ေတာင္ႀကီးၿမိဳ့ရွိ ကံႀကီးထင္းရွူးေတာသို့ ျခံဳထဲသြားတိုးတဲ့ လူငယ္စုံတြဲ ……
မဲေခါင္၊ ေဖေဖာ္ဝါရီ ၁၄
ရွမ္းျပည္နယ္၏ ၿမိဳ့ေတာ္၊ ေတာင္ႀကီးၿမိဳ့ရွိ ကံႀကီးထင္းရွူးေတာသို့ ယေန႔၌ သြားေရာက္လည္ပတ္သည့္ လူငယ္စုံတြဲကို အမ်ိဳးသား ၃ ဦးက ဓ..ားျပတိုက္သြားေၾကာင္း အဆိုပါလူငယ္စုံတြဲထံမွသိရသည္။
ေတာင္ႀကီး၊ ကံႀကီးရပ္ကြက္အေရွ႕ဖက္ရွိ ထင္းရွူးေတာသို့ လူငယ္စုံတြဲအမ်ားအျပားသြားေရာက္လည္ပတ္ေလ့ရွိရာ ၎တို့စုံတြဲသြားေရာက္လည္ပတ္ခဲ့ရာမယေန႔၊ ညေန ၃ နာရီအခ်ိန္က အမ်ိဳးသား ၃ ဦးမွ ဆိုင္ကယ္ျဖင့္ေရာက္လာၿပီး ဓားေထာက္လုယက္သြားျခင္းျဖစ္သည္ဟု ယင္းစုံတြဲအနက္ အမ်ိဳးသားျဖစ္သူက ေျပာသည္။”သူမ်ားေတြလည္း သြားလည္ေနၾကတာဆိုတာ့သြားလည္တာပဲ။
ဆိုင္ကယ္ရပ္ထားၿပီး မုန႔္ထိုင္စားေနတုန္း လူ၃ေယာက္ေရာက္လာတယ္။ ဓားနဲ႔ ဗိုက္ကိုေထာက္ၿပီး လုသြားတာ။
ကိုယ္ကျပန္လုပ္ခ်င္ေပမယ့္ မိန္းကေလးပါေနေတာ့ဘာမွျပန္လုပ္လို့မရဘူး။ ရဲစခန္းေတြ၊ ဘာေတြသြားတိုင္ရင္လည္း ရွုပ္ေနမွာ၊ အဖက္မလုပ္မွာပဲမို့လို့ မတိုင္ေတာ့ပါဘူး။ လာတိုက္သြားတဲ့လူေတြကလည္း ကၽြန္ေတာ့္အရြယ္ လူငယ္ေတြပဲ” ဟု ၎က ေျပာသည္။
အဆိုပါစုံတြဲအား ဓားျဖင့္ေထာက္ကာ Honda Wave 100 အမ်ိဳးအစား ဆိုင္ကယ္တစ္စီး၊ ဖုန္း ၂ လုံးႏွင့္ ပိုက္ဆံအိတ္ ၂ လုံးကို လုယက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
အလားတူ ယမန္ေန႔ကလည္း အဆိုပါထင္း႐ူးေတာသို့ သြားေရာက္လည္ပတ္ခဲ့သည့္ လူငယ္စုံတြဲတစ္တြဲသည္လည္း ဓားေထာက္လုယက္ခံရၿပီး CBR အမ်ိဳးအစားဆိုင္ကယ္ႏွင့္ ဖုန္း ၂ လုံးကို ယူေဆာင္သြားမွု ျဖစ္ပြားခဲ့သည္ဟုလည္း သိရသည္။
#MeKongNews
Unicode
တောင်ကြီးမြို့ရှိ ကံကြီးထင်းရှူးတောသို့ ခြုံထဲသွားတိုးတဲ့ လူငယ်စုံတွဲ ……
မဲခေါင်၊ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့ရှိ ကံကြီးထင်းရှူးတောသို့ ယနေ့၌ သွားရောက်လည်ပတ်သည့် လူငယ်စုံတွဲကို အမျိုးသား ၃ ဦးက ဓ..ားပြတိုက်သွားကြောင်း အဆိုပါလူငယ်စုံတွဲထံမှသိရသည်။
တောင်ကြီး၊ ကံကြီးရပ်ကွက်အရှေ့ဖက်ရှိ ထင်းရှူးတောသို့ လူငယ်စုံတွဲအများအပြားသွားရောက်လည်ပတ်လေ့ရှိရာ ၎င်းတို့စုံတွဲသွားရောက်လည်ပတ်ခဲ့ရာမယနေ့၊ ညနေ ၃ နာရီအချိန်က အမျိုးသား ၃ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်လာပြီး ဓားထောက်လုယက်သွားခြင်းဖြစ်သည်ဟု ယင်းစုံတွဲအနက် အမျိုးသားဖြစ်သူက ပြောသည်။”သူများတွေလည်း သွားလည်နေကြတာဆိုတာ့သွားလည်တာပဲ။
ဆိုင်ကယ်ရပ်ထားပြီး မုန့်ထိုင်စားနေတုန်း လူ၃ယောက်ရောက်လာတယ်။ ဓားနဲ့ ဗိုက်ကိုထောက်ပြီး လုသွားတာ။
ကိုယ်ကပြန်လုပ်ချင်ပေမယ့် မိန်းကလေးပါနေတော့ဘာမှပြန်လုပ်လို့မရဘူး။ ရဲစခန်းတွေ၊ ဘာတွေသွားတိုင်ရင်လည်း ရှုပ်နေမှာ၊ အဖက်မလုပ်မှာပဲမို့လို့ မတိုင်တော့ပါဘူး။ လာတိုက်သွားတဲ့လူတွေကလည်း ကျွန်တော့်အရွယ် လူငယ်တွေပဲ” ဟု ၎င်းက ပြောသည်။
အဆိုပါစုံတွဲအား ဓားဖြင့်ထောက်ကာ Honda Wave 100 အမျိုးအစား ဆိုင်ကယ်တစ်စီး၊ ဖုန်း ၂ လုံးနှင့် ပိုက်ဆံအိတ် ၂ လုံးကို လုယက်သွားခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ယမန်နေ့ကလည်း အဆိုပါထင်းရူးတောသို့ သွားရောက်လည်ပတ်ခဲ့သည့် လူငယ်စုံတွဲတစ်တွဲသည်လည်း ဓားထောက်လုယက်ခံရပြီး CBR အမျိုးအစားဆိုင်ကယ်နှင့် ဖုန်း ၂ လုံးကို ယူဆောင်သွားမှု ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။
#MeKongNews