သင့်အိမ်က ဆန်ဆေးရည်တွေကို အကျိုးရှိမဲ့နေရာ တစ်ခုခုမှာ မသုံးစွဲဘဲ သွန်ပစ်နေခြင်းမျိုး လုံးဝမလုပ်ပါနှင့်
ဆန်ဆေးရေ ရဲ့ အစွမ်း အံ့မခန်း အသုံးဝင်ပုံ
စရိတ်နည်း ဖို့ ဒီလိုအစပြုပါ။ သင့်အိမ်က ဆန်ဆေးရည်တွေကို အကျိုးရှိမဲ့နေရာ တစ်ခုခုမှာ မသုံးစွဲဘဲ သွန်ပစ်နေခြင်းမျိုး လုံးဝမလုပ်ပါနှင့်။
အထူးသဖြင့် သင်ဟာစိုက် ပျိုးရေးနဲ့ ပါတ်သက် ဆက်နွယ်နေသူတစ်ဦး ဖြစ်နေတယ်ဆိုရင် ပိုလို့တောင် ဆင်ခြင် သင့်ပါတယ်။
ဆန်ဆေးရည်မှာ ဘာတွေပါသလဲဆိုရင် သက်ရှိများကို အကျိုး ပြုနိုင်သော ဓါတ်အဟာရတွေ မြောက်များစွာ ပါဝင်နေပါတယ် လို့သာ
အလွယ်မှတ်လိုက်ကြပါစို့။ အိုမင်းရင့်ရော်ခြင်းကို ဟန့်တား စေနိုင်ခြင်း၊ မဖြစ်မနေကျိုးရမဲ့ “သွား” တွေကို ခိုင်ခန့်စေနိုင်ခြင်းနှင့် ဖြူသွားတဲ့
“ဆံပင်”တွေ တဖန်ပြန်ပြီး မဲနက်လာစေနိူင်ခြင်းဆိုတဲ့အထိ အစွမ်း အာနိ သင်မျိုးတွေ ဆန်ဆေးရည်မှာ ရှိနေပါတယ်။
စိုက်ပျိုးရေးနဲ့ပါတ်သက်သည်များကို အဓိကထား တင်ရမယ်ဆိုရင် အပင်များနဲ့ပါတ်သက်ရင်လဲ များပြားလှစွာသော အကျိုးများကို
ဖြစ်ထွန်းစေပါတယ်။ အထွေအထူး စီမံနေစရာ မလိုပါဘူး။ ဆန်ဆေး ရည်ကို အချဉ်ဖေါက်ပြီး သုံးစွဲယုံသာဖြစ်ပါတယ်။
အရင်ဦးဆုံးဆေးတဲ့ ဆန်ဆေးရည်ကို ရေသန့်ဗူးအလွှတ်ထဲမှာ ထည့် အဖုံးကို မလုံ့တလုံထား။
အေး/ ခြောက်မှာ (၇)ရက်ထားလိုက်ပြီး ရင် ပိတ်စပါးပါးဖြင့် စစ်ယူလိုက်ပါ။ ထိုအရည်ကို (၆)လခန့်အထိ အေး ခြောက်မှာသိမ်းဆည်းပြီး အသုံးပြုခဲ့ဖူးပါတယ်။
ပြုလုပ်၊ သိမ်းဆည်းသူရဲ့ သန့်ရှင်းမှု၊ ရာသီဥတု အပူအအေးပေါ်မူတည်ပြီး အထားခံတဲ့ရက်ကွာ ခြားသွားနိုင်ပါတယ်။
အရာရာတိုင်းမှာ အကန့်အသတ်ဆိုတာ ရှိစမြဲမဟုတ်လား။ ဖြစ် ပြီးတိုင်း ပျက်နေရတဲ့လောကကြီးမှာ ဖြစ်ခြင်းပျက်ခြင်း
သဘောတရားနဲ့ ဆန်ကျင့်နေသော ကြာလေကောင်းလေဆိုတဲ့ သတ်မှတ်ချက်မျိုးနဲ့ နဖူးတွေ့ဒူးတွေ့ ဆုံတွေ့ခဲ့ရင်
ခြင့်ချိန်ပြီးသာ ဆုံးဖြတ်ပါလို့ ပြောလိုပါတယ်။ ကြုံလို့ နောက်တစ်ခု တဆက်တည်း တင်ပြပေးခြင်တာက…
ဘယ်နှစ်ရက်ထားရင် ဘာဓါတ်၊ ဘာဓါတ်တွေပါဝင် နေမယ်။ နောက်ထပ်ဘယ်နှစ်ရက်ထပ်ထားလိုက်ရင်တော့ ဘာဓါတ်၊ဘာ
ဓါတ်တွေ ထပ်တိုးလာမယ်ဆိုတာမျိုးကိုလဲကြားဖူးခဲ့ပါတယ်။ ဘာမှထပ် ထည့်ပေးတာလဲမဟုတ်ဘဲ၊ ရက်ကာလတစ်ခု
ထပ်တိုးလိုက်ယုံနဲ့ဓါတ် တွေ ထပ်တိုးလာမယ်ဆိုတာကိုလဲ စဉ်းစားပေါ့လို့ သတိပေးပါရစေ။ ဤကဲ့သို့ ကိစ္စရပ်များကို ယုံကြည်စွာ
ဝေငှပေးသူများ၊ ထပ်ဆင့်ပြီး ဖြန့်ဝေပေးသူများကို တိုက်ခိုက်လိုခြင်းစိတ် လုံးဝ(လုံးဝ) မရှိပါ။ လွှတ်လပ်စွာကွဲလွှဲ့နိုင်ပါတယ်။
ကျနော့် မိတ်ဆွေများကို အနည်း ဆုံး တစ်ခါလောက်တော့ စဉ်းစားပါလို့ သတိပေးယုံသက်သက်ပါ။ ယုံ ကြည်ခြင်း
မယုံကြည်ခြင်းက တစ်ဦးတစ်ယောက်ခြင်းစီနဲ့သာသက် ဆိုင်ပါတယ်။(လွှတ်လပ်စွာ ကွဲလွှဲခွင့်ရှိကြတယ်မဟုတ်လား)
ကဲ ဆန်ဆေးရည်မှာ ကယ်လ်စီယမ်၊ သံ၊ ကာဗိုဟိုက် ဒရိတ်နှင့် စပါးအတွက် မရှိမဖြစ်လိုအပ်သော စီလီကာဓါတ်၊ ဗီတာမင်ဓါတ်၊
ကစီဓါတ်နှင့်အပင်အတွက် အကျိုးဖြစ်ထွန်းစေသော အခြားဓါတ် ပေါင်းမြောက်များ စွာလည်းပါဝင်နေပါတယ်။
ဆန်ဆေးအချဉ်ဖေါက်ရည်တစ်ခုတည်းဖြင့် အချို့အချို့ သော မှို၊ ပိုး၊ ပျ၊ စုပ်စားပိုးတို့ကို နိမ်နင်းနိုင်စွမ်းရှိပါတယ်။ အပင်များ ကိုပက်ဖျန်းပေးလျှင်
ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။အပင်မစိုက်ပျိုးမှီ စိုက်ကျင်းထဲကို ပက်ဖျန်းပေးခြင်းဖြင့် အချို့သောမြေအောင်းပိုးများရန် ကိုတားဆီးနိမ်နင်းနိုင်ပါတယ်။
မြေချဉ်ငံခြင်းကိုလည်း အတိုင်းအတာ တစ်ခုအထိ ပြုပြင်နိုင်စွမ်းပါတယ်။ ဆန်ဆေးအချဉ်ဖေါက်ရည်ဖြင့် နို့ အချဉ်ဖေါက်ရည်ဖေါ်စပ်ပြုလုပ်နိုင်ပါတယ်။
အော်ဂဲနစ် စိုက်ပျိုးရေးစနစ်အတွက်ဖြစ်စေ၊ စရိတ်နည်း သော စိုက်ပျိုးရေးအတွက်ဖြစ်စေ ပထမဦးဆုံး စတင်စုဆောင်ရမည့်ကုန်
ကြမ်းပစ္စည်းမှာ ဆန်ဆေးရည်ပင်ဖြစ်ပါသည်။ သူများထက် နှာတစ်ဖျား သာလိုသောကြောင့် ကိုယ်ထက်သာ သွားမှာမလိုလား
သောကြောင့် ဖျန်းသည့်ဆေးကို မသိအောင် တံဆိပ် ခွါထားတတ်ကြပါသည်။ဘာမြေသြဇာထည့်မှန်းမသိအောင်အိတ်လှယ် ပြီးမှ
စိုက်ခင်းထဲယူလာပြီး ထည့်တတ်ကြပါသည်။ အာ့တွေက ကလေးအတွေးသာသာ၊ ခပ်တိမ်တိမ် မိန်းမ ဉာဏ်လောက်သာရှိပါသည်။
အမှန်တကယ် သူများထက်သာခြင်လျှင် နှာတစ်ဖျားရှေ့ရောက်ခြင်နေလျှင် ဆန်ဆေးရည်ကစပြီး စုလိုက်ပါ။ ဆန်ဆေးရည်တစ်ခု
အရင်းပြုပြီး အစပြုလိုက်စမ်းပါ။ ဆန်ဆေးအချဉ် ဖေါက်ရည်မှသည် တစ်ခုပြီးတစ်ခု၊တစ်ဆင့်ပြီးတစ်ဆင့်နို့အချဉ်ဖေါက် ရည်ဖေါ်၊
သီးစုံဖေါ်၊ EM ဖေါ်၊ ဘိုကာချီဖေါ်၊ တစ်ဆင့်ခြင်း တက်သွား လိုက်စမ်းပါ။ အာ့တွေအသုံးပြုပြီး စိုက်လိုက်စမ်းပါ။
အစစအရာရာ သာကိုသာစေရမယ်လို့ ရဲရဲအာမခံပါသည်။ လမ်းဟောင်းအတိုင်း၊ အရင်စနစ်အတိုင်း စိုက်ပျိုးလုပ်ကိုင်နေသူများထက်
မသာခဲ့ဘူးဆိုရင်၊ မထူးခြားခဲ့ဘူးဆိုရင် စီးထားတဲ့ ဖိနပ်နဲ့ …..။ လာခဲ့ပါ။ မျက်နှာသစ်ပြီး စောင့်နေပါ့မယ်။ လမ်းစရိတ်ပါ ခံပေးပါ့မယ်ဗျာ။
ချမ်းသာကြပါစေ ခွန်တူး။
သင့္အိမ္က ဆန္ေဆးရည္ေတြကို အက်ိဳးရွိမဲ့ေနရာ တစ္ခုခုမွာ မသုံးစြဲဘဲ သြန္ပစ္ေနျခင္းမ်ိဳး လုံးဝမလုပ္ပါႏွင့္
ဆန္ေဆးေရ ရဲ့ အစြမ္း အံ့မခန္း အသုံးဝင္ပုံ
စရိတ္နည္း ဖို႔ ဒီလိုအစျပဳပါ။ သင့္အိမ္က ဆန္ေဆးရည္ေတြကို အက်ိဳးရွိမဲ့ေနရာ တစ္ခုခုမွာ မသုံးစြဲဘဲ သြန္ပစ္ေနျခင္းမ်ိဳး လုံးဝမလုပ္ပါႏွင့္။
အထူးသျဖင့္ သင္ဟာစိုက္ ပ်ိဳးေရးနဲ႔ ပါတ္သက္ ဆက္ႏြယ္ေနသူတစ္ဦး ျဖစ္ေနတယ္ဆိုရင္ ပိုလို႔ေတာင္ ဆင္ျခင္ သင့္ပါတယ္။
ဆန္ေဆးရည္မွာ ဘာေတြပါသလဲဆိုရင္ သက္ရွိမ်ားကို အက်ိဳး ျပဳနိုင္ေသာ ဓါတ္အဟာရေတြ ေျမာက္မ်ားစြာ ပါဝင္ေနပါတယ္ လို႔သာ
အလြယ္မွတ္လိုက္ၾကပါစို႔။ အိုမင္းရင့္ေရာ္ျခင္းကို ဟန႔္တား ေစနိုင္ျခင္း၊ မျဖစ္မေနက်ိဳးရမဲ့ “သြား” ေတြကို ခိုင္ခန႔္ေစနိုင္ျခင္းႏွင့္ ျဖဴသြားတဲ့
“ဆံပင္”ေတြ တဖန္ျပန္ၿပီး မဲနက္လာေစနိူင္ျခင္းဆိုတဲ့အထိ အစြမ္း အာနိ သင္မ်ိဳးေတြ ဆန္ေဆးရည္မွာ ရွိေနပါတယ္။
စိုက္ပ်ိဳးေရးနဲ႔ပါတ္သက္သည္မ်ားကို အဓိကထား တင္ရမယ္ဆိုရင္ အပင္မ်ားနဲ႔ပါတ္သက္ရင္လဲ မ်ားျပားလွစြာေသာ အက်ိဳးမ်ားကို
ျဖစ္ထြန္းေစပါတယ္။ အေထြအထူး စီမံေနစရာ မလိုပါဘူး။ ဆန္ေဆး ရည္ကို အခ်ဥ္ေဖါက္ၿပီး သုံးစြဲယုံသာျဖစ္ပါတယ္။
အရင္ဦးဆုံးေဆးတဲ့ ဆန္ေဆးရည္ကို ေရသန႔္ဗူးအလႊတ္ထဲမွာ ထည့္ အဖုံးကို မလုံ႔တလုံထား။
ေအး/ ေျခာက္မွာ (၇)ရက္ထားလိုက္ၿပီး ရင္ ပိတ္စပါးပါးျဖင့္ စစ္ယူလိုက္ပါ။ ထိုအရည္ကို (၆)လခန႔္အထိ ေအး ေျခာက္မွာသိမ္းဆည္းၿပီး အသုံးျပဳခဲ့ဖူးပါတယ္။
ျပဳလုပ္၊ သိမ္းဆည္းသူရဲ့ သန႔္ရွင္းမႈ၊ ရာသီဥတု အပူအေအးေပၚမူတည္ၿပီး အထားခံတဲ့ရက္ကြာ ျခားသြားနိုင္ပါတယ္။
အရာရာတိုင္းမွာ အကန႔္အသတ္ဆိုတာ ရွိစျမဲမဟုတ္လား။ ျဖစ္ ၿပီးတိုင္း ပ်က္ေနရတဲ့ေလာကႀကီးမွာ ျဖစ္ျခင္းပ်က္ျခင္း
သေဘာတရားနဲ႔ ဆန္က်င့္ေနေသာ ၾကာေလေကာင္းေလဆိုတဲ့ သတ္မွတ္ခ်က္မ်ိဳးနဲ႔ နဖူးေတြ႕ဒူးေတြ႕ ဆုံေတြ႕ခဲ့ရင္
ျခင့္ခ်ိန္ၿပီးသာ ဆုံးျဖတ္ပါလို႔ ေျပာလိုပါတယ္။ ၾကဳံလို႔ ေနာက္တစ္ခု တဆက္တည္း တင္ျပေပးျခင္တာက…
ဘယ္ႏွစ္ရက္ထားရင္ ဘာဓါတ္၊ ဘာဓါတ္ေတြပါဝင္ ေနမယ္။ ေနာက္ထပ္ဘယ္ႏွစ္ရက္ထပ္ထားလိုက္ရင္ေတာ့ ဘာဓါတ္၊ဘာ
ဓါတ္ေတြ ထပ္တိုးလာမယ္ဆိုတာမ်ိဳးကိုလဲၾကားဖူးခဲ့ပါတယ္။ ဘာမွထပ္ ထည့္ေပးတာလဲမဟုတ္ဘဲ၊ ရက္ကာလတစ္ခု
ထပ္တိုးလိုက္ယုံနဲ႔ဓါတ္ ေတြ ထပ္တိုးလာမယ္ဆိုတာကိုလဲ စဥ္းစားေပါ့လို႔ သတိေပးပါရေစ။ ဤကဲ့သို႔ ကိစၥရပ္မ်ားကို ယုံၾကည္စြာ
ေဝငွေပးသူမ်ား၊ ထပ္ဆင့္ၿပီး ျဖန႔္ေဝေပးသူမ်ားကို တိုက္ခိုက္လိုျခင္းစိတ္ လုံးဝ(လုံးဝ) မရွိပါ။ လႊတ္လပ္စြာကြဲလႊဲ႕နိုင္ပါတယ္။
က်ေနာ့္ မိတ္ေဆြမ်ားကို အနည္း ဆုံး တစ္ခါေလာက္ေတာ့ စဥ္းစားပါလို႔ သတိေပးယုံသက္သက္ပါ။ ယုံ ၾကည္ျခင္း
မယုံၾကည္ျခင္းက တစ္ဦးတစ္ေယာက္ျခင္းစီနဲ႔သာသက္ ဆိုင္ပါတယ္။(လႊတ္လပ္စြာ ကြဲလႊဲခြင့္ရွိၾကတယ္မဟုတ္လား)
ကဲ ဆန္ေဆးရည္မွာ ကယ္လ္စီယမ္၊ သံ၊ ကာဗိုဟိုက္ ဒရိတ္ႏွင့္ စပါးအတြက္ မရွိမျဖစ္လိုအပ္ေသာ စီလီကာဓါတ္၊ ဗီတာမင္ဓါတ္၊
ကစီဓါတ္ႏွင့္အပင္အတြက္ အက်ိဳးျဖစ္ထြန္းေစေသာ အျခားဓါတ္ ေပါင္းေျမာက္မ်ား စြာလည္းပါဝင္ေနပါတယ္။
ဆန္ေဆးအခ်ဥ္ေဖါက္ရည္တစ္ခုတည္းျဖင့္ အခ်ိဳ႕အခ်ိဳ႕ ေသာ မွို၊ ပိုး၊ ပ်၊ စုပ္စားပိုးတို႔ကို နိမ္နင္းနိုင္စြမ္းရွိပါတယ္။ အပင္မ်ား ကိုပက္ဖ်န္းေပးလၽွင္
က်န္းမာသန္စြမ္းေစနိုင္ပါတယ္။အပင္မစိုက္ပ်ိဳးမွီ စိုက္က်င္းထဲကို ပက္ဖ်န္းေပးျခင္းျဖင့္ အခ်ိဳ႕ေသာေျမေအာင္းပိုးမ်ားရန္ ကိုတားဆီးနိမ္နင္းနိုင္ပါတယ္။
ေျမခ်ဥ္ငံျခင္းကိုလည္း အတိုင္းအတာ တစ္ခုအထိ ျပဳျပင္နိုင္စြမ္းပါတယ္။ ဆန္ေဆးအခ်ဥ္ေဖါက္ရည္ျဖင့္ နို႔ အခ်ဥ္ေဖါက္ရည္ေဖၚစပ္ျပဳလုပ္နိုင္ပါတယ္။
ေအာ္ဂဲနစ္ စိုက္ပ်ိဳးေရးစနစ္အတြက္ျဖစ္ေစ၊ စရိတ္နည္း ေသာ စိုက္ပ်ိဳးေရးအတြက္ျဖစ္ေစ ပထမဦးဆုံး စတင္စုေဆာင္ရမည့္ကုန္
ၾကမ္းပစၥည္းမွာ ဆန္ေဆးရည္ပင္ျဖစ္ပါသည္။ သူမ်ားထက္ ႏွာတစ္ဖ်ား သာလိုေသာေၾကာင့္ ကိုယ္ထက္သာ သြားမွာမလိုလား
ေသာေၾကာင့္ ဖ်န္းသည့္ေဆးကို မသိေအာင္ တံဆိပ္ ခြါထားတတ္ၾကပါသည္။ဘာေျမၾသဇာထည့္မွန္းမသိေအာင္အိတ္လွယ္ ၿပီးမွ
စိုက္ခင္းထဲယူလာၿပီး ထည့္တတ္ၾကပါသည္။ အာ့ေတြက ကေလးအေတြးသာသာ၊ ခပ္တိမ္တိမ္ မိန္းမ ဉာဏ္ေလာက္သာရွိပါသည္။
အမွန္တကယ္ သူမ်ားထက္သာျခင္လၽွင္ ႏွာတစ္ဖ်ားေရွ႕ေရာက္ျခင္ေနလၽွင္ ဆန္ေဆးရည္ကစၿပီး စုလိုက္ပါ။ ဆန္ေဆးရည္တစ္ခု
အရင္းျပဳၿပီး အစျပဳလိုက္စမ္းပါ။ ဆန္ေဆးအခ်ဥ္ ေဖါက္ရည္မွသည္ တစ္ခုၿပီးတစ္ခု၊တစ္ဆင့္ၿပီးတစ္ဆင့္နို႔အခ်ဥ္ေဖါက္ ရည္ေဖၚ၊
သီးစုံေဖၚ၊ EM ေဖၚ၊ ဘိုကာခ်ီေဖၚ၊ တစ္ဆင့္ျခင္း တက္သြား လိုက္စမ္းပါ။ အာ့ေတြအသုံးျပဳၿပီး စိုက္လိုက္စမ္းပါ။
အစစအရာရာ သာကိုသာေစရမယ္လို႔ ရဲရဲအာမခံပါသည္။ လမ္းေဟာင္းအတိုင္း၊ အရင္စနစ္အတိုင္း စိုက္ပ်ိဳးလုပ္ကိုင္ေနသူမ်ားထက္
မသာခဲ့ဘူးဆိုရင္၊ မထူးျခားခဲ့ဘူးဆိုရင္ စီးထားတဲ့ ဖိနပ္နဲ႔ …..။ လာခဲ့ပါ။ မ်က္ႏွာသစ္ၿပီး ေစာင့္ေနပါ့မယ္။ လမ္းစရိတ္ပါ ခံေပးပါ့မယ္ဗ်ာ။
ခ်မ္းသာၾကပါေစ ခြန္တူး။