ရေလှူခြင်းကြောင့် အကျိုးထူးခဲ့သူူရေလှူရခြင်းအကျိုးဗန္ဓုမတီီဆိုတဲ့ မြို့မှာပေါ့သောက်ရေ ချိုးရေများ ဝယ်ကြအုန်းမလားရှင်အမလေး အရှှင်နေမင်းကလည်းဆိုတာလေ ငါ့တစ်ယောက်ထဲကိုများ ကွက်ပြီးပူနေသလား အောက်မေ့ရတယ်ပူလိိုက်တာရေဝယ်မယ့်သူက မရှိ ဗိုက်ကဆာ ညည်းလေးရဲ့ ကံကလည်းဆိုးလိုက်တာ မိရေသည် ။
အိုး တရားစာရွွတ်သံတွေပါလား အဟား ငါရောက်နေတာ သံဃာတွွေ သီတင်းသုံးတဲ့ ကျောင်းသင်္ခန်းတွေရှိတဲ့ နေရာကိုးဒါကြောင့်ရေဝယ်မယ့်သူမရှိတာ တုံးပါ့ အေ ။ရောက်တုန်းရောက်ခိုက် သံဃာတွေကို အပြင်ကနေ ဦးချ ကန်တော့သွား ဦးမှ ။
သြော် ကုသိိုလ်မျိုးစေ့ စိုက်ပျိုးဖို့ အမြတ်ဆုံး လယ်မြေဖြစ်တဲ့ သာသနာတော် သံဃာတော်တွေ ဆိုတာနဲ့ကြုံကြိုက်နေတာတောင် ငါ့မှာ ဘာမျိုးစေ့မှ မချနိုင်ခဲ့ပါလား အမ်မယ် ညည်းက ကြီးကြီးကျယ်ကျယ်် မျိုးစေ့မချနိုင်လို့ ဝမ်းနည်းနေသေးတယ် မျိုးစေ့ချရအောင် ညည်းမှာ မျိုးစေ့မှ ရှိမနေတာကို ဘယ်လိုချမတုန်း အကုသိုလ် ကြီးလေစွ မိရေသည် ။
သံသရာမှာ ညည်း ဘယ်လို အကုသိုလ်တွေများပြုခဲ့ပါလိမ့်အေ ။သူမ တစ်ဦးတည်းရေရွွတ်နေခဲ့တယ် ။ ပြီးတော့သူမဆက်စဉ်းစားတယ် ။မကျေနပ်ဘူးကွာ လုံးဝမတရားဘူး ။
သာသနာတော်နဲ့ ကြုံကြိုက်ပါလျှက်နဲ့ ဆင်းရဲလို့ ဒါနမျိုးစေ့ချခွင့်မရှိဘူးဆိုတာ အဓိပါယ်ကိုမရှိတာ။အိို ငါလည်း အလုပ်မရှိတိိုင်း ဘာတွေတွေးပြီး မဆိုင်တဲ့ သာသနာကို အပြစ်တင်နေပါလိိမ့်။ညည်းဗိုက်ဆာလို့ ရမ်းနေတာမဟုတ်လား မိရေသည်။
မဟုတ်သေးပါဘူး ဒါလုံံးဝ သဘာဝ မကျဘူး လှူဖွယ် မျိုးစေ့ ဝတ္ထုဆိုတာ …. ရွှေမှလား … ငွေမှလား …သင်္ကန်းမှှလား … ဆွမ််းမှလား ဝတ္ထုမှလား ဒါတွေရှိမှ ကုသိုလ်ဆိုတဲ့မျိုးစေ့ ဆိုတာကို စိုက်ပျိုးနိုင်မှာလား … မဖြစ်နိုင်ဘူး။
လောကမှာ … အလှူခံပုဂ္ဂိုလ်ရယ် … ဒါန ဆိုတဲ့ … ပြင်းပြစွာ လှူချင်တဲ့ စိိတ်ရယ် … ဒီနှစ်မျိုးသာ ပြည့်စုံပါစေ … သန့်ရှင်း စင်ကြယ်တဲ့ ဘယ်အလှူဝတ္ထုကို လှူလှူ … အလှူဒါနဆိုတာ ဖြစ်တာပဲကို ဟွန်း …။
ဒီတော့ အခု အလှူခံ ပုဂ္ဂိုလ် သံဃာတော်တွေ ရှိနေတယ် … ငါ့မှာလှူလိုတဲ့စိိတ်လဲ ပြင်းပြစွာ ရှိနေတယ် … အလှူဝတ္ထု မရှိတာနဲ့ …. ငါ့ဘဝမှာ ဒါန ဆိုတာဆိတ်သုန်းရမှာလား … ဆိုးလိုက်တဲ့ ဘဝ … မတရားလိုက်တဲ့လောက ။ မုန်းလိုက်တာအေ။
အင်း …. အလှူဝတ္ထု အလှူဝတ္တုဆိုတော့ ငါ့မှာ လှူနိုင်တာ ဘာရှိိလဲ …. စဉ်းစားစမ်းငါလိုရေသည်မတစ်ယောက်က … ရေသည်မ …. ရေ … ရေ …. ငါခပ်နေတဲ့ရေ … ဟုတ်တယ်် … ရေဟာ အလှူဝတ္ထုမဟုတ်ရင်ဘာလဲ … ရေဟာ အလှူ ဝတ္ထု စစ်စစ်ပဲ …. ငါရေလှူမယ် … ငါဒီနေ့ကစပြီး ရေလှူမယ် ..ရေ း…. ဒီနေ့ကစပြီးငါရေလှူမယ်ဟေ့သူမ အကြပ်အတည်းတစ်ခုက လွတ်မြောက်သွားသလို ဝမ်းသာအားရ အသံကုန်အောင်ပြီး ပျော်ရွှင်စွာ ကခုန်ပြေးသွားတယ် ကျောင်းသင်္ကန်းထဲက တရားရွတ်သံ သူမအော်သံကြောင့် ခေတ္တတိိတ်ဆိတ်သွားတယ် ။
အဲံ့ဒိနေ့ကစပြီး ရေသည်မလေးဟာ သူ့အသက်ထက်ဆုံး နေ့စဉ်နံက် အာရုံမတက်ခင် အစောကြီး ထပြီးသံဃာတော်များရေသပ္ပါယ်တဲ့ … ရေချိုးအိမ်ထဲ နေ့စဉ် ရေအပြည့် ဖြည့်ခဲ့တယ်။
တစ်ရက်မှမပျက်ခဲ့ဘူးဒီလိုနဲ့ သူမဟာသေလွန်ပြီး ( ၉၁ ) ကမ္ဘာအထက်် ဘဒ္ဒကမ္ဘာ နူးတို့ ဂေါတမ ဘုရားရှှင်လက်ထက်မှာ ပဋိသမ္ဘိဒါပတ္တ ဆဠာဘိိည အမြင့်ဆုံး အဘိိညာဉ်ရ ရဟန္တာမ အဖြစ်နဲ့ အာသဝေါ ကုန်ခမ်း ကျွတ်တမ်း ဝင် စံရပါတယ်ဘွဲ ့တော်က … ဥဒကဒါယိကာ ထေရီ တဲ့ထေရီဟာ …
သူ့ရဲ့အတိတ်ဘဝကိုကြည့်လိုက်တဲ့ အခါမှာ ရေလှူရတဲ့ ကုသိုလ် ကံကြောင့် ရဟန္တာ မဖြစ်ခင် ရတဲ့ အကျိုးတွေကို မြင်ခဲ့တယ် သူမြင်ခဲ့ ရခဲ့တဲ့ အကျိုးတွေကို ဒီလိုပြန်ဟောခဲ့တယ်
ငါဟာ တာဝတံသာနတ်ဘုံကိုရောက်ရတယ်် နတ်သမီးတစ်ထောင်တိို့တွင်အမြတ်ဆုံးဖြစ်တယ် နတ်သမီးအားလုံးတိို့ကို အာယု ဝဏ္ဏ သုခ ယသ အဓိပတေယျ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဌဗ္ဗ ဆိုတဲ့ အကြောင်း တရား ဆယ်ပါးတို့ဖြင့်လွှမ်းမိုးရတယ် ငါးကျိိပ်သော နတ်မင်း တို့ရဲ့ မိဖုရား ၊နှစ်ကျိပ်သော စကြဝတေးမင်းတို့ရဲ့မိဖုရားကြီးဖြစ်ခဲ့ရတယ်။
ရေလှူသောဘဝမှစပြီး အပါယ်် လေးပါးမလား၊ လူ့ဘဝနှင့်နတ်ဘဝမှာသာ ကျင်လည် ခဲ့ရဖူးတယ် ၊ မည်သည့်ဘဝ မည်သည့်နေရာတွက်မဆို ငါ ရေလိုလျှင် ချက်ချင်း ရခဲ့တယ် မိုးမရွာတဲ့အရပ် ..ကျိုက်ကျိုက်ဆူပူပြင်းတဲ့အရပ်မှာ ငါမဖြစ်ခဲ့ဖူးဘူး … ငါ့ကိိုယ်မှာ ပူလောက်ခြင်း အိုက်စပ်ခြင်း မြူ အညစ်အကြေး မဖြစ်ခဲ့ ဘူးရေလှူခဲ့ဖူးလို့ ငါ့ရဲ့စိတ်ဟာ ဘဝ ဘဝတိုင်း အလွန်စင်ကြယ်ခဲ့တယ် … ယုတ်မာတဲ့စိတ် မဖြစ်ခဲ့ဖူးဘူး..ယ္ခုအခါ ဒီကောင်းမှုကြောင့် အာသဝေါကုန်ခမ်း ရဟန္တာမ ဖြစ်ခဲ့ရလေပြီလို့ဟောကြားခဲ့ပါတယ်ကဲ … ဒါကတော့ပိဋကတော်လာ ရေလှူ ခြင်းအကျိုး အကြောင်း အပါဒါန်် ဖြစ်ပါတယ်။
Credit
Unicode
ရေလှူခြင်းကြောင့် အကျိုးထူးခဲ့သူရေလှူရခြင်းအကျိုးဗန္ဓုမတီဆိုတဲ့ မြို့မှာပေါ့သောက်ရေ ချိုးရေများ ဝယ်ကြအုန်းမလားရှင်အမလေး အရှင်နေမင်းကလည်းဆိုတာလေ ငါ့တစ်ယောက်ထဲကိုများ ကွက်ပြီးပူနေသလား အောက်မေ့ရတယ်ပူလိုက်တာရေဝယ်မယ့်သူက မရှိ ဗိုက်ကဆာ ညည်းလေးရဲ့ ကံကလည်းဆိုးလိုက်တာ မိရေသည် ။
သြော် ကုသိုလ်မျိုးစေ့ စိုက်ပျိုးဖို့ အမြတ်ဆုံး လယ်မြေဖြစ်တဲ့ သာသနာတော် သံဃာတော်တွေ ဆိုတာနဲ့ကြုံကြိုက်နေတာတောင် ငါ့မှာ ဘာမျိုးစေ့မှ မချနိုင်ခဲ့ပါလား အမ်မယ် ညည်းက ကြီးကြီးကျယ်ကျယ် မျိုးစေ့မချနိုင်လို့ ဝမ်းနည်းနေသေးတယ် မျိုးစေ့ချရအောင် ညည်းမှာ မျိုးစေ့မှ ရှိမနေတာကို ဘယ်လိုချမတုန်း အကုသိုလ် ကြီးလေစွ မိရေသည် ။
မဟုတ်သေးပါဘူး ဒါလုံးဝ သဘာဝ မကျဘူး လှူဖွယ် မျိုးစေ့ ဝတ္ထုဆိုတာ …. ရွှေမှလား … ငွေမှလား …သင်္ကန်းမှလား … ဆွမ်းမှလား ဝတ္ထုမှလား ဒါတွေရှိမှ ကုသိုလ်ဆိုတဲ့မျိုးစေ့ ဆိုတာကို စိုက်ပျိုးနိုင်မှာလား … မဖြစ်နိုင်ဘူး။
လောကမှာ … အလှူခံပုဂ္ဂိုလ်ရယ် … ဒါန ဆိုတဲ့ … ပြင်းပြစွာ လှူချင်တဲ့ စိတ်ရယ် … ဒီနှစ်မျိုးသာ ပြည့်စုံပါစေ … သန့်ရှင်း စင်ကြယ်တဲ့ ဘယ်အလှူဝတ္ထုကို လှူလှူ … အလှူဒါနဆိုတာ ဖြစ်တာပဲကို ဟွန်း …။
ဒီတော့ အခု အလှူခံ ပုဂ္ဂိုလ် သံဃာတော်တွေ ရှိနေတယ် … ငါ့မှာလှူလိုတဲ့စိတ်လဲ ပြင်းပြစွာ ရှိနေတယ် … အလှူဝတ္ထု မရှိတာနဲ့ …. ငါ့ဘဝမှာ ဒါန ဆိုတာဆိတ်သုန်းရမှာလား … ဆိုးလိုက်တဲ့ ဘဝ … မတရားလိုက်တဲ့လောက ။ မုန်းလိုက်တာအေ။
အင်း …. အလှူဝတ္ထု အလှူဝတ္တုဆိုတော့ ငါ့မှာ လှူနိုင်တာ ဘာရှိလဲ …. စဉ်းစားစမ်းငါလိုရေသည်မတစ်ယောက်က … ရေသည်မ …. ရေ … ရေ …. ငါခပ်နေတဲ့ရေ … ဟုတ်တယ် … ရေဟာ အလှူဝတ္ထုမဟုတ်ရင်ဘာလဲ … ရေဟာ အလှူ ဝတ္ထု စစ်စစ်ပဲ …. ငါရေလှူမယ် … ငါဒီနေ့ကစပြီး ရေလှူမယ် ..ရေး…. ဒီနေ့ကစပြီးငါရေလှူမယ်ဟေ့သူမ အကြပ်အတည်းတစ်ခုက လွတ်မြောက်သွားသလို ဝမ်းသာအားရ အသံကုန်အောင်ပြီး ပျော်ရွှင်စွာ ကခုန်ပြေးသွားတယ် ကျောင်းသင်္ကန်းထဲက တရားရွတ်သံ သူမအော်သံကြောင့် ခေတ္တတိတ်ဆိတ်သွားတယ် ။
တစ်ရက်မှမပျက်ခဲ့ဘူးဒီလိုနဲ့ သူမဟာသေလွန်ပြီး ( ၉၁ ) ကမ္ဘာအထက် ဘဒ္ဒကမ္ဘာ နူးတို့ ဂေါတမ ဘုရားရှင်လက်ထက်မှာ ပဋိသမ္ဘိဒါပတ္တ ဆဠာဘိည အမြင့်ဆုံး အဘိညာဉ်ရ ရဟန္တာမ အဖြစ်နဲ့ အာသဝေါ ကုန်ခမ်း ကျွတ်တမ်း ဝင် စံရပါတယ်ဘွဲ့ တော်က … ဥဒကဒါယိကာ ထေရီ တဲ့ထေရီဟာ …
ငါဟာ တာဝတံသာနတ်ဘုံကိုရောက်ရတယ် နတ်သမီးတစ်ထောင်တို့တွင်အမြတ်ဆုံးဖြစ်တယ် နတ်သမီးအားလုံးတို့ကို အာယု ဝဏ္ဏ သုခ ယသ အဓိပတေယျ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဌဗ္ဗ ဆိုတဲ့ အကြောင်း တရား ဆယ်ပါးတို့ဖြင့်လွှမ်းမိုးရတယ် ငါးကျိပ်သော နတ်မင်း တို့ရဲ့ မိဖုရား ၊နှစ်ကျိပ်သော စကြဝတေးမင်းတို့ရဲ့မိဖုရားကြီးဖြစ်ခဲ့ရတယ်။
ရေလှူသောဘဝမှစပြီး အပါယ် လေးပါးမလား၊ လူ့ဘဝနှင့်နတ်ဘဝမှာသာ ကျင်လည် ခဲ့ရဖူးတယ် ၊ မည်သည့်ဘဝ မည်သည့်နေရာတွက်မဆို ငါ ရေလိုလျှင် ချက်ချင်း ရခဲ့တယ် မိုးမရွာတဲ့အရပ် ..ကျိုက်ကျိုက်ဆူပူပြင်းတဲ့အရပ်မှာ ငါမဖြစ်ခဲ့ဖူးဘူး … ငါ့ကိုယ်မှာ ပူလောက်ခြင်း အိုက်စပ်ခြင်း မြူ အညစ်အကြေး မဖြစ်ခဲ့ ဘူးရေလှူခဲ့ဖူးလို့ ငါ့ရဲ့စိတ်ဟာ ဘဝ ဘဝတိုင်း အလွန်စင်ကြယ်ခဲ့တယ် … ယုတ်မာတဲ့စိတ် မဖြစ်ခဲ့ဖူးဘူး..ယ္ခုအခါ ဒီကောင်းမှုကြောင့် အာသဝေါကုန်ခမ်း ရဟန္တာမ ဖြစ်ခဲ့ရလေပြီလို့ဟောကြားခဲ့ပါတယ်ကဲ … ဒါကတော့ပိဋကတော်လာ ရေလှူ ခြင်းအကျိုး အကြောင်း အပါဒါန် ဖြစ်ပါတယ်။
Credit