သာသနာပြု သက်တော် လယကင်း တော်ကြီးသည် ၁၃၇၆-ခုနှစ် ကဆုန်လဆုတ် ၁၁-ရက် (၂၄-၅-၂၀၁၄)နေ့က ပျံလွန်တော်မူခဲ့ သည်။ ဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်၌ သက်တော် ၁၀၂-နှစ်ရှိပေပြီ။ ဆရာတော်ကြီး ပျံလွန်တော်မမူမီ သက်တော် ၁၀၀ ၁ဝ-ပြည့်တွင် ဆရာတော်ကြီးအား ကိုယ်တိုင်သွားရောက် ဖူးတွေ့ကာ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိနှင့် သာသနာပြုဆောင်ရွက်မှုများကို ၂၀၁၄-ခုနှစ်၊ ဧပြီလထုတ် မြတ်မင်္ဂလာစာစောင်၌ ကျွန်တော် ရေးသားပူဇော်ခဲ့ပါသည်။ ဆရာတော်ကြီး၏ ဘွဲ့တော်မှာ ဘဒ္ဒန္တဣန္ဒက ဖြစ်သည်။ ရွှေမျက် မှန်ကိုယ်တော် လယ်ကိုင်းဆရာတော်ဟု ထင်ရှား ကျော်ကြားခဲ့သော သာသနာပြု ဆရာတော်ကြီး ဖြစ်သည်။
ယခုဆိုလျှင် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ သည်မှာ ၁-နှစ်ကျော်ကြာမြင့်ခဲ့ပေပြီ။ ဆရာ တော်ကြီး ပျံလွန်တော်မူပြီးနောက် ဆရာတော် ကြီး၏ရုပ်ကလာပ်တော်ကို တပည့်ဒါယကာ၊ ဒါယိကာမများက မီးသင်္ဂြိုဟ်ခြင်းမပြုဘဲ ဆရာ တော်ကြီးသီတင်းသုံးခဲ့ရာ မအူပင်မြို့နယ်၊ လယ် ကိုင်းကျေးရွာရှိ လယ်ကိုင်းကျောင်းတိုက်ဝင်း အတွင်းမှာပင် မှန်ကျောင်းဆောင်တွင်းသွင်း၍ ပူဇော်ထားရှိခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ ပူဇော် ထားရှိရာတွင် ဝမ်းဗိုက်တော်ခွဲ၍ ကလီစာများ ထုတ်ခြင်းဆေးဝါးများဖြင့် မပုပ်မသိုးအောင် စီမံ ခြင်းများ လုံးဝမပြုလုပ်ခဲ့ကြပေ။
ပကတိ ရုပ်ကလာပ်တော်အတိုင်းသာ မှန်ကျောင်းဆောင် တွင်းသွင်း၍ ပူဇော်ထားရှိခဲ့ကြခြင်း ဖြစ်သည်
ထူးခြားသည်မှာ ယင်းသို့ အစီအမံများ ပြုလု ထားခြင်းမရှိပါဘဲနှင့် ပျံလွန်တော်ပြီး၍ ၁-နှစ် ကျော်ကြာမြင့်သည့် ယနေ့အချိန်ထိ ဆရာတော် ကြီး၏ ရုပ်ကလာပ်တော်မှာ လုံးဝပုပ်သိုးသွား ခြင်းမရှိဘဲ ကျောက်သားကဲ့သို့ မာကျောကျစ် လျစ်နေသည်ကို တပည့်ဒါယကာ၊ ဒါယိကာမများ အံ့ဖွယ်ဖူးတွေ့ကြရသည်။ ထိုအကြောင်းကို ကြားသိရသော ဆရာတော်ကြီး၏ ဒကာရင်းဖြစ် သူ ကျွန်တော့်မိတ်ဆွေ ဦးသောင်းဝင်း (မ/ ဥက္ကလာ)က တစ်ဆင့်စကား ကျွန်တော့်ကို ပြော ကြားသည်။
သို့ဖြင့် ကျွန်တော်တို့နှစ်ဦးသည် ရန်ကုန်မှ မအူပင်မြို့နယ်၊ လယ်ကိုင်းကျောင်းတိုက်သို့ သွားရောက်ခဲ့ကြသည်။ ကြားသိရသည့်အတိုင်း ပင် ထူးခြားသော ဆရာတော်ကြီး၏ ရုပ် ကလာပ်တော်ကို မျက်မြင်ကိုယ်တွေ့ ကျွန်တော် တို့ ဖူးမြင်ကြရသည်။ ယခုအချိန်ထိ မပုပ်မသိုး၊ အရိုးမကျသေးဘဲ အသားတော်များမှာ ကျောက် သားကဲ့သို့ မာကျောကျစ်လျစ်နေသည်။ လက်ဝဲ ဘက်နားရွက်တော်အတွင်း၌ ပေါက်နေသည့် မွေးညင်းအဖြူလေးများမှာလည်း ယနေ့အချိန် ထိ မကျွတ်၊ မကြွေသေးဘဲ သက်တော်ထင်ရှား ရှိစဉ်ကအတိုင်းပင် ထိုးထိုးထောင်ထောင်ဖြင့် ရှိနေသည်ကို အံ့ဖွယ်ဖူးတွေ့ ရသည်။
လယ်ကိုင်းဆရာတော်ကြီးသည် သက်တော် ထင်ရှားရှိစဉ်က ဘာသာ၊ သာသနာ အကျိုးပြု လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရင်း တစ်ဖက်ကလည်း ဝိပဿနာ ဘာဝနာအလုပ်ကို သက်တော် ၃၅-နှစ်အရွယ် စ၍ ပျံလွန်တော်မူသည့်တိုင် အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့သည်။ ဆရာတော်ကြီးကိုယ် တိုင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ထူးခြားသော ဖြစ်စဉ်ပေါင်းများစွာ ဖြစ် ပေါ်ခဲ့သည်ကို တပည့် ဒါယကာ၊ ဒါယိကာမများ မျက်မြင်ကိုယ်တွေ့ဖူးမြင်ခဲ့ကြရသည်။
ယခု ပျံလွန်တော်မူသည့်အခါတွင်လည်း ထူးခြားစွာ ပင် မပုပ်မသိုးရှိနေသည်ကို မျက်မြင်ကိုယ်တွေ့ ဖူးမြင်ရသဖြင့် မြတ်မင်္ဂလာပရိသတ်များ သဒ္ဓါ တရားတိုးပွားစေရန် ရေးသား ဖော်ပြလိုက်ရပါ သည်။အကယ်၍ စာရှုသူများ ကိုယ်တိုင်သွား ရောက် ဖူးမြော်လိုပါက ရန်ကုန်-မအူပင်ကား များကိုစီး၍ သွားရောက်နိုင်ပါသည်။ မအူပင် မရောက်ခင် စိုက်ပျိုးရေးကွေ့မှတ်တိုင်တွင် ဆင်း ပါ။ ထိုမှ လယ်ကိုင်းကျောင်းတိုက်သို့ ဆိုင်ကယ် ကယ်ရီစီးသွားလျှင် ရောက်ရှိပါကြောင်း လမ်းညွှန် ဖော်ပြလိုက်ပါသည်။
Credit;..
Zawgyi
သာသနာျပဳ သက္ေတာ္ လယကင္း ေတာ္ႀကီးသည္ ၁၃၇၆-ခုႏွစ္ ကဆုန္လဆုတ္ ၁၁-ရက္ (၂၄-၅-၂၀၁၄)ေန႔က ပ်ံလြန္ေတာ္မူခဲ့ သည္။ ဆရာေတာ္ႀကီးသည္ ပ်ံလြန္ေတာ္မူခ်ိန္၌ သက္ေတာ္ ၁၀၂-ႏွစ္ရွိေပၿပီ။ ဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မမူမီ သက္ေတာ္ ၁၀၀ ၁ဝ-ျပည့္တြင္ ဆရာေတာ္ႀကီးအား ကိုယ္တိုင္သြားေရာက္ ဖူးေတြ႕ကာ ဆရာေတာ္ႀကီး၏ ေထ႐ုပၸတၱိႏွင့္ သာသနာျပဳေဆာင္႐ြက္မႈမ်ားကို ၂၀၁၄-ခုႏွစ္၊ ဧၿပီလထုတ္ ျမတ္မဂၤလာစာေစာင္၌ ကြၽန္ေတာ္ ေရးသားပူေဇာ္ခဲ့ပါသည္။ ဆရာေတာ္ႀကီး၏ ဘြဲ႕ေတာ္မွာ ဘဒၵႏၲဣႏၵက ျဖစ္သည္။ ေ႐ႊမ်က္ မွန္ကိုယ္ေတာ္ လယ္ကိုင္းဆရာေတာ္ဟု ထင္ရွား ေက်ာ္ၾကားခဲ့ေသာ သာသနာျပဳ ဆရာေတာ္ႀကီး ျဖစ္သည္။
ယခုဆိုလွ်င္ ဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူခဲ့ သည္မွာ ၁-ႏွစ္ေက်ာ္ၾကာျမင့္ခဲ့ေပၿပီ။ ဆရာ ေတာ္ႀကီး ပ်ံလြန္ေတာ္မူၿပီးေနာက္ ဆရာေတာ္ ႀကီး၏႐ုပ္ကလာပ္ေတာ္ကို တပည့္ဒါယကာ၊ ဒါယိကာမမ်ားက မီးသၿဂႋဳဟ္ျခင္းမျပဳဘဲ ဆရာ ေတာ္ႀကီးသီတင္းသုံးခဲ့ရာ မအူပင္ၿမိဳ႕နယ္၊ လယ္ ကိုင္းေက်း႐ြာရွိ လယ္ကိုင္းေက်ာင္းတိုက္ဝင္း အတြင္းမွာပင္ မွန္ေက်ာင္းေဆာင္တြင္းသြင္း၍ ပူေဇာ္ထားရွိခဲ့ၾကျခင္း ျဖစ္သည္။ ထိုသို႔ ပူေဇာ္ ထားရွိရာတြင္ ဝမ္းဗိုက္ေတာ္ခြဲ၍ ကလီစာမ်ား ထုတ္ျခင္းေဆးဝါးမ်ားျဖင့္ မပုပ္မသိုးေအာင္ စီမံ ျခင္းမ်ား လုံးဝမျပဳလုပ္ခဲ့ၾကေပ။
ပကတိ ႐ုပ္ကလာပ္ေတာ္အတိုင္းသာ မွန္ေက်ာင္းေဆာင္ တြင္းသြင္း၍ ပူေဇာ္ထားရွိခဲ့ၾကျခင္း ျဖစ္သည္
ထူးျခားသည္မွာ ယင္းသို႔ အစီအမံမ်ား ျပဳလု ထားျခင္းမရွိပါဘဲႏွင့္ ပ်ံလြန္ေတာ္ၿပီး၍ ၁-ႏွစ္ ေက်ာ္ၾကာျမင့္သည့္ ယေန႔အခ်ိန္ထိ ဆရာေတာ္ ႀကီး၏ ႐ုပ္ကလာပ္ေတာ္မွာ လုံးဝပုပ္သိုးသြား ျခင္းမရွိဘဲ ေက်ာက္သားကဲ့သို႔ မာေက်ာက်စ္ လ်စ္ေနသည္ကို တပည့္ဒါယကာ၊ ဒါယိကာမမ်ား အံ့ဖြယ္ဖူးေတြ႕ၾကရသည္။ ထိုအေၾကာင္းကို ၾကားသိရေသာ ဆရာေတာ္ႀကီး၏ ဒကာရင္းျဖစ္ သူ ကြၽန္ေတာ့္မိတ္ေဆြ ဦးေသာင္းဝင္း (မ/ ဥကၠလာ)က တစ္ဆင့္စကား ကြၽန္ေတာ့္ကို ေျပာ ၾကားသည္။
သို႔ျဖင့္ ကြၽန္ေတာ္တို႔ႏွစ္ဦးသည္ ရန္ကုန္မွ မအူပင္ၿမိဳ႕နယ္၊ လယ္ကိုင္းေက်ာင္းတိုက္သို႔ သြားေရာက္ခဲ့ၾကသည္။ ၾကားသိရသည့္အတိုင္း ပင္ ထူးျခားေသာ ဆရာေတာ္ႀကီး၏ ႐ုပ္ ကလာပ္ေတာ္ကို မ်က္ျမင္ကိုယ္ေတြ႕ ကြၽန္ေတာ္ တို႔ ဖူးျမင္ၾကရသည္။ ယခုအခ်ိန္ထိ မပုပ္မသိုး၊ အ႐ိုးမက်ေသးဘဲ အသားေတာ္မ်ားမွာ ေက်ာက္ သားကဲ့သို႔ မာေက်ာက်စ္လ်စ္ေနသည္။ လက္ဝဲ ဘက္နား႐ြက္ေတာ္အတြင္း၌ ေပါက္ေနသည့္ ေမြးညင္းအျဖဴေလးမ်ားမွာလည္း ယေန႔အခ်ိန္ ထိ မကြၽတ္၊ မေႂကြေသးဘဲ သက္ေတာ္ထင္ရွား ရွိစဥ္ကအတိုင္းပင္ ထိုးထိုးေထာင္ေထာင္ျဖင့္ ရွိေနသည္ကို အံ့ဖြယ္ဖူးေတြ႕ ရသည္။
လယ္ကိုင္းဆရာေတာ္ႀကီးသည္ သက္ေတာ္ ထင္ရွားရွိစဥ္က ဘာသာ၊ သာသနာ အက်ိဳးျပဳ လုပ္ငန္းမ်ားကို စြမ္းစြမ္းတမံ ေဆာင္႐ြက္ခဲ့သည္။ ထိုသို႔ေဆာင္႐ြက္ရင္း တစ္ဖက္ကလည္း ဝိပႆနာ ဘာဝနာအလုပ္ကို သက္ေတာ္ ၃၅-ႏွစ္အ႐ြယ္ စ၍ ပ်ံလြန္ေတာ္မူသည့္တိုင္ အပတ္တကုတ္ ႀကိဳးစားအားထုတ္ခဲ့သည္။ ဆရာေတာ္ႀကီးကိုယ္ တိုင္ သာသနာျပဳလုပ္ငန္းမ်ား ေဆာင္႐ြက္ရာ တြင္ ထူးျခားေသာ ျဖစ္စဥ္ေပါင္းမ်ားစြာ ျဖစ္ ေပၚခဲ့သည္ကို တပည့္ ဒါယကာ၊ ဒါယိကာမမ်ား မ်က္ျမင္ကိုယ္ေတြ႕ဖူးျမင္ခဲ့ၾကရသည္။
ယခု ပ်ံလြန္ေတာ္မူသည့္အခါတြင္လည္း ထူးျခားစြာ ပင္ မပုပ္မသိုးရွိေနသည္ကို မ်က္ျမင္ကိုယ္ေတြ႕ ဖူးျမင္ရသျဖင့္ ျမတ္မဂၤလာပရိသတ္မ်ား သဒၶါ တရားတိုးပြားေစရန္ ေရးသား ေဖာ္ျပလိုက္ရပါ သည္။အကယ္၍ စာရႈသူမ်ား ကိုယ္တိုင္သြား ေရာက္ ဖူးေျမာ္လိုပါက ရန္ကုန္-မအူပင္ကား မ်ားကိုစီး၍ သြားေရာက္ႏိုင္ပါသည္။ မအူပင္ မေရာက္ခင္ စိုက္ပ်ိဳးေရးေကြ႕မွတ္တိုင္တြင္ ဆင္း ပါ။ ထိုမွ လယ္ကိုင္းေက်ာင္းတိုက္သို႔ ဆိုင္ကယ္ ကယ္ရီစီးသြားလွ်င္ ေရာက္ရွိပါေၾကာင္း လမ္းၫႊန္ ေဖာ္ျပလိုက္ပါသည္။