ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူသိပ်မသိသေးတဲ့ ဘဝအတွေ့အကြုံ ဖြစ်ရပ်များ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူသိပ်မသိသေးတဲ့ ဘဝအတွေ့အကြုံ ဖြစ်ရပ် (၉) ခုကို ဖော်ပြလိုက်ပါတယ်-
(၁) ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်မှ ဘွဲ့ရ/မရ ငြင်းခုံမှုများ ၂၀၁၅ ခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နှစ် ၁၀၀ပြည့်ခဲ့သည့် လွတ်လပ်ရေး ဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်မှ ဘွဲ့ရ/မရနှင့် ပတ်သက်ပြီး ငြင်းခုံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးသားခဲ့သော စာတွင်လည်း “ရန်ကုန်တက္ကသိုလ်တွင် ၆ နှစ်ခွဲနေခဲ့၍ နိုင်ငံရေး စိတ်သန်မှုကြောင့် ကျောင်းစာများ မလေ့ကျက်သဖြင့် ဘီအေအတန်းအထိ အောင်ရုံသာ အောင်ခဲ့သည်”ဟု အတိအလင်း ဖော်ပြထားသည်။ “အောင်ဆန်းသည် အချိန်ပြည့် ကျောင်းသားနိုင်ငံရေး လုပ်နေသည့်ကြားမှ ၁၉၃၇ ခုနှစ် မတ်လတွင် ကျင်းပသော ဘီအေစာမေးပွဲကို အင်္ဂလိပ်စာပေ ခေတ်သစ် ရာဇဝင်၊ နိုင်ငံရေး ဘာသာဗေဒများဖြင့် ချောမောစွာ အောင်မြင်သည်။
၁၉၃၇-၃၈ ခုနှစ်တွင် အောင်ဆန်းသည် ကျောင်းသား နိုင်ငံရေး သာမက တိုင်းပြည်လွတ်လပ်ရေး အတွက်ပါ ဆောင်ရွက်နေရကာ ဥပဒေ ပထမနှစ် စာမေးပွဲ ရှုံးလေသည်။ သူ၏ ပထမဦးဆုံးနှင့် နောက်ဆုံး ရှုံးခြင်းပေတည်း။ အောင်ဆန်းကား အောင်ထားသော ဘီအေဘွဲ့ကိုပင် ဘွဲ့နှင်းသဘင်၌ တက်မယူပေ။
(ဗိုလ်ချုပ်အစ်ကိုဖြစ်သူ ဦးအောင်သန်း ရေးသားခဲ့သည့် တက္ကသိုလ်ကျောင်းသား ဘ၀ အောင်ဆန်း မှတ်တမ်းများမှ) ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် တက္ကသိုလ်ကျောင်း ပညာရေးအား စွန့်ခွာ၍ ကျောင်းထွက်ပြီး နိုင်ငံရေး လုပ်သည်ဆိုသော ပြောဆိုချက်၊ ရေးသားချက်များသည် မှားယွင်းကြောင်း တွေ့ရှိရသည်။
(၂) ဗိုလ်ချုပ် အင်္ဂလိပ်စကားပြော ကောင်း/မကောင်း ဗိုလ်ချုပ်အောင်ဆန်းသည် မကွေးတိုင်း နတ်မောက်မြို့နယ်တွင် မွေးဖွားခဲ့သည့် အတွက် အင်္ဂလိပ်စကား သင်ကြားပေးရန် ကျောင်းကောင်းကောင်း မရှိခဲ့ပေ။ အသက်ရှစ်နှစ်သား အရွယ်အထိ ကျောင်းမနေခဲ့ဘဲ နောက်မှသာ နတ်မောက်ရှိ ဒီပင်္ကရာကျောင်း ခေါ် ဦးသောဘိတကျောင်းသို့ တက်ရောက် ပညာသင်ကြားသည်။
ထိုကျောင်းသည် ဘုန်းကြီးကျောင်း ဖြစ်သော်လည်း အတန်းကျောင်း ဖြစ်သောကြောင့် လောကဓာတ် ကျောင်းဟု ခေါ်ဝေါ်ခဲ့သည်။ ထို့နောက် ရေနံချောင်း အမျိုးသားကျောင်းမှ အောင်မြင်ပြီး တက္ကသိုလ် ရောက်သည့်အခါ တက္ကသိုလ် ကျောင်းဆောင် အမှုဆောင် ရွေးချယ်ပွဲတွင် အောင်ဆန်း၏ ဋ္ဌာန်ကရိုဏ်း မကျသော အင်္ဂလိပ် စကားကြောင့် ကျောင်းသားများ၏ လှောင်ပြောင်ခြင်း ခံခဲ့ရသည်။
သို့သော် တက္ကသိုလ်တွင် ကျောင်းအုပ်ကြီး မစ္စတာ စလော့၏ ခွေးများကို ထိန်းကျောင်းရသော စကော့တလန် လူမျိုး ဝီလီယံနှင့်အတူ အင်းယား ကန်ဘောင်တွင် မနက်တိုင်း လိုက်ပြီး လေ့ကျင့်ခဲ့သည့်အတွက် အောင်ဆန်းသည် အင်္ဂလိပ် တစ်ဦး နှင့်မခြား ပြောဆိုလာနိုင်သည်။
(၃) မအောင်မြင်သော အမွေ တောင်းခန်း ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်ခေါင်းဆောင် ဖြစ်လာသော်လည်း စီးပွားရေး ကောင်းမွန်သောသူ မဟုတ်ပေ။ ဒေါ်ခင်ကြည်နှင့် အိမ်ထောင်ကျပြီးနောက် သားသမီးများ တစ်နှစ် တစ်ယောက် ထွန်းကားခဲ့သည်။
သားအကြီး နှစ်ဦးဖြစ်သော အောင်ဆန်းဦးနှင့် အောင်ဆန်းလင်းတို့ မွေးစဉ်က စိတ်မပူပန်သော ဗိုလ်ချုပ်သည် သမီးလေး အောင်ဆန်းစုကြည် မွေးဖွားလာသောအခါ သမီးလေး အတွက် စိတ်ပူပန်တတ်လာသည်။ ထို့ကြောင့် သမီးလေး အရွယ် ရောက်သောအခါ ရှင်ပြုနားသ လုပ်ရာတွင် ဝတ်ဆင်စရာ မရှိမည် စိုးသည့်အတွက် နတ်မောက်မြို့ရှိ မိခင်ဖြစ်သူ ဒေါ်စုထံ သွားရောက်ပြီး သမီးအတွက် ရွှေနားတောင်းကို အမွေတောင်းခဲ့သည်။
မိခင် ဖြစ်သူကလည်း သူ့တွင် အောင်ဆန်း တစ်ဦးတည်း မွေးထားခြင်း မဟုတ်ဘဲ ကျန်သားသမီးများပါ ရှိနေသည့် အတွက် မျက်နှာလိုက်၍ အမွေမပေးနိုင်ကြောင်း ပြောဆိုသည့်အတွက် ဗိုလ်ချုပ်၏ အမွေတောင်းခန်းမှာ မအောင်မမြင်ဖြင့် စခန်းသိမ်းခဲ့ရသည်။
(၄) ဗိုလ်ချုပ် အငြိမ့်မင်း သမီးဖြင့် အငြိမ့်စင်ပေါ်တွင် ကပြခြင်း ၁၉၄၂ ခုနှစ်က တပ်မတော် အတွင်း အခမ်းအနားတစ်ခု ပြုလုပ်ပြီး ညပိုင်းတွင် တပ်မတော် အရာရှိများကို အငြိမ့်ဖြင့် ကပြ ဖျော်ဖြေခဲ့သည်။ ထိုအချိန်က ဗမာ့တပ်မတော်အား ဂျပန်ကို ပြန်လည် တော်လှန်ရန်အတွက် တိတ်တဆိတ် အစီအစဉ် ချမှတ်နေရချိန် ဖြစ်သည်။
ဧည့်ခံပွဲသို့ အစိုးရ အဓိပတိ ဒေါက်တာဘမော် အပါအဝင် စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်းလည်း တက်ရောက်ခဲ့သည်။ ဗမာ့တပ်မတော်၏ ထိပ်တန်းတပ်မှူးများ အပြင် နယ်မှ ရောက်နေသော စစ်ဗိုလ်များလည်း ရှိနေပြီး ဂျပန်နှင့် နီးစပ်နေသော ဒေါက်တာဘမော်ကို အမြင် မကြည်လင်သည့် အချိန် ဖြစ်သည်။ ထို့ကြောင့် အရက်မူးနေသော ဗိုလ်မြဟန် ဦးဆောင်ကာ အဓိပတိ ဒေါက်တာ ဘမော်အား အငြိမ့်မင်းသမီးဖြင့် သီချင်းတွဲဆိုရန် တောင်းဆိုကြသည်။
အဓိက ရည်ရွယ်ချက်မှာ ဒေါက်တာဘမော်အား သိက္ခာချလို၍ ဖြစ်သည်။ ဒေါက်တာ ဘမော်ကလည်း ငြင်းဆို၍ မဖြစ်သည့် အတွက် စင်ပေါ်တက်ပြီး ပြင်သစ်သီချင်း တစ်ပုဒ်ကို သီဆိုဖျော်ဖြေခဲ့သည်။
သို့သော် အရက်မူးနေသော တပ်မှူးများက ဒေါက်တာဘမော်ကို ထပ်မံ တောင်းဆိုနေသည့် အတွက် ဗိုလ်ချုပ်အောင်ဆန်းက တော်လှန်ရေး ကိစ္စအား မရိပ်မိစေရန် ဆူဆူအောင့်အောင့်ဖြင့် စင်ပေါ်တက်လာပြီး မင်းသမီး လက်ကိုဆွဲကာ အချိုးမကျသော ပုံစံဖြင့် တွဲဖက်ကပြခဲ့သည်။ ထိုအခါမှ အခမ်းအနားတွင် ရှိနေသောသူ အားလုံး ငြိမ်သက်သွားခဲ့သည်။
(၅) ဗိုလ်ချုပ် သတင်းစာ အဖတ်မှားခြင်း တို့ဗမာ အစည်းအရုံးတွင် တစ်ရက်၌ သခင်အောင်ဆန်းသည် သတင်းစာ ဂျာနယ်များကို ဖတ်လျက်ရှိသည်။ သတင်းစာ တစ်စောင်ကို ဖတ်နေရင်း တောင်တွင်းကြီးတွင် မီးလောင်သည်ဟု ဖတ်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
အဘယ့်ကြောင့်ဆိုသော် တောင်တွင်းကြီးတွင် သခင် အောင်ဆန်း၏ ဆွေမျိုးများ ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သတင်းစာကို ပစ်ချကာ တောင်တွင်းကြီးသို့ မီးဘေး သတင်းမေးရန် အလျင်စလို ထွက်ခွာသွားသည်။
တို့ဗမာ အစည်းအရုံးမှ လုပ်ဖော်ကိုင်ဘက်များက သတင်းစာကို ပြန်ဖတ်ကြည့်ရာ မီးလောင်သောမြို့သည် တောင်တွင်းကြီး မဟုတ်ဘဲ တောင်ကြီး ဖြစ်နေသည်ကို တွေ့ရလေသည်။ ၃၊၄ရက် ကြာသောအခါ သခင် အောင်ဆန်းသည် တို့ဗမာ အစည်းအရုံးသို့ ပြန်ရောက်လာပြီး သတင်းစာ အဖတ်မှားပြီး တောင်တွင်းကြီး ရောက်ခဲ့သည်ဟု ပြုံးဖြဲဖြဲဖြင့် ဆိုရှာသည်။
(၆) တကသ ဥက္ကဋ္ဌအား ဆဲဆို ကြိမ်းမောင်းခြင်း ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှထွက်ပြီး ဖဆပလ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန် ဖြစ်သည်။
ထိုအချိန်တွင် ရန်ကုန် တက္ကသိုလ်ရှိ ကျောင်းသားများနှင့် တကသ အဖွဲ့အစည်းများကလည်း ဖဆပလကို ဝိုင်းဝန်း ထောက်ခံပံ့ပိုး နေချိန်ဖြစ်သည်။ သို့သော် တကသ ဥက္ကဋ္ဌ သူရိယ ဦးသန်းမောင် ခေါင်းဆောင်သော ကျောင်းသားများသည် ဖဆပလ အစိုးရအဖွဲ့ ကိုယ်စား ဗိုလ်ချုပ် အောင်ဆန်းအား တွေ့ဆုံပြီး တောင်းဆိုချက် ၁၀ချက်ကို တောင်းဆိုခဲ့သည်။
ဗိုလ်ချုပ်သည် နိုင်ငံလွတ်လပ်ရေးရရန် အလုပ် ရှုပ်နေသည့် အတွက် ရုတ်တရက် ဒေါသထွက်သွားပြီး သူရိယ ဦးသန်းမောင်နှင့် ကျောင်းသားများကို ဆဲဆိုကြိမ်းမောင်းခဲ့သည်။
ထို့နောက် ကျောင်းသားများ တောင်းဆိုသော အချက်များအား ဖတ်ရှုပြီး ပတ်ကားဖောင်တိန်ဖြင့် ခြစ်ကာ “ဒါရမယ် ဒါရမယ် ဒါမရဘူး ဒါမရဘူး တော်တော် ေ-ာက်လုပ်ရှုပ်တဲ့ သန်းမောင် သွား…….ပြန်တော့”ဟု မောင်းထုတ် ခဲ့ဖူးကြောင်း သူရိယ ဦးသန်းမောင်မှ မကွယ်လွန်မီ အမှတ်တရ ပြောပြခဲ့ဖူးသည်။
(၇) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ဗိုလ်ချုပ် အောင်ဆန်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိုအချိန်က ရှေ့နေချုပ် ဦးချန်ထွန်းမှ ရေးဆွဲခဲ့သည်။ ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲတွင် နိုင်ငံတော်၏ ဘာသာအဖြစ် ဗုဒ္ဓဘာသာအား ထည့်သွင်းထားခြင်းကို ဒီးဒုတ်ဦးဘချို ဦးဆောင်ကာ ရေးဆွဲခဲ့သည်။
ထိုအချက်နှင့် ပတ်သက်၍ ပင်လုံစာချုပ် ဖြစ်မြောက်ရေး အတွက် အရေးပါခဲ့သော ဦးဖေခင်က အကြီးအကျယ် ကန့်ကွက်ခဲ့၍ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အစည်းအဝေး ခေါ်ယူခဲ့ရသည်။ ဗိုလ်ချုပ်က ဒီးဒုတ်ဦးဘချိုနှင့် ဦးချန်ထွန်းအား ဖြောင့်ဖျပြီး ပြင်ဆင်ပေးရန် ကြိုးစားရာ ဦးချန်ထွန်းကလည်း အလျော့မပေးဘဲ တင်းခံနေခဲ့သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်က စိတ်မရှည်တော့ဘဲ “တချို့ဟာတွေက မှန်ပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲတော့ ထည့်စရာမလိုဘူးလို့ ကျွန်တော်ယူဆတယ်။
ဥပမာ ဦးချန်ထွန်း ချေးမစားဘူးဆိုတာ လူတိုင်းသိတယ်။ သို့သော်လည်း ဦးချန်ထွန်း ချေးမစားပါလို့တော့ ထည့်သွင်းရေးသားဖို့ မသင့်တော်ဘူး”ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စအား ဖြေရှင်းပေးခဲ့သည်။
(၈) မန္တလေးတွင် ပုဆိုးကျွတ်ကျခြင်း နယ်ချဲ့ အစိုးရလက်ထက် အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ ညီလာခံကို မန္တလေး၌ ကျင်းပခဲ့သည်။ ထိုညီလာခံသို့ အိန္ဒိယနိုင်ငံမှ လွတ်လပ်ရေး ကြိုးပမ်းမှု ခေါင်းဆောင် မစ္စတာနေရူးနှင့် သမီးဖြစ်သူ အင်ဒီယာ ဂန္ဒီတို့လည်း ရောက်ရှိနေသည်။
ထိုညီလာခံတွင် ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်း မိန့်ခွန်း ပြောကြားနေစဉ် သူ၏ပုဆိုးမှာ အောက်သို့ တဖြည်းဖြည်း လျှောလျှောပြီး ကျလာရာ ကျွတ်တော့မည့် အခြေအနေသို့ ရောက်လာသည်။
သို့သော် မိန့်ခွန်းကို စိတ်ပါလက်ပါ ပြောကြားနေသည့် ကိုအောင်ဆန်းက သတိမထားမိသော်လည်း နားထောင်နေသည့် ပရိသတ်များမှာ စိုးရိမ်ပူပန်မှုဖြင့် စိတ်မသက်မသာ ဖြစ်နေသည်။ သို့သော် ကိုအောင်ဆန်း၏ ထူးခြားသော ဆဋ္ဌမ အာရုံအရ ကျွတ်လုဆဲဆဲ အခြေအနေတွင် ပုဆိုးကို ပြန်ဝတ်ကာ မိန့်ခွန်းကို ရှောရှောရှူရှူ ပြောသွားနိုင်ခဲ့သည်။
(၉) One Die, Nevermind ဗမာ့ တပ်မတော် ကာကွယ်ရေး ခေတ်တွင် ဘီဒီအေ အရာရှိများကို မင်္ဂလာဒုံရှိ ဗိုလ်သင်တန်းကျောင်းတွင် လေ့ကျင့် သင်ကြား ပေးသည်။ ထိုအချိန်က သင်တန်းဆရာ အများစုမှာ ဂျပန်များဖြစ်ပြီး နောင်တစ်ချိန်တွင် တပ်မတော်၏ တပ်မှူးကြီးများ ဖြစ်လာမည့် ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦး၊ ဒေါက်တာမောင်မောင်တို့ အပါအဝင် တပ်မတော် အရာရှိငယ်များ သင်တန်း တက်ရောက်လျက်ရှိသည်။ ထိုသင်တန်းတွင် ပြင်းထန်သော စစ်ပညာများကို သင်ကြားရသည့် သင်တန်းသားများမှာ အထူး ပင်ပန်းလျက်ရှိသည်။
သို့သော် သင်တန်း ဆရာများက သင်တန်းသားများကို “One Die, Nevermind. Two Die, Nevermind. Three Die, Nevermind. All Die, Nevermind ဟု ပြောကြားသည့်အတွက် အားလုံး မကျေမနပ် ဖြစ်သွားသည်။
နောက်မှ ထိုစကားကို ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခိုင်းခြင်း ဖြစ်ပြီး အရေ အတွက် ထက် အရည်အချင်းကို တန်ဖိုးထားသော တပ်မတော် ဖြစ်စေရန် မျှော်လင့်ထားသောကြောင့် ပြောခြင်း ဖြစ်ကြောင်း ရှင်းပြမှသာ အရာရှိ သင်တန်းသားများ စိတ်ဆိုးပြေသွားကြသည်။
Tomorrow Journal ၊ သုတဇုန် (လေးစားမှုဖြင့် ခရက်ဒစ်)
Zawgyi
ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ လူသိပ္မသိေသးတဲ့ ဘဝအေတြ႕အႀကဳံ ျဖစ္ရပ္မ်ား
ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ လူသိပ္မသိေသးတဲ့ ဘဝအေတြ႕အႀကဳံ ျဖစ္ရပ္ (၉) ခုကို ေဖာ္ျပလိုက္ပါတယ္-
(၁) ဗိုလ္ခ်ဳပ္ေအာင္ဆန္း တကၠသိုလ္မွ ဘြဲ႕ရ/မရ ျငင္းခုံမႈမ်ား ၂၀၁၅ ခု ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔တြင္ ႏွစ္ ၁၀၀ျပည့္ခဲ့သည့္ လြတ္လပ္ေရး ဗိသုကာ အမ်ိဳးသား ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ တကၠသိုလ္မွ ဘြဲ႕ရ/မရႏွင့္ ပတ္သက္ၿပီး ျငင္းခုံမႈမ်ား ျဖစ္ေပၚလ်က္ရွိသည္။
ယင္းကိစၥႏွင့္ ပတ္သက္ၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကိုယ္တိုင္ ေရးသားခဲ့ေသာ စာတြင္လည္း “ရန္ကုန္တကၠသိုလ္တြင္ ၆ ႏွစ္ခြဲေနခဲ့၍ ႏိုင္ငံေရး စိတ္သန္မႈေၾကာင့္ ေက်ာင္းစာမ်ား မေလ့က်က္သျဖင့္ ဘီေအအတန္းအထိ ေအာင္႐ုံသာ ေအာင္ခဲ့သည္”ဟု အတိအလင္း ေဖာ္ျပထားသည္။ “ေအာင္ဆန္းသည္ အခ်ိန္ျပည့္ ေက်ာင္းသားႏိုင္ငံေရး လုပ္ေနသည့္ၾကားမွ ၁၉၃၇ ခုႏွစ္ မတ္လတြင္ က်င္းပေသာ ဘီေအစာေမးပြဲကို အဂၤလိပ္စာေပ ေခတ္သစ္ ရာဇဝင္၊ ႏိုင္ငံေရး ဘာသာေဗဒမ်ားျဖင့္ ေခ်ာေမာစြာ ေအာင္ျမင္သည္။
၁၉၃၇-၃၈ ခုႏွစ္တြင္ ေအာင္ဆန္းသည္ ေက်ာင္းသား ႏိုင္ငံေရး သာမက တိုင္းျပည္လြတ္လပ္ေရး အတြက္ပါ ေဆာင္႐ြက္ေနရကာ ဥပေဒ ပထမႏွစ္ စာေမးပြဲ ရႈံးေလသည္။ သူ၏ ပထမဦးဆုံးႏွင့္ ေနာက္ဆုံး ရႈံးျခင္းေပတည္း။ ေအာင္ဆန္းကား ေအာင္ထားေသာ ဘီေအဘြဲ႕ကိုပင္ ဘြဲ႕ႏွင္းသဘင္၌ တက္မယူေပ။
(ဗိုလ္ခ်ဳပ္အစ္ကိုျဖစ္သူ ဦးေအာင္သန္း ေရးသားခဲ့သည့္ တကၠသိုလ္ေက်ာင္းသား ဘ၀ ေအာင္ဆန္း မွတ္တမ္းမ်ားမွ) ထို႔ေၾကာင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ျမန္မာႏိုင္ငံ လြတ္လပ္ေရးရရွိရန္ တကၠသိုလ္ေက်ာင္း ပညာေရးအား စြန္႔ခြာ၍ ေက်ာင္းထြက္ၿပီး ႏိုင္ငံေရး လုပ္သည္ဆိုေသာ ေျပာဆိုခ်က္၊ ေရးသားခ်က္မ်ားသည္ မွားယြင္းေၾကာင္း ေတြ႕ရွိရသည္။
(၂) ဗိုလ္ခ်ဳပ္ အဂၤလိပ္စကားေျပာ ေကာင္း/မေကာင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ မေကြးတိုင္း နတ္ေမာက္ၿမိဳ႕နယ္တြင္ ေမြးဖြားခဲ့သည့္ အတြက္ အဂၤလိပ္စကား သင္ၾကားေပးရန္ ေက်ာင္းေကာင္းေကာင္း မရွိခဲ့ေပ။ အသက္ရွစ္ႏွစ္သား အ႐ြယ္အထိ ေက်ာင္းမေနခဲ့ဘဲ ေနာက္မွသာ နတ္ေမာက္ရွိ ဒီပကၤရာေက်ာင္း ေခၚ ဦးေသာဘိတေက်ာင္းသို႔ တက္ေရာက္ ပညာသင္ၾကားသည္။
ထိုေက်ာင္းသည္ ဘုန္းႀကီးေက်ာင္း ျဖစ္ေသာ္လည္း အတန္းေက်ာင္း ျဖစ္ေသာေၾကာင့္ ေလာကဓာတ္ ေက်ာင္းဟု ေခၚေဝၚခဲ့သည္။ ထို႔ေနာက္ ေရနံေခ်ာင္း အမ်ိဳးသားေက်ာင္းမွ ေအာင္ျမင္ၿပီး တကၠသိုလ္ ေရာက္သည့္အခါ တကၠသိုလ္ ေက်ာင္းေဆာင္ အမႈေဆာင္ ေ႐ြးခ်ယ္ပြဲတြင္ ေအာင္ဆန္း၏ ႒ာန္က႐ိုဏ္း မက်ေသာ အဂၤလိပ္ စကားေၾကာင့္ ေက်ာင္းသားမ်ား၏ ေလွာင္ေျပာင္ျခင္း ခံခဲ့ရသည္။
သို႔ေသာ္ တကၠသိုလ္တြင္ ေက်ာင္းအုပ္ႀကီး မစၥတာ စေလာ့၏ ေခြးမ်ားကို ထိန္းေက်ာင္းရေသာ စေကာ့တလန္ လူမ်ိဳး ဝီလီယံႏွင့္အတူ အင္းယား ကန္ေဘာင္တြင္ မနက္တိုင္း လိုက္ၿပီး ေလ့က်င့္ခဲ့သည့္အတြက္ ေအာင္ဆန္းသည္ အဂၤလိပ္ တစ္ဦး ႏွင့္မျခား ေျပာဆိုလာႏိုင္သည္။
(၃) မေအာင္ျမင္ေသာ အေမြ ေတာင္းခန္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ တိုင္းျပည္ေခါင္းေဆာင္ ျဖစ္လာေသာ္လည္း စီးပြားေရး ေကာင္းမြန္ေသာသူ မဟုတ္ေပ။ ေဒၚခင္ၾကည္ႏွင့္ အိမ္ေထာင္က်ၿပီးေနာက္ သားသမီးမ်ား တစ္ႏွစ္ တစ္ေယာက္ ထြန္းကားခဲ့သည္။
သားအႀကီး ႏွစ္ဦးျဖစ္ေသာ ေအာင္ဆန္းဦးႏွင့္ ေအာင္ဆန္းလင္းတို႔ ေမြးစဥ္က စိတ္မပူပန္ေသာ ဗိုလ္ခ်ဳပ္သည္ သမီးေလး ေအာင္ဆန္းစုၾကည္ ေမြးဖြားလာေသာအခါ သမီးေလး အတြက္ စိတ္ပူပန္တတ္လာသည္။ ထို႔ေၾကာင့္ သမီးေလး အ႐ြယ္ ေရာက္ေသာအခါ ရွင္ျပဳနားသ လုပ္ရာတြင္ ဝတ္ဆင္စရာ မရွိမည္ စိုးသည့္အတြက္ နတ္ေမာက္ၿမိဳ႕ရွိ မိခင္ျဖစ္သူ ေဒၚစုထံ သြားေရာက္ၿပီး သမီးအတြက္ ေ႐ႊနားေတာင္းကို အေမြေတာင္းခဲ့သည္။
မိခင္ ျဖစ္သူကလည္း သူ႔တြင္ ေအာင္ဆန္း တစ္ဦးတည္း ေမြးထားျခင္း မဟုတ္ဘဲ က်န္သားသမီးမ်ားပါ ရွိေနသည့္ အတြက္ မ်က္ႏွာလိုက္၍ အေမြမေပးႏိုင္ေၾကာင္း ေျပာဆိုသည့္အတြက္ ဗိုလ္ခ်ဳပ္၏ အေမြေတာင္းခန္းမွာ မေအာင္မျမင္ျဖင့္ စခန္းသိမ္းခဲ့ရသည္။
(၄) ဗိုလ္ခ်ဳပ္ အၿငိမ့္မင္း သမီးျဖင့္ အၿငိမ့္စင္ေပၚတြင္ ကျပျခင္း ၁၉၄၂ ခုႏွစ္က တပ္မေတာ္ အတြင္း အခမ္းအနားတစ္ခု ျပဳလုပ္ၿပီး ညပိုင္းတြင္ တပ္မေတာ္ အရာရွိမ်ားကို အၿငိမ့္ျဖင့္ ကျပ ေဖ်ာ္ေျဖခဲ့သည္။ ထိုအခ်ိန္က ဗမာ့တပ္မေတာ္အား ဂ်ပန္ကို ျပန္လည္ ေတာ္လွန္ရန္အတြက္ တိတ္တဆိတ္ အစီအစဥ္ ခ်မွတ္ေနရခ်ိန္ ျဖစ္သည္။
ဧည့္ခံပြဲသို႔ အစိုးရ အဓိပတိ ေဒါက္တာဘေမာ္ အပါအဝင္ စစ္ေသနာပတိ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းလည္း တက္ေရာက္ခဲ့သည္။ ဗမာ့တပ္မေတာ္၏ ထိပ္တန္းတပ္မႉးမ်ား အျပင္ နယ္မွ ေရာက္ေနေသာ စစ္ဗိုလ္မ်ားလည္း ရွိေနၿပီး ဂ်ပန္ႏွင့္ နီးစပ္ေနေသာ ေဒါက္တာဘေမာ္ကို အျမင္ မၾကည္လင္သည့္ အခ်ိန္ ျဖစ္သည္။ ထို႔ေၾကာင့္ အရက္မူးေနေသာ ဗိုလ္ျမဟန္ ဦးေဆာင္ကာ အဓိပတိ ေဒါက္တာ ဘေမာ္အား အၿငိမ့္မင္းသမီးျဖင့္ သီခ်င္းတြဲဆိုရန္ ေတာင္းဆိုၾကသည္။
အဓိက ရည္႐ြယ္ခ်က္မွာ ေဒါက္တာဘေမာ္အား သိကၡာခ်လို၍ ျဖစ္သည္။ ေဒါက္တာ ဘေမာ္ကလည္း ျငင္းဆို၍ မျဖစ္သည့္ အတြက္ စင္ေပၚတက္ၿပီး ျပင္သစ္သီခ်င္း တစ္ပုဒ္ကို သီဆိုေဖ်ာ္ေျဖခဲ့သည္။
သို႔ေသာ္ အရက္မူးေနေသာ တပ္မႉးမ်ားက ေဒါက္တာဘေမာ္ကို ထပ္မံ ေတာင္းဆိုေနသည့္ အတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ေတာ္လွန္ေရး ကိစၥအား မရိပ္မိေစရန္ ဆူဆူေအာင့္ေအာင့္ျဖင့္ စင္ေပၚတက္လာၿပီး မင္းသမီး လက္ကိုဆြဲကာ အခ်ိဳးမက်ေသာ ပုံစံျဖင့္ တြဲဖက္ကျပခဲ့သည္။ ထိုအခါမွ အခမ္းအနားတြင္ ရွိေနေသာသူ အားလုံး ၿငိမ္သက္သြားခဲ့သည္။
(၅) ဗိုလ္ခ်ဳပ္ သတင္းစာ အဖတ္မွားျခင္း တို႔ဗမာ အစည္းအ႐ုံးတြင္ တစ္ရက္၌ သခင္ေအာင္ဆန္းသည္ သတင္းစာ ဂ်ာနယ္မ်ားကို ဖတ္လ်က္ရွိသည္။ သတင္းစာ တစ္ေစာင္ကို ဖတ္ေနရင္း ေတာင္တြင္းႀကီးတြင္ မီးေလာင္သည္ဟု ဖတ္ၿပီး လႈပ္လႈပ္ရွားရွား ျဖစ္သြားသည္။
အဘယ့္ေၾကာင့္ဆိုေသာ္ ေတာင္တြင္းႀကီးတြင္ သခင္ ေအာင္ဆန္း၏ ေဆြမ်ိဳးမ်ား ရွိေနေသာေၾကာင့္ ျဖစ္သည္။ ထို႔ေၾကာင့္ သတင္းစာကို ပစ္ခ်ကာ ေတာင္တြင္းႀကီးသို႔ မီးေဘး သတင္းေမးရန္ အလ်င္စလို ထြက္ခြာသြားသည္။
တို႔ဗမာ အစည္းအ႐ုံးမွ လုပ္ေဖာ္ကိုင္ဘက္မ်ားက သတင္းစာကို ျပန္ဖတ္ၾကည့္ရာ မီးေလာင္ေသာၿမိဳ႕သည္ ေတာင္တြင္းႀကီး မဟုတ္ဘဲ ေတာင္ႀကီး ျဖစ္ေနသည္ကို ေတြ႕ရေလသည္။ ၃၊၄ရက္ ၾကာေသာအခါ သခင္ ေအာင္ဆန္းသည္ တို႔ဗမာ အစည္းအ႐ုံးသို႔ ျပန္ေရာက္လာၿပီး သတင္းစာ အဖတ္မွားၿပီး ေတာင္တြင္းႀကီး ေရာက္ခဲ့သည္ဟု ၿပဳံးၿဖဲၿဖဲျဖင့္ ဆိုရွာသည္။
(၆) တကသ ဥကၠ႒အား ဆဲဆို ႀကိမ္းေမာင္းျခင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ တပ္မေတာ္မွထြက္ၿပီး ဖဆပလ ဥကၠ႒အျဖစ္ ျမန္မာႏိုင္ငံ လြတ္လပ္ေရးရရန္ အားသြန္ခြန္စိုက္ ေဆာင္႐ြက္ေနခ်ိန္ ျဖစ္သည္။
ထိုအခ်ိန္တြင္ ရန္ကုန္ တကၠသိုလ္ရွိ ေက်ာင္းသားမ်ားႏွင့္ တကသ အဖြဲ႕အစည္းမ်ားကလည္း ဖဆပလကို ဝိုင္းဝန္း ေထာက္ခံပံ့ပိုး ေနခ်ိန္ျဖစ္သည္။ သို႔ေသာ္ တကသ ဥကၠ႒ သူရိယ ဦးသန္းေမာင္ ေခါင္းေဆာင္ေသာ ေက်ာင္းသားမ်ားသည္ ဖဆပလ အစိုးရအဖြဲ႕ ကိုယ္စား ဗိုလ္ခ်ဳပ္ ေအာင္ဆန္းအား ေတြ႕ဆုံၿပီး ေတာင္းဆိုခ်က္ ၁၀ခ်က္ကို ေတာင္းဆိုခဲ့သည္။
ဗိုလ္ခ်ဳပ္သည္ ႏိုင္ငံလြတ္လပ္ေရးရရန္ အလုပ္ ရႈပ္ေနသည့္ အတြက္ ႐ုတ္တရက္ ေဒါသထြက္သြားၿပီး သူရိယ ဦးသန္းေမာင္ႏွင့္ ေက်ာင္းသားမ်ားကို ဆဲဆိုႀကိမ္းေမာင္းခဲ့သည္။
ထို႔ေနာက္ ေက်ာင္းသားမ်ား ေတာင္းဆိုေသာ အခ်က္မ်ားအား ဖတ္ရႈၿပီး ပတ္ကားေဖာင္တိန္ျဖင့္ ျခစ္ကာ “ဒါရမယ္ ဒါရမယ္ ဒါမရဘူး ဒါမရဘူး ေတာ္ေတာ္ ေ-ာက္လုပ္ရႈပ္တဲ့ သန္းေမာင္ သြား…….ျပန္ေတာ့”ဟု ေမာင္းထုတ္ ခဲ့ဖူးေၾကာင္း သူရိယ ဦးသန္းေမာင္မွ မကြယ္လြန္မီ အမွတ္တရ ေျပာျပခဲ့ဖူးသည္။
(၇) ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ျပင္ဆင္ေရးႏွင့္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ထိုအခ်ိန္က ေရွ႕ေနခ်ဳပ္ ဦးခ်န္ထြန္းမွ ေရးဆြဲခဲ့သည္။ ထိုဖြဲ႕စည္းပုံ အေျခခံ ဥပေဒထဲတြင္ ႏိုင္ငံေတာ္၏ ဘာသာအျဖစ္ ဗုဒၶဘာသာအား ထည့္သြင္းထားျခင္းကို ဒီးဒုတ္ဦးဘခ်ိဳ ဦးေဆာင္ကာ ေရးဆြဲခဲ့သည္။
ထိုအခ်က္ႏွင့္ ပတ္သက္၍ ပင္လုံစာခ်ဳပ္ ျဖစ္ေျမာက္ေရး အတြက္ အေရးပါခဲ့ေသာ ဦးေဖခင္က အႀကီးအက်ယ္ ကန္႔ကြက္ခဲ့၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကိုယ္တိုင္ အစည္းအေဝး ေခၚယူခဲ့ရသည္။ ဗိုလ္ခ်ဳပ္က ဒီးဒုတ္ဦးဘခ်ိဳႏွင့္ ဦးခ်န္ထြန္းအား ေျဖာင့္ဖ်ၿပီး ျပင္ဆင္ေပးရန္ ႀကိဳးစားရာ ဦးခ်န္ထြန္းကလည္း အေလ်ာ့မေပးဘဲ တင္းခံေနခဲ့သည္။ ထိုအခ်ိန္တြင္ ဗိုလ္ခ်ဳပ္က စိတ္မရွည္ေတာ့ဘဲ “တခ်ိဳ႕ဟာေတြက မွန္ေပမယ့္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒထဲေတာ့ ထည့္စရာမလိုဘူးလို႔ ကြၽန္ေတာ္ယူဆတယ္။
ဥပမာ ဦးခ်န္ထြန္း ေခ်းမစားဘူးဆိုတာ လူတိုင္းသိတယ္။ သို႔ေသာ္လည္း ဦးခ်န္ထြန္း ေခ်းမစားပါလို႔ေတာ့ ထည့္သြင္းေရးသားဖို႔ မသင့္ေတာ္ဘူး”ဟုဆိုကာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ကိစၥအား ေျဖရွင္းေပးခဲ့သည္။
(၈) မႏၲေလးတြင္ ပုဆိုးကြၽတ္က်ျခင္း နယ္ခ်ဲ႕ အစိုးရလက္ထက္ အတြင္း ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသား သမဂၢ ညီလာခံကို မႏၲေလး၌ က်င္းပခဲ့သည္။ ထိုညီလာခံသို႔ အိႏၵိယႏိုင္ငံမွ လြတ္လပ္ေရး ႀကိဳးပမ္းမႈ ေခါင္းေဆာင္ မစၥတာေန႐ူးႏွင့္ သမီးျဖစ္သူ အင္ဒီယာ ဂႏၵီတို႔လည္း ေရာက္ရွိေနသည္။
ထိုညီလာခံတြင္ ေက်ာင္းသား ေခါင္းေဆာင္ ကိုေအာင္ဆန္း မိန္႔ခြန္း ေျပာၾကားေနစဥ္ သူ၏ပုဆိုးမွာ ေအာက္သို႔ တျဖည္းျဖည္း ေလွ်ာေလွ်ာၿပီး က်လာရာ ကြၽတ္ေတာ့မည့္ အေျခအေနသို႔ ေရာက္လာသည္။
သို႔ေသာ္ မိန္႔ခြန္းကို စိတ္ပါလက္ပါ ေျပာၾကားေနသည့္ ကိုေအာင္ဆန္းက သတိမထားမိေသာ္လည္း နားေထာင္ေနသည့္ ပရိသတ္မ်ားမွာ စိုးရိမ္ပူပန္မႈျဖင့္ စိတ္မသက္မသာ ျဖစ္ေနသည္။ သို႔ေသာ္ ကိုေအာင္ဆန္း၏ ထူးျခားေသာ ဆ႒မ အာ႐ုံအရ ကြၽတ္လုဆဲဆဲ အေျခအေနတြင္ ပုဆိုးကို ျပန္ဝတ္ကာ မိန္႔ခြန္းကို ေရွာေရွာရႉရႉ ေျပာသြားႏိုင္ခဲ့သည္။
(၉) One Die, Nevermind ဗမာ့ တပ္မေတာ္ ကာကြယ္ေရး ေခတ္တြင္ ဘီဒီေအ အရာရွိမ်ားကို မဂၤလာဒုံရွိ ဗိုလ္သင္တန္းေက်ာင္းတြင္ ေလ့က်င့္ သင္ၾကား ေပးသည္။ ထိုအခ်ိန္က သင္တန္းဆရာ အမ်ားစုမွာ ဂ်ပန္မ်ားျဖစ္ၿပီး ေနာင္တစ္ခ်ိန္တြင္ တပ္မေတာ္၏ တပ္မႉးႀကီးမ်ား ျဖစ္လာမည့္ ဦးေအာင္ေ႐ႊ၊ ဦးၾကည္ေမာင္၊ ဦးတင္ဦး၊ ေဒါက္တာေမာင္ေမာင္တို႔ အပါအဝင္ တပ္မေတာ္ အရာရွိငယ္မ်ား သင္တန္း တက္ေရာက္လ်က္ရွိသည္။ ထိုသင္တန္းတြင္ ျပင္းထန္ေသာ စစ္ပညာမ်ားကို သင္ၾကားရသည့္ သင္တန္းသားမ်ားမွာ အထူး ပင္ပန္းလ်က္ရွိသည္။
သို႔ေသာ္ သင္တန္း ဆရာမ်ားက သင္တန္းသားမ်ားကို “One Die, Nevermind. Two Die, Nevermind. Three Die, Nevermind. All Die, Nevermind ဟု ေျပာၾကားသည့္အတြက္ အားလုံး မေက်မနပ္ ျဖစ္သြားသည္။
ေနာက္မွ ထိုစကားကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ေျပာၾကားခိုင္းျခင္း ျဖစ္ၿပီး အေရ အတြက္ ထက္ အရည္အခ်င္းကို တန္ဖိုးထားေသာ တပ္မေတာ္ ျဖစ္ေစရန္ ေမွ်ာ္လင့္ထားေသာေၾကာင့္ ေျပာျခင္း ျဖစ္ေၾကာင္း ရွင္းျပမွသာ အရာရွိ သင္တန္းသားမ်ား စိတ္ဆိုးေျပသြားၾကသည္။
Tomorrow Journal ၊ သုတဇုန္ (ေလးစားမႈျဖင့္ ခရက္ဒစ္)