အိန္ဒိယနိုင်ငံမှ ဘာသာမဲ့နဲ့ ဘာသာခြား လူ ၅၀၀ ကျော် ဗုဒ္ဓဘာသာသို့ တပြိုင်နက် ဝင်ရောက်
အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်တွင်သီတင်းသုံးနေထိုင်သည့် ရခိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဉာဏိဿရကိုအမှူးထား၍ ဘာသာမဲ့နှင့် ဘာသာခြား ၅ဝဝ ဦးသည် ဗုဒ္ဓဘာသာအဖြစ် ဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ် ကုသိနာရုံခရိုင်ရှိ ဆရာတော်ဘုရားကြီးသီတင်းသုံးတော်မူသော ကုသိနာရုံမြန်မာကျောင်းတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ဆရာတော်ဘုရားကြီး၏တပည့်ဖြစ်သူ အရှင်ဦးသာဂရက မိန့်ကြားပါတယ်။
အဓိကရည်ရွယ်ချက်ကတော့ ဗုဒ္ဓဘာသာပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ အိန္ဒိယမှာ ဗုဒ္ဓသာသနာတော်ပြန်လည် လင်းလက်စေချင်တဲ့ဆန္ဒကြောင့် ဒီလို ဘာသာခြားတွေကို သာသနာပြုပြီးတော့ ဗုဒ္ဓဘာသာအဖြစ် သွင်းရတာဖြစ်တယ်လို့ မိန့်ပါတယ်။
ယင်းနေ့က ဗုဒ္ဓဘာသာအဖြစ်ဝင်ရောက်ခဲ့သူများတွင် ဘာသာမဲ့ ၁ဝ ဦးခန့်သာရှိပြီး အခြားသူများမှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြပါတယ္။ ထိုကဲ့သို့ ဗုဒ္ဓဘာသာအဖြစ်ခံယူပြီးနောက် ရှင်သာမဏေအဖြစ်ခံယူခဲ့သူ အပါး ၁၅ဝ နှင့် မယ်သီလရှင်အပါး ၅၀ ရှိခဲ့ပြီး ဗုဒ္ဓဘာသာအဖြစ်ဝင်ရောက်ခဲ့တဲ့ လူပုဂ္ဂိုလ် ၃ဝဝ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
ရှင်သာမဏေနှင့် မယ်သီလရှင်တို့သည် အဆိုပါကျောင်းတွင် ၇ ရက်ကြာ သီတင်းသုံးနေထိုင်ရမည်ဖြစ်ပြီး ယင်းကာလအတွင်း ဗုဒ္ဓဘာသာတစ်ဦး၏ သိသင့်သိထိုက်သည်များကို ဆရာတော်ဘုရားကြီးက ဟောပြောမိန့်ကြားပေးမှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံတွင် ဟိန္ဒူဘာသာဝင် ၇၀ ရာခိုင်နှုန်း၊ မူဆလင် ၂၅ ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာဝင် ၃ ရာခိုင်နှုန်း၊ ဘာသာမဲ့နှင့် ခရစ်ယာန် ၂ ရာခိုင်နှုန်းရှိပါတယ်။ အခုလိုမျိုး အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့အချိန် ဆရာတော်ကြီးက ခုလိုမျိုး သာသနာပြုပြီး ဗုဒ္ဓဘာသာထွန်းကားအောင် စွမ်းဆောင်သာသနာပြုနိုင်တဲ့အတွက် ဆရာတော်ရဲ့တပည့်တစ်ယောက်အနေနဲ့ သာသနာတော်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရသလို ဆရာတော်ထံပါးမှာ သာသနာပြုလုပ်ငန်းတွေကိုဆောင်ရွက်ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်လို့ ဦးသာဂရက မိန့်ပါတယ်။
သက်တော် ၈၆ နှစ်ရှိပြီဖြစ်သော ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဉာဏိဿရသည် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ဇီးပင်ကြီးကျေးရွာဇာတိဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေသည်မှာ နှစ်ပေါင်း ၆ဝ ခန့်ရှိပြီ ဖြစ်ပြီး အိန္ဒိယအစိုးရနဲ့ ယခင် မြန်မာအစိုးရတို့က ဒေါက်တာဘွဲ့နဲ့ အခြား ဘွဲ့အများပြား ဆက်ကပ်ပူဇော် ခံထားရတယ်လို့ သိရပါတယ်။
အိႏၵိယနိုင္ငံမွ ဘာသာမဲ့နဲ႔ ဘာသာျခား လူ ၅၀၀ ေက်ာ္ ဗုဒၶဘာသာသို႔ တၿပိဳင္နက္ ဝင္ေရာက္
အိႏၵိယနိုင္ငံ၊ ယူပီျပည္နယ္တြင္သီတင္းသုံးေနထိုင္သည့္ ရခိုင္ဆရာေတာ္ဘုရားႀကီး ဘဒၵႏၲ ဉာဏိႆရကိုအမႉးထား၍ ဘာသာမဲ့ႏွင့္ ဘာသာျခား ၅ဝဝ ဦးသည္ ဗုဒၶဘာသာအျဖစ္ ဝင္ေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္။ အိႏၵိယနိုင္ငံ၊ ယူပီျပည္နယ္ ကုသိနာ႐ုံခရိုင္ရွိ ဆရာေတာ္ဘုရားႀကီးသီတင္းသုံးေတာ္မူေသာ ကုသိနာ႐ုံျမန္မာေက်ာင္းတြင္ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔က ဝင္ေရာက္ခဲ့ၾကျခင္းျဖစ္သည္ဟု ဆရာေတာ္ဘုရားႀကီး၏တပည့္ျဖစ္သူ အရွင္ဦးသာဂရက မိန႔္ၾကားပါတယ္။
အဓိကရည္ရြယ္ခ်က္ကေတာ့ ဗုဒၶဘာသာေပ်ာက္ကြယ္လုနီးပါးျဖစ္ေနတဲ့ အိႏၵိယမွာ ဗုဒၶသာသနာေတာ္ျပန္လည္ လင္းလက္ေစခ်င္တဲ့ဆႏၵေၾကာင့္ ဒီလို ဘာသာျခားေတြကို သာသနာျပဳၿပီးေတာ့ ဗုဒၶဘာသာအျဖစ္ သြင္းရတာျဖစ္တယ္လို႔ မိန႔္ပါတယ္။
ယင္းေန႔က ဗုဒၶဘာသာအျဖစ္ဝင္ေရာက္ခဲ့သူမ်ားတြင္ ဘာသာမဲ့ ၁ဝ ဦးခန႔္သာရွိၿပီး အျခားသူမ်ားမွာ ဟိႏၵဴဘာသာဝင္မ်ားျဖစ္ၾကပါတယ္။ ထိုကဲ့သို႔ ဗုဒၶဘာသာအျဖစ္ခံယူၿပီးေနာက္ ရွင္သာမေဏအျဖစ္ခံယူခဲ့သူ အပါး ၁၅ဝ ႏွင့္ မယ္သီလရွင္အပါး ၅၀ ရွိခဲ့ၿပီး ဗုဒၶဘာသာအျဖစ္ဝင္ေရာက္ခဲ့တဲ့ လူပုဂၢိဳလ္ ၃ဝဝ ဦးရွိခဲ့တယ္လို႔ သိရပါတယ္။
ရွင္သာမေဏႏွင့္ မယ္သီလရွင္တို႔သည္ အဆိုပါေက်ာင္းတြင္ ၇ ရက္ၾကာ သီတင္းသုံးေနထိုင္ရမည္ျဖစ္ၿပီး ယင္းကာလအတြင္း ဗုဒၶဘာသာတစ္ဦး၏ သိသင့္သိထိုက္သည္မ်ားကို ဆရာေတာ္ဘုရားႀကီးက ေဟာေျပာမိန႔္ၾကားေပးမွာ ျဖစ္ပါတယ္။
အိႏၵိယနိုင္ငံတြင္ ဟိႏၵဴဘာသာဝင္ ၇၀ ရာခိုင္ႏႈန္း၊ မူဆလင္ ၂၅ ရာခိုင္ႏႈန္း၊ ဗုဒၶဘာသာဝင္ ၃ ရာခိုင္ႏႈန္း၊ ဘာသာမဲ့ႏွင့္ ခရစ္ယာန္ ၂ ရာခိုင္ႏႈန္းရွိပါတယ္။ အခုလိုမ်ိဳး အိႏၵိယနိုင္ငံမွာ ဗုဒၶဘာသာေပ်ာက္ကြယ္လုနီးပါးျဖစ္ေနတဲ့အခ်ိန္ ဆရာေတာ္ႀကီးက ခုလိုမ်ိဳး သာသနာျပဳၿပီး ဗုဒၶဘာသာထြန္းကားေအာင္ စြမ္းေဆာင္သာသနာျပဳနိုင္တဲ့အတြက္ ဆရာေတာ္ရဲ့တပည့္တစ္ေယာက္အေနနဲ႔ သာသနာေတာ္အတြက္ ဝမ္းေျမာက္ဝမ္းသာျဖစ္ရသလို ဆရာေတာ္ထံပါးမွာ သာသနာျပဳလုပ္ငန္းေတြကိုေဆာင္ရြက္ခြင့္ရတဲ့အတြက္ အရမ္းေပ်ာ္ပါတယ္လို႔ ဦးသာဂရက မိန႔္ပါတယ္။
သက္ေတာ္ ၈၆ ႏွစ္ရွိၿပီျဖစ္ေသာ ဆရာေတာ္ဘုရားႀကီး ဘဒၵႏၲ ဉာဏိႆရသည္ ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္၊ ဇီးပင္ႀကီးေက်းရြာဇာတိျဖစ္ၿပီး အိႏၵိယနိုင္ငံတြင္ သီတင္းသုံးေနသည္မွာ ႏွစ္ေပါင္း ၆ဝ ခန႔္ရွိၿပီ ျဖစ္ၿပီး အိႏၵိယအစိုးရနဲ႔ ယခင္ ျမန္မာအစိုးရတို႔က ေဒါက္တာဘြဲ႕နဲ႔ အျခား ဘြဲ႕အမ်ားျပား ဆက္ကပ္ပူေဇာ္ ခံထားရတယ္လို႔ သိရပါတယ္။