ္ ပ်ံလြန္ေတာ္မူေတာ့ ပိဋကတ္သုံးပုံ ဘယ္လို အာဂုံေဆာင္ရတယ္၊ဘယ္လို ေရးေျဖရတယ္ ဆိုတာ သိခ်င္တဲ့သူလည္း ရွိမွာေပါ့။ ပိဋကတ္သုံးပုံဆိုတာ စာအုပ္အႀကီးႀကီးေတြ အုပ္ေရ ၄၀ ရွိပါတယ္။အဲဒီထဲက ျပ႒ာန္းစာေတြကို အလြတ္က်က္ၿပီး အလြတ္ျပန္ရတာကို အာဂုံေဆာင္တယ္လို႔ ေခၚပါတယ္။

အာဂုံျပန္တဲ့အခါ စာေတြက မ်ားေတာ့ ရက္ရွည္ႀကီး ျပန္ရတာေပါ့။ ထစ္အ ထစ္အ လုပ္လို႔ မရဘူး။ ေရွ႕ကေရာ၊ေဘးကေရာ၊စာအုပ္ႀကီးကိုင္ၿပီး စစ္ေနတဲ့ ဆရာေတာ္ႀကီးေတြရွိတယ္။ စာျပန္ရင္း ေမ့သြားရင္ အဲဒီဆရာေတာ္ႀကီးေတြက နည္းနည္းေထာက္ေပးတယ္။ အစ ေဖာ္ေပးတယ္ေပါ့ေလ။အဲ…ဒါေပမယ့္ တစ္ေန႔တည္း (၅)ခါေထာက္ရရင္ စာေမးပြဲ က်ၿပီ။ဆက္မေျဖနဲ႔ေတာ့။အဲ.. ေထာက္ရတာ ေတာ့ ၅ ခါ မျပည့္ေသးပါဘူး။ဥပမာ ၃ ခါပဲ ေထာက္ရေသးတယ္ ဆိုပါေတာ့။စဥ္းစားေနတာ ၁ မိနစ္ေက်ာ္ရင္လည္း စာေမးပြဲက်ၿပီ။အၾကာႀကီး စဥ္းစားေနလို႔ မရဘူး။

အာဂုံေအာင္ရင္ ေရးေျဖ စာေမးပြဲ က်န္ေသးတယ္။ေရးေျဖရဲ႕ ေအာင္မွတ္က တို႔ေက်ာင္းေတြလို ၄၀ ရရင္ ေအာင္တယ္ မမွတ္နဲ႔။ ၇၅ မွတ္ရမွ ေအာင္တာ။ ဂုဏ္ထူးမွတ္က ၈၅ မွတ္။ဝိနည္း ပိဋကတ္ကိုအာဂုံေျဖရတာက စာမ်က္ႏွာေပါင္း ၂၂၆၀ ကို ၁၅ ရက္ ျပန္ရတယ္။သုတၱန္ ပိဋကတ္က. စာမ်က္ႏွာ ၇၇၉ မ်က္ႏွာကို ၉ ရက္ျပန္ရတယ္။အဘိဓမၼာ ပိဋကတ္ကေတာ့ အမ်ားဆုံးပဲ။ေရွ႕ပိုင္း စာမ်က္ႏွာေပါင္း ၁၃၉၀ ကို ၁၁ ရက္၊ေနာက္ပိုင္း စာမ်က္ႏွာေပါင္း ၃၅၅၁ ကို ၁၈ရက္ ျပန္ရတယ္။

စာျပန္ခ်ိန္ကလည္း တစ္ေန႔ကို ၉ ခ်ိန္ ျပန္ရတာ။မနက္ပိုင္း ၄ ခ်ိန္၊ ညေနပိုင္း ၅ခ်ိန္ျပန္ရတာ။ တစ္ေန႔ တစ္ေန႔ကို ပ်မ္းမွ် စာမ်က္ႏွာ ၃၀၀ ေက်ာ္ ျပန္ရတာေပါ့။ၾကားထဲမွာ ပိတ္ရက္မရွိဘူးေနာ္။ညေန စာျပန္ၿပီး ေက်ာင္းျပန္ေရာက္ရင္ မနက္ျဖန္ ျပန္ရမယ့္ စာမ်က္ႏွာ ၃၀ဝ စာ ျပန္ၾကည့္ ျပန္ေႏႊးရတာနဲ႔ အိပ္ခ်ိန္ ၂နာရီခြဲေလာက္ပဲ ရွိတယ္တဲ့။အခုေျပာေနတာ အာဂုံပဲ ရွိေသးတယ္။ေရးေျဖကလည္း အၾကာႀကီး ရက္ရွည္ လ ခ်ီ ေျဖရတာ။ဒါေၾကာင့္ ပိဋကတ္စာေမးပြဲက ကမာၻေပၚမွာ ရက္အၾကာဆုံး စာေမးပြဲ ပါ။

မင္းကြန္းဆရာေတာ္ႀကီးရဲ႕ ေအာင္မွတ္ေတြကိုလည္း.ၾကည္ညိဳဖြယ္ရာ ဖတ္လိုက္ၾကပါဦးေနာ္။

“#ပထမဆုံး_တိပိဋကဓရ”

(၁)တိပိဋကစာေမးပြဲ စတင္က်င္းပခဲ့တဲ့ ၁၉၄၈ ခုႏွစ္ကေန စၿပီး ဒီေန႔ဒီအခ်ိန္ထိ “တိပိဋကဓရ တိပိဋကေကာဝိဒ” ဘြဲ႕တံဆိပ္ေတာ္ရ #သုတဗုဒၶဆရာေတာ္ ၁၅ ပါး ေပၚထြန္းခဲ့ၿပီး ျဖစ္ပါတယ္။

ပထမဦးဆုံး (အာဒိကမၼိက) တိပိဋကဆရာေတာ္က “မင္းကြန္းဓမၼနာဒဆရာေတာ္ အရွင္ဝိစိတၱသာရာဘိဝံသ” ျဖစ္ၿပီး ၁၉၅၃ ခုႏွစ္၊ (၆) ႀကိမ္ေျမာက္ တိပိဋကေ႐ြးခ်ယ္ေရးစာေမးပြဲမွာ ေအာင္ျမင္ေတာ္မူခဲ့တာပါ။

ဆရာေတာ္ဘုရားဟာ တိပိဋကစာေမးပြဲမေျဖခင္ကတည္းက #ပထမေက်ာ္၊ #သာသနဓဇသိရီပဝရဓမၼာစရိယ၊ သက်သီဟအဘိဝံသဘြဲ႕ေတြ ရထားၿပီး ျဖစ္တဲ့အျပင္ ျမန္မာျပည္သာသနာ့သမိုင္းမွာ ပထမဆုံးျဖစ္တဲ့ “#သက်သီဟ_ဝဋံသကာ” ဘြဲ႕ကိုလည္း ထူးထူးျခားျခား ရရွိေတာ္မူထားတာေၾကာင့္ “အာဒိကမၼိက ဝဋံသကာ” ႀကီးလည္း ျဖစ္ေနျပန္ပါေသးတယ္။ရန္ကုန္ၿမိဳ႕၊ ေစတိယဂၤဏအသင္းႀကီးက ဆက္ကပ္တဲ့ “#အ႒ကထာျပန္အေက်ာ္” ဘြဲ႕ေတြကိုလည္း ရရွိထားတာေၾကာင့္ အင္မတန္ ထူးျခားလွတဲ့ သာသနာ့အာဇာနည္ဆရာေတာ္ ျဖစ္ေနပါတယ္။

(၂) တိပိဋကစာေမးပြဲအေၾကာင္းကို အရင္ေျပာျပရပါဦးမယ္။ တိပိဋကစာေမးပြဲမွာ (၁) အာဂုမ္စာေမးပြဲနဲ႔ (၂) သေဘာေရးေျဖစာေမးပြဲ ဆိုၿပီး ၂ ပိုင္းရွိပါတယ္။ ျပ႒ာန္းက်မ္းစာေတြကေတာ့ -(၁) ဝိနည္း ၅ က်မ္း (စာမ်က္ႏွာ ၂၂၆၀) (၂) အဘိဓမၼာ ၇ က်မ္း (စာမ်က္ႏွာ ၄၉၄၁) (၃) သုတၱန္ပိဋကထဲက ဒီဃနိကာယ္ ၃ က်မ္း (စာမ်က္ႏွာ ၇၇၉)- ဆိုၿပီး စုစုေပါင္း စာမ်က္ႏွာေပါင္း ၇၈၆၅ မ်က္ႏွာ (အုပ္ေရ ၂၀) ျဖစ္ပါတယ္။မဇၩိမနိကာယ္၊ သံယုတၱနိကာယ္၊ အဂၤုတၱရနိကာယ္နဲ႔ ခုဒၵကနိကာယ္ (သုတၱန္ပိုင္း) ေတြကိုေတာ့ မျဖစ္မေန ေျဖဆိုစရာ မလိုပါဘူး။ ပိဋကသုံးပုံဟာ စုစုေပါင္း အုပ္ေရ ၄၀ ရွိေပမယ့္ တိပိဋကစာေမးပြဲမွာ သင္႐ိုးပိဋကအေနနဲ႔ အုပ္ေရ ၂၀ ကိုသာ ျပ႒ာန္းထားပါတယ္။

“#အာဂုမ္စာေမးပြဲ” ကို ဘယ္လိုက်င္းပသလဲ ?

“အာဂုမ္” စာေမးပြဲဆိုတာ -၁) “ဘယ္စာပုဒ္ကို အစအဆုံး အကုန္ျပန္ျပပါ” ၂) “ဒီစာပုဒ္ရဲ႕ ေရွ႕နားက စာပုဒ္ကို ျပန္ျပပါ”၃) “ဒီစာပုဒ္ရဲ႕ ေနာက္နားက စာပုဒ္ကို ျပန္ျပန္ပါ”- စသည္ျဖင့္ ျပ႒ာန္းက်မ္းစာေတြကို ခေရေစ့တြင္းက် ေမးျမန္းတာျဖစ္ပါတယ္။ စာျပန္သံဃာက ပါးစပ္နဲ႔ ျပန္ေျဖတာကို စာေထာက္စာမဘုန္းႀကီးက နားနဲ႔ နားေထာင္ရတာေၾကာင့္ “ဂ” နဲ႔ “ဃ”၊ “ဇ” နဲ႔ “ဈ”၊ “ဋ” နဲ႔ “တ”၊ “ဌ” နဲ႔ “ထ”၊ “ဍ” နဲ႔ “ဒ”၊ “ဎ” နဲ႔ ဓ”၊ “ဏ” နဲ႔ “န”၊ “ဗ” နဲ႔ “ဘ”၊ “လ” နဲ႔ “ဠ” အသံမကြဲျပားပါဘူး။ ေရာၿပီး လုံးခ်လိုက္လို႔ ရပါတယ္။

မင္းကြန္းဆရာေတာ္ကေတာ့ ဒီလိုမ်ိဳး မဟုတ္ဘဲ အသံေတာ္က ၾကည္လင္ျပတ္သားၿပီး ၾကည္ညိဳစရာ သာယာနာေပ်ာ္ဖြယ္ေကာင္းပါတယ္။ စာျပန္ပြဲက်င္းပတဲ့ ရက္တိုင္းလိုလို စာနာတဲ့ ပရိသတ္ကလည္း အင္မတန္စည္ကားၿပီး အုန္းအုန္းသဲသဲ တစ္ခဲနက္ ျဖစ္ေနခဲ့တာေပါ့။ သမၼတႀကီး စပ္ေ႐ႊသိုက္၊ ဇာတ္ဆရာႀကီး ဂရိတ္ဦးဖိုးစိန္တို႔ဆိုရင္ အၿမဲလိုလို စာလာနာတတ္ၾကပါတယ္။

အာဂုမ္ေျဖတဲ့ေနရာမွာ တစ္ရက္ကို ၅ ႀကိမ္ေလာက္ပဲ မွားခြင့္၊ စာေထာက္ခြင့္ ရွိပါတယ္၊ ဒီထက္ပိုရင္ အက်အျဖစ္ သတ္မွတ္ပါတယ္။ မင္းကြန္းဆရာေတာ္ကေတာ့ အာဂုမ္ျပန္ရာမွာ သင္႐ိုးပိဋက ၂၀ အုပ္လုံးကို တစ္လုံးတစ္ပါဒမွ မမွားယြင္းဘဲ ျပန္ဆိုႏိုင္ခဲ့တာေၾကာင့္ “ဝိသိ႒တိပိဋကဓရ” ဆိုတဲ့ ဘြဲ႕ထူးကိုလည္း ရရွိေတာ္မူပါတယ္။

ယေန႔ထိ တိပိဋကဆရာေတာ္ ၁၅ ပါးထဲမွာ “ဝိသိ႒တိပိဋကဓရ” ဘြဲ႕ရ ၂ ပါးသာရွိပါတယ္၊ မင္းကြန္းဆရာေတာ္နဲ႔ ဒုတိယတိပိဋကဓရ ပခုကၠဴဆရာေတာ္ အရွင္ေနမိႏၵတို႔ပဲ ျဖစ္ပါတယ္။အာဂုမ္ျပန္ႏိုင္လို႔ အလြတ္ရထားေတာ့ ဘာအက်ိဳးရွိသလဲဆိုရင္ ဘယ္ေနရာေရာက္ေရာက္ စာအုပ္လွန္ေနစရာ မလိုဘူးေပါ့၊ လြယ္လြယ္ကူကူနဲ႔ လိုခ်င္တဲ့ စာပိုဒ္ကို ဉာဏ္နဲ႔ ရွာႏိုင္ပါတယ္။ ၿပီးေတာ့ အခု က်က္မွတ္ျပန္ဆိုေနတဲ့ စာေတြကလည္း အရပ္ထဲက (သံသရာအက်ိဳး တစ္စြန္းတစ္စမွ မရွိတဲ့) ေလာကီစာေပေတြ မဟုတ္ပါဘူး။

သဗၺညဳဘုရားရွင္ရဲ႕ ေ႐ႊႏႈတ္ေတာ္ထြက္ တရားဓမၼကၡန္ေတြ ျဖစ္႐ုံသာမက နိဗၺာန္ဆိုတဲ့ အျမတ္ဆုံး ပန္းတိုင္ကိုပါ လမ္းၫႊန္ျပႏိုင္တဲ့ အထက္တန္းပရိယတ္တရားေတြ ျဖစ္တာေၾကာင့္ ႐ြတ္လိုက္တိုင္း ႐ြတ္လိုက္တိုင္း ကုသိုလ္စိတ္ေတြ တိုးဖို႔ပဲ ရွိပါတယ္။ ဘုရားႏႈတ္ေတာ္ထြက္ စာေတြကို ခဏခဏ ႐ြတ္အံသရဇၩာယ္ေနရတဲ့ ပါးစပ္ဟာလည္း ေလာကမွာရွိသမွ် ပါးစပ္တကာထဲမွာ အဖိုးအတန္ဆုံး ပါးစပ္ပဲေပါ့။

အာဂုမ္စာေမးပြဲ ေအာင္ျမင္ၿပီးမွ “#သေဘာေရးေျဖစာေမးပြဲ” ကို ေျဖဆိုခြင့္ရွိပါတယ္။ သေဘာေရးေျဖစာေမးပြဲဆိုတာ အာဂုမ္ျပန္ထားတဲ့ ပါဠိေတာ္၊ အဲဒီပါဠိေတာ္ရဲ႕ အ႒ကထာ၊ ဋီကာ၊ မူလဋီကာ၊ အႏုဋီကာ၊ မဓုဋီကာ၊ ေယာဇနာ၊ နိႆယ၊ ဂဏၭိ၊ အႏုဂဏၭိ၊ ဝိနိစၦယ အစရွိတဲ့ က်မ္းဂန္အစုံစုံမွာ လာတဲ့ ခဲရာခဲဆစ္ အဖုအထစ္မ်ိဳးစုံကို စာနဲ႔ေရးၿပီး ေျဖဆိုရတာ ျဖစ္ပါတယ္။ (စာနဲ႔ေရးရတာဆိုေတာ့ အာဂုမ္ျပန္တုန္းကလို မပီကလာ ပီကလာနဲ႔ ျဖန္းခ် ၿဖီးခ်လို႔ မရေတာ့ဘူးေပါ့)

ေရးေျဖေျဖဆိုရာမွာ (၇၅) မွတ္ျပည့္မွ ေအာင္ျမင္ပါတယ္၊ (၈၅) မွတ္ရမွ ဂုဏ္ထူးနဲ႔ေအာင္ပါတယ္။ မင္းကြန္းဆရာေတာ္ဘုရားကေတာ့ ဘာသာရပ္တိုင္းကို ဂုဏ္ထူးနဲ႔ခ်ည္းေအာင္ျမင္တာေၾကာင့္ “မဟာတိပိဋကေကာဝိဒ” ဆိုတဲ့ ဘြဲ႕ထူးကိုလည္း ရရွိေတာ္မူပါတယ္။တိပိဋကဆရာေတာ္ေတြထဲမွာ သင္႐ိုးပိဋကအကုန္လုံးကို ေရးေျဖဂုဏ္ထူးရထားတဲ့ ဆရာေတာ္ဆိုလို႔ “မင္းကြန္းဆရာေတာ္” တစ္ပါးတည္းသာ ရွိပါတယ္။

(၃)ဆရာေတာ္ဘုရားဟာ သက္ေတာ္ ၃၈ ႏွစ္ေလာက္မွ တိပိဋကစာေမးပြဲကို ေျဖဆိုခဲ့တာပါ။ သက္ေတာ္ ၄၂ ႏွစ္မွာ တိပိဋကရတာ‌ဆိုေတာ့ စာေျဖခ်ိန္ (၄) ႏွစ္ၾကာခဲ့ပါတယ္။ တစ္ခ်ိဳ႕တိပိဋကဆရာေတာ္ေတြဆို (၁၅) ႏွစ္ေက်ာ္ေလာက္ထိ ၾကာတတ္ပါတယ္။မင္းကြန္း ဓမၼနာဒေက်ာင္းတိုက္ရဲ႕ ေက်ာင္းထိုင္ ဆရာေတာ္ျဖစ္တာေၾကာင့္ စာေမးပြဲအတြက္ပဲ အာ႐ုံမစိုက္ႏိုင္ခဲ့ပဲ ေန႔ဝါ ညဝါေတြကိုလည္း ပို႔ခ်ေတာ္မူရင္း တိပိဋကစာေပေတြကို အပတ္တကုတ္ အားထုတ္ႀကိဳးပမ္းေတာ္မူခဲ့ရတာ ျဖစ္ပါတယ္။စာေမးပြဲအတြက္ လုပ္ေနစဥ္မွာလည္း ဆ႒သဂၤါယနာအတြက္ ဝိနည္း-မဟာဝါပါဠိေတာ္ကိုလည္း ဦးေဆာင္သုဓ္သင္ခဲ့ရပါေသးတယ္။

(က) ၁၉၅၀ ျပည့္ႏွစ္၊ ၃ ႀကိမ္ေျမာက္ တိပိဋကစာေမးပြဲမွာ ဝိနည္းပိဋက ၅ က်မ္း (စာမ်က္ႏွာေပါင္း ၂၂၆၀) ကို အာဂုမ္ + ေရးေျဖ ႏွစ္မ်ိဳးစလုံးကို ဂုဏ္ထူးနဲ႔ခ်ည္း ေအာင္ျမင္ေတာ္မူတာေၾကာင့္ “#ဝိသိ႒ဝိနယဓရ_မဟာဝိနယေကာဝိဒ” ဘြဲ႕ကို ရရွိေတာ္မူခဲ့ပါတယ္။ဆရာေတာ္ဘုရား ေရးေျဖေျဖတုန္းက အမွတ္စာရင္းေလးကို ေဖာ္ျပပါဦးမယ္။ ဘာသာရပ္တိုင္းကို ဂုဏ္ထူးနဲ႔ခ်ည္း ေအာင္ျမင္ေတာ္မူထားတာျဖစ္ပါတယ္။

၁) ပါရာဇိကဏ္ပါဠိေတာ္ – (၈၉) မွတ္

၂) ပါစိတ္ပါဠိေတာ္ – (၉၉) မွတ္

၃) မဟာဝါပါဠိေတာ္ – (၉၂) မွတ္

၄) စူဠဝါပါဠိေတာ္ – (၉၈) မွတ္

၅) ပရိဝါပါဠိေတာ္ – (၁၀၀) မွတ္

(ခ) ၁၉၅၁ ခုႏွစ္၊ ၄ ႀကိမ္ေျမာက္ တိပိဋကစာေမးပြဲမွာ အဘိဓမၼာပိဋကေရွ႕ပိုင္း ၅ က်မ္း (စာမ်က္ႏွာေပါင္း ၁၄၉၀) ကို အာဂုမ္ + ေရးေျဖ ႏွစ္မ်ိဳးစလုံးကို ဂုဏ္ထူးနဲ႔ခ်ည္း ေအာင္ျမင္ေတာ္မူတာေၾကာင့္ “#ဝိသိ႒မူလအာဘိဓမၼိက_မဟာအဘိဓမၼေကာဝိဒ” ဘြဲ႕ကို ရရွိေတာ္မူခဲ့ပါတယ္။အဘိဓမၼာေရွ႕ပိုင္း ငါးက်မ္းလုံး (အုပ္ေရ ၄ အုပ္) ကို အာဂုမ္ျပန္ဆိုရာမွာ အေထာက္အမကင္းကင္းနဲ႔ ျပန္ႏိုင္ခဲ့တဲ့အျပင္ ေရးေျဖေျဖဆိုရာမွာလည္း ေအာင္မွတ္ရာခိုင္ႏႈန္း (၉၄) မွတ္ ရရွိေအာင္ျမင္ခဲ့ပါတယ္။

(ဂ) ၁၉၅၂ ခုႏွစ္၊ ၅ ႀကိမ္ေျမာက္ တိပိဋကစာေမးပြဲမွာ အဘိဓမၼာေနာက္ပိုင္း ၂ က်မ္း (စာမ်က္ႏွာေပါင္း ၃၅၅၁) ကို အာဂုမ္ + ေရးေျဖ ႏွစ္မ်ိဳးစလုံးကို ဂုဏ္ထူးနဲ႔ခ်ည္း ေအာင္ျမင္ေတာ္မူတာေၾကာင့္ “#ဝိသိ႒အာဘိဓမၼိက_မဟာအဘိဓမၼေကာဝိဒ” ဘြဲ႕ကို ရရွိေတာ္မူခဲ့ပါတယ္။အဘိဓမၼာေနာက္ပိုင္းက ယမိုက္နဲ႔ ပ႒ာန္း ၂ က်မ္းတည္းဆိုေပမယ့္ အုပ္ေရ (၈) အုပ္ေတာင္ ရွိတာေၾကာင့္ အင္မတန္မ်ားပါတယ္။ သေဘာေရးေျဖစာေမးပြဲမွာ က်မ္းတိုင္းမွာ ေအာင္မွတ္ (၉၄) ရာခိုင္ႏႈန္းနဲ႔ ေအာင္ျမင္ေတာ္မူခဲ့ပါတယ္။

(ဃ) ၁၉၅၃ ခုႏွစ္၊ ၆ ႀကိမ္ေျမာက္ တိပိဋကစာေမးပြဲမွာ ဒီဃနိကာယ္ ၃ က်မ္း (စာမ်က္ႏွာေပါင္း ၇၇၉) ကို အာဂုမ္ + ေရးေျဖ ႏွစ္မ်ိဳးစလုံးကို ဂုဏ္ထူးနဲ႔ခ်ည္း ေအာင္ျမင္ေတာ္မူတာေၾကာင့္ “#ဝိသိ႒ဒီဃဘာဏက_မဟာဒီဃနိကာယေကာဝိဒ” ဘြဲ႕ကို ရရွိေတာ္မူခဲ့ပါတယ္။ သေဘာေရးေျဖ စာေမးပြဲေျဖရာမွာ က်မ္းတိုင္းကို ဂုဏ္ထူးနဲ႔ခ်ည္း ေအာင္ျမင္ခဲ့ပါတယ္။

၁) သုတ္သီလကၡန္ပါဠိေတာ္ – (၉၃) မွတ္

၂) သုတ္မဟာဝါပါဠိေတာ္ – (၉၇) မွတ္

၃) သုတ္ပါေထယ်ပါဠိေတာ္ – (၉၇) မွတ္

(၄) မင္းကြန္းဆရာေတာ္ အရွင္ဝိစိတၱသာရာဘိဝံသမေထရ္ျမတ္မွာ ပထမဆုံး တိပိဋက (အာဒိကမၼိက) ျဖစ္တဲ့အျပင္ အာဂုမ္ေရာ ေရးေျဖပါ ဂုဏ္ထူးနဲ႔ခ်ည္း ေအာင္ျမင္ထားတဲ့ တစ္ပါးတည္းေသာ “#ဝိသိ႒တိပိဋကဓရ_မဟာတိပိဋကေကာဝိဒ” ဘြဲ႕ရ ဆရာေတာ္ျဖစ္ပါတယ္။ တိပိဋကဆရာေတာ္ေတြထဲမွာေတာ့ ခ်ီးက်ဴးလို႔မဆုံးတဲ့ အထူးျခားဆုံးေသာ ဆရာေတာ္ပါပဲ။ဆရာေတာ္ဘုရား တိပိဋကေအာင္ၿပီး မၾကာမီမွာပဲ ၁၉၅၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၃) ရက္မွာ သမၼတအိမ္ေတာ္မွာ ခ်ီးက်ဴးပြဲက်င္းပခဲ့ပါတယ္။

ဆရာေတာ္ကိုလည္း “#တိပိဋကဓရ_ဓမၼဘ႑ာဂါရိက” တံဆိပ္ေတာ္ကို ဆက္ကပ္လႉဒါန္းခဲ့ပါတယ္။

မင္းကြန္းတိပိဋကဓရဆရာေတာ္ဟာ ဆ႒သံဂါယနာတင္ပြဲႀကီးမွာလည္း အေျဖဆရာေတာ္ (ဝိႆဇၨက) အျဖစ္ အစအဆုံး တာဝန္ယူေတာ္မူခဲ့တဲ့အျပင္ –

(၁) ဆ႒သံဂီတိကာရကတာဝန္ (၂) ဆ႒သံဂီတိဘာရနိတၳာရကတာဝန္ (၃) ပါဠိဝိေသာဓကတာဝန္၊ (၄) ပဋိဝိေသာဓကတာဝန္၊ (၅) ဩသာနေသာေဓယ်ပတၱပါဌကတာဝန္ (၆) အ႒ကထာသံဂီတိကာရကတာဝန္ (၇) ဋီကာသံဂီတိကာရကတာဝန္ – အစရွိတဲ့ တာဝန္ေတြကိုပါ စြမ္းစြမ္းတမံ ထမ္းေဆာင္ေတာ္မူခဲ့ပါတယ္။

(၅) ၁၉၄၈ ခုႏွစ္ကတည္းက ဒီေန႔ဒီအခ်ိန္ထိ “#တိပိဋကဓရ_တိပိဋကေကာဝိဒ” ဘြဲ႕ရ ဆရာေတာ္ (၁၅) ပါး ေပၚထြန္းခဲ့ၿပီး ျဖစ္ပါတယ္။

(၁) မင္းကြန္းတိပိဋကဆရာေတာ္ အရွင္ဝိစိတၱသာရာဘိဝံသ

(၂) ပခုကၠဴတိပိဋကဆရာေတာ္ အရွင္ေနမိႏၵ

(၃) ျပည္တိပိဋကဆရာေတာ္ အရွင္ေကာသလႅ

(၄) ရန္ကုန္တိပိဋကဆရာေတာ္ အရွင္သုမဂၤလာလကၤာရ

(၅) ေယာတိပိဋကဆရာေတာ္ အရွင္သိရိႏၵာဘိဝံသ

(၆) ေရစႀကိဳတိပိဋကဆရာေတာ္ အရွင္ဝါယာမိႏၵာဘိဝံသ

(၇) ေမာ္ကြၽန္းတိပိဋကဆရာေတာ္ အရွင္သီလကၡႏၶာဘိဝံသ

(၈) ျမင္းမူတိပိဋကဆရာေတာ္ အရွင္ဝံသပါလာလကၤာရ

(၉) ျမင္းၿခံတိပိဋကဆရာေတာ္ အရွင္ဂႏၶမာလာလကၤာရ

(၁၀) စြန္းလြန္းတိပိဋကဆရာေတာ္ အရွင္သုႏၵရ

(၁၁) ရမၼာဝတီတိပိဋကဆရာေတာ္ အရွင္ဣႏၵပါလ

(၁၂) စစ္ကိုင္းတိပိဋကဆရာေတာ္ အရွင္အဘိဇာတာဘိဝံသ

(၁၃) ဘုတလင္တိပိဋကဆရာေတာ္ အရွင္ဣႏၵာစရိယ

(၁၄) ကေမာၻဇတိပိဋကဆရာေတာ္ အရွင္ဝီရိယာနႏၵ

(၁၅) ေက်ာက္ပန္းေတာင္းတိပိဋကဆရာေတာ္ အရွင္ပညာဝံသာဘိဝံသ

#တိပိဋက

#တိပိဋကစာေမးပြဲ

#ပထမဆုံးတိပိဋက

#မင္းကြန္းဆရာေတာ္ႀကီး

မူရင္း-credit