ကြက်ဥ စားတာကို သတ်သတ်လွတ်လို့ အခုထိ ထင်နေကြတုန်းပဲလား

ကြက်ဥ စားတာကို သတ်သတ်လွတ်လို့ အခုထိ ထင်နေကြတုန်းပဲလား

နတ်ကိုးကွယ်ကြလို့ ဝက်သား ရှောင်တယ်။ စပါးစိုက်ပေးလို့ နွားကို မစားဘူး။ သားကြီး ငါးကြီး မစားဘူး။ အဲဒီတော့ ကြက်ကိုပဲ စားကြတယ်။ တချို့ သတ်သတ်လွတ် စားတဲ့သူတွေက ကြက်ဥတော့ စားလို့ ရတယ်ဆိုပြီး စားတယ်။ ကြက်သားနဲ့ ကြက်ဥကို စားလို့ ဘယ်တုန်းကမှ အပြစ်ကြီးကြီးမားမား ရှိမယ် မထင်ခဲ့ဘူး။ တနေ့က တီဗီအစီအစဉ် တစ်ခုကြည့်လိုက်တော့မှ တစ်သက်လုံး မြင်ခဲတဲ့ အမြင်တွေ တစ်မျိုး ဖြစ်သွားတယ်။ အဲဒါကို သင့်တော်သလို ပြန်ရေးလိုက်တယ်။

ကြက်နဲ့ ကြက်ဥ ဘယ်က စရင် ကောင်းမလဲ။ ကြက်ဥက စရအောင်။ ကြက်ဥထုတ်ဖို့ ဥစားကြက်တွေကို သပ်သပ်မွေးပြီး ကြက်ဥ ထုတ်ပါတယ်။ ဥစား ကြက်ပေါက်ကလေးတွေ ဥကနေ ထွက်လာတာနဲ့ အထီးနဲ့ အမ ခွဲလိုက်ပါတယ်။ အထီးဆိုရင် ချက်ချင်း သတ်ပစ်လိုက်ပါတယ်။ မွေးထားရင် ကျွေးရတာပဲ ရှိမှာမို့ပါ။

 

သတ်တယ်ဆိုတာလည်း ဓါတ်ငွေ့ပေးပြီး သတ်တာပါ။ သက်သက်ညှာညှာ ဆိုပြီးတော့။ အင်မတန် ချစ်စရာ ကောင်းတဲ့ ကြက်ပေါက်လေးတွေကို မျက်စိထဲ မြင်ကြည့်မယ် ဆိုရင်တော့ ဒီလို အကောင် ပေါက်လေးတွေကို သတ်ဖို့ မပြောနဲ့ သေသွားရင်တောင် စိတ်ကောင်းမှာ မဟုတ်ဘူး။ မြန်မာပြည်မှာတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြက်ပေါက်လေးတွေ လိုက်ရောင်းပါတယ်။ ဒီလို ဥစားကြက် အထီးလေးတွေ ဖြစ်မှာပဲ။ အိမ်မှာ မွေးထားသေးတယ်။ အတော် ကြီးလာပြီးမှ သေသွားတယ်။

မြန်မာပြည်မှာပဲ ဒီလို ကြက်ထီးပေါက်လေးတွေကို ငုံးကြော်ဆိုပြီး ညာရောင်းတာလည်း ရှိပါတယ်။ ကြွတ်ကြွတ် ကြွတ်ကြွတ်နဲ့ စားကောင်းတယ် ထင်ရမယ်။ မသေဘဲ ကျန်ခဲ့တဲ ကြက်မဟာ ၁၈ ပတ်သားကနေ စပြီး မသေမချင်း လှောင်အိမ်ထဲမှာပဲ တစ်နှစ်ကျော်ကျော်ကြာ နေရတော့တယ်။ နှစ်ပေ ပတ်လည် လှောင်အိမ် ထဲမှာ ကြက်မ ၆ ကောင်လောက် နေရတယ်။ တစ်ကောင်အတွက် ရတဲ့ နေရာက ရှူးဖိနပ်ဘူး တစ်ဘူးစာလောက်။ ငှက်တစ်ကောင်အတွက် အတောင် ဖြန့်ရတယ်ဆိုတာ ဥစားကြက်မတွေမှာ မရှိပါဘူး။

အတောင်ဖြန့်ဖို့ နေနေသာသာ ပေးတောင် မလှုပ်ပါဘူး။ လှုပ်လှုပ်ရှားရှား နေမယ်ဆို အစာပိုကျွေးရမယ်လေ။ ကြက်မတွေ အတွက်တော့ လှောင်အိမ်ရှေ့ ကွန်ဗေရာပေါ်က အစာတွေကိုစား လှောင်အိမ်အောက်က ကွန်ဗေရာပေါ်ကို ဥတွေဥချ။ ဒါပဲ သူတို့ အတွက် တစ်သက်စာ လုပ်စရာက။ ပြင်ပက ရောဂါပိုးတွေ မဝင်အောင် ကြက်လှောင်အိမ်တွေကို ဂိုဒေါင်လိုမျိုးထဲမှာ ဆောက်ထားပြီး ဒီအထဲ ရောက်လာတဲ့ ကြက်မတစ်ကောင်ဟာ နေရောင်ကို မမြင်ရတော့ပါဘူး။ သဘာဝတရားအတိုင်း နေထိုင်ခွင့် မရှိတော့ပါဘူး။

 

ဥမဥနိုင်တဲ့ အချိန်ရောက်မှ ဒီအထဲက ခေါ်ထုတ်သွားပြီး သတ်ပစ်လိုက်မှာပါ။ ဥဥရုံ မွေးထား ကျွေးထားတဲ့ ကြက်တွေဟာ အသားအတွက်တော့ စားလို့ မကောင်းတော့ ပုံစံပြောင်းပြီး ရောင်းကြပါတယ်။ ကြက်အူချောင်းလိုမျိုးတွေ ကြက်သားမှုန့်လိုမျိုးတွေပါ။ ယူကေမှာတော့ တိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့တစ်ဖွဲ့က ဒီလို ကြက်မတွေကို မွေးစားတာမျိုး လုပ်ပေးပါတယ်။ ဒီလို လှောင်အိမ်တွေကို Battery Cage လို့ခေါ်ပြီး ဒါဟာ နည်းပညာ တိုးတက်လာမှုရဲ့ တစ်စိတ်တစ်ပိုင်းပါ။

ကြက်ဥတွေကို ဘယ်လို ဈေးပေါပေါနဲ့ ထုတ်ရမလဲဆိုတာကို သိပ္ပံနည်းကျ အကောင်အထည် ဖော်ထားတာပါ။ ဒီနေ့ခေတ်မှာ ကုန်စုံဆိုင် တစ်ခုကို ဝင်ကြည့်လိုက်မယ်ဆိုရင် ကြက်ဥ ၁၀ လုံး/တစ်ဒါဇင် ဈေးဟာ ခေါင်းထဲ ထည့်စရာ မလိုလောက်အောင်ကို ချိူသာနေပါတယ်။ ဟင်းသီးဟင်းရွက် တစ်စည်းစာထက်ကို နည်းနေပါသေးတယ်။ အသားမစားနိုင် မစားချင်လို့ ကြက်ဥစားမယ်ဆိုရင်လည်း တွက်ချေကိုက်တဲ့ အာသာပြေစေတဲ့ အာဟာရလည်း ပြည့်ဝတဲ့ အစားထိုးစရာ တစ်ခုပါ။

 

လူတွေအတွက် နည်းပညာဟာ ကြက်မတစ်ကောင်အတွက်တော့ ပိုရက်စက်တဲ့ အကျဉ်းစံ ဘဝပါပဲ။ လှောင်အိမ်ထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ် နေရလို့ တစ်ကောင်နဲ့ တစ်ကောင် နှုတ်သီးနဲ့ မထိုးမိအောင် ကြက်မတွေကို နှုတ်သီးတုန်းပစ်ပါတယ်။ ကြက်နှုတ်သီးမှာ အင်မတန် ခံစားနိုင်တဲ့ အာရုံကြောတွေ ရှိလို့ နှုတ်သီးတုန်းချိန်မှာ ကြက်ဟာ မခံစားနိုင်အောင် နာကျင်ရပါတယ်။ ခေါင်းမှာ ရှိတဲ့ အင်္ဂါတွေ အားလုံးဟာ အာရုံကြောတွေ ပိုများပြီး ဦးနှောက်နဲ့လည်း နီးလို့ အင်မတန် ခံစားလွယ်တာကို စဉ်းစားကြည့်နိုင်ပါတယ်။

သဘာဝအတိုင်းဆို တစ်နှစ်လုံးနေမှ ဥ နှစ်ဆယ် အစိတ်လောက် ဥရာကနေ ဥ ၂၀၀ ကျော် ဥအောင် အစားတွေထဲမှာ ဆေးတွေ ထည့်ထားပါတယ်။ ဥဥရလွန်းတဲ့ အတွက် ကြက်မတွေဟာ ကယ်လစီယမ်ဓါတ်တွေ ချို့တဲ့လာပါတယ်။ မလှုပ်မရှား လှောင်အိမ်ထဲမှာပဲ နေရတဲ့ အတွက် အရိုးတွေကလည်း မသန်တော့ပါဘူး။

နေ့တိုင်း နေ့တိုင်း ဥတွေ တပြွတ်ပြွတ် ဥပေးရတဲ့ ကြက်မတစ်ကောင်ရဲ့ ဘဝကို စာနာကြည့်မယ် ကိုယ်ချင်းစာကြည့်မယ်ဆို ကလေးမွေးဖူးတဲ့ သူတွေက ပိုပြီး ခံစား တတ်မယ် ထင်တယ်။ ဒါတင် အားမရလို့ ကြက်ဥတွေကို ပိုကြီးအောင် အစာထဲမှာ ဆေးတွေထည့်ပြီး ဥတွေကို အကြီးကြီးတွေ ဖြစ်အောင် လုပ်မယ်။ ကြက်ဥအခွံတွေ အနှစ်တွေ အရောင်လှအောင် ဆေးတွေ ထည့်ကျွေးမယ်။ ဒီလို နည်းပညာနဲ့ ကြက်တွေကို မွေးထားတဲ့ အတွက် မွေးမြူသူများဘက်က စားရိတ်အများကြီး သက်သာသွားပါတယ်။

 

ကြက်ဥ အလေအလွင့် မရှိတော့ပါဘူ။ ကြက်ဥ ကွဲတာ ပျောက်တာ မရှိတော့ပါဘူ။ အစာကိုလည်း တစ်ကောင်ကို ဘယ်လောက်နှုန်းနဲ့ တွက်ပြီး ကျွေးလို့ရတဲ့ အတွက် အတိအကျ ကျွေးချင်တာ ကျွေးလို့ ရလာပါတယ်။ ထိန်းသိမ်းစားစ ရိတ်ကလည်း အများကြီး လျော့နည်းသွားပြီး ကြက်မအကောင် သိန်းချီ မွေးပြီး ဥအလုံးရေ သိန်းချီထုတ်ဖို့ အလုပ်သမားအနည်းငယ်ပဲ လိုတော့တယ်။ အဲဒါကြောင့် ကြက်ဥဈေးဟာ အင်မတန်ကို သက်သာလာပါတယ်။

စူပါမားကတ်တွေက ဈေးအချိုဆုံး သွင်းလာတဲ့ မွေးမြူရေးသမားတွေဆီက ကြက်ဥတွေကို ပျော်ပျော်ကြီးလက်ခံတယ်။ မွေးမြူရေးသမားတွေကလည်း ကိုယ့်ကြက်ဥ ဈေးကြီးနေမယ်ဆို တခြားသူကို လက်ကားရောင်းတဲ့သူတွေက လက်ခံသွားမှာ ဆိုတော့ စားရိတ်ကို ကျဉ်းနိုင်သမျှ ကျဉ်းအောင် လုပ်ရတယ်။ မွေးမြူ၊ ရောင်းဝယ်ဖောက်ကား၊ ဝယ်ယူစားသုံးနေသူတွေအတွက် ကြက်မတစ်ကောင်ရဲ့ ဘဝဟာ ဘာမျှ ထည့်စဉ်းစားစရာ မလိုတဲ့ အချက်တစ်ချက်လို ဖြစ်နေတော့တယ်။

ဒါကြောင့်မို့လို တိရစ္ဆာန်များ စောင့်ရှောက်ရေး အကျိုးဆောင်တွေက ကြက်တွေကို ဒီလို လှောင်ချိုင့်ထဲမှာ ရက်ရက်စက်စက် မွေးထားပြီး ဥဥစားနေတာကို အပြင်းအထန် ကန့်ကွက်လာတယ်။ တိုးတက်တဲ့ စနစ်ရှိတဲ့ နိုင်ငံတွေမှာတော့ ကြက်မ ဘယ်နှကောင်အတွက် လှောင်အိမ်ဟာ ဘယ်လောက် ကျယ်ရမယ်ဆိုတာကို ပြဌာန်းထားပေမယ့် လှောင်ချိုင့်စံ ဘဝကတော့ မတိုးတက်ပါဘူး။ အီးယူနိုင်ငံတွေမှာတော့ နောက်ငါးနှစ်လောက်ကြာရင် ကြက်တွေကို ဒီလိုလှောင်ပြီး ဥထုတ်တဲ့ စနစ်ကို လုံး၀ ခွင့်မပြုတော့ဘူးလို့ အဆို တင်သွင်း ထားပါတယ်။

ဂျာမနီ၊ ဆွီဒင်နဲ့ ဆွစ်စလန်မှာတော့ ဒီလို လှောင်မွေးတာကို တားမြစ်ထားပါပြီ။ တိရစ္ဆာန် တစ်ကောင်ဟာ မူမှန်တဲ့ ပြုမူလှုပ်ရှားခွင့် ရှိရမယ်ဆိုတဲ့ အချက်ကိုတော့ တစ်ကမ္ဘာလုံး နီးနီးက လျစ်လျူရှုထားစဲပါ။ ဒီထက် နည်းနည်း လူသားဆန်တဲ့ မွေးမြူနည်းစနစ်ကတော့ ကြက်တင်းကုပ်နဲ့ မွေးတာပါ။ ဂိုဒေါင်အရွယ် တင်းကုပ်ထဲမှာ အောက်က ဖွဲလိုမျိုး ခင်းထားပြီး လှောင်အိမ်မပါဘဲ ကြက်တွေအားလုံးကို ဒီအတိုင်း ထည့်ထားပြီး မွေးတာပါ။ ကြက်မတွေဟာ အထဲမှာ လှုပ်ရှား သွားလာလို့ ရတယ်။

ကြက်တန်းရှိတယ်၊ ဥခင်း ရှိတယ်။ အနည်းငယ် ပျံလို့ရတယ်။ တစ်ကောင်နဲ့ တစ်ကောင် ကြိုက်သလို တွေ့လိုရတယ်။ အပြင်တော့ ထွက်ခွင့် မရှိဘူး။ ကြက်တွေ ငှက်တွေဆိုတာမျိုးကို သိုးတွေ၊ နွားတွေလို သိမ်းရတာ လွယ်တာမှ မဟုတ်တာ။ အပြင် ထွက်ခွင့်ပေးရင် အလုပ်သမားစားရိတ် ပိုကုန်မယ်။

ကြက်ဥတွေ အလေအလွင့် များမယ်။ အခုလို တင်းကုပ်နဲ့ မွေးတာတောင် ကြက်ဥတွေ ကွဲတတ်တော့ အလေအလွင့်က ရှိသေးတယ်။ ပြီးတော့ Battery Cage မှာလိုမျိုး ကြက်ဥတွေကို ဥချလိုက်တာနဲ့ ကွန်ဗေရာပေါ်ကနေ တောက်လျောက် စီပြီး ထုတ်ပိုးတဲ့ နေရာကို တန်းရောက်တာမျိုး မဟုတ်ဘူး။ ကြက်ဥ လိုက်ကောက်ရမယ်။ ဒီလိုနည်းကိုတော့ အလွန် ရက်စက်တယ် မခေါ်ကြတော့ပါဘူး။ ဥပဒေစကားနဲ့ဆို အကျယ်ချုပ်ပေါ့။ ဒီလို မွေးထားတဲ့ ကြက်တွေဆီက ဥတွေကို Free Range Egg လို့ခေါ်ပါတယ်။

ဒီထက် ပိုလူသားဆန်မယ့် နည်းလမ်းကတော့ ကြက်တွေကို တင်းကုပ်လည်း ဆောက်ပေးထား။ နေ့လည် နေ့ခင်းဆို စားကျက်မှာလည်း လွှတ်ပေးထားတဲ့ မွေးမြူနည်းပါ။ ကြက်တွေက အိပ်စရာရှိတယ်။ ဥဥစရာ နေရာရှိတယ်။ နေ့ခင်းဆို အပြင်မှာ သဘာဝအတိုင်း သွားလာ လှုပ်ရှားလို့ ရတယ်။ မြေကြီးထဲက တီကောင်၊ ပိုးကောင်းကို ယက်ရှာပြီး စားသောက်လို့ ရတယ်။ နေရောင်ရတယ်။ သဘာဝလေ ရှူလို့ရတယ်။ သွားလာ လှုပ်ရှားပြီး ပိုကျန်းမာ သန်စွမ်းတယ်။ ကြက်မတွေအတွက် ပိုပြီး ကံကောင်းတာကတော့ ကြက်ဖတွေနဲ့ တွေ့ခွင် ရှိတာပါပဲ။

ကြက်အုပ် တစ်အုပ်ထဲကို ကြက်ဖ တစ်ကောင်လောက် ထည့်ထားပေးတတ်ပါတယ်။ ဒီလို ကြက်မတွေက ထွက်လာတဲ့ ဥတွေကိုတော့ Farm Fresh Egg လို့ခေါ်ပါတယ်။ တစ်ချို့ ကြက်ခြံတွေမှာ ကြက်တွေကို သဘာ၀ အစားအစာ ပြောင်းနှံတွေပဲ ကျွေးပါတယ်။ ဒီလို ကျွေးထားတဲ့ Organic ကြက်ဥတွေက အရွယ်အစား သေးတတ်ပါတယ်။

ကုန်စုံဆိုင်ဘက်က ကြည့်မယ်ဆို ဒီလို ကြက်ဥတွေဟာ ဈေးအကြီးဆုံးနဲ့ အရွယ်အစား အသေးဆုံးပါပဲ။ ကုန်စုံဆိုင်တွေမှာ ကြက်ဥတွေကို အမျိုးအစား ခွဲထားပြီး Cage Egg၊ Free Range နဲ့ Farm Fresh ဆိုတာကို သိသာစွာ စာတမ်းထိုးထားပါတယ်။ ဈေးနှုန်းကလည်း နည်းနည်း ကွာနေပါတယ်။

Cage Egg က ၃ ကျပ်ဆိုရင် Free Range က ၄ ကျပ်၊ Farm Fresh က ၅ ကျပ်လောက်နဲ့ Oragic က ၆ ကျပ်လောက် ပေးရနိုင်ပါတယ်။ လူ့သဘာဝက (ဈေး) ပေါ- (အရွယ်) ကြီး- (အရသာ)ချို လိုချင်တာဆိုတော့ Cage Egg တွေက အရောင်းရဆုံးပါ။ ဒီလို ဝယ်နေတဲ့ အချိန်မှာ တစ်သက်လုံး လှောင်ချိုင့် ကျဉ်းကျဉ်းလေးထဲမှာ နေရပြီး ဥဥဖို့သာသာ ကြက်မဖြစ်လာရတဲ့ ဘဝကို တစ်ချက်လောက်တော့ ငဲ့ညှာသင့်ပါတယ်။

ဗမာတွေက တစ်ကိုယ်ရေ သမားဆို နှစ်ပတ်မှ ကြက်ဥ တစ်ဒါဇင်၊ မိသားစုဆိုရင် တစ်ပတ်မှ တစ်ဒါဇင်စားတတ်တာပါ။ ဘိုတွေလို များများစားစား ဝယ်တတ်တာ မဟုတ်ပါဘူး။ စားအုန်းဆီ စားရင် နှလုံးရောဂါ ဖြစ်မှာ စိုးလို့ ဈေးပိုပေးရတဲ့ ကိုလက်စထရောနည်းတဲ့ ဆီတွေ ဝယ်စားသလို၊ နည်းနည်း အရသာပိုကောင်းတဲ့ အစားအစာတွေကို ဈေးနည်းနည်း ပိုပေးလိုက်ရင် တန်တယ် ထင်သလို ကြက်ဥဝယ်တဲ့ အချိန်မှာလည်း ကြက်တွေရဲ့ ဘဝကို စဉ်းစားပေးပြီး ၁ ကျပ် ၂ ကျပ် ပိုပေးလိုက်ပြီး Cage Egg ကို မဝယ်ဘူး ဆိုရင် ကိုယ့် စည်းစိမ် မပြုတ်သွားပေမယ့် သန်းနဲ့ ချီနေတဲ့ ကြက်တွေရဲ့ ဘဝဟာလည်း သိသိသာသာကြီး တိုးတက် ကောင်းမွန်သွားမှာပါ။

ကိုယ်မဝယ်လည်း သူများက ဝယ်မှာပဲလို့ တွေးမိရင်တော့ တစ်ယောက် တစ်ဇွန်း ထည့်ရမည့် ဆီအိုးထဲမှာ ရေတွေပဲ ရှိသလို ဖြစ်နေမှာပါ။ အသားစားကြက်တွေရဲ့ ဘဝဟာလည်း မလွယ်လှပါဘူး။ သူတို့ကတော့ အသားတိုးအောင် ရင်အုပ်ဖောင်းအောင် မျိုးစပ် ပြုပြင်ထားတဲ့ ကြက်တွေပါ။ ဥစားကြက်ပေါက်တွေလိုပဲ ဥကပေါက်တာနဲ့ စစ်ဆေးပြီး အနာအဆာရှိတဲ့ ကြက်ကလေးဆိုရင် ချက်ချင်း သတ်ပစ်လိုက်ပါတယ်။ ပြီးတော့ အထူးစပ်ထားတဲ့ အသားတိုး အစာတွေပဲ စားရပါတယ်။ အရွယ်မရောက်သေးပဲ အသားတွေ အများကြီး ချက်ချင်းတိုးလာလို့ သူတို့ကို သူတို့ မသယ်နိုင်ပါဘူး။ အရိုးတွေက ကောင်းကောင်း မထောက်ပံ့ထားနိုင်တော့ အရိုးပျော့ ရောဂါဖြစ်ပြီး ခွေလဲ ယိုင်လဲ ဖြစ်ရပါတယ်။

အသည်းတို့ နှလုံးတို့မှာ အဆီဖုံးတယ်။ ဒီထက် ပိုဆိုးတာကတော့ သူတို့ဟာ သက်တမ်း အနည်းငယ်ပဲ နေရပါတယ်။ ကြက်တစ်ကောင်ဟာ သဘာဝအတိုင်း နေမယ်ဆိုရင် အနည်းဆုံး ၅ နှစ်ကနေ ၁၂ နှစ်လောက်အထိ နေနိုင်တာကို အသားစားကြက်တွေဟာ ရက်ပေါင်း ၅၀ တောင် စေ့အောင် မနေရပါဘူး။ တင်းကုပ်နဲ့ မွေးရင် ရက် ၈၀ လောက်၊ ခြံထဲမှာ လွှတ်ပေးထားတာဆို ရက် ၁၀၀ ကျော်လောက်ပဲ နေရပါတယ်။ ရောင်းစားဖို့ အလေးချိန်ပြည့်တာနဲ့ သတ်ပြီး ရောင်းစားပစ်လိုက်တာပါပဲ။

ကြက်တွေရဲ့ ဘဝဟာ လူတွေစားဖို့ သက်သက်ဖြစ်လာရသလို ဖြစ်နေချိန်မှာ ကိုယ်က နည်းနည်း ညှာတာပေးမယ်ဆိုရင်တော့ သတ္တလောကကြီးက အနည်းငယ် တရားမျှတ လှပလာမှာပါ။ Farm Fresh ကြက်တွေဟာ ပိုချိုပြီး ကြက်ဥတွေဟာလည်း ပိုစားကောင်းတယ် ဆိုကြပါတယ်။ မြန်မာပြည်မှာတော့ မွေးမြူရေးကြက် (CP ကြက်) နဲ့ တိုင်းရင်းကြက် (ခြံကြက်) ဟာ ဈေးလည်း ကွာ အရသာလည်း ကွာပါတယ်။ မွေးမြူရေးကြက်တွေက အသားပိုနူးညံ့ပေမယ့် ခြံကြက်တွေက ပိုပြီး ချိုတယ် ဆိုကြပါတယ်။

ကောလဟာလလို့ ဆိုပေမယ့် ဖြစ်နိုင်တာ တစ်ချက်ကလည်း လူတွေက အသားတိုး ကြက်တွေ စားပြီး ကြက်သားထဲက ဆေးတွေ ဟော်မုန်းတွေကြောင့် လူတွေဟာလည်း အစားတွေ ပိုစားချင် ကိုယ်အလေးချိန်တွေ မထိန်းနိုင် ဖြစ်ရတယ် ဆိုပါတယ်။ ဒါဟာ ချက်ချင်း ဝဋ်လည်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီ Post ကို ဖတ်ပြီး အနည်းငယ် စဉ်းစားပေးမယ်၊ ဝေမျှပေးမယ်ဆိုရင် ရေးရကျိုး ပိုနပ်မယ် ထင်ပါတယ်။

ကျေးဇူးတင်ပါတယ် Ko Thet Oo (USA)

ၾကက္ဥ စားတာကို သတ္သတ္လြတ္လို႔ အခုထိ ထင္ေနၾကတုန္းပဲလား

နတ္ကိုးကြယ္ၾကလို႔ ဝက္သား ေရွာင္တယ္။ စပါးစိုက္ေပးလို႔ ႏြားကို မစားဘူး။ သားႀကီး ငါးႀကီး မစားဘူး။ အဲဒီေတာ့ ၾကက္ကိုပဲ စားၾကတယ္။ တခ်ိဳ႕ သတ္သတ္လြတ္ စားတဲ့သူေတြက ၾကက္ဥေတာ့ စားလို႔ ရတယ္ဆိုၿပီး စားတယ္။ ၾကက္သားနဲ႔ ၾကက္ဥကို စားလို႔ ဘယ္တုန္းကမွ အျပစ္ႀကီးႀကီးမားမား ရွိမယ္ မထင္ခဲ့ဘူး။ တေန႔က တီဗီအစီအစဥ္ တစ္ခုၾကည့္လိုက္ေတာ့မွ တစ္သက္လုံး ျမင္ခဲတဲ့ အျမင္ေတြ တစ္မ်ိဳး ျဖစ္သြားတယ္။ အဲဒါကို သင့္ေတာ္သလို ျပန္ေရးလိုက္တယ္။

ၾကက္နဲ႔ ၾကက္ဥ ဘယ္က စရင္ ေကာင္းမလဲ။ ၾကက္ဥက စရေအာင္။ ၾကက္ဥထုတ္ဖို႔ ဥစားၾကက္ေတြကို သပ္သပ္ေမြးၿပီး ၾကက္ဥ ထုတ္ပါတယ္။ ဥစား ၾကက္ေပါက္ကေလးေတြ ဥကေန ထြက္လာတာနဲ႔ အထီးနဲ႔ အမ ခြဲလိုက္ပါတယ္။ အထီးဆိုရင္ ခ်က္ခ်င္း သတ္ပစ္လိုက္ပါတယ္။ ေမြးထားရင္ ေကၽြးရတာပဲ ရွိမွာမို႔ပါ။

သတ္တယ္ဆိုတာလည္း ဓါတ္ေငြ႕ေပးၿပီး သတ္တာပါ။ သက္သက္ညႇာညႇာ ဆိုၿပီးေတာ့။ အင္မတန္ ခ်စ္စရာ ေကာင္းတဲ့ ၾကက္ေပါက္ေလးေတြကို မ်က္စိထဲ ျမင္ၾကည့္မယ္ ဆိုရင္ေတာ့ ဒီလို အေကာင္ ေပါက္ေလးေတြကို သတ္ဖို႔ မေျပာနဲ႔ ေသသြားရင္ေတာင္ စိတ္ေကာင္းမွာ မဟုတ္ဘူး။ ျမန္မာျပည္မွာေတာ့ ကၽြန္ေတာ္တို႔ ငယ္ငယ္တုန္းက ၾကက္ေပါက္ေလးေတြ လိုက္ေရာင္းပါတယ္။ ဒီလို ဥစားၾကက္ အထီးေလးေတြ ျဖစ္မွာပဲ။ အိမ္မွာ ေမြးထားေသးတယ္။ အေတာ္ ႀကီးလာၿပီးမွ ေသသြားတယ္။

ျမန္မာျပည္မွာပဲ ဒီလို ၾကက္ထီးေပါက္ေလးေတြကို ငုံးေၾကာ္ဆိုၿပီး ညာေရာင္းတာလည္း ရွိပါတယ္။ ႂကြတ္ႂကြတ္ ႂကြတ္ႂကြတ္နဲ႔ စားေကာင္းတယ္ ထင္ရမယ္။ မေသဘဲ က်န္ခဲ့တဲ ၾကက္မဟာ ၁၈ ပတ္သားကေန စၿပီး မေသမခ်င္း ေလွာင္အိမ္ထဲမွာပဲ တစ္ႏွစ္ေက်ာ္ေက်ာ္ၾကာ ေနရေတာ့တယ္။ ႏွစ္ေပ ပတ္လည္ ေလွာင္အိမ္ ထဲမွာ ၾကက္မ ၆ ေကာင္ေလာက္ ေနရတယ္။ တစ္ေကာင္အတြက္ ရတဲ့ ေနရာက ရႉးဖိနပ္ဘူး တစ္ဘူးစာေလာက္။ ငွက္တစ္ေကာင္အတြက္ အေတာင္ ျဖန႔္ရတယ္ဆိုတာ ဥစားၾကက္မေတြမွာ မရွိပါဘူး။

အေတာင္ျဖန႔္ဖို႔ ေနေနသာသာ ေပးေတာင္ မလႈပ္ပါဘူး။ လႈပ္လႈပ္ရွားရွား ေနမယ္ဆို အစာပိုေကၽြးရမယ္ေလ။ ၾကက္မေတြ အတြက္ေတာ့ ေလွာင္အိမ္ေရွ႕ ကြန္ေဗရာေပၚက အစာေတြကိုစား ေလွာင္အိမ္ေအာက္က ကြန္ေဗရာေပၚကို ဥေတြဥခ်။ ဒါပဲ သူတို႔ အတြက္ တစ္သက္စာ လုပ္စရာက။ ျပင္ပက ေရာဂါပိုးေတြ မဝင္ေအာင္ ၾကက္ေလွာင္အိမ္ေတြကို ဂိုေဒါင္လိုမ်ိဳးထဲမွာ ေဆာက္ထားၿပီး ဒီအထဲ ေရာက္လာတဲ့ ၾကက္မတစ္ေကာင္ဟာ ေနေရာင္ကို မျမင္ရေတာ့ပါဘူး။ သဘာဝတရားအတိုင္း ေနထိုင္ခြင့္ မရွိေတာ့ပါဘူး။

ဥမဥနိုင္တဲ့ အခ်ိန္ေရာက္မွ ဒီအထဲက ေခၚထုတ္သြားၿပီး သတ္ပစ္လိုက္မွာပါ။ ဥဥ႐ုံ ေမြးထား ေကၽြးထားတဲ့ ၾကက္ေတြဟာ အသားအတြက္ေတာ့ စားလို႔ မေကာင္းေတာ့ ပုံစံေျပာင္းၿပီး ေရာင္းၾကပါတယ္။ ၾကက္အူေခ်ာင္းလိုမ်ိဳးေတြ ၾကက္သားမႈန႔္လိုမ်ိဳးေတြပါ။ ယူေကမွာေတာ့ တိရစၧာန္ ေစာင့္ေရွာက္ေရး အဖြဲ႕တစ္ဖြဲ႕က ဒီလို ၾကက္မေတြကို ေမြးစားတာမ်ိဳး လုပ္ေပးပါတယ္။ ဒီလို ေလွာင္အိမ္ေတြကို Battery Cage လို႔ေခၚၿပီး ဒါဟာ နည္းပညာ တိုးတက္လာမႈရဲ့ တစ္စိတ္တစ္ပိုင္းပါ။

ၾကက္ဥေတြကို ဘယ္လို ေဈးေပါေပါနဲ႔ ထုတ္ရမလဲဆိုတာကို သိပၸံနည္းက် အေကာင္အထည္ ေဖာ္ထားတာပါ။ ဒီေန႔ေခတ္မွာ ကုန္စုံဆိုင္ တစ္ခုကို ဝင္ၾကည့္လိုက္မယ္ဆိုရင္ ၾကက္ဥ ၁၀ လုံး/တစ္ဒါဇင္ ေဈးဟာ ေခါင္းထဲ ထည့္စရာ မလိုေလာက္ေအာင္ကို ခ်ိဴသာေနပါတယ္။ ဟင္းသီးဟင္းရြက္ တစ္စည္းစာထက္ကို နည္းေနပါေသးတယ္။ အသားမစားနိုင္ မစားခ်င္လို႔ ၾကက္ဥစားမယ္ဆိုရင္လည္း တြက္ေခ်ကိုက္တဲ့ အာသာေျပေစတဲ့ အာဟာရလည္း ျပည့္ဝတဲ့ အစားထိုးစရာ တစ္ခုပါ။

လူေတြအတြက္ နည္းပညာဟာ ၾကက္မတစ္ေကာင္အတြက္ေတာ့ ပိုရက္စက္တဲ့ အက်ဥ္းစံ ဘဝပါပဲ။ ေလွာင္အိမ္ထဲမွာ က်ဥ္းက်ဥ္းက်ပ္က်ပ္ ေနရလို႔ တစ္ေကာင္နဲ႔ တစ္ေကာင္ ႏႈတ္သီးနဲ႔ မထိုးမိေအာင္ ၾကက္မေတြကို ႏႈတ္သီးတုန္းပစ္ပါတယ္။ ၾကက္ႏႈတ္သီးမွာ အင္မတန္ ခံစားနိုင္တဲ့ အာ႐ုံေၾကာေတြ ရွိလို႔ ႏႈတ္သီးတုန္းခ်ိန္မွာ ၾကက္ဟာ မခံစားနိုင္ေအာင္ နာက်င္ရပါတယ္။ ေခါင္းမွာ ရွိတဲ့ အဂၤါေတြ အားလုံးဟာ အာ႐ုံေၾကာေတြ ပိုမ်ားၿပီး ဦးေႏွာက္နဲ႔လည္း နီးလို႔ အင္မတန္ ခံစားလြယ္တာကို စဥ္းစားၾကည့္နိုင္ပါတယ္။

သဘာဝအတိုင္းဆို တစ္ႏွစ္လုံးေနမွ ဥ ႏွစ္ဆယ္ အစိတ္ေလာက္ ဥရာကေန ဥ ၂၀၀ ေက်ာ္ ဥေအာင္ အစားေတြထဲမွာ ေဆးေတြ ထည့္ထားပါတယ္။ ဥဥရလြန္းတဲ့ အတြက္ ၾကက္မေတြဟာ ကယ္လစီယမ္ဓါတ္ေတြ ခ်ိဳ႕တဲ့လာပါတယ္။ မလႈပ္မရွား ေလွာင္အိမ္ထဲမွာပဲ ေနရတဲ့ အတြက္ အရိုးေတြကလည္း မသန္ေတာ့ပါဘူး။

ေန႔တိုင္း ေန႔တိုင္း ဥေတြ တႁပြတ္ႁပြတ္ ဥေပးရတဲ့ ၾကက္မတစ္ေကာင္ရဲ့ ဘဝကို စာနာၾကည့္မယ္ ကိုယ္ခ်င္းစာၾကည့္မယ္ဆို ကေလးေမြးဖူးတဲ့ သူေတြက ပိုၿပီး ခံစား တတ္မယ္ ထင္တယ္။ ဒါတင္ အားမရလို႔ ၾကက္ဥေတြကို ပိုႀကီးေအာင္ အစာထဲမွာ ေဆးေတြထည့္ၿပီး ဥေတြကို အႀကီးႀကီးေတြ ျဖစ္ေအာင္ လုပ္မယ္။ ၾကက္ဥအခြံေတြ အႏွစ္ေတြ အေရာင္လွေအာင္ ေဆးေတြ ထည့္ေကၽြးမယ္။ ဒီလို နည္းပညာနဲ႔ ၾကက္ေတြကို ေမြးထားတဲ့ အတြက္ ေမြးျမဴသူမ်ားဘက္က စားရိတ္အမ်ားႀကီး သက္သာသြားပါတယ္။

ၾကက္ဥ အေလအလြင့္ မရွိေတာ့ပါဘူ။ ၾကက္ဥ ကြဲတာ ေပ်ာက္တာ မရွိေတာ့ပါဘူ။ အစာကိုလည္း တစ္ေကာင္ကို ဘယ္ေလာက္ႏႈန္းနဲ႔ တြက္ၿပီး ေကၽြးလို႔ရတဲ့ အတြက္ အတိအက် ေကၽြးခ်င္တာ ေကၽြးလို႔ ရလာပါတယ္။ ထိန္းသိမ္းစားစ ရိတ္ကလည္း အမ်ားႀကီး ေလ်ာ့နည္းသြားၿပီး ၾကက္မအေကာင္ သိန္းခ်ီ ေမြးၿပီး ဥအလုံးေရ သိန္းခ်ီထုတ္ဖို႔ အလုပ္သမားအနည္းငယ္ပဲ လိုေတာ့တယ္။ အဲဒါေၾကာင့္ ၾကက္ဥေဈးဟာ အင္မတန္ကို သက္သာလာပါတယ္။

စူပါမားကတ္ေတြက ေဈးအခ်ိဳဆုံး သြင္းလာတဲ့ ေမြးျမဴေရးသမားေတြဆီက ၾကက္ဥေတြကို ေပ်ာ္ေပ်ာ္ႀကီးလက္ခံတယ္။ ေမြးျမဴေရးသမားေတြကလည္း ကိုယ့္ၾကက္ဥ ေဈးႀကီးေနမယ္ဆို တျခားသူကို လက္ကားေရာင္းတဲ့သူေတြက လက္ခံသြားမွာ ဆိုေတာ့ စားရိတ္ကို က်ဥ္းနိုင္သမၽွ က်ဥ္းေအာင္ လုပ္ရတယ္။ ေမြးျမဴ၊ ေရာင္းဝယ္ေဖာက္ကား၊ ဝယ္ယူစားသုံးေနသူေတြအတြက္ ၾကက္မတစ္ေကာင္ရဲ့ ဘဝဟာ ဘာမၽွ ထည့္စဥ္းစားစရာ မလိုတဲ့ အခ်က္တစ္ခ်က္လို ျဖစ္ေနေတာ့တယ္။

ဒါေၾကာင့္မို႔လို တိရစၧာန္မ်ား ေစာင့္ေရွာက္ေရး အက်ိဳးေဆာင္ေတြက ၾကက္ေတြကို ဒီလို ေလွာင္ခ်ိဳင့္ထဲမွာ ရက္ရက္စက္စက္ ေမြးထားၿပီး ဥဥစားေနတာကို အျပင္းအထန္ ကန႔္ကြက္လာတယ္။ တိုးတက္တဲ့ စနစ္ရွိတဲ့ နိုင္ငံေတြမွာေတာ့ ၾကက္မ ဘယ္ႏွေကာင္အတြက္ ေလွာင္အိမ္ဟာ ဘယ္ေလာက္ က်ယ္ရမယ္ဆိုတာကို ျပဌာန္းထားေပမယ့္ ေလွာင္ခ်ိဳင့္စံ ဘဝကေတာ့ မတိုးတက္ပါဘူး။ အီးယူနိုင္ငံေတြမွာေတာ့ ေနာက္ငါးႏွစ္ေလာက္ၾကာရင္ ၾကက္ေတြကို ဒီလိုေလွာင္ၿပီး ဥထုတ္တဲ့ စနစ္ကို လုံး၀ ခြင့္မျပဳေတာ့ဘူးလို႔ အဆို တင္သြင္း ထားပါတယ္။

ဂ်ာမနီ၊ ဆြီဒင္နဲ႔ ဆြစ္စလန္မွာေတာ့ ဒီလို ေလွာင္ေမြးတာကို တားျမစ္ထားပါၿပီ။ တိရစၧာန္ တစ္ေကာင္ဟာ မူမွန္တဲ့ ျပဳမူလႈပ္ရွားခြင့္ ရွိရမယ္ဆိုတဲ့ အခ်က္ကိုေတာ့ တစ္ကမၻာလုံး နီးနီးက လ်စ္လ်ဴရႈထားစဲပါ။ ဒီထက္ နည္းနည္း လူသားဆန္တဲ့ ေမြးျမဴနည္းစနစ္ကေတာ့ ၾကက္တင္းကုပ္နဲ႔ ေမြးတာပါ။ ဂိုေဒါင္အရြယ္ တင္းကုပ္ထဲမွာ ေအာက္က ဖြဲလိုမ်ိဳး ခင္းထားၿပီး ေလွာင္အိမ္မပါဘဲ ၾကက္ေတြအားလုံးကို ဒီအတိုင္း ထည့္ထားၿပီး ေမြးတာပါ။ ၾကက္မေတြဟာ အထဲမွာ လႈပ္ရွား သြားလာလို႔ ရတယ္။

ၾကက္တန္းရွိတယ္၊ ဥခင္း ရွိတယ္။ အနည္းငယ္ ပ်ံလို႔ရတယ္။ တစ္ေကာင္နဲ႔ တစ္ေကာင္ ႀကိဳက္သလို ေတြ႕လိုရတယ္။ အျပင္ေတာ့ ထြက္ခြင့္ မရွိဘူး။ ၾကက္ေတြ ငွက္ေတြဆိုတာမ်ိဳးကို သိုးေတြ၊ ႏြားေတြလို သိမ္းရတာ လြယ္တာမွ မဟုတ္တာ။ အျပင္ ထြက္ခြင့္ေပးရင္ အလုပ္သမားစားရိတ္ ပိုကုန္မယ္။

ၾကက္ဥေတြ အေလအလြင့္ မ်ားမယ္။ အခုလို တင္းကုပ္နဲ႔ ေမြးတာေတာင္ ၾကက္ဥေတြ ကြဲတတ္ေတာ့ အေလအလြင့္က ရွိေသးတယ္။ ၿပီးေတာ့ Battery Cage မွာလိုမ်ိဳး ၾကက္ဥေတြကို ဥခ်လိုက္တာနဲ႔ ကြန္ေဗရာေပၚကေန ေတာက္ေလ်ာက္ စီၿပီး ထုတ္ပိုးတဲ့ ေနရာကို တန္းေရာက္တာမ်ိဳး မဟုတ္ဘူး။ ၾကက္ဥ လိုက္ေကာက္ရမယ္။ ဒီလိုနည္းကိုေတာ့ အလြန္ ရက္စက္တယ္ မေခၚၾကေတာ့ပါဘူး။ ဥပေဒစကားနဲ႔ဆို အက်ယ္ခ်ဳပ္ေပါ့။ ဒီလို ေမြးထားတဲ့ ၾကက္ေတြဆီက ဥေတြကို Free Range Egg လို႔ေခၚပါတယ္။

ဒီထက္ ပိုလူသားဆန္မယ့္ နည္းလမ္းကေတာ့ ၾကက္ေတြကို တင္းကုပ္လည္း ေဆာက္ေပးထား။ ေန႔လည္ ေန႔ခင္းဆို စားက်က္မွာလည္း လႊတ္ေပးထားတဲ့ ေမြးျမဴနည္းပါ။ ၾကက္ေတြက အိပ္စရာရွိတယ္။ ဥဥစရာ ေနရာရွိတယ္။ ေန႔ခင္းဆို အျပင္မွာ သဘာဝအတိုင္း သြားလာ လႈပ္ရွားလို႔ ရတယ္။ ေျမႀကီးထဲက တီေကာင္၊ ပိုးေကာင္းကို ယက္ရွာၿပီး စားေသာက္လို႔ ရတယ္။ ေနေရာင္ရတယ္။ သဘာဝေလ ရႉလို႔ရတယ္။ သြားလာ လႈပ္ရွားၿပီး ပိုက်န္းမာ သန္စြမ္းတယ္။ ၾကက္မေတြအတြက္ ပိုၿပီး ကံေကာင္းတာကေတာ့ ၾကက္ဖေတြနဲ႔ ေတြ႕ခြင္ ရွိတာပါပဲ။

ၾကက္အုပ္ တစ္အုပ္ထဲကို ၾကက္ဖ တစ္ေကာင္ေလာက္ ထည့္ထားေပးတတ္ပါတယ္။ ဒီလို ၾကက္မေတြက ထြက္လာတဲ့ ဥေတြကိုေတာ့ Farm Fresh Egg လို႔ေခၚပါတယ္။ တစ္ခ်ိဳ႕ ၾကက္ၿခံေတြမွာ ၾကက္ေတြကို သဘာ၀ အစားအစာ ေျပာင္းႏွံေတြပဲ ေကၽြးပါတယ္။ ဒီလို ေကၽြးထားတဲ့ Organic ၾကက္ဥေတြက အရြယ္အစား ေသးတတ္ပါတယ္။

ကုန္စုံဆိုင္ဘက္က ၾကည့္မယ္ဆို ဒီလို ၾကက္ဥေတြဟာ ေဈးအႀကီးဆုံးနဲ႔ အရြယ္အစား အေသးဆုံးပါပဲ။ ကုန္စုံဆိုင္ေတြမွာ ၾကက္ဥေတြကို အမ်ိဳးအစား ခြဲထားၿပီး Cage Egg၊ Free Range နဲ႔ Farm Fresh ဆိုတာကို သိသာစြာ စာတမ္းထိုးထားပါတယ္။ ေဈးႏႈန္းကလည္း နည္းနည္း ကြာေနပါတယ္။

Cage Egg က ၃ က်ပ္ဆိုရင္ Free Range က ၄ က်ပ္၊ Farm Fresh က ၅ က်ပ္ေလာက္နဲ႔ Oragic က ၆ က်ပ္ေလာက္ ေပးရနိုင္ပါတယ္။ လူ႔သဘာဝက (ေဈး) ေပါ- (အရြယ္) ႀကီး- (အရသာ)ခ်ိဳ လိုခ်င္တာဆိုေတာ့ Cage Egg ေတြက အေရာင္းရဆုံးပါ။ ဒီလို ဝယ္ေနတဲ့ အခ်ိန္မွာ တစ္သက္လုံး ေလွာင္ခ်ိဳင့္ က်ဥ္းက်ဥ္းေလးထဲမွာ ေနရၿပီး ဥဥဖို႔သာသာ ၾကက္မျဖစ္လာရတဲ့ ဘဝကို တစ္ခ်က္ေလာက္ေတာ့ ငဲ့ညႇာသင့္ပါတယ္။

ဗမာေတြက တစ္ကိုယ္ေရ သမားဆို ႏွစ္ပတ္မွ ၾကက္ဥ တစ္ဒါဇင္၊ မိသားစုဆိုရင္ တစ္ပတ္မွ တစ္ဒါဇင္စားတတ္တာပါ။ ဘိုေတြလို မ်ားမ်ားစားစား ဝယ္တတ္တာ မဟုတ္ပါဘူး။ စားအုန္းဆီ စားရင္ ႏွလုံးေရာဂါ ျဖစ္မွာ စိုးလို႔ ေဈးပိုေပးရတဲ့ ကိုလက္စထေရာနည္းတဲ့ ဆီေတြ ဝယ္စားသလို၊ နည္းနည္း အရသာပိုေကာင္းတဲ့ အစားအစာေတြကို ေဈးနည္းနည္း ပိုေပးလိုက္ရင္ တန္တယ္ ထင္သလို ၾကက္ဥဝယ္တဲ့ အခ်ိန္မွာလည္း ၾကက္ေတြရဲ့ ဘဝကို စဥ္းစားေပးၿပီး ၁ က်ပ္ ၂ က်ပ္ ပိုေပးလိုက္ၿပီး Cage Egg ကို မဝယ္ဘူး ဆိုရင္ ကိုယ့္ စည္းစိမ္ မျပဳတ္သြားေပမယ့္ သန္းနဲ႔ ခ်ီေနတဲ့ ၾကက္ေတြရဲ့ ဘဝဟာလည္း သိသိသာသာႀကီး တိုးတက္ ေကာင္းမြန္သြားမွာပါ။

ကိုယ္မဝယ္လည္း သူမ်ားက ဝယ္မွာပဲလို႔ ေတြးမိရင္ေတာ့ တစ္ေယာက္ တစ္ဇြန္း ထည့္ရမည့္ ဆီအိုးထဲမွာ ေရေတြပဲ ရွိသလို ျဖစ္ေနမွာပါ။ အသားစားၾကက္ေတြရဲ့ ဘဝဟာလည္း မလြယ္လွပါဘူး။ သူတို႔ကေတာ့ အသားတိုးေအာင္ ရင္အုပ္ေဖာင္းေအာင္ မ်ိဳးစပ္ ျပဳျပင္ထားတဲ့ ၾကက္ေတြပါ။ ဥစားၾကက္ေပါက္ေတြလိုပဲ ဥကေပါက္တာနဲ႔ စစ္ေဆးၿပီး အနာအဆာရွိတဲ့ ၾကက္ကေလးဆိုရင္ ခ်က္ခ်င္း သတ္ပစ္လိုက္ပါတယ္။ ၿပီးေတာ့ အထူးစပ္ထားတဲ့ အသားတိုး အစာေတြပဲ စားရပါတယ္။ အရြယ္မေရာက္ေသးပဲ အသားေတြ အမ်ားႀကီး ခ်က္ခ်င္းတိုးလာလို႔ သူတို႔ကို သူတို႔ မသယ္နိုင္ပါဘူး။ အရိုးေတြက ေကာင္းေကာင္း မေထာက္ပံ့ထားနိုင္ေတာ့ အရိုးေပ်ာ့ ေရာဂါျဖစ္ၿပီး ေခြလဲ ယိုင္လဲ ျဖစ္ရပါတယ္။

အသည္းတို႔ ႏွလုံးတို႔မွာ အဆီဖုံးတယ္။ ဒီထက္ ပိုဆိုးတာကေတာ့ သူတို႔ဟာ သက္တမ္း အနည္းငယ္ပဲ ေနရပါတယ္။ ၾကက္တစ္ေကာင္ဟာ သဘာဝအတိုင္း ေနမယ္ဆိုရင္ အနည္းဆုံး ၅ ႏွစ္ကေန ၁၂ ႏွစ္ေလာက္အထိ ေနနိုင္တာကို အသားစားၾကက္ေတြဟာ ရက္ေပါင္း ၅၀ ေတာင္ ေစ့ေအာင္ မေနရပါဘူး။ တင္းကုပ္နဲ႔ ေမြးရင္ ရက္ ၈၀ ေလာက္၊ ၿခံထဲမွာ လႊတ္ေပးထားတာဆို ရက္ ၁၀၀ ေက်ာ္ေလာက္ပဲ ေနရပါတယ္။ ေရာင္းစားဖို႔ အေလးခ်ိန္ျပည့္တာနဲ႔ သတ္ၿပီး ေရာင္းစားပစ္လိုက္တာပါပဲ။

ၾကက္ေတြရဲ့ ဘဝဟာ လူေတြစားဖို႔ သက္သက္ျဖစ္လာရသလို ျဖစ္ေနခ်ိန္မွာ ကိုယ္က နည္းနည္း ညႇာတာေပးမယ္ဆိုရင္ေတာ့ သတၱေလာကႀကီးက အနည္းငယ္ တရားမၽွတ လွပလာမွာပါ။ Farm Fresh ၾကက္ေတြဟာ ပိုခ်ိဳၿပီး ၾကက္ဥေတြဟာလည္း ပိုစားေကာင္းတယ္ ဆိုၾကပါတယ္။ ျမန္မာျပည္မွာေတာ့ ေမြးျမဴေရးၾကက္ (CP ၾကက္) နဲ႔ တိုင္းရင္းၾကက္ (ၿခံၾကက္) ဟာ ေဈးလည္း ကြာ အရသာလည္း ကြာပါတယ္။ ေမြးျမဴေရးၾကက္ေတြက အသားပိုႏူးညံ့ေပမယ့္ ၿခံၾကက္ေတြက ပိုၿပီး ခ်ိဳတယ္ ဆိုၾကပါတယ္။

ေကာလဟာလလို႔ ဆိုေပမယ့္ ျဖစ္နိုင္တာ တစ္ခ်က္ကလည္း လူေတြက အသားတိုး ၾကက္ေတြ စားၿပီး ၾကက္သားထဲက ေဆးေတြ ေဟာ္မုန္းေတြေၾကာင့္ လူေတြဟာလည္း အစားေတြ ပိုစားခ်င္ ကိုယ္အေလးခ်ိန္ေတြ မထိန္းနိုင္ ျဖစ္ရတယ္ ဆိုပါတယ္။ ဒါဟာ ခ်က္ခ်င္း ဝဋ္လည္တာလည္း ျဖစ္နိုင္ပါတယ္။ ဒီ Post ကို ဖတ္ၿပီး အနည္းငယ္ စဥ္းစားေပးမယ္၊ ေဝမၽွေပးမယ္ဆိုရင္ ေရးရက်ိဳး ပိုနပ္မယ္ ထင္ပါတယ္။

ေက်းဇူးတင္ပါတယ္ Ko Thet Oo (USA)