ပတ္တမြား ငမောက်ရဲ့မူလပိုင်ရှင် မိသားစုလေးရဲ့ကြေကွဲဖွယ် အဖြစ်ပျက် များနှင့် မိုးကုတ်မြို့က ဒေါ်နန်းကြည်တောင် သမိုင်း
ပတ္တမြား ငမောက်ရဲ့မူလပိုင်ရှင် မိသားစုလေးရဲ့ကြေကွဲဖွယ် အဖြစ်ပျက် များနှင့် မိုးကုတ်မြို့က ဒေါ်နန်းကြည်တောင် သမိုင်းပရိတ်သတ် ကြီးကို အခု ပြောပြ ပေးမှာကတော့ ပတ္တမြားငမောက် ရဲ့ မူလပိုင်ရှင် မိသားစုလေးရဲ့ ကြေကွဲဖွယ် အဖြစ် အပျက်များနှင့် မိုးကုတ်မြို့က ဒေါ်နန်းကြည် တောင် သမိုင်း အကြောင်းလေးပဲ ဖြစ်ပါတယ် တချိန်က ချင်းတွင်းဒေသမှာ။
ချင်းလူမျိုး ငမောက်ဆိုတဲ့ လူငယ်တစ်ဦးက မြန် မာပြည်က ကုန်တွေ လိုက်ရောင်းရင်း မိုးကုတ်ဒေ သ ကြပ်ပြင်မြို့ကို ရောက်လာတယ်။ အဲ့ဒီတစ်ချိ န်က ကြပ်ပြင် မြို့ရယ် ကသဲမြို့ရယ် မိုးကုတ်အ ရှေ့ပိုင်းရယ်လို့ သုံးမြို့ပေါင်းပြီးမိုးကုတ် ဒေသပတ္တမြား ကျောက်တွင်း နယ်လို့ ခေါ်ကြပါတယ်။
ဒီမြို့လေး နာမည်တွင် လာပုံလေးက ဘုရင့်နောင် မင်းတရာကြီး လက်ထက် မြန်မာ သက္ကရာဇ် ၉၂ ၁နှစ် အဲ့ဒီအချိန် မင်းတရားကြီးသည် ကသဲစော်ဘွားကို နှိမ်နင်း အောင်မြင်ပြီး ဖမ်းစီးရမိတဲ့ကသဲ သုံ့ပန်းတွေကို မိုးကုတ် ဒေသကို ပို့လိုက်တ ယ်။
အဲ့ဒီ ကသဲ လူမျိုးတွေ စတင်နေထိုင် ခဲ့တဲ့နေ ရာကို ကသဲရပ်လို့ ခေါ်ကြတယ် ကသဲလူမျိုးတွေက လူဦးရေ တိုးလာတော့ တဖြည်းဖြည်းနဲ့ရပ်ကွက်တွေတိုးချဲ့လာကြတယ်။
အဲ့ဒီ တိုးချဲ့နေရာတွေမှာ နေထိုင်ကြတဲ့ ကသဲလူမျိုး တွေဟာ သူတို့ရဲ့ ဓလေ့ ထုံးစံအရ ထမင်းဟင်း ချက်ပြု တ် မစားခင်မှာ သန့်ရှင်းအောင်ဆိုပြီး ရေအရင်ချိုးရတယ် မိုးကုတ်ဒေသက ရေခဲတဲ့ အဆင့်ထိ အေးတဲ့ဒေသ ဆိုတော့ ကသဲလူမျိုးတွေဟာ ရေချိုးပြီးတဲ့ အခါ နွေးအောင်ဆိုပြီး ဒေသအခေါ် ကျပ်တင် သလို မီးဖိုနားမှာ ကပ်နေကြရတယ် ဒါကြောင့် အဲ့ဒီဒေသကို ကျပ်တင် ဒေသလို့ ခေါ်ရာကနေ နောက်တော့ ကျပ်ပြင် ရယ်လို့ ဖြစ်လာ ပါတယ် အဲ့ဒီလို မိုးကုတ်မြို့ရယ်လို့ ဖြစ်လာမယ့်။နေရာမှာလည်း မိုးချုပ်တာ စောပြီး မှောင်လွယ်တာမို့ မိုးချုပ်
ဒေသလို့ ခေါ်ရာကနေ နောင်မှာ မိုးကုတ် ဒေသဆိုပြီး ဖြစ်လာ ပါတယ်။ ကဲသမိုင်းလေးဆက်မယ် ချင်းတွင်းဒေသကနေ ကုန်ရောင် လာတဲ့ ငမောက်ဆိုတဲ့ လူငယ်လေးက အဲ့ဒီ မှာပဲလှပျိုဖြူ တစ်ယောက်နဲ့ အိမ်ထောင် ကျပြီး ငမောက်က နေရာ အနှံ့ လှည့်ပြီး ကုန်ရောင်းတဲ့ အ လုပ်ကို မလုပ် တော့ပဲ။
အင်းဂေါင်း အရပ်မှာခြံ အ ကျယ်ကြီးနဲ့ စိုက်ပျိုးရေး လုပ်ငန်းကို အခြေချလု ပ်ကိုင် နေခဲ့တယ်။ ဒီလိုနဲ့ တစ်ညမှာ ငမောက်ကအပေါ့ အပါး ထစွန့်ရင် နေ့ခင်းက အ ပင် စိုက်ရန် တူးစွ ထားသည့် မြေနေရာမှ လရောင်ကြောင့် အ ရောင်တွေ ဖြာထွက်နေတဲ့ နီနီရဲရဲနဲ့ ကျောက်တုံးကြီးကို တွေ့သွားပါ လေရော။
ဒါနဲ့ ငမောက်လည်း ဒီအရောင်တွေ ဖြာထွက် နေတဲ့ ကျောက်နီတုံးကြီးဟာ တန်ဖိုးကြီးမှန်း ရိပ်မိပြီး နောက်တနေ့မှာ သူ့ယောက်ဖဖြစ်သူ မောင်ရွှေ ဆိုသူနဲ့ တိုင် ပင်ကြတယ် အကိုကြီး ဒီကျောက်ကအင် မတန်မှတန်ဖိုးကြီးတော့ ဒီအတိုင်း ရောင်းရင် အန္တရာယ်များတယ်။
ဒါကြောင့် ကျွန်တော် ကုန်သည် ဘဝက ခင်မင် ရင်းနီးခဲ့တဲ့ တရုတ်ပြည်က ကုန်သည်တစ်ဦးရှိတယ် သူ့ကိုရောင်းခိုင်းရင် ဈေးကောင်းလည်းရမယ် ဘယ်သူမှလည်းသိတော့မှာ မဟုတ်ဖူးဆိုပြီးကျောက် ကြီးကို နှစ်ခြမ်း ခွဲကာ တစ်ခြမ် ကို တရုတ် ပြည်ဘက် ရောင်း ပြီး တစ်ခြမ်းကို
မြန်မာ ဘုရင်မင်းမြတ် ထံတစ်ခြမ်း ဆက်သလို က်တယ်။ ဘုရင်မင်းမြတ်လည်း ကျောက်ကြီးကိုကြည့်ပြီး အင်မတန် သဘော ကျကာ ငမောက် လာဆက်သ သောကြောင့် ပတ္တမြားငမောက် လို့ အမည်ပေးပြီး ငမောက်ကိုလည်း ဆုတော်လာဘ်တော်များ ချီးမြင့်ပေးသနား တော်မူ လိုက်တယ်။
ဒီလိုနဲ့ ငမောက်တို့ မိသားစုက သားသ္မီးတွေ ကိုရှ င်ပြု အလှူပေးပြီး မိုးကုတ်ဒေသ ထုံးစံရကျောက် အောင်ရင် ဘုရားတည် ကြလေ့ရှိသလို ငမောက်လည်း ဘုရားတည် အလှူပေးပါ တော့တယ်။
မကြာပါဘူး တရုတ်ပြည်မှာ နန်းတွင်း အရှုပ် အရှ င်း ဖြစ်ပြီး မင်မင်းဆက် ပျက်တော့ စစ်ရှုံးတဲ့ တ ရုတ် မျိုးနွယ်စု တစုက မြန်မာပြည် ဘက်ကိုကူးပြီး မြန်မာဘုရင် မင်းထံမှာ ခိုလှုံခွင့် တောင်းပြီး နေကြတယ်။
အဲ့ဒီအထဲမှာမှ ငမောက်ရောင်းလို က်တဲ့ ကျောက်ကုန် သည်ကလည်း ပါလာလေရော ဒါနဲ့သူစီမှာရှိတဲ့ ကျောက်တ ခြမ်းကိုလည်း မြန်မာဘုရင်မင်းထံ ဆက်သတဲ့ အခါ မှာတော့ မြန်မာ ဘုရင်မင်းလည်း ငမောက်ဆက်ထားတဲ့ ပတ္တမြားနဲ့ ယခုပတ္တမြားကို ယှဉ်ကြည့်တဲ့ အခါ တစ်လုံးထဲ ကနေခွဲထားမှန်း သိပြီးပဒေသရာဇ်။
ခေတ်ရဲ့ အာဏာရှင် စနစ်ဆိုးကြီး အတိုင်းပဲ သူ့ကိုအလုံးလိုက် မဆက်သရ ကောင်းလား ဆိုပြီး ဒေါသ အကြီးအကျယ် ထွက်ကာ ငမောက်နဲ့ သူ့အမျိုး အနွယ်အားလုံးကို မီးလောင် တိုက်သွင်း ကာ ကွပ်မျက်စေ အမိန့်ချလိုက် သတဲ့ဗျာ ငမောက်နဲ့ ဆွေမျိုးတွေကို ကွပ်မျက်ဖို့ ခေါ်သွားခဲ့တဲ့ နေရာက ရေနဲ့ဝေးရာ အရပ်မို့ ရေဝေးရပ်ဆိုပြီး ယနေ့အချိန်ထိ မိုးကုတ်မှာ အဲ့ဒီရွာနာမည် ခေါ်နေတုံးပါပဲ။
အဲ့ဒီရွာနဲ့ မနီးမဝေးမှာလည်း ငမောက်တို့ဆွေ မျိုးတွေကို သတ်ဖို့ အလောင်းစင် ဆောက်ခဲ့တဲ့နေရာကို အလောင်း စင်နေရာလို့ ခေါ်ဆိုရာကနေ နောင်မှာ လောင်းစင်ရွာဆိုပြီ ဖြစ်လာခဲ့ပါ တော့တယ်။
ငမောက်နဲ့ ဆွေမျိုးအားလုံးကိုသ တ်ခဲ့ပေမဲ့ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ သူတစ်ဦးတော့ ရှိခဲ့ပါတယ်သူကတော့ ငမောက်ရဲ့ အမတော်သူ ဒေါ်နန်းဆိုတဲ့ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ် သူထွက်ပြေးရင်းနဲ့ ကြပ်ပြင်မြို့နားမှာရှိတဲ့ တောင်တန်းကြီးတစ်ခုပေါ် ရောက်သွား ရှာတယ်အဲ့ဒီတောင် ပေါ်ကနေ လှန်းကြည့်လိုက်ရင် သူ့ရဲ့မောင်လေးငမောက်နဲ့ ဆွေမျိုးတွေကို မီးရှို့ သတ်ခဲ့တဲ့နေရာကို မြင်နေ ရတယ်။
ဒေါ်နန်းက အဲ့ဒီ နေ ရာကနေ ထွက်နေတဲ့ မီးခိုးတွေကို ကြည့်ပြီး ရင်ထဲမှာ စို့တက်လာကာ ရင်ကွဲနာကျပြီး သေသွားခဲ့ ရှာပါ လေရော သေခါနီးအစွဲကြောင့် ဒေါ်နန်းက အဲ့ဒီတောင်ပေါ်မှာပဲအစောင့်ဖြစ်သွားတယ်လို့ ဆိုကြတယ်။
တောင်ပေါ် မှာလဲ ယခုအချိန်ထိ မယ်န န်းကြည် နတ်နန်းရယ်လို့ သီးခြား နေရာနဲ့ဆောက် ပေးထားတာ တွေ့ရပါတယ်အဲ့ဒီ တောင်ကိုလဲဒေါ်နန်း ကြည့် တောင်လို့ ခေါ်ရာကနေ နောက် တော့ ဒေါ်နန်းကြည် တောင်ရယ်လို့ ဖြစ်လာခဲ့ ပါတော့တယ်။
ဒေါ်နန်းက တန်ဖိုး ကြီးတဲ့ ကျောက် တစ်ပွင့်ကြောင့် သူ့မောင် ငမောက် နဲ့ ဆွေမျိုး တွေ သေ ကြ ရ ရှာ တာကို စိတ်နာပြီး သူ့ နတ်နန်း ရှိ တဲ့ တောင်ကြောမှာ ကျောက်လုံးဝ မထွက် ပါစေနဲ့လို့ ကျိန်စာ တိုက်ခဲ့ပါ သတဲ့။
ထူးခြား တိုက်ဆိုင်။စွာပဲ မိုးကုတ်မြို့ နဲ့ တောင်တန်း တွေ နေရာတိုင်းမှာကျောက်ထွက်ပေမဲ့ဒေါ်နန်းကြည်တောင်ပေါ်မှာ တော့ ကျောက် လုံးဝ လုံးဝ မထွက်တော့ ပါဘူးတဲ့။
ဒီသမိုင်းလေးက ဒေါ်နန်းကြည် သမိုင်း သာမကပဲ မြန်မာ့သမိုင်းရာ ဇဝင်ထဲက ပတ္တမြားငမောက် ကျောက် ရဲ့ သမိုင်း ရာဇဝင် လည်း ဆ က်စပ် နေသော ပတ္တမြားမြေက သမိုင်းရာဇဝင်လေးကိုပရိသတ်ကြီး အတွက် မျှဝေ ပေးလိုက် ပါတယ်။
Credit ,မူရင်းရေးသားသူအားလေးစားစွာဖြင့်
Zawgyi