ငယ္ေပါင္းကစားေဖာ္ရဲ႕ ေသဆုံးမႈေၾကာင့္ ပူေဆြးေနခဲ့တဲ့ ေဂၚရီလာေမ်ာက္ဝံတစ္ေကာင္အား ပထမဆုံးအႀကိမ္ ရယ္ေမာေအာင္ ျပဳလုပ္ေပးခဲ့တဲ့ မင္းသားႀကီး (႐ုပ္သံ)

သူ့အိုက်တင်တွေကြောင့် ကျွန်တော်တို့ကို ရယ်မောစေပြီး သူ့ဟာသကို သဘောကျသွားတဲ့ မင်းသားကြီး Robin Williams ဟာ သရုပ်ဆောင်တစ်ဦးအဖြစ် ကျော်ကြားလာခဲ့ပေမဲ့လည်း အမှန်တကယ် ချီးကျူးခံရသည်မှာ ၎င်း၏ နှိမ့်ချမှုဖြစ်ပါတယ်။ သူ့မျက်မှောက်ရှိလူတိုင်း ခံစားလိုက်ရပြီး ဂေါ်ရီလာမျောက်ဝံမကြီး Koko ကို ပထမဆုံးစတွေ့တုန်းက တိရိစ္ဆာန်တွေအတွက်တောင် ဒါကမှန်ကြောင်း အရိပ်အယောင်တွေ့ခဲ့ရပါတယ်။ Koko ဟာ American Sign Language (ASL) ဗားရှင်းကို သင်ယူပြီး ယခင်က မျောက်ဝံအနည်းငယ်သာရှိတဲ့ သူမရဲ့ အုပ်ထိန်းသူနှင့် ဆက်သွယ်နိုင်ခြင်းကြောင့် အတော်လေး ရေပန်းစားလာခဲ့ပါတယ်။ 2001 ခုနှစ်မှာ Robin Williams ဟာ သူမနှင့် တွေ့ဆုံရန် ဖိတ်ကြားခံခဲ့ရပါတယ်။

 

၎င်းတို့စတင်တွေ့ဆုံချိန်မှာ Koko ဟာ လွန်ခဲ့တဲ့ ခြောက်လက သေဆုံးသွားခဲ့တဲ့ သူမရဲ့ငယ်ဘဝကစားဖော် ၂၇ နှစ်အရွယ် ဂေါ်ရီလာ Michael ရဲ့သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးနေခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ Williams က Koko ဝင်လာတာကို စောင့်ဆိုင်းရင်း ကုလားထိုင်တစ်လုံးမှာ ထိုင်နေခဲ့ပေမဲ့ ဂေါ်ရီလာကို အခန်းထဲခေါ်လာတဲ့အခါမှာတော့ သူဟာ ထိုင်ခုံပေါ်ကထပြီး Koko နဲ့ မျက်နှာချင်းဆိုင်ဖို့ ကြမ်းပြင်ပေါ်မှာ ပြောင်းထိုင်ခဲ့ပြီးနောက်မှာ ၎င်းတို့နှစ်ယောက်သား ရယ်မောနေကြပြီး တစ်ယောက်နဲ့တစ်ယောက် စူးစမ်းချင်စိတ်နဲ့ စောင့်ကြည့်နေခဲ့ကြတာကို တွေ့ရပါတယ်။ မင်းသားက ဂေါ်ရီလာကို ချက်ခြင်း သက်တောင့်သက်သာ ဖြစ်စေတယ်ဆိုတာ ထင်ရှားနေခဲ့ပြီး ၊နောက်ဆုံး koko ဟာ မင်းသားရဲ့မျက်မှန်ကိုကိုင်ကာ စမ်းကြည့်လိုက် သူ့အိတ်ကပ်ထဲက ပိုက်ဆံကိုထုတ်ကြည့်လိုက်လုပ်ကာ ရယ်မောနေခဲ့ပါတယ်။

 

မင်းသားကြီးကလည်း ထပ်တူခံစားနေခဲ့ရတဲ့ ၎င်းတို့နှစ်ယောက်ကြားက အပြန်အလှန်ဆက်ဆံရေးက ကြည့်ရတာ ကြည်နူးစရာပါဘဲ။ 2014 ခုနှစ်မှာတော့ Robin Williams သေဆုံးမှုအကြောင်း koko အား ပြောပြတဲ့အခါ သူမဟာ ဝမ်းနည်းငိုကြွေးသွားခဲ့ပါတယ်။ San Franciso တိရစ္ဆာန်ရုံမှာ မွေးဖွားခဲ့တဲ့ Koko ဟာ ကယ်လီဖိုးနီးယားပြည်နယ် Woodside ရှိ The Gorilla Foundation ရဲ့ စောင့်ရှောက်မှုအောက်မှာ သူမရဲ့ ဘဝအများစုကို Santa Cruz တောင်တွေမှာ ကုန်ဆုံးခဲ့ပါတယ်။

ထို့ပြင် သူမဟာ အင်္ဂလိပ်စကားပြော စကားလုံး ၂၀၀၀ ခန့်ကိုလည်း နားလည်ခဲ့ပြီး သူမကို သွန်သင်ဆုံးမခဲ့တဲ့ Francine Patterson ရဲ့အဆိုအရ သူမဟာ မျောက်ဝံတစ်ကောင်ဖြစ်နိုင်ပေမယ့် koko ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကတော့ ၃ နှစ်အရွယ် လူသားကလေးတစ်ယောက်နဲ့ အတူတူပါပဲ။ ထို့ပြင် Koko ဟာ အိမ်မွေးတိရစ္ဆာန် ထိန်းသိမ်းရန် လူသိများတဲ့ မျောက်ဝံအနည်းငယ်ထဲမှ တစ်ကောင်လည်းဖြစ်သလို 80s တုန်းက Koko ဟာ မီးခိုးရောင်ကြောင်လေးတစ်ကောင်ကိုရွေးပြီး ၊ All-ball လို့ နာမည်ပေးခဲ့ပါတယ်။

koko ဟာ All-ball ကို သူမကိုယ်တိုင် မွေးမြူပြီး နေ့တိုင်း တစ်နာရီအကြာ အတူတူဆော့ကစားပေးခဲ့ပါတယ်။ ဒါ့ပြင် ထို့ကဲ့သို့သော ကလေးတစ်ယောက်လို့ ဉာဏ်ရည်မြင့်မားတဲ့ koko ဟာ သတင်းစာများနှင့် မဂ္ဂဇင်းတွေမှာလည်း ဖော်ပြခံခဲ့ရပါတယ်။ နောက်ဆုံး koko ဟာ သူမဘဝကို ဖြတ်သန်းပြီးနောက် ၂၀၁၈ ခုနှစ် သူမ အသက် ၄၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : explore

သူ႔အိုက္တင္ေတြေၾကာင့္ ကြၽန္ေတာ္တို႔ကို ရယ္ေမာေစၿပီး သူ႔ဟာသကို သေဘာက်သြားတဲ့ မင္းသားႀကီး Robin Williams ဟာ သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ ေက်ာ္ၾကားလာခဲ့ေပမဲ့လည္း အမွန္တကယ္ ခ်ီးက်ဴးခံရသည္မွာ ၎၏ ႏွိမ့္ခ်မႈျဖစ္ပါတယ္။ သူ႔မ်က္ေမွာက္ရွိလူတိုင္း ခံစားလိုက္ရၿပီး ေဂၚရီလာေမ်ာက္ဝံမႀကီး Koko ကို ပထမဆုံးစေတြ႕တုန္းက တိရိစာၦန္ေတြအတြက္ေတာင္ ဒါကမွန္ေၾကာင္း အရိပ္အေယာင္ေတြ႕ခဲ့ရပါတယ္။ Koko ဟာ American Sign Language (ASL) ဗားရွင္းကို သင္ယူၿပီး ယခင္က ေမ်ာက္ဝံအနည္းငယ္သာရွိတဲ့ သူမရဲ႕ အုပ္ထိန္းသူႏွင့္ ဆက္သြယ္ႏိုင္ျခင္းေၾကာင့္ အေတာ္ေလး ေရပန္းစားလာခဲ့ပါတယ္။ 2001 ခုႏွစ္မွာ Robin Williams ဟာ သူမႏွင့္ ေတြ႕ဆုံရန္ ဖိတ္ၾကားခံခဲ့ရပါတယ္။

၎တို႔စတင္ေတြ႕ဆုံခ်ိန္မွာ Koko ဟာ လြန္ခဲ့တဲ့ ေျခာက္လက ေသဆုံးသြားခဲ့တဲ့ သူမရဲ႕ငယ္ဘဝကစားေဖာ္ ၂၇ ႏွစ္အ႐ြယ္ ေဂၚရီလာ Michael ရဲ႕ေသဆုံးမႈအတြက္ ဝမ္းနည္းပူေဆြးေနခဲ့ပါတယ္။ ဗီဒီယိုထဲမွာေတာ့ Williams က Koko ဝင္လာတာကို ေစာင့္ဆိုင္းရင္း ကုလားထိုင္တစ္လုံးမွာ ထိုင္ေနခဲ့ေပမဲ့ ေဂၚရီလာကို အခန္းထဲေခၚလာတဲ့အခါမွာေတာ့ သူဟာ ထိုင္ခုံေပၚကထၿပီး Koko နဲ႔ မ်က္ႏွာခ်င္းဆိုင္ဖို႔ ၾကမ္းျပင္ေပၚမွာ ေျပာင္းထိုင္ခဲ့ၿပီးေနာက္မွာ ၎တို႔ႏွစ္ေယာက္သား ရယ္ေမာေနၾကၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ စူးစမ္းခ်င္စိတ္နဲ႔ ေစာင့္ၾကည့္ေနခဲ့ၾကတာကို ေတြ႕ရပါတယ္။ မင္းသားက ေဂၚရီလာကို ခ်က္ျခင္း သက္ေတာင့္သက္သာ ျဖစ္ေစတယ္ဆိုတာ ထင္ရွားေနခဲ့ၿပီး ၊ေနာက္ဆုံး koko ဟာ မင္းသားရဲ႕မ်က္မွန္ကိုကိုင္ကာ စမ္းၾကည့္လိုက္ သူ႔အိတ္ကပ္ထဲက ပိုက္ဆံကိုထုတ္ၾကည့္လိုက္လုပ္ကာ ရယ္ေမာေနခဲ့ပါတယ္။

မင္းသားႀကီးကလည္း ထပ္တူခံစားေနခဲ့ရတဲ့ ၎တို႔ႏွစ္ေယာက္ၾကားက အျပန္အလွန္ဆက္ဆံေရးက ၾကည့္ရတာ ၾကည္ႏူးစရာပါဘဲ။ 2014 ခုႏွစ္မွာေတာ့ Robin Williams ေသဆုံးမႈအေၾကာင္း koko အား ေျပာျပတဲ့အခါ သူမဟာ ဝမ္းနည္းငိုေႂကြးသြားခဲ့ပါတယ္။ San Franciso တိရစာၦန္႐ုံမွာ ေမြးဖြားခဲ့တဲ့ Koko ဟာ ကယ္လီဖိုးနီးယားျပည္နယ္ Woodside ရွိ The Gorilla Foundation ရဲ႕ ေစာင့္ေရွာက္မႈေအာက္မွာ သူမရဲ႕ ဘဝအမ်ားစုကို Santa Cruz ေတာင္ေတြမွာ ကုန္ဆုံးခဲ့ပါတယ္။

ထို႔ျပင္ သူမဟာ အဂၤလိပ္စကားေျပာ စကားလုံး ၂၀၀၀ ခန႔္ကိုလည္း နားလည္ခဲ့ၿပီး သူမကို သြန္သင္ဆုံးမခဲ့တဲ့ Francine Patterson ရဲ႕အဆိုအရ သူမဟာ ေမ်ာက္ဝံတစ္ေကာင္ျဖစ္ႏိုင္ေပမယ့္ koko ရဲ႕ ဉာဏ္ရည္ဉာဏ္ေသြးကေတာ့ ၃ ႏွစ္အ႐ြယ္ လူသားကေလးတစ္ေယာက္နဲ႔ အတူတူပါပဲ။ ထို႔ျပင္ Koko ဟာ အိမ္ေမြးတိရစာၦန္ ထိန္းသိမ္းရန္ လူသိမ်ားတဲ့ ေမ်ာက္ဝံအနည္းငယ္ထဲမွ တစ္ေကာင္လည္းျဖစ္သလို 80s တုန္းက Koko ဟာ မီးခိုးေရာင္ေၾကာင္ေလးတစ္ေကာင္ကိုေ႐ြးၿပီး ၊ All-ball လို႔ နာမည္ေပးခဲ့ပါတယ္။

koko ဟာ All-ball ကို သူမကိုယ္တိုင္ ေမြးျမဴၿပီး ေန႔တိုင္း တစ္နာရီအၾကာ အတူတူေဆာ့ကစားေပးခဲ့ပါတယ္။ ဒါ့ျပင္ ထို႔ကဲ့သို႔ေသာ ကေလးတစ္ေယာက္လို႔ ဉာဏ္ရည္ျမင့္မားတဲ့ koko ဟာ သတင္းစာမ်ားႏွင့္ မဂၢဇင္းေတြမွာလည္း ေဖာ္ျပခံခဲ့ရပါတယ္။ ေနာက္ဆုံး koko ဟာ သူမဘဝကို ျဖတ္သန္းၿပီးေနာက္ ၂၀၁၈ ခုႏွစ္ သူမ အသက္ ၄၆ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ပါတယ္။

Mia (Mckzone daily)

Reference : explore