အိပ်ယာပြောင်းအိပ်တဲ့အခါ အိပ်မပျော်တော့တဲ့ သူတစ်ယောက်ဆိုရင် ဒီစာကို မဖြစ်မနေဖတ်လိုက်ပါ
သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာဘဲဖြစ်ဖြစ် ၊အရမ်းကိုကောင်းလှပါတယ်ဆိုတဲ့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီးမှာဘဲ အိပ်ရအိပ်ရဘာလို့များအိမ်မှာကျန်ခဲ့တဲ့ အိပ်ယာကိုဘဲ မက်မောတောင့်တနေရတာလည်း ဆိုတဲ့မေးခွန်းကိုယ့်ကိုကိုယ်ပြန်မေးကြည့်ကြဖူးမယ်ထင်ပါတယ်။ မေးပါ။အမေးရှိရင် အဖြေရှိပါတယ်။ ဒီမေးခွန်းအတွက်အဖြေသိပ္ပံပညာမှာ ရှိပါတယ်။
BrownUniversity ရဲ့ စမ်းသပ်လေ့လာသူတွေကနေပြီးတော့ လူတစ်ယောက်ဟာမရင်းနှီးတဲ့နေရာ တစ်နေရာမှာ အိပ်ရတဲ့အခါသူ့ရဲ့ ဦးနှောက်ထဲမှာဘာတွေဖြစ်နေသလည်းဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ကျန်းမာရေးကောင်းတဲ့ လူ၃၅ယောက်နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ အချိန်တွင်းမှာ သူတို့တွေရဲ့ဦးနှောက်လုပ် ဆောင် ချက်ကို တိုင်းတာခဲ့ပါတယ်။
ဒီလိုတိုင်းတာခဲ့ရာမှာတော့ပထမညမှာတင်ဘဲဦးနှောက်ရဲ့ ညာဘက် အခြမ်းဟာ အိပ်ပျော်နေစဉ်မှာဘဲ ဘယ်ဘက်အခြမ်းက နိုးထနေတာကိုတွေ့ရှိခဲ့ရပါတယ်။ဒီလို အိပ်နေစဉ် အတွင်းမှာ ဦးနှောက်တစ်ခြမ်းနိုးထနေတဲ့ ဖြစ်စဉ်ကို အခြားသော တိရစ္ဆာန်တွေဖြစ်တဲ့ဝေလငါး၊လင်းပိုင်နှင့် ဌက်တွေမှာလည်း တွေ့ရှိရပါတယ်။”
ပတ်ဝန်းကျင်ဟာကျွန်တော်တို့အတွက် အသစ်ဖြစ်နေတာကြောင့် စနစ်ကို ကျွန်တော်တို့စောင့်ကြည့်စစ်ဆေးမှသာပတ်ဝန်းကျင်ကို မြင်နိုင်မှာဖြစ်ပြီးတော့ ထူးဆန်းမှု့တစ်စုံတစ်ရာရှိရင်လည်း ရှာဖွေတွေ့ရှိမှာဖြစ်ပါတယ်” လို့ Brown University ရဲ့လေ့လာရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ MasakoTamaki ကပြောပါတယ်။အိပ်နေတဲ့အချိန်မှာပျော့ကွက်အများဆုံးဖြစ်တာကြောင့် ဦးနှောက်ဟာ ကျွန်တော်တို့ ကိုရုတ်တရက်ကာကွယ်ဖို့အတွက် နိုးနိုးကြားကြားရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့် လေ့လာသူတွေ အဖြေမပေးနိုင်သေးတဲ့မေးခွန်းတွေအမြောက်အများရှိနေပြီးတော့ ဥပမာပြောရရင် ဒီလို အကျိုးသက်ရောက်မှု့ဟာဘာလို့များ ဦးနှောက်ရဲ့ ဘယ်ဘက်အခြမ်းမှာဘဲဖြစ်နေပြီးတော့ ညာဘက်အခြမ်းမှာမဖြစ်ရတာလည်းဆိုတဲ့ မေးခွန်းမျိုးပါဘဲ။
ဒီလိုမညီမျှတဲ့ဖြစ်ရပ်မျိုးကို ပထမဦးဆုံးညမှာဘဲတွေ့ရှိရတာဖြစ်ပါတယ်။ သင်ရဲ့ အိပ်ယာထဲမှာ မဟုတ်လို့ အိပ်မပျော်ဘူးဆိုရင်အဲ့ဒီအချက်ဟာ သင့်ရဲ့စိတ်ထဲမှာဘဲ ထားရမယ့် တစ်စုံတစ်ရာသော အချက်ဘဲဖြစ်ပါတယ်။
crd
အိပ္ယာေျပာင္းအိပ္တဲ့အခါ အိပ္မေပ်ာ္ေတာ့တဲ့ သူတစ္ေယာက္ဆိုရင္ ဒီစာကို မျဖစ္မေနဖတ္လိုက္ပါ
သူငယ္ခ်င္းတစ္ေယာက္ရဲ့ အိမ္မွာဘဲျဖစ္ျဖစ္ ၊အရမ္းကိုေကာင္းလွပါတယ္ဆိုတဲ့ ၾကယ္ငါးပြင့္အဆင့္ရွိတဲ့ ဟိုတယ္ႀကီးမွာဘဲ အိပ္ရအိပ္ရဘာလို႔မ်ားအိမ္မွာက်န္ခဲ့တဲ့ အိပ္ယာကိုဘဲ မက္ေမာေတာင့္တေနရတာလည္း ဆိုတဲ့ေမးခြန္းကိုယ့္ကိုကိုယ္ျပန္ေမးၾကည့္ၾကဖူးမယ္ထင္ပါတယ္။ ေမးပါ။အေမးရွိရင္ အေျဖရွိပါတယ္။ ဒီေမးခြန္းအတြက္အေျဖသိပၸံပညာမွာ ရွိပါတယ္။
BrownUniversity ရဲ့ စမ္းသပ္ေလ့လာသူေတြကေနၿပီးေတာ့ လူတစ္ေယာက္ဟာမရင္းႏွီးတဲ့ေနရာ တစ္ေနရာမွာ အိပ္ရတဲ့အခါသူ႔ရဲ့ ဦးေႏွာက္ထဲမွာဘာေတြျဖစ္ေနသလည္းဆိုတာကိုရွာေဖြေတြ႕ရွိခဲ့ပါတယ္။က်န္းမာေရးေကာင္းတဲ့ လူ၃၅ေယာက္ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနတဲ့ အခ်ိန္တြင္းမွာ သူတို႔ေတြရဲ့ဦးေႏွာက္လုပ္ ေဆာင္ ခ်က္ကို တိုင္းတာခဲ့ပါတယ္။
ဒီလိုတိုင္းတာခဲ့ရာမွာေတာ့ပထမညမွာတင္ဘဲဦးေႏွာက္ရဲ့ ညာဘက္ အျခမ္းဟာ အိပ္ေပ်ာ္ေနစဥ္မွာဘဲ ဘယ္ဘက္အျခမ္းက နိုးထေနတာကိုေတြ႕ရွိခဲ့ရပါတယ္။ဒီလို အိပ္ေနစဥ္ အတြင္းမွာ ဦးေႏွာက္တစ္ျခမ္းနိုးထေနတဲ့ ျဖစ္စဥ္ကို အျခားေသာ တိရစၧာန္ေတြျဖစ္တဲ့ေဝလငါး၊လင္းပိုင္ႏွင့္ ဌက္ေတြမွာလည္း ေတြ႕ရွိရပါတယ္။”
ပတ္ဝန္းက်င္ဟာကၽြန္ေတာ္တို႔အတြက္ အသစ္ျဖစ္ေနတာေၾကာင့္ စနစ္ကို ကၽြန္ေတာ္တို႔ေစာင့္ၾကည့္စစ္ေဆးမွသာပတ္ဝန္းက်င္ကို ျမင္နိုင္မွာျဖစ္ၿပီးေတာ့ ထူးဆန္းမႈ႔တစ္စုံတစ္ရာရွိရင္လည္း ရွာေဖြေတြ႕ရွိမွာျဖစ္ပါတယ္” လို႔ Brown University ရဲ့ေလ့လာေရးအဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ MasakoTamaki ကေျပာပါတယ္။အိပ္ေနတဲ့အခ်ိန္မွာေပ်ာ့ကြက္အမ်ားဆုံးျဖစ္တာေၾကာင့္ ဦးေႏွာက္ဟာ ကၽြန္ေတာ္တို႔ ကို႐ုတ္တရက္ကာကြယ္ဖို႔အတြက္ နိုးနိုးၾကားၾကားရွိေနတာျဖစ္ပါတယ္။
ဒါေပမယ့္ ေလ့လာသူေတြ အေျဖမေပးနိုင္ေသးတဲ့ေမးခြန္းေတြအေျမာက္အမ်ားရွိေနၿပီးေတာ့ ဥပမာေျပာရရင္ ဒီလို အက်ိဳးသက္ေရာက္မႈ႔ဟာဘာလို႔မ်ား ဦးေႏွာက္ရဲ့ ဘယ္ဘက္အျခမ္းမွာဘဲျဖစ္ေနၿပီးေတာ့ ညာဘက္အျခမ္းမွာမျဖစ္ရတာလည္းဆိုတဲ့ ေမးခြန္းမ်ိဳးပါဘဲ။
ဒီလိုမညီမၽွတဲ့ျဖစ္ရပ္မ်ိဳးကို ပထမဦးဆုံးညမွာဘဲေတြ႕ရွိရတာျဖစ္ပါတယ္။ သင္ရဲ့ အိပ္ယာထဲမွာ မဟုတ္လို႔ အိပ္မေပ်ာ္ဘူးဆိုရင္အဲ့ဒီအခ်က္ဟာ သင့္ရဲ့စိတ္ထဲမွာဘဲ ထားရမယ့္ တစ္စုံတစ္ရာေသာ အခ်က္ဘဲျဖစ္ပါတယ္။
crd