မြန်မာပြည်က လူငယ်တွေရဲ့ အနာဂတ်၊ လစာကောင်းတဲ့ ပညာရမယ့် အလုပ်တွေရဲ့ လမ်းဆုံး..
သနားစရာ မြန်မာပြည်ထဲဝင်လာခဲ့ကြတဲ့ FDI တွေ။ FDI (Foreign Direct Investment) = နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
လူ့အခွင့်အရေးတွေ ပိုဆိုးလာလို့ ဆက်နေရန် မဖြစ်နိုင်တော့သောအခါ မြန်မာပြည်ကို စွန့်ခွါထွက်ပြေးဖို့ လုပ်ကြရပါတော့တယ်။ ဒီအခါ ပြည်ပကုမ္ပဏီတွေအတွက် ပြဿနာက ဘယ်သူ့ကိုရောင်းမလဲ ဆိုတာပါပဲ။ ဝယ်မယ့်သူဟာ စစ်တပ်နဲ့ မပါတ်သက်သူတွေကိုသာ ရောင်းချင်ပေမယ့်၊ မြန်မာပြည်က သူဌေးတွေအားလုံးဟာလည်း ဒီလူတွေနဲ့ မကင်းရာမကင်းကြောင်းတွေထဲကပဲ ဖြစ်နေကြပြန်ပါတယ်။
တယ်လီနောဟာ သူ့ပိုင်ဆိုင်မှုတွေကို ဗိုက်နာတဲ့ဈေးနဲ့ M1 နဲ့ ရွှေဗျိုင်းဖြူကို ထိုးပေးခဲ့ရသလို၊ ကိုရီးယားစတီးကုမ္ပဏီ ပေါ့စကိုဟာလည်း ဂျပန်ကီရင်နဲ့အတူ ဝယ်သူရှာရခက်တဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရပါပြီ။ ခုလို ပျက်သွားတဲ့နာမည်ကြောင့် ခေတ်ပြန်ကောင်းလာရင်တောင်မှ FDI တွေအဖို့ မြန်မာပြည်ဈေးကွက်ထဲပြန်ဝင်ဖို့ အတော်စဉ်းစားသွားကြပါလိမ့်မည်။
နိုင်ငံခြား ရင်နှီးမြှုပ်နှံမှု (နိုင်ငံခြား ကုမ္ပဏီ) FDI တွေမရှိတာက သူခိုးအုပ်စုအတွက်က ပြဿနာမဟုတ်ပေမယ့် လူငယ်ပညာတတ်တွေဟာ လစာကောင်းတဲ့၊ ပညာရမယ့်၊ လုပ်သားအခွင့်အရေးရတဲ့ နိုင်ငံတကာထိပ်တန်းကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်နိုင်ခွင့် ရဖို့ခက်သွားကြပါလိမ့်မည်။
Francis Zin
zawgyi
Francis Zin