ပန်းတွေဝေနေအောင် ပွင့်ဖို့၊ အသီးတွေခဲနေအောင် သီးဖို့အားဆေးစပ်နည်း

ပန်းတွေဝေနေအောင် ပွင့်ဖို့၊ အသီးတွေခဲနေအောင် သီးဖို့အားဆေးစပ်နည်း

ပန်းတွေဝေနေအောင် ပွင့်အောင် အားဆေးစပ်နည်း

အမြစ်၊အပွင့်၊အသီး အတွက်1: 1: 1 အချိုး အားဆေးလေးပါ 1-ပါတ်အတွင်းသိသာလာ ပါလိမ့်မည်

အထူးသဖြင့် အပင်မှအပွင့် အပွင့်မှအသီးအတွက် အထူးကောင်းမွန်ပါတယ်ရှင့်

လိုအပ်သောကုန်ကြမ်းများ

နို့ -200 cc တဘူး ၊ပုဇွန် ငါးပိ တစ်ဇွန်း ၊အချိုမှုန့်တစ်ဇွန်းတို့ပါဘဲ။

ပြုလုပ်ပုံ

ခွက်တခု ထဲရေနွေး နွေး-2 ဇွန်းခန့်ထည့်ပါ ပုဇွန်ငါးပိ တဇွန်းထပ်ထည့် ပြီးပျော်သွားအောင်မွှေပါ

နောက်ထပ် အချို မုန့်တဇွန်း ထပ်ထည့်ကာ ကျေအောင်မွှေပြီး နို့200cc ထပ်ထည့် အားလုံးသမ အောင်မွှေပါ။

အသင့် သုံး 1:1:1 အားဆေးလေးရပါပြီ

သုံးစွဲရန်

အသင့် သုံးဆေး 1-ဇွန်း၊ရေ တလီတာပါ

20-လီတာ ဆေးဖျန်းပုံးအတွက် 20ဇွန်းပါ ရှင် ။တပါတ်အတွင်းသိသာ ပါလိမ့်မယ်။ မပျင်မရိဘူးဆိုရင်တော့ တပါတ်တကြိမ် ဖျန်းနိုင်ပါတယ်

အပင်သေး ငရုပ်ခရမ်းချဉ်အစရှိသည်တို့ကို အပင် ထိပ်မှစတင် ပက်ဖျန်းပါ ။ဆေးများကိုစိုရွဲအောင်ဖျန်းပါကပိုမိုထိရောက်ပါတယ်

အရွက် အပွင့်ကကျလာသော ဆေးရည် သည် ပင်ခြေ အနီးနား ကျ ရောက်ပြီး အစာရှာ အမြစ်မှစုပ်ယူ စားသောက်ကာ ပင်စည် မှအကိုင်းအလက် အရွက်

ထိုမှအပွင့်အားကောင်းအသီးတင်အရသာရှိအလုံးလှအထွက်တိုးစေမှာပါ ခုလုပ်ခုသုံးပါ။သုံးမကုန်သောဆေးကိုအဖုံးပိတ်အရိပ်ထဲထားပါ ။6-လခန့်သိမ်းဆည်းထားနိုင်ပါတယ်။

Credit – ဒေါ်အတာမေ

Zawgyi







ပြုလုပ်ပုံ




သုံးစွဲရန်






Credit – ဒေါ်အတာမေ