အိုမီခရွန်အတွက် သဘာဝဆရာဝန် (၇)ယောက်

အိုမီခရွန်အတွက်သဘာဝဆရာဝန် ၇ယောက်

၁ ။ Dr Sun ( ဒေါက်တာနေ )

နေရောင်ခြည်ကို တစ်နေ့လျှင် ၁နာရီခံယူပါ ၊ နေပူဆာလှူံပါ ၊ အကောင်းဆုံးအချိန်မှာ မနက် ၇ မှ ၉ခွဲ ဖြစ်ပါသည် ၊ Vitamin D ရစေသည် ၊ ( Vitamin Dများသောက်ကြလျှင် တစ်နေ့လျှင် 3000 အားထက်မပိုစေရန် သတိပြုပါ အချို့ဆေးများတွင် ၅၀၀၀ ကျော် ၁သောင်းများဖြစ်၍ ကျောက်ကပ်ပျက်စီးစေနိုင်သည် ) သဘာဝဖြင့်ရသော Vitamin D သည် အကောင်းဆုံးဖြစ်ပါသည် ။

၂ ။ Dr Water ( ဒေါက်တာ ရေ )

ရေသန့်အား တစ်နေ့လျှင် ၂လီတာ (ဖန်ခွက် ၆ခွက်မှ ၈ခွက် )သောက်ပါ ရေအစားရေနွေးကြမ်း ( ကျကျ ခါးခါး မဟုတ်ပါ ) လည်းသောက်၍ ရပါသည်

၃ ။ Dr Air ( ဒေါက်တာ လေ )

သန့်ရှင်းလတ်ဆတ်သောလေကိုရိူက်ရူပြီး အသက်ရူလေ့ကျင့်ခန်းလုပ်ပါ ၊ နှာခေါင်းဖြင့် ရိူက်ရူပြီး ၁၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ရေ၍ ၅စက္ကန့်လောက်ထိန်းထားပြီးမှ အားရပါးရ ပါးစပ်မှ ပြန်ရူထုတ်ပါ ၊ တစ်ကြိမ်လျှင် အခါ ၂၀ မှ ၂၅ ခါ တစ်နေ့လျှင် ၄ကြိမ် စုစုပေါင်း အခါ ၁၀၀ အသက်ရူလေ့ကျင့်ခန်းလုပ်ပါ။

၄ ။ Dr Sleep ( ဒေါက်တာ အိပ် )

ကောင်းမွန်စွာ အိပ်စက်အနားယူပါ အသက် ၁၂ အောက်ကလေးများ တစ်နေ့လျှင် ၁၀နာရီ လူကြီးများ တစ်နေ့လျှင် ၈နာရီ ကောင်းစွာအိပ်စက်၍ ခန္ဓာကိုယ်မှ Cell များအား အနားပေးကာ ပြင်ပမှဝင်ရောက်လာမည့် ရောဂါပိုးများ အန္တရယ်ကို ကိုယ်ခံအားမြင့်စွာ ခုခံအားကောင်းစွာ ကာကွယ်နိုင်ကြပါစေ ။

၅ ။ Dr Exercise ( ဒေါက်တာ လှုပ်ရှားမှု )

ကိုယ်လက်လှူပ်ရှား လေ့ကျင့်ခန်းလည်း သင့်တော်သလို နေ့စဉ်ပြုလုပ်ပါ ၊ Gym သွားကစားခြင်း ပြင်းထန်သော အားကစားများ လေ့ကျင့်ခန်းများ မလုပ်နိုင်သော်ငြား မိမိခြံအတွင်း မိမိအိမ်အတွင်း လမ်းဖြည်းဖြည်းလျှောက်ခြင်း မြန်မြန်လှောက်ခြင်း jogging ရွရွပြေးခြင်းတို့ လုပ်ပေးခြင်းဖြင့် ပို၍ ကျန်းမာပါလိမ့်မည် ။

၆ ။ Dr Diet ( ဒေါက်တာအဟာရ )

မိမိတို့ နေ့စဉ် စားသောက်ကြရာတွင် ခန္ဓာကိုယ်မှ လိုအပ်သော ကယ်လိုရီ လူတစ်ယောက်အတွက် အနည်းဆုံး ၂၅၀၀ အား ၅၀၀ အပိုဆောင်း၍ ၃၀၀၀ calorie စားရန်လိုပါသည် ၊ အချိုဓာတ် အသားဓာတ် အဆီဓာတ်တို့ကို သင့်တော်ရုံစားရမည် အလွန်အကျွံ လိုသည်ထက်ပိုကာ ဘေးဖြစ်အောင်လည်း မစားရပါ ၊ အသီးအရွက်များ လတ်ဆတ်သောအသီးများကို စားသုံးခြင်းဖြင့် လုံလောက်သော vitamin ဗိုက်တာမင်များကို ဆေးများဖြင့်မဟုတ် သဘာဝဖြင့် ပြန်လည်ဖြည့်ဆည်းပါ ၊ အသီးအရွက်များကို အကြမ်းဖျဉ်း တစ်နေ့လျှင် အရောင် ၅မျိုး ပါအောင်စားခြင်းဖြင့် ( ဥပမာ အစိမ်းရောင် အရွက် ၊အနီရောင်ခရမ်းချဉ်သီး ၊လိမ္မော်ရောင် မုန်လာဥနီ ၊အဖြူရောင် မုန်လာဥ အဖြူ ဘူးသီး ပန်းဂေါ်ဖီ စသည်ဖြင့် ) ဗိုက်တာမင် A to Z များပြည့်ဝနိုင်ပါသည် ။

၇ ။ Dr Energy ( ဒေါက်တာ စွမ်းအင် )

မိမိခန္ဓာကိုယ်အတွက် စွမ်းအင်များ အားများကို ရုပ်ပိုင်းဆိုင်ရာ အစားအသောက်များ အိပ်စက်ခြင်း ကိုယ်လက်လှူပ်ရှားခြင်းတို့သာမက စိတ်ပိုင်းဆိုင်ရာ စွမ်းအားများဖြည့်တင်းရန် ကုသိုလ်စိတ်များနှင့်ပျော်မွေ့ပါ ၊ နေ့စဉ်ဘုရားရှိခိုးပါ ၊ သီလဆောက်တည်ပါ ၊ တရားထိုင်ပါ ၊ မိမိ၏ စိတ်အစဉ်ကို ငြိမ်းအေးရန် စိတ်စွမ်းအင်ကို လေ့ကျင့်ပါ ။

Dr မိုးမြတ်အောင်

 

Zawgyi

အိုမီခ႐ြန္အတြက္သဘာဝဆရာဝန္ ၇ေယာက္

၁ ။ Dr Sun ( ေဒါက္တာေန )

ေနေရာင္ျခည္ကို တစ္ေန႔လွ်င္ ၁နာရီခံယူပါ ၊ ေနပူဆာလႉံပါ ၊ အေကာင္းဆုံးအခ်ိန္မွာ မနက္ ၇ မွ ၉ခြဲ ျဖစ္ပါသည္ ၊ Vitamin D ရေစသည္ ၊ ( Vitamin Dမ်ားေသာက္ၾကလွ်င္ တစ္ေန႔လွ်င္ 3000 အားထက္မပိုေစရန္ သတိျပဳပါ အခ်ိဳ႕ေဆးမ်ားတြင္ ၅၀၀၀ ေက်ာ္ ၁ေသာင္းမ်ားျဖစ္၍ ေက်ာက္ကပ္ပ်က္စီးေစႏိုင္သည္ ) သဘာဝျဖင့္ရေသာ Vitamin D သည္ အေကာင္းဆုံးျဖစ္ပါသည္ ။

၂ ။ Dr Water ( ေဒါက္တာ ေရ )

ေရသန္႔အား တစ္ေန႔လွ်င္ ၂လီတာ (ဖန္ခြက္ ၆ခြက္မွ ၈ခြက္ )ေသာက္ပါ ေရအစားေရေႏြးၾကမ္း ( က်က် ခါးခါး မဟုတ္ပါ ) လည္းေသာက္၍ ရပါသည္

၃ ။ Dr Air ( ေဒါက္တာ ေလ )

သန္႔ရွင္းလတ္ဆတ္ေသာေလကို႐ိူက္႐ူၿပီး အသက္႐ူေလ့က်င့္ခန္းလုပ္ပါ ၊ ႏွာေခါင္းျဖင့္ ႐ိူက္႐ူၿပီး ၁၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ေရ၍ ၅စကၠန္႔ေလာက္ထိန္းထားၿပီးမွ အားရပါးရ ပါးစပ္မွ ျပန္႐ူထုတ္ပါ ၊ တစ္ႀကိမ္လွ်င္ အခါ ၂၀ မွ ၂၅ ခါ တစ္ေန႔လွ်င္ ၄ႀကိမ္ စုစုေပါင္း အခါ ၁၀၀ အသက္႐ူေလ့က်င့္ခန္းလုပ္ပါ။

၄ ။ Dr Sleep ( ေဒါက္တာ အိပ္ )

ေကာင္းမြန္စြာ အိပ္စက္အနားယူပါ အသက္ ၁၂ ေအာက္ကေလးမ်ား တစ္ေန႔လွ်င္ ၁၀နာရီ လူႀကီးမ်ား တစ္ေန႔လွ်င္ ၈နာရီ ေကာင္းစြာအိပ္စက္၍ ခႏၶာကိုယ္မွ Cell မ်ားအား အနားေပးကာ ျပင္ပမွဝင္ေရာက္လာမည့္ ေရာဂါပိုးမ်ား အႏၲရယ္ကို ကိုယ္ခံအားျမင့္စြာ ခုခံအားေကာင္းစြာ ကာကြယ္ႏိုင္ၾကပါေစ ။

၅ ။ Dr Exercise ( ေဒါက္တာ လႈပ္ရွားမႈ )

ကိုယ္လက္လႉပ္ရွား ေလ့က်င့္ခန္းလည္း သင့္ေတာ္သလို ေန႔စဥ္ျပဳလုပ္ပါ ၊ Gym သြားကစားျခင္း ျပင္းထန္ေသာ အားကစားမ်ား ေလ့က်င့္ခန္းမ်ား မလုပ္ႏိုင္ေသာ္ျငား မိမိၿခံအတြင္း မိမိအိမ္အတြင္း လမ္းျဖည္းျဖည္းေလွ်ာက္ျခင္း ျမန္ျမန္ေလွာက္ျခင္း jogging ႐ြ႐ြေျပးျခင္းတို႔ လုပ္ေပးျခင္းျဖင့္ ပို၍ က်န္းမာပါလိမ့္မည္ ။

၆ ။ Dr Diet ( ေဒါက္တာအဟာရ )

မိမိတို႔ ေန႔စဥ္ စားေသာက္ၾကရာတြင္ ခႏၶာကိုယ္မွ လိုအပ္ေသာ ကယ္လိုရီ လူတစ္ေယာက္အတြက္ အနည္းဆုံး ၂၅၀၀ အား ၅၀၀ အပိုေဆာင္း၍ ၃၀၀၀ calorie စားရန္လိုပါသည္ ၊ အခ်ိဳဓာတ္ အသားဓာတ္ အဆီဓာတ္တို႔ကို သင့္ေတာ္႐ုံစားရမည္ အလြန္အကြၽံ လိုသည္ထက္ပိုကာ ေဘးျဖစ္ေအာင္လည္း မစားရပါ ၊ အသီးအ႐ြက္မ်ား လတ္ဆတ္ေသာအသီးမ်ားကို စားသုံးျခင္းျဖင့္ လုံေလာက္ေသာ vitamin ဗိုက္တာမင္မ်ားကို ေဆးမ်ားျဖင့္မဟုတ္ သဘာဝျဖင့္ ျပန္လည္ျဖည့္ဆည္းပါ ၊ အသီးအ႐ြက္မ်ားကို အၾကမ္းဖ်ဥ္း တစ္ေန႔လွ်င္ အေရာင္ ၅မ်ိဳး ပါေအာင္စားျခင္းျဖင့္ ( ဥပမာ အစိမ္းေရာင္ အ႐ြက္ ၊အနီေရာင္ခရမ္းခ်ဥ္သီး ၊လိေမၼာ္ေရာင္ မုန္လာဥနီ ၊အျဖဴေရာင္ မုန္လာဥ အျဖဴ ဘူးသီး ပန္းေဂၚဖီ စသည္ျဖင့္ ) ဗိုက္တာမင္ A to Z မ်ားျပည့္ဝႏိုင္ပါသည္ ။

၇ ။ Dr Energy ( ေဒါက္တာ စြမ္းအင္ )

မိမိခႏၶာကိုယ္အတြက္ စြမ္းအင္မ်ား အားမ်ားကို ႐ုပ္ပိုင္းဆိုင္ရာ အစားအေသာက္မ်ား အိပ္စက္ျခင္း ကိုယ္လက္လႉပ္ရွားျခင္းတို႔သာမက စိတ္ပိုင္းဆိုင္ရာ စြမ္းအားမ်ားျဖည့္တင္းရန္ ကုသိုလ္စိတ္မ်ားႏွင့္ေပ်ာ္ေမြ႕ပါ ၊ ေန႔စဥ္ဘုရားရွိခိုးပါ ၊ သီလေဆာက္တည္ပါ ၊ တရားထိုင္ပါ ၊ မိမိ၏ စိတ္အစဥ္ကို ၿငိမ္းေအးရန္ စိတ္စြမ္းအင္ကို ေလ့က်င့္ပါ ။

Dr မိုးျမတ္ေအာင္